BREAKING NEWS
GMT+2 04:38

Future Process

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏
နိုင်ငံရေးဝါဒသဘောထားနှင့် ရှေ့လုပ်ငန်းစဉ်များ
နိဒါန်း

  • အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်က ကျင့်သုံးသွားမည့် နိုင်ငံရေးဝါဒသဘောတရားများနှင့်လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
    ကျွနု်ပ်တို့သည်ကမ္ဘာ့ကုလသမဂပဋိညာဉ်စာတမ်းတွင်ပါရှိသော လူ့အခွင့်အရေးဆိုင်ရာစည်းမျဉ်းများနှင့် ဒီမိုကရေစီလုပ်ထုံးလုပ်နည်းတို့ကိုအစွမ်းကုန်လိုက်နာကျင့်သုံးမည်။
  • ကျွန်ုပ်တို့သာမက နောက်လာမည့် မျိုးဆက်တို့သည်၊ မည်သည့်အခါ လူ့အခွင့်အရေးများ မဆုံးရှုံးစေရဟူသောမူဖြင့် ခိုင်မာသောဒီမိုကရေစီအုတ်မြစ်ချထားမည်။
  • ခေတ်မီဖွံ့ဖြိုးတိုးတက်သော စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရာတွင်မဖြစ်မနေလိုအပ် သည့်ငြိမ်းချမ်းရေးတည်ငြိမ်သည့် အခြေအနေကောင်းများရရှိရန် တရားဥပဒေစိုးမိုးရေးကို အလေးထား ဆောင်ရွက်မည်။
  • နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတို့ကို ပြည်ထောင်စုသားအားလုံးတို့၏ စည်းလုံးညီညွှတ်သော ဆန္ဒတူညီမှုအင်အားပေါ်တွင်အခြေခံကာ ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်မည်။

နိုင်ငံခြားရေးကဏ္ဍ

  • ၁။ နိုင်ငံတကာနှင့်ဆက်ဆံရာတွင်၊ အမှန်တကယ် တက်ကြွလွတ်လပ်သော နိုင်ငံခြားရေးဝါဒကိုကျင့်သုံး၍ နိုင်ငံရေးအရ ချစ်ကြည်ရင်းနှီးပူးပေါင်းဆောင်ရွတက်မှုရရှိအောင်ဆောင်ရွက်မည်။ ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရာ ပေါ်ပေါက်လာသော အရေးကိစ္စရပ်များတွင် စစ်မှန်သော ဒီမိုကရေစီအခြေခံများဘက်မှ ခိုင်မာစွာရပ်တည်မည်။
  • ၂။ နိုင်ငံအချင်းချင်းအကြား အကျိုးတူစီးပွားရေးလုပ်ငန်းများဖော်ထုတ်၍ ပူးပေါင်းဆောင်ရွက်ကြမည်။ အထူးသဖြင့် ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ စီမံကိန်းများတွင် ဒေသ၏အကျိုးကိုဦးတည်၍လက်တွဲ ဆောင်ရွက်မည်။
  • ၃။ ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့စသည်တို့နှင့်ရင်းနှီးခိုင်မာစွာဆက်ဆံမည်။
  • ၄။ နိုင်ငံတကာနှင့်ဆက်သွယ်ဆောင်ရွက်ရာတွင် လူထုအခြေပြုအဖွဲ့အစည်းများ၏ ကဏ္ဍများကိုအထူး အလေးပေးဆောင်ရွက်သွားမည်။

တိုင်းရင်းသားလူမျိုးများကဏ္ဍ

  • ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးအားလုံးတို့၏ညီညွှတ်စည်းလုံးမှု၊ ဆန္ဒတူညီမှု အပေါ်တွင် အခြေခံ၍ တည်ထောင်ခဲ့သော နိုင်ငံတစ်ခုဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် မြန်မာနိုင်ငံတော်အတွင်း လုံးဝငြိမ်းချမ်းရေးရရှိရန်အတွက်တတ်စွမ်းသမျှဆောင်ရွက် သွားမည်။
  • တိုင်းရင်းသားလူမျိုးများ၏ မကျေနပ်မှုများကို လျစ်လျူရှုထားမည်မဟုတ်ဘဲ၊ နိုင်ငံရေးအရ ပြေလည်သွားနိုင်သည်အထိ ဆောင်ရွက်သွားမည်။
  • အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်သည်တိုင်းရင်းသားလူမျိုးအားလုံးတို့၏ တန်းတူအခွင့်အရေးများကို အသိအမှတ်ပြုခြင်း၊ စိတ်ကောင်းစေတနာဖြူစင်ခြင်း၊ ချစ်ကြည်ရင်းနှီးခြင်း၊ တစ်ဦး၏အယူအဆတစ်တစ်ဦး ကလေးစားခြင်း၊ အခြေခံလူ့အခွင့်အရေးများကို လေးစားလိုက်နာခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ စာပေယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဉ်လာများဖွံ့ဖြိုးတည်ထွန်းစေရန် လုပ်ဆောင်ကြိုးပမ်းမည်။ဤအ ချက်များကိုအထူးအလေးအနက်ထား၍ပူးပေါင်းဖြေရှင်းဆောင်ရွက်ကြလျှင်၊ ပြည်ထောင်စုကြီးငြိမ်းချမ်းရေး နှင့် ပြည်ထောင်စုသားအချင်းချင်းသဟဇာတဖြစ်ရေးတို့သည် မုချအောင်ပန်းဆင်နိုင်မည့် ရည်မှန်းချက်များ ဖြစ်သည်ဟု ယုံကြည်သည်။
  • ဖွံ့ဖြိုးတိုးတက်၍ စီးပွားရေးအင်အားခိုင်မာတောင့်တင်းပြီး အမှီအခိုကင်းသည့်ပြည်ထောင်စုကြီး ဖြစ်ရပ်တည်နိုင်ရေးကိုလိုလားသည့်အလျောက် တိုင်းရင်းသားနယ်မြေအသီးသီးတို့တွင်စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်းများကိုလွတ်လပ်စွာဆောင်ရွက်နိုင်ရေးအတွက် ဦးတည်မည်။
  • တိုင်းရင်းသားလူမျိုးများ၏မွေးရာပါအခွင့်အရေးများ ပြည့်ဝစွာခံစားနိုင်ရေးနှင့် ပြည်ထောင်စုကြီးတ ခုလုံးသာယာဝပြောရေးတို့သဟဇာတဖြစ်စေမည့်မူများကို လက်ကိုင်ကျင့်သုံး၍တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုဖော်ထုတ်မည်။
  • တိုင်းရင်းသားလူမျိုးများ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် နိုင်ငံရေးဖြေရှင်းမှုလို အပ်သည်ဟုယုံကြည်သည်။

ဥပဒေပြုရေးကဏ္ဍ

ဥပဒေပြုရေးကဏ္ဍသည် နိုင်ငံတော်ခောတ်မီဖွံ့ဖြိုးတိုးတက်ရန်နှင့်အမှီအခိုကင်း၍ အင်းအားတောင့် တင်းခိုင်မာစေရန် နှောက်ယှက်ဖျက်ဆီးမှုတို့မှ ကင်းဝေးစေရန်တို့အတွက် အဓိကဦးဆောင်မှုကဏ္ဍမှပါဝင် သည်ဟု ယုံကြည်သည်။

  • ခေတ်နှင့်မလျော်ညီတော့သည့် ဥပဒေများကို ဖျက်သိမ်းရန်၊
  • စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်ထွန်းပေါ်ပေါက်စေရန်၊
  • နိုင်ငံသားများ၏ မွေးရာပါနှင့် ဥပဒေပါအခွင့်အရေးများကို အကာအကွယ်ပေးရန်၊
  • စီးပွားရေး၊ ပညာရေါ်၊ ကျန်းမာရေး၊ လူမှုရေး၊ သဘာဝဝန်းကျင်ထိန်းသိမ်းရေးစသည့် ကဏ္ဍများစဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်စသည့် နိုင်ငံတော်စသ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီနိုင်ငံတော် အဖြစ်အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲရေးတို့ကို အလေးပေးသည့်ဥပဒေများကို ပြဌာန်းရန်အလေးပေးဆောင် ရွက်ရမည်။

တရားစီရင်ရေးကဏ္ဍ

  • ပြစ်မှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်သည် အယူခံပြင်ဆင်မှုတင်သွင်းရာ၊ နောက်ဆုံးရုံး ဖြစ်သည်။
  • တရားစီရင်ရေးမဏ္ဍိုင်သည် ဒီမိုကရေစီသဘောတရားနှင့်ကိုက်ညီ၍ ဥကပေပြုမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင် တို့နှင့်တူညီသောအဆင့်အတန်းဖြင့် လွတ်လပ်စွာရပ်တည်စေမည်။
  • ပြည်ထောင်စုတရားလွှတ်တော်သည် မိမိ၏လက်အောက်ရှိ တရားရုံးများအား လွတ်လပ်စွာတရားစီရင်ပိုင် ခွင့်ရှိစေမည်။
  • အုပ်ချုပ်ရေးမဏ္ဍိုင်သည် မည်သည့်အထူးတရားခုံရုံးကိုမျှ ဖွဲ့စည်းခြင်းမပြုရ၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဆက် နွယ်သောမည်သည့်အဖွဲ့အစည်းကိုမျှတရားစီရင်ခွင့်အာဏာမအပ်နှင်းရ။
  • ဥပဒေအရ ကန့်သတ်ချက်များမှအပ တရားစီရင်စစ်ဆေးခြင်းနှင့်တကွ၊ ဆုံးဖြတတ်ခြင်းများကို အများပြည် သူတို့၏ရှေ့မှောက်တွင် ဆောင်ရွက်ရမည်။
    ပြစ်မှုများကို စွပ်စွဲခံရသူများအား ဥပဒေနှင့်အညီ ခုခံချေပခွင့် အပြည့်အဝပေးရမည်။ အယူခံပိုင်ခွင့်ရှိရမည်။
  • မည်သည့်ပြစ်မှုဆိုင်ရာဥပဒေမျှ နောက်ကြောင်းပြန်၍ အာဏာသက်ရောက်မှုမရှိစေရ။
  • ဥပဒေအရ ပြစ်မှုထင်ရှားစီရင်ခြင်း မရှိသေးသမျှ၊ မည်သူ့ကိုမဆို အပြစ်ကင်းသည်ဟု မှတ်ယူရမည်။
  • လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေမည့် စစ်ဆေးမှု၊ အပြစ်ပေးမှု၊ ပြစ်ဒဏ်ခံစားရမှုများ မပြုလုပ်စေရ၊ အကျင့်စာရိတ္တ ပြုပြင်မှုကိုရှေးရှုရမည်။

အချုပ်ရေးရာကဏ္ဍ

  • အုပ်ချုပ်ရေးနှင့်စပ်လျဉ်း၍ဖွံ့ဖြိုးတိုးတက်မှုအတွက် တရားဥပဒေစိုးမိုးသော၊ ပွင့့်လင်းမြင်သာသော၊ တာဝန် ခံသော၊ အကျင့်ပျက်မှုကင်းသော၊ ထက်မြက်ထိရောက်သော၊ တရားမျှှတ၍တစ်မျိုးသားလုံးပါဝင်နိုင်သော အုပ်ချုပ်ရေးယန္တရားတစ်ရပ်ဖြစ်ပေါ်စေရန် တည်ဆောက်မည်။

စီးပွားရေးကဏ္ဍ

  • ဆင်းရဲမွဲတေခြင်းသည် လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနှင့် သဘာဝရင်းမြစ်များကို ပျက်စီးဆုံးပါးစေသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရန် လိုသည်ဟုယုံကြည်သည်။
  • ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရန်အတွက် မဟာဗျူဟာ၊ နည်းဗျူဟာများချမှတ်၍ဆောင်ရွက်မည်။
  • နိုင်ငံတော်၏စီပွားရေးကို လူ့ဂုဏ်သိက္ခာမြင့်မားရေး၊ လူ့အခွင့်အရေး အာမခံရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးသို့ဦးတည်ဆောင်ရွက်မည်။
  • နိုင်ငံတော်၏စီးပွားရေးတည်ငြိမ်စေရန်နှင့် လွတ်လပ်၍တရားမျှတမှုတို့ကို ဟန်ချက်ညီဆောင်ရွက်နိုင်စေ မည့်စျေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးမည်။
  • နိုင်ငံတော်၏အသုံးစရိတ်များတွင် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများကို ပိုမိုကျခံသုံးစွဲစေခြင်းဖြင့်လူသား ရင်းမြစ်ဖွံ့ဖြိုးမှုကို ထောက်ကူပြုမည်။
  • ပြည်တွင်းနှင့်ပြည်ပ ပုဂ္ဂလိကကဏ္ဍမှ ပညာရေးနှင့်ကျန်းမာရေးလုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးစေရန် စွဲဆောင်တွန်းအားပေးမည်။
  • အမြတ်အစွန်း အဓိကမထားသော လူမှုစီးပွားရေးလုပ်ငန်းများ၊ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများအ တွက်အခွန်သက်သာခွင့်ပေးမည်။
  • နည်းပညာနှင့်ငွေကြေးများစွာမလိုသော တိုင်းရင်းသားရိုးရာပစ္စည်းများ အရည်အသွေးမြင့်မားရေးနှင့်ပြည်ပ စျေးကွက်ရရှိရေးတို့ကိုဦးစားပေးမည်။
  • ကျေးလက်နေပြည်သူတို့ဘဝ စိုပြေရေးနှင့် ထုတ်ကုန်ပစ္စည်းများအပေါ်အကျိုးခံစားခွင့်ပိုမိုရရှိရေးကို ဦးတည်စေမည့် အစီအမံများ ဦစားပေးဆောင်ရွက်သွားမည်။
  • ထုတ်ကုန်မြင့်မားရေးနှင့် အရည်အသွေးစံချိန်မီရေး၊ ပြည်ပစျေးကွက်ရရှိရေးတို့ကို ဦးတည်ကြိုးပမ်းမည်။
  • အသေးစားနှင့် အလတ်စားကုန်ချောထုတ်လုပ်ရာတွင် လိုအပ်သည့်အရည်အသွေးမီ ကိရိယာတန်ဆာပ လာများကိုတင်သွင်းရယူနိုင်ရန် ကြိုးပမ်းစေမည်။
  • ဆင်းရဲချမ်းသာကွာဟမှုမြင့်မားခြင်းသည် နိုင်ငံတော်တည်ငြိမ်မှုကိုပျက်ပြားစေနိုင်သည့်အတွက်၊ ကွာဟမှု လျော့ကျသွားရန် ဆောင်ရွက်မည်။
  • နိုင်ငံတော်တွင် ဘတ်ဂျက်ငွေဖြစ်ပေါ်မှုကို ငွေစက္ကူသစ်များရိုက်နှိပ်၍ ဖြေရှင်းခြင်းမပြုလုပ်ဘဲ၊ အခြားနည်း လမ်းများဖြင့်ဖြေရှင်းအဖြေရှာမည်။
  • တာဝန်သိ၊ နည်းပညာမြင့်မားသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဖိတ်ခေါ်မည်။
  • နိုင်ငံတော်၏စီမံကိန်းများရေးဆွဲရာတွင် ကာလရှည်တွင် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲရလဒ်များကို အလေးပေးထည့်သွင်းစဉ်းစားမည်။
  • ထို့ပြင်စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ခြင်းကြောင့် ထိခိုက်နစ်နာသူများအတွက် လုံလောက် သောသက်သာခွင့်များ ရရှိစေရန်စီစဉ်မည်။
  • နိုင်ငံပိုင်နှင့် ပုဂ္ဂလိကလုပ်ငန်းများအားလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ငွေကြေးရံပုံငွေအဖွဲ့၊ နိုင်ငံတကာဘဏ္ဍာရေးကော်မရှင်၊ ကမ္ဘာ့ဘဏ်တို့နှင့် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်သွားမည်။

ကျန်းမာရေးကဏ္ဍ

  • နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံသားများ၏ကျန်းမာရေးသည်လွန်စွာမှအရေးကြီး သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံသားများ၏ ကျန်းမာရေးအတွက် အမျိုးသားကျန်းမာရေး မြှင့်တင်ရန်လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးမည်။
  • အခြေခံကျန်းမာရေးစောင့်ရှောက်မှု့များကို ကူညီဆောင်ရွက်ပေးမည်။
  • အခြေခံကျန်းမာရေးစောင့်ရှောက်မှုနှင့်ကူးဆက်ရောဂါကာကွယ်ရေးလုပ်ငန်းများကိုဦးစားပေးဆောင်ရွက် မည်။
  • ခုခံအားကျဆင်းမှုရောဂါ (HIV/ AIDS) ငှက်ဖျားရောဂါ၊ အဆုတ်ရောဂါတို့၏ ဖြစ်နှုန်းများလျော့ချရန်နှင့်လို အပ်သောဆေးဝါးများ မပြတ်လပ်စေရေး ဆောင်ရွက်သွားမည်။
  • နိုင်ငံသားတိုင်းလက်လှမ်းမီသည့်ခိုင်မာပြီး၊ အရည်အသွေးကောင်းမွန်သော ကျန်းမာရေးဝန်ဆောင်မှုစနစ် ပေါ်ထွန်းအောင်ဆောင်ရွက်ပေးမည်။
  • နိုင်ငံတော်ပိုင်ဆေးပေးခန်း၊ ဆေးရုံတို့တွင် အရည်အသွေးကောင်းမွန်သော ဆေးကုသမှုနှင့်ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများကို တာဝန်ရှိပုဂ္ဂိုလ်များမှ ကျန်းမာရေးဝန်ထမ်းကျင့်ဝတ် (Medical Ethic) နှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပါမှုအစီအစဉ်များ ချမှတ်ဆောင်ရွက်မည်။
  • သဘာဝဘေးအန္တရာယ်ကျရောက်သည့်နေရာများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။
  • ဆေးဝါးထုတ်လုပ်ခြင်းနှင့်ကုသခြင်းနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတကာပညာရှင်များနှင့် ပူးပေါင်းသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးဆောင်ရွက်သွားမည်။
  • တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးဆောင်ရွက်မည်။
  • ချို့တဲ့သောနိုင်ငံသားများအတွက် ကျန်းမာရေးအာမခံစီမံကိန်းများ ချမှတ်ထူထောင်ပေးမည်။
  • ကျန်းမာရေးဆိုင်ရာ စာရင်းဇယား၊သတင်းအချက်အလက်ပြုစု စုဆောင်းရေးနှင့် ယင်းအပေါ်အခြေခံသည်။ ကျန်းမာရေးစီမံခန့်ခွဲမှုစနစ် (Health Management Information Systim /HMIS) ပေါ်ပေါက်စေရန် ဆောင်ရွက်မည်။
  • ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကို ဥပဒေနှင့်အညီ် ဖွင့်လှစ်ခွင့်ပြုသွားမည်။
  • ဆေးပညာသင်ကြားရေးစနစ်ကို နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ရန်ဆောင်ရွက်မည်။

ပညာရေးကဏ္ဍ

  • ပညာရေးဆိုင်ရာလွတ်လပ်ခွင့်ကိုအခြေခံ၍ ကျောင်းသားများသင်ယူမှုအခွင့်အလမ်းပိုမိုရရှိရန်နှင့် အခြေခံပညာ ပြီးဆုံးမှုနှုန်းမြင့်မားရန် ဆောင်ရွက်မည်။
  • ကျောင်းနေအရွယ်ကလေးနှင့်လူငယ်များအားလုံး ပညာသင်ယူရန်အခွင့်အလမ်းညီမျှမှုကိုဆောင်ရွက်မည်။
  • တိုင်းရင်းသားဒေသများတွင် ဒေသဆိုင်ရာပညာရေးစီမံခန့်ခွဲမှုကို အလေးထားမည်။ တိုင်းရင်းသားဘာသာ စကားနှင့်စာပေးသင်ကြားမှုကို အကောင်အထည်ဖော်နိုင်ရန်ဆောင်ရွက်မည်။
  • ပညာသင်ကြားရေးသည် ကာယ၊ ဉာဏ ဘက်စုံဖွံ့ဖြိုးမှုအပြင်၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော အနာဂတ်နိုင်ငံတော်နှင့်လိုက်လျောညီထွေရှိသော၊ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်သော နိုင်ငံသား ကောင်းများ မွေးထုတ်ရေးကိုရှေးရှုသည့် ပညာရေးစနစ်ကို ဖော်ဆောင်မည်။
  • မသင်မနေရ မူလတန်းနှင့်အလယ်တန်းပညာရေးကို ကလေးတိုင်းအခမဲ့သင်ယူခွင့်ရှိစေရမည်။ အခြေခံပညာကျောင်းဖွဲ့စည်းပုံးကို မူ ၅-၊ လယ်-၄-၊ ထက်-၃- စနစ်ထားရှိမည်။ အခြေခံအလယ်တန်းပညာ ရေးပြီးဆုံးပါက အသက်မွေးဝမ်းကျောင်းပညာရေးနှင့် တက္ကသိုလ်အခြေခံပညာရေးဟူ၍ လမ်း(၂)သွယ် ထားရှိမည်။
  • ပုဂ္ဂလိက ( Private School )ပညာရေးဝန်ဆောင်မှုလုပ်ငန်းများကို မူလတန်းပညာရေးနှင့်ကိုယ်ပိုင်ပြဌာန်း ခွင့်ရှိသော တက္ကသိုလ်များ (Autonomous Universities ) အထိ ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ပြီး၊ခေတ်နှင့်အညီ အရည်အသွေးပြည့်မီအောင် ကြီးကြပ်သည့်လုပ်ငန်းများကိုစနစ်တကျလုပ်ဆောင်သွားမည်။
  • တက္ကသိုလ်ပညာရေးသည် သုတေသနပြု၍ လေ့လာသင်ယူမှုအပေါ်အခြေခံမည်။ကျောင်းသားများပျော်ရွှင် စွာစာပေသင်ယူနိုင်မည့်ပတ်ဝန်းကျင်ကောင်းများရှိရမည်ဖြစ်ပြီး၊ တက္ကသိုလ်အသီးသီးတို့သည်နိုင်ငံတကာ တက္ကသိုလ်များနှင့်ပညာရေးဆိုင်ရာကိစ္စရပ်များကို လွတ်လပ်စွာချိတ်တွဲဆောင်ရွက်နိုင်ခွင့်ရှိစေရမည်။
  • ပညာရေးတွင် ကျောင်းတွင်းပညာရေး ( Formal education) အပြင်၊ ပြင်ပ ပညာရေး (Non-formal education or alternative education ) ကိုပါအားပေးထောက်ခံဆောင်ရွက်မည်။
  • ကျောင်းပြင်ပ ပညာရေးသင်ယူသူများသည် အခြေခံပညာအဆင့်ဆင့်ကို သင်ယူနိုင်သည်သာမက၊ အသက်မွေးဝမ်းကျောင်းပညာရေးနှင့်တက္ကသိုလ်ပညာရေးကိုလည်း သင်ယူနိုင်ခွင့်ရှိစေရမည်။အခြေခံအ ထက်တန်းပညာပြီးဆုံးသူမည်သူမဆို တက္ကသိုလ်သင်ယူနိုင်ရေးအတွက် အခွင့်အလမ်းများဖန်တီပေးမည်။
  • ပညာရေးအဆင့်ဆင့်ဆိုင်ရာ စာရင်းဇယား၊ သတင်းအချက်အလက်စုပေါင်းပြုစုရေးနှင့် ယင်းအချက်အ လက်များအပေါ် အခြေခံသည့် စီမံခန့်ခွဲမှုစနစ် (Education Management and Information System) ပေါ်ပေါက်စေရန် ဆောင်ရွက်မည်။

လယ်ယာလုပ်ငန်းကဏ္ဍ

  • လယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် အောက်ပါအတိုင်းဆောင်ရွက်မည်။

  • လက်ရှိမိရိုးဖလာစိုက်ပျိုးရေးမှသည် အသေးစားစက်မှုလယ်ယာစနစ်သို့လည်းကောင်း၊ အသေးစားစက်မှု လယ်ယာစနစ်မှသည် ခေတ်မီတိုးတက်သော စက်မှုလယ်ယာစနစ်သို့လည်းကောင်းဆင့်ကဲပြောင်းလဲ ဆောင်ရွက်သွားမည်။

  • ဥပဒေများနှင့်အညီ လယ်ယာမြေပိုင်ဆိုင်ခွင့်၊ လွှဲပြောင်းပိုင်ခွင့်နှင့် ဆက်ခံပိုင်ခွင့်ရှိစေရမည်။
  • ဆန်စပါးအပါအဝင် လယ်ယာထွက်သီးနှံများ၏ စျေးနှုန်းကို စျေးကွက်စီးပွားရေးစနစ်နှင့်အညီ လွတ်လပ်စွာ စိုက်ပျိုးကြိတ်ခွဲရောင်းချခွင့်ရှိစေရမည်။
  • စိုက်ပျိုးရေး၊ ရေလွှမ်းမိုးပျက်စီးမှုကာကွယ်ရေး၊ ရေကိုစနစ်တကျ အကျိုးရှိရှိအသုံးချ စီမံခန့်ခွဲရေး (water management ) နှင့်ခေတ်မီစနစ်ကျသော လယ်ယာမြေတိုးတက်ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲထိန်းသိမ်း ရေး (Land Development and Land Improvement )လုပ်ငန်းများကို အဓိကဆောင်ရွက်မည်။
  • လယ်ယာထုတ်ကုန်ပစ္စည်းများ ထွက်နှုန်းမြင့်မားစေရန်နှင့် အရည်အသွေးတိုးတက်ကောင်းမွန်စေရန်အ တွက်မျိုးကောင်းမျိုးသန့်ထုတ်လုပ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးသုတေသနလုပ်ငန်းများကို နိုင်ငံခြား
    ကုမ္ပဏီများနှင့်လည်းကောင်း ပူးပေါင်း၍ဦးစားပေးဆောင်ရွက်သွားမည်။
  • လယ်ယာလုပ်ငန်းကဏ္ဍနှင့်စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍများကို ထိခိုက်ပျက်စီးစေနိုင်သည့် ကိစ္စရပ်များ၊ ရာသိဥတုဖောက်ပြန်စေနိုင်သော လုပ်ငန်းကိစ္စရပ်များနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးစေနိုင်သော ကိစ္စရပ်များတို့ကိုလေ့လာစိစစ်၊ စနစ်တကျ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သွားမည်။
  • တောင်သူလယ်သမားများ၏ရပိုင်ခွင့်များ၊ နစ်နာဆုံးရှုံးမှုများ ပြဿနာအရေးကိစ္စရပ်များအား တောင်သူ လယ်သမားများအကျိုးအတွက် ကာကွယ်စောင့်ရှောက်နိုင်ရန် လွတ်လပ်ညီညွှတ်သော တောင်သူလယ် သမားအဖွဲ့များ ဖွဲ့စည်းခွင့်ကိုအားပေးမည်။

အလုပ်သမားကဏ္ဍ

အလုပ်သမားတိုင်းသည် လုပ်ပျော်သော အလုပ်ခွင်အခြေအနေ ၊ မျှတသောလုပ်ခလစာရရှိခွင့်နှင့် အလုပ်လက်မဲ့ ဖြစ်စေခြင်း မှ အကာအကွယ်ရရှိခွင့် ရရှိစေရမည်။

  • အဓမ္မအလုပ်စေခိုင်းခြင်းကို တားဆီးပိတ်ပင်မည်။
  • အလုပ်သမားတိုင်းသည် ခွဲခြားခြင်းမခံရစေဘဲ တူညီသောအလုပ်အတွက် ၊ တူညီသောအခကြေးငွေ ရရှိခွင့်ရှိစေရ မည်။
  • အလုပ်သမားတိုင်းသည် ခွဲခြားခြင်းမခံစေဘဲ တူညိီသော အလုပ်အတွက် ၊ တူညီသော အခကြေးငွေ ရရှိခွင့်ရှိစေရ မည်။
  • အလုပ်သမားတိုင်းသည် မိမိအကျိုးခံစားခွင့်များကို ကာကွယ်ရန် အလုပ်သမားအစည်းအရုံးများကို ဖွဲ့စည်းခွင့်ပါဝင် ဆောင်ရွက်ခွင့် ရှိစေရမည်။
  • အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ ပြဌာန်းချက်များးနှင့် ညီညွတ်စေရန် ကြိုးပမ်း အားထုတ်သွားမည်။

ကျောင်းသားလူငယ်ကဏ္ဍ

  • လူငယ်များသည် နိုင်ငံတော်၏ အဖိုးတန်ဆုံး အင်အားတစ်ရပ်အဖြစ် အစဉ်တည်ရှိကြသည်။
  • နိုင်ငံတော်၏ အနာဂတ်ဖြစ်သော လူငယ်များ၏ စွမ်းရည်များဖော်ထုတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မြင့်မားရေး တို့ကို ဦးစားပေးဆောင်ရွက်ခွင့်ပြုမည်။
  • သမိုင်းတွင်ကျောင်းသားများ၏ ကဏ္ဍကို အသိအမှတ်ပြုလျက် ၊ ကျောင်းသားသမဂ္ဂများကို ဥပဒေနှင့်အညီ ဖွဲ့စည်းခွင့်ပြုမည်။
  • အလုပ်အကိုင်သစ်များ ဖန်တီးပေးခြင်းဖြင့် လူငယ်များအလုုပ်လက်မဲ့ပြဿနာကို ဖြေရှင်းရန်ကြိုးပမ်းမည်။

လူထုဘဝသက်သာချောင်ချိရေးကဏ္ဍ

  • အများပြည်သူတို့၏ သက်သာချောင်ချိရေး ၊ လူမှုဘဝလုံခြုံရေး ၊ ဘဝအရည်အသွေး ပိုမိုကောင်းမွန်ရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊ စာပေအနုပညာ ၊ ယဉ်ကျေးမှုကဏ္ဍ စသည်တို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအားရှိသမျှ ကျယ်ပြန့်စွာ မြှင့်တင်ဆောင်ရွက်မည်။
  • အစိုးရက ဦးဆောင်၍ လူထုဘဝသက်သာချောင်ချိရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်စေကာမူ ၊ ပုဂ္ဂလိက စေတနာရှင်များ ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များ၏ ဆောင်ရွက်မှုတို့ကိုလည်းလိုလားစွာအားပေး မည်။
  • မသန်စွမ်းသူများအား အကြံပေးခြင်း ၊ အလုပ်အကိုင်ရှာဖွေပေးခြင်း ၊ ရင်းနှီးစွာထိတွေ့၍ ဆွေးနွေးအားပေးခြင်း တို့ကို ရှေးရှု့ဆောင်ရွက်မည်။
    အရွယ်မရောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးမည်။
  • လူကုန်ကူးမှု တိုက်ဖျက်ရေး ၊ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်ခြင်းစသည့် နိုင်ငံအကျိုးကို ဆိုးဆိုးဝါးဝါး ဖြစ်စေ သည်များကို အထူးတလည်အလေးထား၍ ဥပဒေနှင့်အညီ တိုက်ဖျက်သွားမည်။
  • ရေဘေး ၊ လေဘေး ၊ မီးဘေး စသည့်သဘာဝ အန္တရာယ်ဒဏ်ခံရသော ဒုက္ခသည်များအတွက် ထိရောက်လျင်မြန် သော ကယ်ဆယ်ရေးလုပ်ငန်းများ ၊ လူသားချင်းစာနာသည့်အထောက်အပံ့များ ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတို့ ကိုဆောင်ရွက်မည်။
  • သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပေါ်လာမည့် ဆိုးကျိုးများလျော့ချရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး ပညာရေးစီမံ ကိန်းများ (Disaster preparedness and Disaster Risk Reduction) ကို ကျယ်ကျယ်ပြန့်ပြန့် လုပ််ဆောင်မည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍ

  • နိုင်ငံတော်အတွင်း ဘဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အောက်ပါမူဝါဒ နှင့်အညီ ဆောင်ရွက်သွားမည်။
  • ရေရှည်ထိန်းနိင်မည့် သစ်ထုတ်လုပ်ရေး ၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်စောင့်ရှောက်ကာကွယ်ရေး ၊ တရားမဝင်သစ်ခုတ်ခြင်းနှင့် ၊ ထင်းမီးသွေးထုတ်လုပ်ခြင်းကို လျော့နည်းရပ်တန့်စေရန်အတွက် နည်းပညာသုံး မိီးဖိုများအသုံးပြုခြင်း ၊ အစားထိုး အဆင့်မြင့်လောင််စာများ သုံးစွဲခြင်း ၊ ရှင်သန်ကျန်ရစ်စေရေးအတွက် ၄င်းတို့သက်ရှင်နေထိုင်ရာ ပတ်ဝန်းကျင်သစ်တောများ ၊ ဒီရေတောများအား ဘေးမဲ့ပေးချန်လှပ်အားထားခြင်း ၊ စက်မှုဇုံနှင့် အထူးစီးပွားရေးဇုံများ၏ နောက်ဆက်တွဲသဘာဝဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများအား အတိုင်းအတာတစ်ခုထိ လျော့ချနိုင်ရန် ဆောင်ရွက်ရေး စောင့်ကြည့်အကဲခတ်ရေး ၊သုတေသနပြုရေးတို့ကို နိုင်ငံတော်က ပြည်နယ်နှင့် တိုင်းဒေသကြီးများနှင့် ညှိုနှိုင်းစီမံခန့်ခွဲမည်။
  • မြေဆီလွှာထိန်းသိမ်းရေး ၊ မြစ်ချောင်းအင်းအိုင်များ တိမ်ကောခမ်းခြောက်ခြင်းမှ ကာကွယ်ရေး ၊ သဲကန္တာရဖြစ်လာ ခြင်းမှ ရပ်တန့်ရေး ၊ ဆားမြေ ၊ အက်စ်မြေဖြစ်ခြင်းမှ တားဆီးရေး ၊ ချင်းတွင်း ဧရာဝတီစသည့် မြစ်ဖျားဒေသ တနင်္သာရီဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ ရေဝေရေလဲဒေသများ ၊ စိမ့်မြေဒေသများရှာဖွေဖော်ထုတ်ရေး ၊ ရေသယံဇာတများ အဓွန့်ရှည်တည်တံ့ရေးအတွက် ဗဟိုမှ အောက်ခြေအထိ အဆင့်ဆင့်မှ ပါဝင်ဆောင်ရွက်စေရန် လှုံ့ဆော်ကြိုးပမ်းသွားမည်။
  • ကမ္ဘာနှင့် မြန်မာ့သဘာဝဝန်းကျင်ပြောင်းလဲမှုှများကို ပြည်သူများသိစေရန် ဆောင်ရွက်ရေးနှင့် သဘာဝဝန်းကျင်နှင့် လူမှှုဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများလျော့ချနိုင်ရေး ၊ လူဦိးရေတိုးပွားလာမှုကြောင့်လည်းကောင်း ၊ သတ္ထုတူးဖော်ခြင်း နှင့် ဓာတုစက်ရုံများမှ စွန့်ပစ်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာသော ရေ ၊ မြေညစ်ညမ်းမှုတို့ကြောင့်လည်းကောင်း ၊ သောက်သုံးရေ ၊ စိုက်ပျိုးရေရှားပါးလာမှုပြဿနာများအတွက် ကြိုတင်ပြင်ဆင်သွားမည်။
  • မျိုးတုံးပျောက်ကွယ်ရန် အန္တရာယ်ရှိနေသည့် ဇီဝမျိုးစိတ်များနှင့် စပ်လျဉ်း၍ နိုင်ငံတကာကျွမ်းကျင်အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်မည်။ တောရို်င်းတိရစ္ဆာန်များ တရားမဝင်တင်ပို့ရောင်းချနေခြင်းများကို ထိရောက်စွာတား ဆီးဆောင်ရွက်မည်။
  • သတ္ထုတူးဖော်ခြင်း ၊ ဓာတုပစ္စည်းများစွန့်ထုတ်ခြင်း ၊ ပြင်းထန်လှသည့်ဆူညံသံများကြောင့် အသံညစ်ညမ်းမှုများစွာ နှင့် ကြုံတွေ့ရလေ့ရှိရာ ၊ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးကိုထိခိုက်စေမည့်အချက်ျများကို ဆန်းစစ်နိုင်ရန်အတွက် ပတ်ဝန်းကျင်ထိခိုုက်မှုများ အကဲဖြတ်ဆန်းစစ်ခြင်း (Environmental Impavt Assessment-EIA) နှင့်လူမှုစီးပွား ရေးဝန်းကျင်ဆို်င်ရာထိခိုက်မှုများကို အကဲဖြတ်ဆန်းစစ်ခြင်း (Socioeconomic Impact Assessment-SIA) တို့ကို ဆောင်ရွက်မည်။ ဖြစ်စဉ်တို်င်းအတွက် ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲခြင်း (Environmental Management Plan) စနစ်များကိုလည်း လုပ်ငန်းအဆင့်ဆင့်တိုင်းတွင် ရေးဆွဲဆောင်ရွက်မည်။
  • မြန်မာနိုင်ငံတိုင်းရင်းသားများ၏ သဘာဝဝန်းကျင်အလေးအမြတ်ထား မြတ်နိုးသောရိုးရာဓလေ့ထုံးတမ်း စဉ်လာ ယဉ်ကျေးမှုများကို ဖော်ထုတ်မြှင့်တင်မည်။
  • သစ်နှင့်သစ်တောထွက်ပစ္စည်းများကို နိုင်ငံခြားသို့တင်ပို့ရောင်းချရာတွင် တန်ဖိုးမြင့် ကုန်ချောအဖြစ် တင်ပို့နိုင်ရန် အားပေးသွားမည်။

ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ

  • ကုန်စျေးနှုန်းများကျဆင်းရေးကို ရှေးရှု့၍ကုန်စည်စီးဆင်းမှုလျင်မြန်ချောမွေ့စေရန် ၊ ပို့ဆောင်ရေးကဏ္ဍကို အတတ် နိုင်ဆုံးပြုပြင်တိုးချဲ့သွားမည်။
    နိုင်ငံရေး ၊ စီးပွားရေး လူမှုရေးတိုးတက်မှု နောက်ကျနေသောဒေသများ ဖွံ့ဖြိုးတိုးတက်အောင် လမ်းပန်းဆက်သွယ်် ရေးလုပ်ငန်းများကို တိုးချဲ့ပြုပြင်သွားမည်။
  • သတင်းနှင့်ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခြင်းသည် အလုပ်အကိုအခွင့်အလမ်းများ တိုးတက်စေခြင်း ၊ လိုအပ် သောသတင်းအချက်အလက်များကို ပြည်သူတို့ထံ လျင်မြန်စွာရောက်ရှိနိုင်ခြင်း ၊ အခြေခံကျသောဝန်ဆောင်မှုများ ကို လက်လှမ်းမီစေခြင်း ၊ ဝေးကွာသောအရပ်ဒေသများကို လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်ဆောင်ရွက်နိုင်စေ ခြင်း ၊ သတင်းနှင့်ပညာရပ်များကို လွယ်ကုူစွာသင်ယူတတ်မြောက်နိုင်ခြင်း စသည်တို့ကြောင့် ၊ ယင်းကဏ္ဍဖွံ့ဖြိုးတိုး တက်မှုကို ရှေးရှု့မည်။
  • ဆက်သွယ်ရေးလုပ်ငန်းများ လျင်မြန်ချောမွေ့စေရန် လိုအပ်သလိုတိုးချဲ့သွားမည်။ တိုင်းရင်းသားနယ်မြေများကို အထူးအလေးထားမည်။

ကာကွယ်ရေးနှင့်လုံခြုံရေးကဏ္ဍ

တပ်မတော်သည် နိုင်ငံ၏ မရှိမဖြစ်လိုအပ်သော အဖွဲ့အစည်းဖြစ်သည်ဟု ယုံကြည်သည်။

  • တပ်မတော်သည် ဒီမိုကရေစီကျင့်စဉ်များကို ကာကွယ်ဖြည့်ဆည်းပေးသည် ဂုဏ်သိက္ခာရှိသော အင်အားစုဖြစ်ရ မည်။
  • တပ်မတော်ကို ပထဝိီသဘောသဘာဝ အခြေအနေများနှင့် ညီညွတ်သော မဟာဗျူဟာရ စစ်ရေးစွမ်းရည်ထက်မြက် ၍ ၊ နည်းပညာပိုင်းဆိုင်ရာတိုးတက်၍ ခေတ်မီအဆင့်အတန်းမြင့်မားသည့် တပ်မတော်အဖြစ် ရပ်တည်ရန်တည် ဆောက်သွားမည်။
  • တပ်မတော်သည် ၊ ပြည်သူချစ်၍ ၊ ပြည်သူယုံကြည်ကိုးစားခံရသော တပ်မတော်အဖြစ် ရပ်တည်ရမည်။
  • တပ်မတော်နှင့် နိုင်ငံတော်ကာကွယ်ရေး ယန္တယားတစ်ရပ်လုံးသည် အုပ်ချုပ်ရေးမဏ္ဍိုုင်ထဲ၌သာ တည်ရှိနေရမည်။
  • ရဲတပ်ဖွဲ့သည် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်။
  • ရဲတပ်ဖွဲ့သည် ၄င်း၏တာဝန်များကို ကျေပွန်စွာထမ်းဆောင်နု်ိင်စေရန်အတွက် နိုင်ငံတကာအရည်အသွေးမီသည့် ရဲတပ်ဖွဲ့ဖြစ်စေရန်ဦးတည်မည်။

2017 Copyright,National League for Democracy.Powered By MyanmarGateway