(၃၀-၃-၂၀၁၈ ရက္ေန႔)
ေလးစားအပ္ပါေသာ ျပည္ေထာင္စုလႊတ္ေတာ္နာယကႀကီးႏွင့္တစ္ကြ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ ျပည္ေထာင္စုအဆင့္ပုဂၢိဳလ္မ်ား၊ တက္ေရာက္လာၾကေသာ ဂုဏ္သေရရွိဧည့္သည္ေတာ္မ်ားနဲ႔ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားအားလုံး က်က္သေရမဂၤလာအေပါင္းနဲ႔ ျပည့္စုံၿပီး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကပါေစလို႔ ဆုေတာင္းေမတၱာ ပို႔သအပ္ပါတယ္ ခင္ဗ်ား၊
ႏိုင္ငံေတာ္သမၼတအျဖစ္ ေ႐ြးခ်ယ္တင္ေျမႇာက္ေပးၾကတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ မ်ားနဲ႔ ဝိုင္းဝန္းအားေပးၾကတဲ့ မိဘျပည္သူမ်ားအားလည္းေကာင္း၊ ဒီကေန႔ ျပည္ေထာင္စု လႊတ္ေတာ္ႀကီးမွာ ႏိုင္ငံေတာ္သမၼတအျဖစ္ ကတိသစၥာျပဳခဲ့ရၿပီးေနာက္ ခုလို မိန္႔ခြန္းေျပာၾကားခြင့္ ရရွိတဲ့အတြက္ လည္းေကာင္း ေက်းဇူးဥပကာရ အထူးတင္ရွိပါေၾကာင္း ဦးစြာပဏာမ ေျပာၾကားလို ပါတယ္။
ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားခင္ဗ်ား-
ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေပၚမွာ ယုံၾကည္စြာနဲ႔ ေထာက္ခံမႈ ေပးအပ္ခဲ့ၾကတဲ့ ႏိုင္ငံတစ္ဝွမ္းလုံးက ျပည္သူေတြအားလုံးကို အေလးအျမတ္ျပဳလ်က္ ကၽြန္ေတာ့္အေနနဲ႔ ထမ္းေဆာင္ရမယ့္တာဝန္ေတြကို ေတာ္တည့္မွန္ကန္ ေလးနက္တည္ၾကည္စြာနဲ႔ ထမ္း႐ြက္သြားမွာ ျဖစ္ပါတယ္။
ဒီကေန႔ ကၽြန္ေတာ္တို႔ႏိုင္ငံဟာ အဖက္ဖက္မွာ လိုအပ္ခ်က္ေတြနဲ႔ ဆင္းရဲႏြမ္းပါးဆဲျဖစ္ တာေၾကာင့္ ေနရာ၊ က႑အသီးသီးမွာ အမ်ားႀကီး ဆက္လက္႐ုန္းကန္ ႀကိဳးပမ္းၾကရဦးမွာ ျဖစ္ပါတယ္။ ႏိုင္ငံတကာမ်က္ႏွာစာမွာလည္း ဖိအားေပးမႈေတြ၊ ေဝဖန္မႈေတြနဲ႔ အထင္အျမင္လြဲမွားေနတာ ေတြလည္း ရင္ဆိုင္ေနရပါတယ္။ ကၽြန္ေတာ္တို႔ႏိုင္ငံနဲ႔ ကၽြန္ေတာ္တို႔ ျပည္သူေတြ ဒီကေန႔ေတြ႕ႀကဳံ ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြ၊ အခက္အခဲေတြကလည္း မနည္းလွပါဘူး။ အရာရာတိုင္းကို လြယ္လင့္ တကူ ေျဖရွင္းႏိုင္မွာ မဟုတ္ေပမယ့္လည္း ကၽြန္ေတာ္အေနနဲ႔ အစြမ္းကုန္ႀကိဳးပမ္းအားထုတ္ၿပီး ဦးစားေပးက႑အလိုက္ ေျဖရွင္းေဆာင္႐ြက္သြားရမွာပဲ ျဖစ္ပါတယ္။
ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားခင္ဗ်ား-
ကၽြန္ေတာ့္အေနနဲ႔ ျပည္ေထာင္စုအစိုးရအဖြဲ႕ရဲ႕ ဦးစားေပး ရည္မွန္းခ်က္ပန္းတိုင္ေတြ ျဖစ္တဲ့-
(၁) တရားဥပေဒစိုးမိုးေရးနဲ႔ ျပည္သူမ်ားရဲ႕ လူမႈ-စီးပြားဘဝ တိုးတက္ျမင့္မားေရး၊
(၂) အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ျပည္တြင္းၿငိမ္းခ်မ္းေရး၊
(၃) ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုႀကီး တည္ေဆာက္ေရးအတြက္ အေျခခံအုတ္ျမစ္ ျဖစ္တဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး
တို႔ကို ဦးတည္ႀကိဳးပမ္း ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီေန႔၊ ဒီအခ်ိန္အခါဟာ ဒီမိုကေရစီ က်င့္စဥ္နဲ႔အညီ ေခတ္ေျပာင္း စနစ္ေျပာင္းကာလ ျဖစ္ပါတယ္။ ဒီမိုကေရစီအသြင္ကူးေျပာင္းေရး ကာလရဲ႕ အစပဲ ရွိပါေသးတယ္။ ဒီေျပာင္းလဲမႈ ျဖစ္စဥ္ႀကီး ေအာင္ျမင္ေခ်ာေမြ႕ေစရန္ ျပည္သူ၊ ျပည္သားမ်ားနဲ႔ ႏိုင္ငံ့ဝန္ထမ္းမ်ား၊ ျပည္သူ႕ဝန္ထမ္းမ်ား အားလုံးရဲ႕ ပုံစံက်ေနတဲ့ အေတြးအျမင္ေတြ၊ ပုံေသကားခ်ပ္ အေလ့အထေတြအားလုံးကို ျပဳျပင္ ေျပာင္းလဲေပးၾကရန္ အထူးလိုအပ္လွပါတယ္။ ျပဳျပင္ေျပာင္းလဲမႈ ေႏွာင့္ေႏွးေနတဲ့ ဌာနဆိုင္ရာအဖြဲ႕ အစည္းမ်ားကို ၾကပ္မတ္ရပါလိမ့္မယ္။ ယိမ္းယိုင္ေနတဲ့တရားစီရင္ေရးကို တည့္မတ္ရပါလိမ့္မယ္။ အဂတိလိုက္စားမႈကို ပိုမိုတိုက္ဖ်က္ ရပါလိမ့္မယ္။ လူ႕အခြင့္အေရး ခ်ိဳးေဖာက္ခံရျခင္းမ်ားကို ျမႇင့္တင္ကာကြယ္ ရပါလိမ့္မယ္။ မူးယစ္ေဆးဝါးကို ပိုမိုႏွိမ္နင္းရပါလိမ့္မယ္။ ျပည္သူ႕ဘ႑ာေငြမ်ား အေလအလြင့္ ဆုံး႐ႈံးမႈမရွိေစရန္ စီမံခန္႔ခြဲရပါလိမ့္မယ္။ ဥပေဒမဲ့ သိမ္းဆည္းခံခဲ့ရတဲ့ လယ္ယာေျမမ်ား ျပန္လည္ရရွိေရး၊ ေလ်ာ္ေၾကး၊ နစ္နာေၾကးရရွိေရးတို႔ကို ဥပေဒနဲ႔အညီ ေဆာင္႐ြက္ရပါလိမ့္မယ္။ ေတာင္သူလယ္သမားမ်ားရဲ႕ လူေနမႈဘဝ ျမင့္မားတိုးတက္ေရး၊ အလုပ္သမားမ်ားရဲ႕ဘဝ သာယာစိုေျပေရး၊ ေက်ာင္းသားလူငယ္မ်ား အဆင့္ျမင့္ပညာရပ္မ်ား ဆည္းပူးခြင့္ရရွိေရး စသည္တို႔ကို ေဖာ္ေဆာင္ရပါလိမ့္မယ္။
ႏိုင္ငံသူ ႏိုင္ငံသားမ်ား ခင္ဗ်ား-
ကၽြန္ေတာ္တို႔အေနနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ အပ္ႏွင္းထားတဲ့ အခြင့္အာဏာကို တတ္ႏိုင္သမၽွ ပိုင္းျခားက်င့္သုံးေနၾကတဲ့ မ႑ိဳင္ႀကီး သုံးရပ္အၾကားမွာ အျပန္အလွန္ေလးစားမႈ၊ အျပန္အလွန္ နားလည္မႈ၊ အျပန္အလွန္ယုံၾကည္မႈေတြနဲ႔ ျပည္သူေတြအက်ိဳးအတြက္ ပူးေပါင္း ေဆာင္႐ြက္သြားၾကဖို႔ တိုက္တြန္း ေျပာၾကားလိုပါတယ္။ ဒါ့အျပင္ ျပည္သူေတြရဲ႕ နားေတြ၊ မ်က္ေစ့ေတြ ျဖစ္တဲ့ သတင္းမီဒီယာေတြရဲ႕ အခန္းက႑ကို အေလးအနက္ထားၾကဖို႔၊ ကၽြန္ေတာ္တို႔ အလုပ္အေကၽြး ျပဳရမယ့္ ႏိုင္ငံသူႏိုင္ငံသားေတြရဲ႕ ျပည္သူ႕မ႑ိဳင္ကို အေလးအျမတ္ျပဳၾကဖို႔ တစ္ဆက္ တည္းမွာပဲ တိုက္တြန္းေျပာၾကားလိုပါ တယ္။
ကၽြန္ေတာ္တို႔ရဲ႕ ႏိုင္ငံသူ ႏိုင္ငံသားေတြ ေမၽွာ္လင့္ေတာင့္တေနတဲ့ လိုအင္ဆႏၵေတြကို အတတ္ ႏိုင္ဆုံး ျဖည့္ဆည္းေပးႏိုင္ဖို႔ မ႑ိဳင္ႀကီးေတြအလိုက္ ကၽြန္ေတာ္တို႔အားလုံး ဆတက္ထမ္းပိုး ႀကိဳးပမ္း ၾကရဦးမွာ ျဖစ္ပါတယ္။ အလားတူ ႏိုင္ငံတကာ အသိုင္းအဝိုင္းရဲ႕အလယ္မွာ ကၽြန္ေတာ္တို႔ ႏိုင္ငံရဲ႕ပုံရိပ္ ျပန္လည္ေတာက္ပျမင့္မားလာေအာင္၊ ကၽြန္ေတာ္တို႔ ႏိုင္ငံသူႏိုင္ငံသားေတြရဲ႕ ဂုဏ္သိကၡာ ပို၍ပို၍ ျမင့္တက္လာေအာင္ ကၽြန္ေတာ္တို႔အားလုံး ဆက္လက္ၿပီး ႀကိဳးစားၾကရဦးမွာ ျဖစ္ပါတယ္။
ကၽြန္ေတာ္တို႔ ျပည္သူေတြအတြက္ ဝန္ထုပ္ဝန္ပိုးျဖစ္ေစတဲ့ ႀကိဳးနီစနစ္ေတြ၊ ကၽြန္ေတာ္တို႔ လူ႕အဖြဲ႕အစည္းအတြင္း လႈိက္စားေနတဲ့ အဂတိလိုက္စားမႈေတြကို စနစ္တက် တိုက္ဖ်က္သြားၿပီး ကၽြန္ေတာ္တို႔ႏိုင္ငံသူႏိုင္ငံသားေတြရဲ႕ စာရိတၱမ႑ိဳင္ကို ခိုင္မာေအာင္ ႀကိဳးပမ္းေဆာင္႐ြက္သြားၾက ရမွာ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ျပည္ေထာင္စုအစိုးရအဖြဲ႕အေနနဲ႔ ကၽြန္ေတာ္တို႔ ေတြ႕ႀကဳံခဲ့ရတဲ့ အတိတ္က အျဖစ္အပ်က္ေတြ၊ ေက်ာ္လႊားျဖတ္သန္းခဲ့ရတဲ့ အက်ပ္အတည္းေတြ၊ ရင္ဆိုင္ခဲ့ရတဲ့ အခက္အခဲေတြကို သင္ခန္းစာယူၿပီး ပစၥဳပၸန္နဲ႔ အနာဂတ္အတြက္ မိဘျပည္သူမ်ား လိုလားေတာင့္တေနၾကတဲ့ ဒီမိုကေရစီနဲ႔ လူ႕အခြင့္အေရးကို မ်က္ျခည္ျပတ္မခံပဲ အဂတိတရားကင္းရွင္းစြာျဖင့္ ကိုယ္စြမ္း ဉာဏ္စြမ္းရွိသေ႐ြ႕ ႀကိဳးပမ္းေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။
ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားခင္ဗ်ား-
နိဂုံးခ်ဳပ္အေနနဲ႔ ကၽြန္ေတာ့္အေနနဲ႔ ျပည္သူေတြ ျမင္ခ်င္ေတြ႕ခ်င္တဲ့ အေျပာင္းအလဲေတြကို မ်က္ဝါးထင္ထင္ ေတြ႕ျမင္ႏိုင္ေအာင္ ကၽြန္ေတာ္တို႔ရဲ႕ ျပည္သူေတြနဲ႔အတူ မမွိတ္မသုန္ ႀကိဳးပမ္း ေဆာင္႐ြက္သြားမွာ ျဖစ္ေၾကာင္း အေလးအနက္ ကတိျပဳေျပာၾကားရင္း နိဂုံးခ်ဳပ္အပ္ပါတယ္။
အားလုံးကို ေက်းဇူးတင္ပါတယ္။
(zawgyi version)
———————————————————————————————————————————-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြည်ထောင်စ ုလွှတ်တော်တွင် ကတိသစ္စာပြုပွဲအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်း
(၃၀-၃-၂၀၁၈ ရက်နေ့)
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့်တစ်ကွ လွှတ်တော်ကို ယ်စားလှယ်များ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တက်ရောက်လာကြသော ဂုဏ်သရေရှိဧည့်သည်တော်များနဲ့ နိုင်ငံသူ နိုင်ငံသားများအားလုံး ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် ခင်ဗျား၊
နိုင်ငံတော်သမ္မတ အဖြစ်ရွေးချယ်တင်မြှောက်ပေးကြတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် များနဲ့ ဝိုင်းဝန်းအားပေးကြတဲ့ မိဘပြည်သူများအားလည်းကောင်း၊ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်ကြီးမှာ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခဲ့ရပြီးနောက် ခုလို မိန့်ခွန်းပြောကြားခွင့် ရရှိတဲ့အတွက်လည်းကောင်း ကျေးဇူးဥပကာရ အထူးတင်ရှိပါကြောင်း ဦးစွာပဏာမ ပြောကြားလို ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံ တော် နိုင်ငံသူ၊ နိုင်ငံသားများခင်ဗျား-
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ်မှာ ယုံကြည်စွာနဲ့ ထောက်ခံမှုပေးအပ်ခဲ့ကြတဲ့ နိုင်ငံတစ်ဝှမ်းလုံးက ပြည်သူတွေအားလုံးကို အလေးအမြတ်ပြုလျက် ကျွန်တော့်အနေနဲ့ ထမ်းဆောင်ရမယ့်တာဝန်တွေကို တော်တည့်မှန်ကန် လေးနက်တည်ကြည်စွာနဲ့ ထမ်းရွက်သွားမှာ ဖြစ်ပါတယ်။
ဒီကနေ့ ကျွန်တော်တို့နိုင်ငံဟာ အဖက်ဖက်မှာ လိုအပ်ချက်တွေနဲ့ ဆင်းရဲနွမ်းပါးဆဲဖြစ် တာကြောင့် နေရာ၊ ကဏ္ဍအသီးသီးမှာ အများကြီး ဆက်လက်ရုန်းကန် ကြိုးပမ်းကြရဦးမှာ ဖြစ်ပါ တယ်။ နိုင်ငံတကာမျက်နှာစာမှာလည်း ဖိအားပေးမှုတွေ၊ ဝေဖန်မှုတွေနဲ့ အထင်အမြင်လွဲမှားနေတာ တွေလည်း ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ ပြည်သူတွေ ဒီကနေ့တွေ့ကြုံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကလည်း မနည်းလှပါဘူး။ အရာရာတိုင်းကို လွယ်လင့် တကူ ဖြေရှင်းနိုင်မှာ မဟုတ်ပေမယ့်လည်း ကျွန်တော်အနေနဲ့ အစွမ်းကုန်ကြိုးပမ်းအားထုတ်ပြီး ဦးစားပေးကဏ္ဍအလိုက် ဖြေရှင်းဆောင်ရွက်သွားရမှာပဲ ဖြစ်ပါတယ်။
နိုင်ငံသူ၊ နိုင်ငံသားများခင်ဗျား-
ကျွန်တော့်အနေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဦးစားပေး ရည်မှန်းချက်ပန်းတိုင်တွေ ဖြစ်တဲ့-
(၁) တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူများရဲ့ လူမှု-စီးပွားဘဝ တိုးတက်မြင့်မားရေး၊
(၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊
(၃) ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ် ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး
တို့ကို ဦးတည်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီနေ့၊ ဒီအချိန်အခါဟာ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ခေတ်ပြောင်းစနစ်ပြောင်းကာလ ဖြစ်ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလရဲ့ အစပဲ ရှိပါသေးတယ်။ ဒီပြောင်းလဲမှု ဖြစ်စဉ်ကြီး အောင်မြင်ချောမွေ့စေရန် ပြည်သူ၊ ပြည်သားများနဲ့ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်း များ အားလုံးရဲ့ ပုံစံကျနေတဲ့ အတွေးအမြင်တွေ၊ ပုံသေကားချပ် အလေ့အထတွေအားလုံးကို ပြုပြင် ပြောင်းလဲပေးကြရန် အထူးလိုအပ်လှပါတယ်။ ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတဲ့ ဌာနဆိုင်ရာအဖွဲ့ အစည်းများကို ကြပ်မတ်ရပါလိမ့်မယ်။ ယိမ်းယိုင်နေတဲ့တရားစီရင်ရေးကို တည့်မတ်ရပါလိမ့်မယ်။ အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်ရပါလိမ့်မယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများကို မြှင့်တင်ကာကွယ် ရပါလိမ့်မယ်။ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းရပါလိမ့်မယ်။ ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့် ဆုံးရှုံးမှုမရှိစေရန် စီမံခန့်ခွဲရပါလိမ့်မယ်။ ဥပဒေမဲ့ သိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေး၊ နစ်နာကြေးရရှိရေးတို့ကို ဥပဒေနဲ့အညီ ဆောင်ရွက်ရပါလိမ့်မယ်။ တောင်သူလယ်သမားများရဲ့ လူနေမှုဘဝ မြင့်မားတိုးတက်ရေး၊ အလုပ်သမားများရဲ့ဘဝ သာယာ စိုပြေရေး၊ ကျောင်းသားလူငယ်များ အဆင့်မြင့်ပညာရပ်များ ဆည်းပူးခွင့်ရရှိရေး စသည်တို့ကို ဖော်ဆောင်ရပါလိမ့်မယ်။
နိုင်ငံသူ နိုင်ငံသားများ ခင်ဗျား-
ကျွန်တော်တို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းထားတဲ့ အခွင့်အာဏာကို တတ်နိုင်သမျှ ပိုင်းခြားကျင့်သုံးနေကြတဲ့ မဏ္ဍိုင်ကြီး သုံးရပ်အကြားမှာ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှုတွေနဲ့ ပြည်သူတွေအကျိုးအတွက် ပူးပေါင်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ နားတွေ၊ မျက်စေ့တွေ ဖြစ်တဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို အလေးအနက်ထားကြဖို့၊ ကျွန်တော်တို့ အလုပ် အကျွေးပြုရမယ့် နိုင်ငံသူနိုင်ငံသားတွေရဲ့ ပြည်သူ့မဏ္ဍိုင်ကို အလေးအမြတ်ပြုကြဖို့ တစ်ဆက် တည်းမှာပဲ တိုက်တွန်းပြောကြားလိုပါ တယ်။
ကျွန်တော်တို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေ မျှော်လင့်တောင့်တနေတဲ့ လိုအင်ဆန္ဒတွေကို အတတ် နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ မဏ္ဍိုင်ကြီးတွေအလိုက် ကျွန်တော်တို့အားလုံး ဆတက်ထမ်းပိုး ကြိုးပမ်း ကြရဦးမှာ ဖြစ်ပါတယ်။ အလားတူ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့အလယ်မှာ ကျွန်တော်တို့ နိုင်ငံရဲ့ပုံရိပ် ပြန်လည်တောက်ပမြင့်မားလာအောင်၊ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာ ပို၍ပို၍ မြင့်တက်လာအောင် ကျွန်တော်တို့အားလုံး ဆက်လက်ပြီး ကြိုးစားကြရဦးမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ကြိုးနီစနစ်တွေ၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်း လှိုက်စားနေတဲ့ အဂတိလိုက်စားမှုတွေကို စနစ်တကျ တိုက်ဖျက်သွားပြီး ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေရဲ့ စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်သွားကြ ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ ကျွန်တော်တို့ တွေ့ကြုံခဲ့ရတဲ့ အတိတ်က အဖြစ်အပျက်တွေ၊ ကျော်လွှားဖြတ်သန်းခဲ့ရတဲ့ အကျပ်အတည်းတွေ၊ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို သင်ခန်းစာယူပြီး ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် မိဘပြည်သူများ လိုလားတောင့်တနေကြတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မျက်ခြည်ပြတ်မခံပဲ အဂတိတရားကင်းရှင်းစွာဖြင့် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံသူ၊ နိုင်ငံသားများခင်ဗျား-
နိဂုံးချုပ်အနေနဲ့ ကျွန်တော့်အနေနဲ့ ပြည်သူတွေ မြင်ချင်တွေ့ချင်တဲ့ အပြောင်းအလဲတွေကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်အောင် ကျွန်တော်တို့ရဲ့ ပြည်သူတွေနဲ့အတူ မမှိတ်မသုန် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အလေးအနက် ကတိပြုပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
(unicode version)