ေနျပည္ေတာ္ ေအာက္တုိဘာ ၂၀
ရခိုင္ျပည္နယ္အတြင္း လူသားခ်င္းစာနာမႈ အကူအညီအေထာက္အပ့ံေပးေရး၊ ျပန္လည္ေနရာခ်ထားေရး၊ ဖြံ႕ၿဖိဳးေရးစီမံကိန္း(UEHRD) အတြက္ အလွဴေငြေပးအပ္ပဲြ အခမ္းအနားကုိ ယေန႔နံနက္ ၁၀နာရီတြင္ ေနျပည္ေတာ္ရွိ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟုိဌာန(NRPC)၌ က်င္းပရာ ရခိုင္ျပည္နယ္အတြင္း လူသားခ်င္း စာနာမႈ အကူအညီအေထာက္အပ့ံေပးေရး၊ ျပန္လည္ေနရာခ်ထားေရး၊ ဖြံ႕ၿဖိဳးေရး စီမံကိန္း (UEHRD)ေကာ္မတီဥကၠ႒ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္ တက္ေရာက္အမွာစကားေျပာၾကားသည္။
UEHRD ေကာ္မတီဥကၠ႒ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္က မည္သည့္ အလုပ္မ်ဳိး လုပ္လုပ္ ႏိုင္ငံတစ္ႏိုင္ငံတြင္ ကိုယ့္အခ်င္းခ်င္း စည္းစည္းလုံးလုံး လုပ္ပါက ေအာင္ျမင္ႏိုင္မည္ဟု ယုံၾကည္ပါေၾကာင္း၊ မိမိတို႕ျပည္တြင္းအင္အားကို ယွဥ္ႏိုင္သည့္ ျပည္ပ အင္အားဆိုတာ ဘာမွမရွိဘူးဟု ယုံၾကည္ပါေၾကာင္း။
ျပည္ေထာင္စုအက်ဳိးအတြက္ ၀ိုင္း၀န္းပံ့ပိုးခ်င္သည့္ စိတ္ရွိျခင္းအတြက္ ၀မ္းသာပါေၾကာင္း၊ စီးပြားေရးလုပ္ငန္းရွင္မ်ားက အခမ္းအနား မစခင္တြင္ တင္ျပထား တာအခ်ဳိ႕ရွိသည္ဟု နားလည္ပါေၾကာင္း၊ တင္ျပထားသည္မ်ားကို မိမိအေနျဖင့္ စိတ္လည္း၀င္စားပါေၾကာင္း၊ ေကာင္းလည္း ေကာင္းသည္ဟု ထင္ပါေၾကာင္း၊ ဥပမာ ရခိုုင္ျပည္နယ္ ေရွ႕ဆက္ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ အႀကံျပဳခ်က္မ်ား ရွိပါေၾကာင္း၊ ယင္းမွာ အလြန္ေကာင္းသည့္ အႀကံျပဳခ်က္ျဖစ္ပါေၾကာင္း၊ အေသးစိတ္ကို မိမိတို႔ ေဆြးေႏြးၿပီး အစီအစဥ္ခ်ရမည္ ျဖစ္ပါေၾကာင္း။
ျမန္ျမန္ဆန္ဆန္ တိုးတက္မႈရရန္ လိုအပ္ပါေၾကာင္း၊ စိတ္တက္ၾကြစြာ လုပ္ေစ ခ်င္ပါေၾကာင္း၊ ေနာက္တစ္ခုက မိမိတို႔ႏို္င္ငံ၏ ကိစၥကို အားလုံး၀ုိင္းလုပ္ႏိုင္သည္ ဆိုသည္ကို သိေစခ်င္ပါေၾကာင္း၊ မိမိတို႔ႏို္င္ငံသည္ ႐ုပ္ပိုင္းဆိုင္ရာ မခ်မ္းသာေသာ္လည္း တျခားအင္အား မ်ားရွိသည္ကို ရွင္းရွင္းလင္းလင္းျပႏိုင္မည္ျဖစ္ပါေၾကာင္း ေျပာၾကားသည္။
ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္က “အင္အားရဲ႕ အဓိကအင္အားကေတာ့ ပူးေပါင္းေဆာင္ရြက္ျခင္းပါ၊ ကၽြန္မတို႔စီစဥ္တဲ့အခါမွာ စီးပြားေရးလုပ္ငန္းရွင္ေတြကလည္း ပြင့္ပြင့္လင္းလင္းနဲ႔ အႀကံဉာဏ္ေပးေစခ်င္ပါတယ္။ အႀကံျပဳခ်က္အားလုံးဆိုတာကေတာ့ အေကာင္အထည္ေဖာ္ဖို႔ လက္ေတြ႕က်မွာ မဟုတ္ဘူး။ ဒါေပမယ့္ အသင့္ေတာ္ဆုံး ေတြကို ေရြးၿပီးေတာ့လုပ္ရမွာပါ။ ေနာက္တစ္ခုက ဦးစားေပးလုပ္ငန္းေတြ ဘာေတြျဖစ္ မလဲဆိုတာ အားလုံးသိေအာင္ ရွင္းျပသြားပါမယ္။ ဦးစားေပးလုပ္ငန္းေတြဆိုတာဟာ ေရတိုမွာလည္း အသီးအပြင့္ေတြကို ျမင္ႏိုင္တဲ့ဟာေတြကို ေရြးရမယ္။ တခ်ဳိ႕ကလည္း ဆက္ၿပီးေတာ့ ေရရွည္သြားႏိုင္ဖို႔ အခုကတည္းက စရမယ့္ ဟာေတြလည္းရွိပါတယ္။ ဒါေတြကို ကၽြန္မတို႔အားလုံးဟာ လူမႈေရးဘက္ကေရာ၊ စီးပြားေရးဘက္ကေရာ၊ ႏိုင္ငံေရးဘက္ကေရာ သုံးဘက္စလုံးကေန ၾကည့္ၿပီးေတာ့ ကၽြန္မတို႔ေရြးရမယ္။
“ဥပမာအားျဖင့္ဆိုရင္ ျပန္လည္ထူေထာင္ေရးဆိုတာဟာ ပ်က္စီးသြားတဲ့အရာ ေတြျပန္လည္တည္ေဆာက္မယ္ဆိုတာ ဒီဟာက လူမႈေရးအရ လိုအပ္တယ္၊ ႏိုင္ငံေရး အရလည္း လိုအပ္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကၽြန္မတို႔က ဒီလိုပ်က္စီးမႈေတြကို မႀကိဳက္ဘူး။ ႏိုင္ငံမွာ ဥပေဒမဲ့လုပ္ရပ္ေတြရွိရင္ ဥပေဒရဲ႕အက်ဳိးဆက္ေတြကို ခံရမွာ ျဖစ္သလို ကၽြန္မတို႔က တာ၀န္ယူတယ္ဆိုတာကိုလည္းျပဖို႔ လုိပါတယ္။ ႏိုင္ငံေရးအရ ျပန္လည္ၿပီးေတာ့ ျပဳျပင္သြားဖို႔ရွိပါတယ္။ စီးပြားေရးအရ လိုအပ္ခ်က္ေတြလည္း ရွိပါ တယ္။’’
“ပုံမွန္အလုပ္ေတြျပန္လုပ္ႏိုင္မွသာ စီးပြားေရးယႏၱရား လည္ပတ္မွာျဖစ္ပါတယ္။ စီးပြားေရးယႏၱရားလည္တဲ့ေနရာမွာလည္း အရင္ယႏၲရား အေဟာင္းႀကီးကိုပဲ ျပန္လည္ လုပ္ဖို႔မလိုပါဘူး။ ယႏၲရားအသစ္ေတြကိုလည္း စီးပြားေရးလုပ္ငန္းရွင္ေတြ အေတြး အေခၚနဲ႔ ျပဳျပင္ႏိုင္မယ္ လို႔ ထင္ပါတယ္။ အနာဂတ္ကိုၾကည့္ၿပီးေတာ့ ဘယ္လို ဘက္ကို ျဖည့္ဆည္း ေပးဖို႔ လိုမလဲဆိုတာကို အားလုံးညီညီၫြတ္ၫြတ္နဲ႔ ၀ိုင္းၿပီးေတာ့ ေဆြးေႏြးေစ ခ်င္တယ္”ဟု ေျပာၾကားသည္။
ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢဳိ္လ္က ရခိုင္ျပည္နယ္အတြက္ ဘယ္ေဒသမွာ ဘယ္လုပ္ငန္းရွင္မ်ား ပါ၀င္မလဲဆုိၿပီး ေကာင္းသည့္ ၿပိဳင္ဆိုင္မႈကို အားေပးမည္ျဖစ္ ပါေၾကာင္း၊ ျမန္ျမန္ဆန္ဆန္ ကူညီၿပီး ျမန္ျမန္ဆန္ဆန္ေအာင္ျမင္ေစခ်င္ပါေၾကာင္း၊ မိမိတို႔ႏိုင္ငံအတြက္၊ ေဒသအတြက္သာမက လုပ္ငန္းရွင္မ်ားအတြက္လည္း ေရရွည္ တြင္ အမ်ားႀကီး အက်ဳိးရွိႏိုင္ပါေၾကာင္း၊ တစ္ေယာက္ႏွင့္တစ္ေယာက္ ကူညီျခင္းအား ျဖင့္ အားလုံးအတြက္ တိုးတက္မႈရွိမည္ျဖစ္ပါေၾကာင္း။
အားလုံးပါ၀င္ၿပီး အေကာင္အထည္ေဖာ္မည့္ စီမံကိန္းလိုပဲ ျဖစ္ေစခ်င္ပါေၾကာင္း၊ ပိုက္ဆံက အေရးႀကီးသည္ဆိုေသာ္လည္း ကၽြမ္းက်င္မႈ ပိုလိုအပ္ပါေၾကာင္း၊ ပိုက္ဆံကို ကၽြမ္းကၽြမ္းက်င္က်င္ မသုံးႏိုင္လွ်င္ အေဟာသိကံ ျဖစ္သြားႏိုင္ပါေၾကာင္း၊ မိမိတို႔စီး ပြားေရး လုပ္ငန္းရွင္ မ်ားသည္ အနာဂတ္ကို တြက္ခ်က္ႏိုင္ေသာ ေအာင္ျမင္သည့္ စီးပြားေရး လုပ္ငန္းရွင္မ်ားျဖစ္ၿပီး ေအာင္ျမင္သည့္ စီးပြားေရး လုပ္ငန္းရွင္ သည္ အနာဂတ္ ေစ်းကြက္ကို နားလည္ရပါေၾကာင္း၊ ဤစီမံကိန္းသည္ ပထမဦးဆုံး စမ္းသပ္ေသာ စီမံကိန္းဟုလည္း ယူဆလို႔ ရပါ ၾကာင္း၊ ဘာျဖစ္လို႔လဲဆိုလွ်င္ တိုးတက္ေအာင္ျမင္ ေအာင္လုပ္ရန္ ကိစၥအမ်ားႀကီးရွိပါေၾကာင္း၊ ဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ ၿငိမ္းခ်မ္းမႈကိုတြဲၿပီး အေကာင္အထည္ ေဖာ္ရမည္ျဖစ္ပါေၾကာင္း၊ ရခိုင္ျပည္နယ္သည္ ယခုအေျခအေနတြင္ အခက္အခဲဆုံးေနရာ ျဖစ္ပါေၾကာင္း၊ ႏိုင္ငံတကာ၏ အာ႐ုံစုိက္မႈ အင္မတန္မွမ်ားပါေၾကာင္း၊ မ်ားသည့္အတြက္ လည္း ပိုၿပီးလုပ္ရကိုင္ရခက္ခဲသည့္ အေျခအေနရွိပါေၾကာင္း။
မိမိတို႕အကူအညီေတာင္းသည္မွာ ေငြေရးေၾကးေရးအရ ႐ုပ္ပိုင္းဆိုင္ရာ အကူအညီ ထက္ စိတ္ပိုင္းဆိုင္ရာ အႀကံဉာဏ္၊ ေစတနာ၊ ဉာဏ္ပညာႏွင့္ ေနာင္အနာဂတ္ကို မွန္းဆၿပီး အရည္အခ်င္းမ်ားႏွင့္ လုပ္တာပဲ ျဖစ္ေစခ်င္ပါေၾကာင္း၊ ပူးေပါင္းၿပီး ေဆာင္ရြက္ ေစခ်င္ ပါေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ ျပည္သူႏွင့္ အစိုးရႏွင့္ခ်မ္းသာသည့္ လုပ္ငန္းရွင္ႀကီး မ်ားၾကားတြင္ ရွိသင့္သေလာက္ စည္းလုံးညီညြတ္မႈ မရွိခဲ့ပါေၾကာင္း၊ စည္းလုံးညီၫြတ္မႈ ကိုလည္း ျဖစ္ေစခ်င္ပါေၾကာင္း၊ အင္အားသုံးခုကို စုစည္းၿပီး ရခိုင္ျပည္နယ္အတြက္ ျပည္ေထာင္စု စီမံကိန္း ေအာင္ေအာင္ျမင္ျမင္ လုပ္ျခင္းအားျဖင့္ အနာဂတ္ ျပည္ေထာင္စု အတြက္ ခိုင္မာသည့္ အုတ္ျမစ္ခ်ေသာ လုပ္ငန္းဟု ယူဆ ပါေၾကာင္း ေျပာၾကားသည္။
ထို႔ေနာက္ ရခိုင္ျပည္နယ္အတြင္း လူသားခ်င္းစာနာမႈ အကူအညီအေထာက္အပ့ံ ေပးေရး၊ ျပန္လည္ေနရာခ်ထားေရး၊ ဖြံ႕ၿဖိဳးေရးစီမံကိန္း (UEHRD) အတြက္ ကေမၻာဇ ကုမၸဏီလီမီတက္ ဥကၠ႒ ဦးေအာင္ကုိ၀င္းက က်ပ္သိန္း ၃၀၀၀၀၊ Mandalay Business Capital City Development (MBCCD) ႏွင့္ ေစပိုင္ကုမၸဏီဥကၠ႒ ဦးေမာင္၀ိတ္က က်ပ္သိန္း ၁၅၀၀၀၊ ေအဒင္အုပ္စုကုမၸဏီလီမိတက္ ဥကၠ႒ ဦးခ်စ္ခိုင္က က်ပ္သိန္း ၁၀၀၀၀ (က်ပ္သိန္း ၅၀၀၀ ႏွင့္ က်ပ္သိန္း ၅၀၀၀ တန္ဖိုးရွိ လယ္ယာသံုးပစၥည္းမ်ား)၊ ေအးရွားေ၀ါလ္ ကုမၸဏီ လီမိတက္ မန္ေနးဂ်င္း ဒါရိုက္တာ ဦးထြန္းျမင့္ႏိုင္က က်ပ္သိန္း ၁၀၀၀၀၊ ယုဇနကုမၸဏီလီမိတက္ ဥကၠ႒ ဦးေဌးျမင့္က က်ပ္သိန္း ၁၀၀၀၀၊ ေဇကမၻာ ကုမၸဏီလီမိတက္ မန္ေနးဂ်င္း ဒါရိုက္တာ ဦးခင္ေရႊက က်ပ္သိန္း ၁၀၀၀၀၊ ေတာ္၀င္္မိသားစုကုမၸဏီလီမိတက္ဥကၠ႒ ဦးကိုကိုေထြးက က်ပ္သိန္း ၁၀၀၀၀၊ IBTC မန္ေနးဂ်င္းဒါရိုက္တာ ဦးေအာင္မိုးေက်ာ္က က်ပ္သိန္း ၁၀၀၀၀ (IBTC ကုမၸဏီက က်ပ္သိန္း ၅၀၀၀ ႏွင့္ ဦးေအာင္မိုးေက်ာ္ မိသားစုက က်ပ္သိန္း ၅၀၀၀)၊ ေရႊသံလြင္ ထေရးဒင္းကုမၸဏီလီမိတက္ ဥကၠ႒ ဦးေက်ာ္၀င္းက က်ပ္သိန္း ၁၀၀၀၀၊ မက္စ္အုပ္စုကုမၸဏီ မန္ေနးဂ်င္းဒါရိုက္တာ ဦးေဇာ္ေဇာ္က က်ပ္သိန္း ၁၀၀၀၀၊ ယူႏိုက္တက္ အမရဘဏ္ ဥကၠ႒ ဦးေနေအာင္ က က်ပ္သိန္း ၁၀၀၀၀၊ သမ၀ါယမဘဏ္ လီမိတက္ ဥကၠ႒ ဦးခင္ေမာင္ေအးက က်ပ္သိန္း ၅၀၀၀၊ ေအာင္ျမင္သူကုမၸဏီမ်ားအုပ္စု အုပ္ခ်ဳပ္မႈဒါရိုက္တာ ဦးလွမ်ိဳးက သိန္း ၄၀၀၀ တန္ဖိုးရွိဘိလပ္ေျမအိမ္မ်ား ႏွင့္ Auspicious Millennium Trading Co. Ltd ဥကၠ႒ ဦးေစာၿငိမ္းက က်ပ္သိန္း ၃၀၀၀၊ Alpine ကုမၸဏီ လီမိတက္ မန္ေနးဂ်င္းဒါရိုက္တာ ေဒါက္တာ စိုင္းဆမ္ထြန္းက က်ပ္သိန္း ၃၀၀၀၊ ဦးေဇသီဟ- ေဒၚနႏၵာလႈိင္မိသားစုက က်ပ္သိန္း ၃၀၀၀၊ ဦးတိုးႏိုင္မန္း – ေဒၚေဇဇင္လတ္ မိသားစုက က်ပ္သိန္း ၃၀၀၀၊ Yangon Crown Co.Ltd က က်ပ္သိန္း ၃၀၀၀၊ ဧရာ၀တီ ေတာင္သူလယ္သမားမ်ား ဖြံ႕ၿဖိဳးေရးဘဏ္ ဥကၠ႒ ဦးေဇာ္၀င္းရွိန္ က က်ပ္သိန္း ၃၀၀၀၊ ထြန္းေဖာင္ေဒးရွင္းဘဏ္ ဥကၠ႒ ဦးသိန္းထြန္းက က်ပ္သိန္း၂၀၀၀၊ ျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ (UMFCCI) က က်ပ္သိန္း ၁၀၀၀၊ ေရႊေတာင္ အင္တာ ေနရွင္နယ္ ကုမၸဏီလီမိတက္ ဥကၠ႒ ဦးေအာင္ေဇာ္ႏုိင္က က်ပ္သိန္း ၁၀၀၀ ၊ Myanmar Agri Business in Public Corporation မန္ေနးဂ်င္း ဒါရိုက္တာ ဦးရဲမင္းေအာင္က က်ပ္သိန္း ၅၀၀ ၊ ျမန္မာႏိုင္ငံလိုင္စင္ရ ကန္ထရိုက္တာမ်ား အသင္းက က်ပ္သိန္း ၅၀၀ တို႔ကို ေပးအပ္လွဴဒါန္းရာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က လက္ခံ ရယူၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ျပန္လည္ေပးအပ္သည္။
ယင္းေနာက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္သည္ ျပည္ေထာင္စု၀န္ႀကီး ဦးေက်ာ္တင့္ေဆြ၊ ဒုတိယ၀န္ႀကီးမ်ား၊ အလွဴေငြလွဴဒါန္းၾကသည့္ စီးပြားေရးလုပ္ငန္းရွင္ မ်ားႏွင့္အတူ မွတ္တမ္းတင္ဓာတ္ပံုရိုက္သည္။
ယေန႔က်င္းပသည့္ ရခိုင္ျပည္နယ္အတြင္း လူသားခ်င္းစာနာမႈ အကူအညီ အေထာက္အပ့ံေပးေရး၊ ျပန္လည္ေနရာခ်ထားေရး၊ ဖြံ႕ၿဖိဳးေရးစီမံကိန္း(UEHRD) အတြက္ အလွဴရွင္(၂၃) ဦး ႏွင့္ ကုမၸဏီ (၂) ခုတို႔က ေငြက်ပ္သိန္းေပါင္း (၁၆၇၀၀၀) ကို လွဴဒါန္းခဲ့ၾကသည္။
အလွဴေငြေပးအပ္ပြဲသို႔ ျပည္ေထာင္စု၀န္ႀကီး ဦးေက်ာ္တင့္ေဆြ၊ ဒုတိယ၀န္ႀကီး ဦးမင္းသူ၊ ဦးခင္ေမာင္တင္၊ UEHRD မွ ညွိႏႈိင္းေရးမွဴးခ်ဳပ္ ေဒါက္တာေအာင္ထြန္းသက္၊ UEHRD မွ သတင္းႏွင့္ဆက္သြယ္ေရးဒါရုိက္တာ ဦးေက်ာ္ၿမိဳင္၊ တာ၀န္ရွိသူမ်ားႏွင့္ အလွဴရွင္စီးပြားေရးလုပ္ငန္းရွင္မ်ား တက္ေရာက္ၾကသည္။
ယေန႔တြင္ ဦးေတဇ၊ ထူးကုမၸဏီမ်ား အုပ္စု ဥကၠဌကလည္း သိန္း ၁၀၀၀၀ သီးျခားလွဴဒါန္းခဲ့သည္။ သို႔ျဖစ္၍ ယေန႔လွဴဒါန္းမႈ စုစုေပါင္းမွာ က်ပ္သိန္းေပါင္း (၁၇၇၀၀၀) ျဖစ္သည္။
ရခိုင္ျပည္နယ္အတြင္း လူသားခ်င္းစာနာမႈ အကူအညီအေထာက္အပံ့ေပးေရး၊ ျပန္လည္ ေနရာခ်ထားေရး၊ ဖြံ႕ၿဖိဳးေရးစီမံကိန္း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine – UEHRD ) အတြက္ အလွဴေငြမ်ား ထည့္ဝင္လွဴဒါန္းႏိုင္ေရးအတြက္ ေနျပည္ေတာ္၊ ျမန္မာ့စီးပြားေရးဘဏ္၊ ေငြစာရင္းအမွတ္ EDU 600002 (US$ Account: Myanma Economic Bank, Bank Branch: Naypyitaw, Account Number: EDU 600002) ႏွင့္ ေနျပည္ေတာ္၊ ျမန္မာ့စီးပြားေရးဘဏ္၊ ေငြစာရင္းအမွတ္ CF-003434 (Myanmar Kyat Account: Myanma Economic Bank, Bank Branch: Naypyitaw, Account Number: CF-003434) တို႔ ဖြင့္လွစ္ထားသည္။
၎အျပင္ အမ်ားျပည္သူမ်ား အလြယ္တကူ ဆက္သြယ္ လွဴဒါန္းႏိုင္ရန္အတြက္ ဧရာဝတီဘဏ္၊ ကေမၻာဇဘဏ္ ႏွင့္ CB ဘဏ္တို႔တြင္ လွဴဒါန္းႏိုင္ေရး ေဆာင္ရြက္လ်က္ ရွိၿပီး ေငြစာရင္းအမွတ္မ်ားကို ဆက္လက္ထုတ္ျပန္ ေၾကညာေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
…………………………………………………………………………………………………………..
နေပြည်တော် အောက်တိုဘာ ၂၀
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD) အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ ကျင်းပရာ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD)ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်အမှာစကားပြောကြားသည်။
UEHRD ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မည်သည့် အလုပ်မျိုး လုပ်လုပ် နိုင်ငံတစ်နိုင်ငံတွင် ကိုယ့်အချင်းချင်း စည်းစည်းလုံးလုံး လုပ်ပါက အောင်မြင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ပြည်တွင်းအင်အားကို ယှဉ်နိုင်သည့် ပြည်ပ အင်အားဆိုတာ ဘာမှမရှိဘူးဟု ယုံကြည်ပါကြောင်း။
ပြည်ထောင်စုအကျိုးအတွက် ၀ိုင်း၀န်းပံ့ပိုးချင်သည့် စိတ်ရှိခြင်းအတွက် ၀မ်းသာပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များက အခမ်းအနား မစခင်တွင် တင်ပြထား တာအချို့ရှိသည်ဟု နားလည်ပါကြောင်း၊ တင်ပြထားသည်များကို မိမိအနေဖြင့် စိတ်လည်း၀င်စားပါကြောင်း၊ ကောင်းလည်း ကောင်းသည်ဟု ထင်ပါကြောင်း၊ ဥပမာ ရခိုုင်ပြည်နယ် ရှေ့ဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုချက်များ ရှိပါကြောင်း၊ ယင်းမှာ အလွန်ကောင်းသည့် အကြံပြုချက်ဖြစ်ပါကြောင်း၊ အသေးစိတ်ကို မိမိတို့ ဆွေးနွေးပြီး အစီအစဉ်ချရမည် ဖြစ်ပါကြောင်း။
မြန်မြန်ဆန်ဆန် တိုးတက်မှုရရန် လိုအပ်ပါကြောင်း၊ စိတ်တက်ကြွစွာ လုပ်စေ ချင်ပါကြောင်း၊ နောက်တစ်ခုက မိမိတို့နိ်ုင်ငံ၏ ကိစ္စကို အားလုံး၀ိုင်းလုပ်နိုင်သည် ဆိုသည်ကို သိစေချင်ပါကြောင်း၊ မိမိတို့နိ်ုင်ငံသည် ရုပ်ပိုင်းဆိုင်ရာ မချမ်းသာသော်လည်း တခြားအင်အား များရှိသည်ကို ရှင်းရှင်းလင်းလင်းပြနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “အင်အားရဲ့ အဓိကအင်အားကတော့ ပူးပေါင်းဆောင်ရွက်ခြင်းပါ၊ ကျွန်မတို့စီစဉ်တဲ့အခါမှာ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ပွင့်ပွင့်လင်းလင်းနဲ့ အကြံဉာဏ်ပေးစေချင်ပါတယ်။ အကြံပြုချက်အားလုံးဆိုတာကတော့ အကောင်အထည်ဖော်ဖို့ လက်တွေ့ကျမှာ မဟုတ်ဘူး။ ဒါပေမယ့် အသင့်တော်ဆုံး တွေကို ရွေးပြီးတော့လုပ်ရမှာပါ။ နောက်တစ်ခုက ဦးစားပေးလုပ်ငန်းတွေ ဘာတွေဖြစ် မလဲဆိုတာ အားလုံးသိအောင် ရှင်းပြသွားပါမယ်။ ဦးစားပေးလုပ်ငန်းတွေဆိုတာဟာ ရေတိုမှာလည်း အသီးအပွင့်တွေကို မြင်နိုင်တဲ့ဟာတွေကို ရွေးရမယ်။ တချို့ကလည်း ဆက်ပြီးတော့ ရေရှည်သွားနိုင်ဖို့ အခုကတည်းက စရမယ့် ဟာတွေလည်းရှိပါတယ်။ ဒါတွေကို ကျွန်မတို့အားလုံးဟာ လူမှုရေးဘက်ကရော၊ စီးပွားရေးဘက်ကရော၊ နိုင်ငံရေးဘက်ကရော သုံးဘက်စလုံးကနေ ကြည့်ပြီးတော့ ကျွန်မတို့ရွေးရမယ်။
“ဥပမာအားဖြင့်ဆိုရင် ပြန်လည်ထူထောင်ရေးဆိုတာဟာ ပျက်စီးသွားတဲ့အရာ တွေပြန်လည်တည်ဆောက်မယ်ဆိုတာ ဒီဟာက လူမှုရေးအရ လိုအပ်တယ်၊ နိုင်ငံရေး အရလည်း လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က ဒီလိုပျက်စီးမှုတွေကို မကြိုက်ဘူး။ နိုင်ငံမှာ ဥပဒေမဲ့လုပ်ရပ်တွေရှိရင် ဥပဒေရဲ့အကျိုးဆက်တွေကို ခံရမှာ ဖြစ်သလို ကျွန်မတို့က တာ၀န်ယူတယ်ဆိုတာကိုလည်းပြဖို့ လိုပါတယ်။ နိုင်ငံရေးအရ ပြန်လည်ပြီးတော့ ပြုပြင်သွားဖို့ရှိပါတယ်။ စီးပွားရေးအရ လိုအပ်ချက်တွေလည်း ရှိပါ တယ်။’’
“ပုံမှန်အလုပ်တွေပြန်လုပ်နိုင်မှသာ စီးပွားရေးယန္တရား လည်ပတ်မှာဖြစ်ပါတယ်။ စီးပွားရေးယန္တရားလည်တဲ့နေရာမှာလည်း အရင်ယန္တရား အဟောင်းကြီးကိုပဲ ပြန်လည် လုပ်ဖို့မလိုပါဘူး။ ယန္တရားအသစ်တွေကိုလည်း စီးပွားရေးလုပ်ငန်းရှင်တွေ အတွေး အခေါ်နဲ့ ပြုပြင်နိုင်မယ် လို့ ထင်ပါတယ်။ အနာဂတ်ကိုကြည့်ပြီးတော့ ဘယ်လို ဘက်ကို ဖြည့်ဆည်း ပေးဖို့ လိုမလဲဆိုတာကို အားလုံးညီညီညွတ်ညွတ်နဲ့ ၀ိုင်းပြီးတော့ ဆွေးနွေးစေ ချင်တယ်”ဟု ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိ်ုလ်က ရခိုင်ပြည်နယ်အတွက် ဘယ်ဒေသမှာ ဘယ်လုပ်ငန်းရှင်များ ပါ၀င်မလဲဆိုပြီး ကောင်းသည့် ပြိုင်ဆိုင်မှုကို အားပေးမည်ဖြစ် ပါကြောင်း၊ မြန်မြန်ဆန်ဆန် ကူညီပြီး မြန်မြန်ဆန်ဆန်အောင်မြင်စေချင်ပါကြောင်း၊ မိမိတို့နိုင်ငံအတွက်၊ ဒေသအတွက်သာမက လုပ်ငန်းရှင်များအတွက်လည်း ရေရှည် တွင် အများကြီး အကျိုးရှိနိုင်ပါကြောင်း၊ တစ်ယောက်နှင့်တစ်ယောက် ကူညီခြင်းအား ဖြင့် အားလုံးအတွက် တိုးတက်မှုရှိမည်ဖြစ်ပါကြောင်း။
အားလုံးပါ၀င်ပြီး အကောင်အထည်ဖော်မည့် စီမံကိန်းလိုပဲ ဖြစ်စေချင်ပါကြောင်း၊ ပိုက်ဆံက အရေးကြီးသည်ဆိုသော်လည်း ကျွမ်းကျင်မှု ပိုလိုအပ်ပါကြောင်း၊ ပိုက်ဆံကို ကျွမ်းကျွမ်းကျင်ကျင် မသုံးနိုင်လျှင် အဟောသိကံ ဖြစ်သွားနိုင်ပါကြောင်း၊ မိမိတို့စီး ပွားရေး လုပ်ငန်းရှင် များသည် အနာဂတ်ကို တွက်ချက်နိုင်သော အောင်မြင်သည့် စီးပွားရေး လုပ်ငန်းရှင်များဖြစ်ပြီး အောင်မြင်သည့် စီးပွားရေး လုပ်ငန်းရှင် သည် အနာဂတ် ဈေးကွက်ကို နားလည်ရပါကြောင်း၊ ဤစီမံကိန်းသည် ပထမဦးဆုံး စမ်းသပ်သော စီမံကိန်းဟုလည်း ယူဆလို့ ရပါ ကြာင်း၊ ဘာဖြစ်လို့လဲဆိုလျှင် တိုးတက်အောင်မြင် အောင်လုပ်ရန် ကိစ္စအများကြီးရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းမှုကိုတွဲပြီး အကောင်အထည် ဖော်ရမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်သည် ယခုအခြေအနေတွင် အခက်အခဲဆုံးနေရာ ဖြစ်ပါကြောင်း၊ နိုင်ငံတကာ၏ အာရုံစိုက်မှု အင်မတန်မှများပါကြောင်း၊ များသည့်အတွက် လည်း ပိုပြီးလုပ်ရကိုင်ရခက်ခဲသည့် အခြေအနေရှိပါကြောင်း။
မိမိတို့အကူအညီတောင်းသည်မှာ ငွေရေးကြေးရေးအရ ရုပ်ပိုင်းဆိုင်ရာ အကူအညီ ထက် စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်၊ စေတနာ၊ ဉာဏ်ပညာနှင့် နောင်အနာဂတ်ကို မှန်းဆပြီး အရည်အချင်းများနှင့် လုပ်တာပဲ ဖြစ်စေချင်ပါကြောင်း၊ ပူးပေါင်းပြီး ဆောင်ရွက် စေချင် ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ပြည်သူနှင့် အစိုးရနှင့်ချမ်းသာသည့် လုပ်ငန်းရှင်ကြီး များကြားတွင် ရှိသင့်သလောက် စည်းလုံးညီညွတ်မှု မရှိခဲ့ပါကြောင်း၊ စည်းလုံးညီညွတ်မှု ကိုလည်း ဖြစ်စေချင်ပါကြောင်း၊ အင်အားသုံးခုကို စုစည်းပြီး ရခိုင်ပြည်နယ်အတွက် ပြည်ထောင်စု စီမံကိန်း အောင်အောင်မြင်မြင် လုပ်ခြင်းအားဖြင့် အနာဂတ် ပြည်ထောင်စု အတွက် ခိုင်မာသည့် အုတ်မြစ်ချသော လုပ်ငန်းဟု ယူဆ ပါကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် ကမ္ဘောဇ ကုမ္ပဏီလီမီတက် ဥက္ကဋ္ဌ ဦးအောင်ကို၀င်းက ကျပ်သိန်း ၃၀၀၀၀၊ Mandalay Business Capital City Development (MBCCD) နှင့် စေပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးမောင်၀ိတ်က ကျပ်သိန်း ၁၅၀၀၀၊ အေဒင်အုပ်စုကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ကျပ်သိန်း ၁၀၀၀၀ (ကျပ်သိန်း ၅၀၀၀ နှင့် ကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ လယ်ယာသုံးပစ္စည်းများ)၊ အေးရှားေ၀ါလ် ကုမ္ပဏီ လီမိတက် မန်နေးဂျင်း ဒါရိုက်တာ ဦးထွန်းမြင့်နိုင်က ကျပ်သိန်း ၁၀၀၀၀၊ ယုဇနကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးဌေးမြင့်က ကျပ်သိန်း ၁၀၀၀၀၊ ဇေကမ္ဘာ ကုမ္ပဏီလီမိတက် မန်နေးဂျင်း ဒါရိုက်တာ ဦးခင်ရွှေက ကျပ်သိန်း ၁၀၀၀၀၊ တော်၀င််မိသားစုကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးကိုကိုထွေးက ကျပ်သိန်း ၁၀၀၀၀၊ IBTC မန်နေးဂျင်းဒါရိုက်တာ ဦးအောင်မိုးကျော်က ကျပ်သိန်း ၁၀၀၀၀ (IBTC ကုမ္ပဏီက ကျပ်သိန်း ၅၀၀၀ နှင့် ဦးအောင်မိုးကျော် မိသားစုက ကျပ်သိန်း ၅၀၀၀)၊ ရွှေသံလွင် ထရေးဒင်းကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးကျော်၀င်းက ကျပ်သိန်း ၁၀၀၀၀၊ မက်စ်အုပ်စုကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးဇော်ဇော်က ကျပ်သိန်း ၁၀၀၀၀၊ ယူနိုက်တက် အမရဘဏ် ဥက္ကဋ္ဌ ဦးနေအောင် က ကျပ်သိန်း ၁၀၀၀၀၊ သမ၀ါယမဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ကျပ်သိန်း ၅၀၀၀၊ အောင်မြင်သူကုမ္ပဏီများအုပ်စု အုပ်ချုပ်မှုဒါရိုက်တာ ဦးလှမျိုးက သိန်း ၄၀၀၀ တန်ဖိုးရှိဘိလပ်မြေအိမ်များ နှင့် Auspicious Millennium Trading Co. Ltd ဥက္ကဋ္ဌ ဦးစောငြိမ်းက ကျပ်သိန်း ၃၀၀၀၊ Alpine ကုမ္ပဏီ လီမိတက် မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာ စိုင်းဆမ်ထွန်းက ကျပ်သိန်း ၃၀၀၀၊ ဦးဇေသီဟ- ဒေါ်နန္ဒာလှိုင်မိသားစုက ကျပ်သိန်း ၃၀၀၀၊ ဦးတိုးနိုင်မန်း – ဒေါ်ဇေဇင်လတ် မိသားစုက ကျပ်သိန်း ၃၀၀၀၊ Yangon Crown Co.Ltd က ကျပ်သိန်း ၃၀၀၀၊ ဧရာ၀တီ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ ဦးဇော်၀င်းရှိန် က ကျပ်သိန်း ၃၀၀၀၊ ထွန်းဖောင်ဒေးရှင်းဘဏ် ဥက္ကဋ္ဌ ဦးသိန်းထွန်းက ကျပ်သိန်း၂၀၀၀၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) က ကျပ်သိန်း ၁၀၀၀၊ ရွှေတောင် အင်တာ နေရှင်နယ် ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးအောင်ဇော်နိုင်က ကျပ်သိန်း ၁၀၀၀ ၊ Myanmar Agri Business in Public Corporation မန်နေးဂျင်း ဒါရိုက်တာ ဦးရဲမင်းအောင်က ကျပ်သိန်း ၅၀၀ ၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းက ကျပ်သိန်း ၅၀၀ တို့ကို ပေးအပ်လှူဒါန်းရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စု၀န်ကြီး ဦးကျော်တင့်ဆွေ၊ ဒုတိယ၀န်ကြီးများ၊ အလှူငွေလှူဒါန်းကြသည့် စီးပွားရေးလုပ်ငန်းရှင် များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယနေ့ကျင်းပသည့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD) အတွက် အလှူရှင်(၂၃) ဦး နှင့် ကုမ္ပဏီ (၂) ခုတို့က ငွေကျပ်သိန်းပေါင်း (၁၆၇၀၀၀) ကို လှူဒါန်းခဲ့ကြသည်။
အလှူငွေပေးအပ်ပွဲသို့ ပြည်ထောင်စု၀န်ကြီး ဦးကျော်တင့်ဆွေ၊ ဒုတိယ၀န်ကြီး ဦးမင်းသူ၊ ဦးခင်မောင်တင်၊ UEHRD မှ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ UEHRD မှ သတင်းနှင့်ဆက်သွယ်ရေးဒါရိုက်တာ ဦးကျော်မြိုင်၊ တာ၀န်ရှိသူများနှင့် အလှူရှင်စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ယနေ့တွင် ဦးတေဇ၊ ထူးကုမ္ပဏီများ အုပ်စု ဥက္ကဌကလည်း သိန်း ၁၀၀၀၀ သီးခြားလှူဒါန်းခဲ့သည်။ သို့ဖြစ်၍ ယနေ့လှူဒါန်းမှု စုစုပေါင်းမှာ ကျပ်သိန်းပေါင်း (၁၇၇၀၀၀) ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine – UEHRD ) အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ရေးအတွက် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်၊ ငွေစာရင်းအမှတ် EDU 600002 (US$ Account: Myanma Economic Bank, Bank Branch: Naypyitaw, Account Number: EDU 600002) နှင့် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်၊ ငွေစာရင်းအမှတ် CF-003434 (Myanmar Kyat Account: Myanma Economic Bank, Bank Branch: Naypyitaw, Account Number: CF-003434) တို့ ဖွင့်လှစ်ထားသည်။
၎င်းအပြင် အများပြည်သူများ အလွယ်တကူ ဆက်သွယ် လှူဒါန်းနိုင်ရန်အတွက် ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ် နှင့် CB ဘဏ်တို့တွင် လှူဒါန်းနိုင်ရေး ဆောင်ရွက်လျက် ရှိပြီး ငွေစာရင်းအမှတ်များကို ဆက်လက်ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
unicode version