ရန္ကုန္၊ဇူလိုင္ ၂၅
အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္လႊတ္ေတာ္ကုိယ္စားလွယ္တစ္ခ်ိဳ႕အား ၂၀၂၀ ေရြးေကာက္ပြဲအတြက္ စီးပြားေရးလုပ္ငန္း႐ွင္မ်ားထံမွ အလႉခံခုိင္းမႈမ်ိဳးကိုပါတီမွ ျပဳလုပ္ရန္ ၫႊန္ၾကားထားျခင္းမ႐ွိေၾကာင္း အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္၏ ေျပာေရးဆုိခြင့္႐ွိသူ ေဒါက္တာမ်ိဳးၫြန္႔က ေျပာသည္။
လက္႐ွိတြင္ စီးပြားေရး လုပ္ငန္း႐ွင္မ်ားထံမွ လႊတ္ေတာ္ကုိယ္စားလွယ္တစ္ခ်ိဳ႕သည္ ၂၀၂၀ ေရြးေကာက္ပြဲပါတီ ရန္ပုံေငြအျဖစ္ ေကာက္ခံျခင္းမ်ိဳး႐ွိေနေၾကာင္း သတင္းမ်ားထြက္ေပၚလာမႈ ႏွင့္ ပတ္သက္၍ ၎က အထက္ပါအတုိင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
” ကြၽန္ေတာ္တုိ႔အေနနဲ႔ ဘယ္သူကုိမွ အဲ့ဒီလုိ အလႉခံခုိင္းတာလည္းမ႐ွိပါဘူး တကယ္လုိ႔ သူတုိ႔ အေနနဲ႔ လႉမွသာ ကြၽန္ေတာ္တုိ႔အေနနဲ႔ လက္ခံတာပဲ႐ွိတာပါ” ဟု ေဒါက္တာမ်ိဳးၫႊန္႔က ေျပာသည္။
အဆုိပါသတင္းမ်ား ႏွင့္ ပတ္သက္၍ တိက်ေသာ သတင္းေပးတုိင္ၾကားမႈမ်ား႐ွိပါက ေငြေၾကးေကာက္ခံသည့္ ကုိယ္စားလွယ္မ်ားကုိ ထိေရာက္စြာအေရးယူသြားမည္ျဖစ္ေၾကာင္း ၎ကဆုိသည္။
” ကြၽန္ေတာ္တုိ႔ အလုပ္မႈေဆာင္အစည္းအေဝးဆုံးျဖတ္ခ်က္လည္းမပါဘူး။အလႉခံျဖတ္ပုိင္းလည္း မေပးပဲ ေကာက္ခံမယ္ဆုိရင္ ပါတီစည္းကမ္းေဖာက္ဖ်က္တာပဲျဖစ္ပါတယ္။ ဒါေတြကုိ အခ်က္အလက္ တိတိက်က် တုိင္ၾကားလာမယ္ဆုိရင္ ပါတီစည္းကမ္းအရ အေရးယူမွာပဲျဖစ္ပါတယ္” ဟု ေဒါက္တာမ်ိဳးၫႊန္႔က ေျပာသည္။
အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ပါတီအေနျဖင့္ လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ သုံးစြဲမည့္ေငြေၾကးမ်ား ႏွင့္ ပတ္သက္၍ သီးသန္႔ထား႐ွိမ်ိဳး႐ွိေၾကာင္း ၿပီးခဲ့သည့္ လပုိင္းက ပါတီ ဒုဥကၠဌက မီဒီယာမ်ား ႏွင့္ေတြ႔ဆုံရာတြင္ လည္းေျပာဆုိထားမႈ႐ွိသည္။
credit-ႏုိင္ႏုိင္း
(zawgyi version)
—————————————————————————————————————
၂၀၂၀ ရွေးကောက်ပွဲအတွက် အန်အယ်ဒီပါတီက စီးပွားရေးလုပ်ငန်းရှင်များထံမှ အလှူခံခိုင်းထားခြင်းမရှိဟုဆို
ရန်ကုန်၊ဇူလိုင် ၂၅
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တစ်ချို့အား ၂၀၂၀ ရွေးကောက်ပွဲအတွက် စီးပွားရေးလုပ်ငန်းရှင်များထံမှ အလှူခံခိုင်းမှုမျိုးကိုပါတီမှ ပြုလုပ်ရန် ညွှန်ကြားထားခြင်းမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
လက်ရှိတွင် စီးပွားရေး လုပ်ငန်းရှင်များထံမှ လွှတ်တော်ကိုယ်စားလှယ်တစ်ချို့သည် ၂၀၂၀ ရွေးကောက်ပွဲပါတီ ရန်ပုံငွေအဖြစ် ကောက်ခံခြင်းမျိုးရှိနေကြောင်း သတင်းများထွက်ပေါ်လာမှု နှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
” ကျွန်တော်တို့အနေနဲ့ ဘယ်သူကိုမှ အဲ့ဒီလို အလှူခံခိုင်းတာလည်းမရှိပါဘူး တကယ်လို့ သူတို့ အနေနဲ့ လှူမှသာ ကျွန်တော်တို့အနေနဲ့ လက်ခံတာပဲရှိတာပါ” ဟု ဒေါက်တာမျိုးညွှန့်က ပြောသည်။
အဆိုပါသတင်းများ နှင့် ပတ်သက်၍ တိကျသော သတင်းပေးတိုင်ကြားမှုများရှိပါက ငွေကြေးကောက်ခံသည့် ကိုယ်စားလှယ်များကို ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
” ကျွန်တော်တို့ အလုပ်မှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်လည်းမပါဘူး။အလှူခံဖြတ်ပိုင်းလည်း မပေးပဲ ကောက်ခံမယ်ဆိုရင် ပါတီစည်းကမ်းဖောက်ဖျက်တာပဲဖြစ်ပါတယ်။ ဒါတွေကို အချက်အလက် တိတိကျကျ တိုင်ကြားလာမယ်ဆိုရင် ပါတီစည်းကမ်းအရ အရေးယူမှာပဲဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးညွှန့်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သုံးစွဲမည့်ငွေကြေးများ နှင့် ပတ်သက်၍ သီးသန့်ထားရှိမျိုးရှိကြောင်း ပြီးခဲ့သည့် လပိုင်းက ပါတီ ဒုဥက္ကဌက မီဒီယာများ နှင့်တွေ့ဆုံရာတွင် လည်းပြောဆိုထားမှုရှိသည်။
credit-နိုင်နိုင်း
(unicode version)