ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် The World Bank Group မှ Mr. Sunil Kumar Khosla ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံတစ်ဝှမ်း လျှပ်စစ်မီးလုံလောက်စွာရရှိရေးမှာ အဓိကအချက် ဖြစ်သည့်အတွက် လျှပ်စစ်ဓာတ်အား တိုးချဲ့ထုတ်ယူမည့်ကိစ္စရပ်များ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအတွက် လိုအပ်သည့် ဓါတ်တိုင်များ၊ ဆက်စပ်ပစ္စည်းများရရှိနိုင်ရေးနှင့် လျှပ်စစ်မီး မရရှိသေးသည့် ဝေးလံခေါင်သီသောဒေသများတွင် လျှပ်စစ်မီးမရရှိခင်ကာလအတွင်း အိမ်သုံးဆိုလာစနစ် တပ်ဆင်နိုင်ရေးတို့နှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့်နှင် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
19.5.2017