နေပြည်တော် စက်တင်ဘာ ၈
Zawgyi Version
—————————————————————————
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်နိုင်ငံ၊ အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း Hon. Jose de Venecia, Jr. နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော် စက်တင်ဘာ ၈
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဖိလစ်ပိုင်နိုင်ငံ၊ အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း Hon. Jose de Venecia အား ယနေ့ မွန်းလွဲ ၂နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် စီပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စ၊ International Association of Parliamentarians for Peace (IAPP) မူဘောင် အောက်မှ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများအား အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျ၊ ဖိလစ်ပိုင်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်းနှင့် အတူ ၎င်း၏ဇနီး အောက်လွှတ် တော်အမတ်ဟောင်း Hon. Gina de Venecia နှင့် မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီး တို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။