ေနျပည္ေတာ္ ေအာက္တုိဘာ ၁၆
အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးႏွင့္ၿငိမ္းခ်မ္းေရးဗဟိုဌာနဥကၠ႒၊ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္း မ်ား၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ (Peace Process Steering Team – PPST ) ႏွင့္ ယေန႔ညေန ၄ နာရီတြင္ ေနျပည္ေတာ္ရွိ အမ်ဳိးသားျပန္လည္ သင့္ျမတ္ေရးႏွင့္ၿငိမ္းခ်မ္းေရးဗဟိုဌာန အစည္းအေဝးခန္းမ၌ ေတြ႕ဆုံသည္။
ေတြ႕ဆံုပြဲတြင္ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန ဥကၠ႒၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢဳိလ္ေဒၚေအာင္ဆန္းစုၾကည္ အဖြင့္အမွာစကားေျပာၾကားသည္။
ယင္းေနာက္ တစ္ႏိုင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ေရးထုိး ထားေသာ တုိင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားကိုယ္စား PPST အဖြဲ႕ေခါင္းေဆာင္ ေကအင္န္ယူ ကရင္အမ်ဳိးသားအစည္းအ႐ံုးဥကၠ႒ ဗုိလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖုိးက ႏႈတ္ခြန္းဆက္ စကားေျပာၾကား သည္။
ထုိ႔ေနာက္ ေဆြးေႏြးပြဲသို႔ တက္ေရာက္လာၾကသူမ်ားက တစ္ႏိုင္ငံလုံးပစ္ခတ္ တုိက္ခုိက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္(NCA) အေကာင္အထည္ေဖာ္မႈ ျပန္လည္သံုးသပ္ျခင္း ပူးတြဲေဆာင္ရြက္ေရး၊ UPDJC အစည္းအေ၀းမ်ား ေခၚယူက်င္းပႏုိင္ေရး၊ JMC ဆုိင္ရာကိစၥရပ္မ်ားကို ေဆြးေႏြးၾကသည္။
ထို႔အျပင္ ရခိုင္ျပည္နယ္အေရးကိစၥနွင့္ပတ္သက္၍ NCA လက္မွတ္ေရးထုိးထားေသာ တုိင္းရင္းသား လက္နက္ကိုင္မ်ား၏ သေဘာထား ကို ပအုိ၀္း အမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္နာယက ခြန္ဥကၠာက တင္ျပရာတြင္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းမ်ား အေန ျဖင့္ အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ ႏို္င္ငံေတာ္အစိုးရ၏ ေၾကညာခ်က္ကိုေထာက္ခံေၾကာင္း၊ ႏုိင္ငံတကာက စြပ္စြဲေျပာၾကားေနမႈ မ်ားနွင့္ ပတ္သက္၍ အစိုးရ၊ တပ္မေတာ္တို႔ႏွင့္ တစ္သားတည္းျဖစ္ပါေၾကာင္း၊ ယခင္က တုိင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အစည္းမ်ား၏ တပ္ေပါင္းစုတြင္ ပါဝင္ရန္ အဆိုျပဳ ႀကိဳးပမ္းမႈမ်ား ရွိခဲ့ေသာ္လည္း တိုင္းရင္းသားလူမ်ိဳး မဟုတ္ဟု ပယ္ခ်ခဲ့ေၾကာင္း ရွင္းလင္းတင္ျပသည္။
ယင္းေနာက္ တစ္ႏိုင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ေရးထုိးထားေသာ တုိင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားကိုယ္စား PPST အဖြဲ႕ေခါင္းေဆာင္ ေကအင္န္ယူ ကရင္အမ်ဳိးသားအစည္းအ႐ံုး ဥကၠ႒ ဗုိလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖုိးက မိမိတို႔ ႏို္င္ငံအေနျဖင့္ ၿငိမ္းခ်မ္းေရး လိုအပ္ေနသည္မွာ ၾကာၿပီျဖစ္ေၾကာင္း၊ ယခုအဆင့္အထိ ေလွ်ာက္လွမ္းလာခဲ့ရာ တြင္ လမ္းစေပၚလာၿပီ ျဖစ္ေၾကာင္း၊ ဆက္လက္ၿပီး အျပန္အလွန္နားလည္မႈ၊ စိတ္ရွည္မႈမ်ားျဖင့္ ပန္းတုိင္ကိုသြားၾကရန္ ျဖစ္ေၾကာင္း ေျပာၾကားသည္။
ထုိ႔ေနာက္ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာနဥကၠ႒၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္က ယခုကဲ့သို႔ တုိင္းရင္းသားလက္နက္ကိုင္မ်ားႏွင့္ ေတြ႔ဆုံၿပီး ပြင့္ပြင့္လင္းလင္း ေဆြးေႏြး သေဘာတူညီခ်က္မ်ားရရွိ၍ ေက်နပ္အားရေၾကာင္း၊ ရခိုင္ျပည္နယ္ အေရး ကိစၥႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္အစိုးရအား ေထာက္ခံမႈ၊ ဝန္းရံမႈမ်ား ေပးသည့္အတြက္ ေက်းဇူးတင္ ရွိေၾကာင္း။
မိမိတုိ႔အေနျဖင့္ စည္းလုံးညီညြတ္ရန္ မ်ားစြာလိုအပ္ေၾကာင္း၊ ယေန႔ကမၻာႀကီးတြင္ အင္အားခ်ိန္ခြင္လွ်ာ မ်ား ေျပာင္းလဲလ်က္ရွိေၾကာင္း၊ နိုင္ငံစည္းလုံးမႈမရွိလ်ွင္ အႏုိင္က်င့္ျခင္းမ်ား၊ ဖိအားေပးျခင္းမ်ား ခံရမည္ ျဖစ္ေၾကာင္း၊ ယေန႔ မိမိတို႔ အတူတကြ ပူးေပါင္းေဆာင္ရြက္ ေနသည္မွာ ေနာင္လာေနာင္သားမ်ား အတြက္ ႀကိဳးပမ္းေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း။
မိ္မိတို႔ ျပည္ေထာင္စုႀကီး စည္းလုံးညီညြတ္ဖို႔၊ ခိုင္မာဖို႔၊ အထူးအေရးႀကီးေၾကာင္း၊ NCA လက္မွတ္ ေရးထုိးထားေသာ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔မ်ားအေနျဖင့္ ျပည္ေထာင္စုအတြက္ ဟူေသာ ခံယူခ်က္ျဖင့္ ရခိုင္ျပည္နယ္တြင္း လူသားခ်င္းစာနာမႈ အကူအညီ အေထာက္အပံ့ေပးေရး၊ ျပန္လည္ေနရာ ခ်ထားေရး၊ ဖံြ႔ၿဖိဳးေရးစီမံကိန္း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD) တြင္ တတ္ႏုိင္သည့္ဘက္က ပူးေပါင္းပါဝင္ေဆာင္ရြက္ေပးၾက ေစလိုေၾကာင္း ေျပာၾကားၿပီး အစည္းအေဝးကို ညေန ၅ နာရီတြင္ ရုပ္သိမ္းလိုက္သည္။
အဆုိပါေတြ႕ဆုံပြဲသို႔ ျပည္ေထာင္စု၀န္ႀကီး ဦးေက်ာ္တင့္ေဆြ၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ႏုိင္သက္လြင္၊ ျပည္ေထာင္စုေရွ႕ခ်ဳပ္ ဦးထြန္းထြန္းဦး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရာျပည့္၊ ဒုတိယ၀န္ႀကီး ဦးခင္ေမာင္တင္၊ တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႔အစည္းမ်ား၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ (Peace Process Steering Team-PPST) ဥကၠ႒၊ ေကအင္န္ယူ ကရင္အမ်ိဳးသား အစည္းအ႐ုံးဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖုိးႏွင့္ အဖြဲ႕၀င္မ်ားျဖစ္ၾကသည့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ/ ရွမ္းျပည္ တပ္မေတာ္ (RCSS/ SSA) ဥကၠ႒ ဦးရြက္ဆစ္၊ ပအုိ၀္း အမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ (PNLO) နာယက ခြန္ဥကၠာ၊ ခ်င္းအမ်ိဳးသားတပ္ဦး(CNF) မွ ေဒါက္တာ ဆလိုင္းလ်န္မႈန္းဆာေခါင္း၊ ကရင္ အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ (ၿငိမ္းခ်မ္းေရးေကာင္စီ) (KNU/KNLA (PC)) ဗဟုိေကာ္မတီ၀င္ ေနာ္ကေပၚထူး၊ ရခုိင္ျပည္လြတ္ေျမာက္ေရးပါတီ (ALP) ဒုတိယဥကၠ႒ ခုိင္စုိးႏုိင္ေအာင္၊ ျမန္မာႏုိင္ငံလုံးဆုိင္ရာ ေက်ာင္းသားဒီမုိကရက္တစ္တပ္ဦး (ABSDF) ဥကၠ႒ ဦးသံခဲႏွင့္ ဒီမုိကေရစီ အက်ိဳးျပဳ ကရင္တပ္မေတာ္(KKO) ဥကၠ႒ ေစာမိုေရွးနွင့္ PPWT အဖြဲ႕ေခါင္းေဆာင္ ပဒိုေစာကြယ္ ထူး၀င္းႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။
(Zawgyi Version)
———-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team – PPST ) နှင့် တွေ့ဆုံ
နေပြည်တော် အောက်တိုဘာ ၁၆
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team – PPST ) နှင့် ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား PPST အဖွဲ့ခေါင်းဆောင် ကေအင်န်ယူ ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက နှုတ်ခွန်းဆက် စကားပြောကြား သည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်း ပူးတွဲဆောင်ရွက်ရေး၊ UPDJC အစည်းအဝေးများ ခေါ်ယူကျင်းပနိုင်ရေး၊ JMC ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။
ထို့အပြင် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် များ၏ သဘောထားကို ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်နာယက ခွန်ဥက္ကာက တင်ပြရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် နိုင်ငံတော်အစိုးရ၏ ကြေညာချက်ကို ထောက်ခံကြောင်း၊ နိုင်ငံတကာက စွပ်စွဲပြောကြားနေမှုများနှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်တို့နှင့် တစ်သားတည်းဖြစ်ပါကြောင်း၊ ယခင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ တပ်ပေါင်းစုတွင် ပါဝင်ရန် အဆိုပြု ကြိုးပမ်းမှုများ ရှိခဲ့သော်လည်း တိုင်းရင်းသားလူမျိုး မဟုတ်ဟု ပယ်ချခဲ့ကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား PPST အဖွဲ့ခေါင်းဆောင် ကေအင်န်ယူ ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက မိမိတို့ နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး လိုအပ်နေသည်မှာ ကြာပြီဖြစ်ကြောင်း၊ ယခုအဆင့်အထိ လျှောက်လှမ်းလာ ခဲ့ရာတွင် လမ်းစပေါ်လာပြီ ဖြစ်ကြောင်း ဆက်လက်ပြီး အပြန်အလှန်နားလည်မှု၊ စိတ်ရှည်မှုများဖြင့် ပန်းတိုင်ကိုသွားကြရန် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က ယခုကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးသဘောတူညီချက်များရရှိ၍ ကျေနပ်အား ရကြောင်း၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရအား ထောက်ခံမှု၊ ဝန်းရံမှုများ ပေးသည့်အတွက် ကျေးဇူးတင် ရှိကြောင်း။
မိမိတို့အနေဖြင့် စည်းလုံးညီညွတ်ရန် များစွာလိုအပ်ကြောင်း၊ ယနေ့ကမ္ဘာကြီးတွင် အင်အားချိန်ခွင်လျှာများ ပြောင်းလဲလျက် ရှိကြောင်း၊ နိုင်ငံစည်းလုံးမှုမရှိလျှင် အနိုင်ကျင့်ခြင်းများ၊ ဖိအားပေးခြင်းများ ခံရမည် ဖြစ်ကြောင်း ယနေ့မိမိတို့အတူတကွ ပူးပေါင်းဆောင်ရွက်နေသည်မှာ နောင်လာနောင်သားများ အတွက် ကြိုးပမ်းဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း။
မိ်မိတို့ ပြည်ထောင်စုကြီး စည်းလုံးညီညွတ်ဖို့၊ ခိုင်မာဖို့၊ အထူးအရေးကြီးကြောင်း NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် ပြည်ထောင်စုအတွက် ဟူသော ခံယူချက်ဖြင့် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD) တွင် တတ်နိုင်သည့် ဘက်က ပူးပေါင်းပါဝင်ဆောင်ရွက်ပေး ကြစေလိုကြောင်း ပြောကြားပြီး အစည်းအဝေးကို ညနေ ၅ နာရီတွင် ရုပ်သိမ်းလိုက်သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ နိုင်သက်လွင်၊ ပြည်ထောင်စုရှေ့ချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (Peace Process Steering Team-PPST) ဥက္ကဋ္ဌ၊ ကေအင်န်ယူ ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တပ်မတော် (RCSS/ SSA) ဥက္ကဋ္ဌ ဦးရွက်ဆစ်၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ခွန်ဥက္ကာ၊ ချင်းအမျိုးသားတပ်ဦး(CNF) မှ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း၊ ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA (PC)) ဗဟိုကော်မတီဝင် နော်ကပေါ်ထူး၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲနှင့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(KKO) ဥက္ကဋ္ဌ စောမိုရှေးနှင့် PPWT အဖွဲ့ခေါင်းဆောင် ပဒိုစောကွယ် ထူးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(unicode version)