၂၁ ဇူလိုင်လ ၂၀၂၀
၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ Online ကမ်းပိန်းအသုံးပြုကာ မဲဆွယ်စည်ရုံးသွားမည် ဖြစ် ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဒုတိယဥက္ကဌ-၂ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
လက်ရှိအချိန်တွင် ပါတီအောင်နိုင်ရေးအတွက် စည်းရုံးရေးကို လုပ်ဆောင်နေပြီဖြစ်ပြီး ပြည်သူလူထုမှ မဲပေးရေး မဲစာရင်းပါမပါကို သွားကြည့်ရေးအတွက် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
” အောင်နိုင်ရေး မဲဆွယ်တာကတော့ ကျွန်တော်တို့ အွန်လိုင်းကမ်းပိန်း စဉ်းစားမှာပေါ့ ၊ ဘယ်လိုဖြစ်မလဲဆိုတာတော့ ကျွန်တော်လဲမသိသေးဘူး ၊ ကိုဗစ်ရှိနေသ၍ကတော့ ကိုဗစ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်ရမယ် ၊ အရင်တုန်းကလိုတော့ အသံချဲ့စက်တွေဖွင့် လော်စပီကာတွေဖွင့် ကားတွေနဲ့သွားလို့မရတော့ဘူး ၊ စည်းရုံးရေးလုပ်ဖို့ကတော့ အရေးကြီးတယ်၊ အခုကာလက မဲဆွယ်ရမယ့်ကာလမဟုတ်ဘူး စည်းရုံးရမယ့်ကာလ ” ဟု ဒေါက်တာဇော်မြင့်မောင် ကပြောသည် ။
ထို့ပြင် NLD ပါတီမှ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံများကိုအသုံးပြုကာ မဲဆွယ်စည်းရုံးမှုများကြောင့် ဝေဖန်မှုများ၊ ကန့်ကွက်မှုများ ရှိသော် လည်း ဆက်လက် လုပ်ဆောင်သွားမည်ဟု လည်း ၎င်းကပြောသည် ။
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် (UEC)ထုတ်ပြန်ထားသည်။
(unicode)
——————————————————————————————————————–
NLD ပါတီမွ Online ကမ္ပိန္း အသံုးျပဳကာ မဲဆြယ္စည္းရံုးမည္ အမိ်ဳးသား ဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ပါတီ ဒုတိယဥကၠဌ-၂ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာၾကား
၂၁ ဇူလိုင္လ ၂၀၂၀
၂၀၂၀ ေရြးေကာက္ပဲြတြင္ အမိ်ဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ (NLD)ပါတီမွ Online ကမ္းပိန္းအသံုးျပဳကာ မဲဆြယ္စည္ရံုးသြားမည္ ျဖစ္ေၾကာင္း အမိ်ဳးသား ဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ပါတီ ဒုတိယဥကၠဌ-၂ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာသည္။
လက္ရိွအခိ်န္တြင္ ပါတီေအာင္နိုင္ေရးအတြက္ စည္းရံုးေရးကို လုပ္ေဆာင္ေနၿပီျဖစ္ၿပီး ျပည္သူလူထုမွ မဲေပးေရး မဲစာရင္းပါမပါကို သြားၾကည့္ေရးအတြက္ လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း သိရသည္။
” ေအာင္နိုင္ေရး မဲဆြယ္တာကေတာ့ ကြ်န္ေတာ္တို႔ အြန္လိုင္းကမ္းပိန္း စဥ္းစားမွာေပါ့ ၊ ဘယ္လိုျဖစ္မလဲဆိုတာေတာ့ ကြ်န္ေတာ္လဲမသိေသးဘူး ၊ ကိုဗစ္ရိွေနသ၍ကေတာ့ ကိုဗစ္ရဲ့ စည္းမ်ဥ္းစည္းကမ္းေတြအတိုင္း လုပ္ရမယ္ ၊ အရင္တုန္းကလိုေတာ့ အသံခဲ်႕စက္ေတြဖြင့္ ေလာ္စပီကာေတြဖြင့္ ကားေတြနဲ႔သြားလို႔မရေတာ့ဘူး ၊ စည္းရံုးေရးလုပ္ဖို႔ကေတာ့ အေရးၾကီးတယ္၊ အခုကာလက မဲဆြယ္ရမယ့္ကာလမဟုတ္ဘူး စည္းရံုးရမယ့္ကာလ ” ဟု ေဒါက္တာေဇာ္ျမင့္ေမာင္ ကေျပာသည္ ။
ထို႔ျပင္ NLD ပါတီမွ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္ပံုမ်ားကိုအသံုးျပဳကာ မဲဆြယ္စည္းရံုးမႈမ်ားေၾကာင့္ ေဝဖန္မႈ မ်ား၊ ကန္႔ကြက္မႈမ်ား ရိွေသာ္လည္း ဆက္လက္ လုပ္ေဆာင္သြားမည္ဟု လည္း ၎ေျပာသည္ ။
၂၀၂၀ ခုနွစ္ အေထြေထြေရြးေကာက္ပဲြကို နိုဝင္ဘာလ ၈ ရက္တြင္က်င္းပသြားမည္ျဖစ္ေၾကာင္း ေရြးေကာက္ပဲြေကာ္မရွင္ (UEC)ထုတ္ျပန္ထားသည္။
(zawgyi)