၂၀.၇.၂၀၁၉ (စေနေန႔)တြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ျပည္ၿမိဳ႕နယ္ က်န္းမာေရးကြန္ရက္၏
အခမဲ့က်န္းမာေရးေစာင့္ေရွာက္မႈအျဖစ္ ျပည္ၿမိဳ႕နယ္၊ ဝက္ထီးကန္နယ္ေျမ၊ ပ်ဥ္းမအိုင္ေက်းရြာအုပ္စု၊ မဟာဗိုလ္ေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ ျပဳလုပ္ခဲ့ပါသည္။
ေဆးကုသျခင္းမစတင္မွီ ေဆးကုသရန္လာေရာက္ေသာ သံဃာေတာ္အား ဝါဆိုသကၤန္း ဆပ္ကပ္ လွဴဒါန္းခဲ့ပါသည္။
က်န္းမာေရးေစာင့္ေရွာက္မႈတြင္ အေထြေထြေရာဂါကုဆရာဝန္မ်ားျဖစ္ၾကေသာ ပဲခူးတိုင္းေဒသႀကီး မဲဆႏၵနယ္အမွတ္(၈) အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာဝင္းျမင့္ခ်စ္၊ ျပည္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ျပည္ၿမိဳ႕နယ္ က်န္းမာေရးကြန္ရက္ဥကၠ႒ ေဒါက္တာခင္စိုးစိုးၾကည္၊
ေဒါက္တာတင္သိန္း ႏွင့္ သြားဘက္ဆိုင္ရာဆရာဝန္ ေဒါက္တာေအာင္ျပည့္ၿဖိဳးတို႔မွ ေဆးကုသမႈ ေပးခဲ့ၾကပါသည္။
အေထြေထြလူနာဦးေရ (၁၀၆)ဦးႏွင့္ သြားေရာဂါလူနာ (၄) ဦး၊ စုစုေပါင္းလူနာဦးေရ (၁၁၀) ဦးတို႔ အား က်န္းမာေရးေစာင့္ေရွာက္မႈေပးခဲ့ၾကပါသည္။
၂၀.၇.၁၉ ရက္ေန႔တြင္ သြားေရာက္ခဲ့ေသာ က်န္းမာေရးေစာင့္ေရွာက္မႈခရီးစဥ္တြင္ အဖက္ဖက္မွ ဝိုင္းဝန္းကူညီအားေပးခဲ့ေသာ ေဒသခံျပည္သူလူထုမ်ား၊ ေဒသခံ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ရပ္/ေက်း ပါတီဝင္မ်ားႏွင့္ ျပည္ၿမိဳ႕နယ္ က်န္းမာေရးကြန္ရက္အဖြဲ႕ဝင္မ်ားအား ေက်းဇူးအထူးတင္ ရွိပါသည္။
က်န္းမာေရးကြန္ရက္
ျပန္ၾကားေရး
zawgyi version
——————————————————————————————————————-
ကျန်းမာရေးကွန်ရက်၏ အခမဲ့ကျန်းမာရေးကျန်းမာရေးစောင့်ရှောက်မှုခရီးစဉ်
၂၀.၇.၂၀၁၉ (စနေနေ့)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်မြို့နယ် ကျန်းမာရေးကွန်ရက်၏
အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်မြေ၊ ပျဉ်းမအိုင်ကျေးရွာအုပ်စု၊ မဟာဗိုလ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။
ဆေးကုသခြင်းမစတင်မှီ ဆေးကုသရန်လာရောက်သော သံဃာတော်အား ဝါဆိုသင်္ကန်း ဆပ်ကပ် လှူဒါန်းခဲ့ပါသည်။
ကျန်းမာရေးစောင့်ရှောက်မှုတွင် အထွေထွေရောဂါကုဆရာဝန်များဖြစ်ကြသော ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ချစ်၊ ပြည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်မြို့နယ် ကျန်းမာရေးကွန်ရက်ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်၊
ဒေါက်တာတင်သိန်း နှင့် သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာအောင်ပြည့်ဖြိုးတို့မှ ဆေးကုသမှု ပေးခဲ့ကြပါသည်။
အထွေထွေလူနာဦးရေ (၁၀၆)ဦးနှင့် သွားရောဂါလူနာ (၄) ဦး၊ စုစုပေါင်းလူနာဦးရေ (၁၁၀) ဦးတို့ အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြပါသည်။
၂၀.၇.၁၉ ရက်နေ့တွင် သွားရောက်ခဲ့သော ကျန်းမာရေးစောင့်ရှောက်မှုခရီးစဉ်တွင် အဖက်ဖက်မှ ဝိုင်းဝန်းကူညီအားပေးခဲ့သော ဒေသခံပြည်သူလူထုများ၊ ဒေသခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်/ကျေး ပါတီဝင်များနှင့် ပြည်မြို့နယ် ကျန်းမာရေးကွန်ရက်အဖွဲ့ဝင်များအား ကျေးဇူးအထူးတင် ရှိပါသည်။
ကျန်းမာရေးကွန်ရက်
ပြန်ကြားရေး
(unicode version)