နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချက်သမ္မတနိုင်ငံသို့ သွားရောက်မည်
နေပြည်တော် မေ ၂၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ အန်ဒရီးဘားဘီးစ် ၏ ဖိတ်ကြားချက်အရ ချက်သမ္မတနိုင်ငံသို့ မကြာမီကာလအတွင်း တရားဝင် ခရီးစဉ်သွားရောက်မည်ဖြစ်သည်။ ချက်သမ္မတနိုင်ငံ ခရီးစဉ်အပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟန်ဂေရီနိုင်ငံသို့ အလုပ်သဘောခရီးစဉ် ဆက်လက်သွားရောက်မည်ဖြစ်သည်။