ေနျပည္ေတာ္ ဇန္နဝါရီ ၂၃
ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္ ဥကၠ႒ ဦးလွသိန္းသည္ ေရြးေကာက္ပဲြ မူေဘာင္ ျပဳျပင္ေျပာင္းလဲေရး ပူးေပါင္းေဆာင္ရြက္မႈအဖဲြ႔ (ERCB) မွ ဦးစိုင္းရဲေက်ာ္စြာျမင့္ နွင့္အဖဲြ႔အား ယေန႔နံနက္ ၁၀:၀၀ နာရီတြင္ ေနျပည္ေတာ္ရိွ ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္ ဥကၠ႒ရံုး၊ အစည္းအေဝးခန္းမ၌ လက္ခံေတြ႔ဆံုရာ ေကာ္မရွင္ အဖဲြ႔ဝင္ ဦးေအာင္ျမင့္၊ ဦးစိုးရယ္၊ ဦးထြန္းခင္၊ ဦးလွတင့္၊ ဦးသန္းေဌးႏွင့္ ေကာ္မရွင္ရံုးမွ တာဝန္ရိွသူမ်ား တက္ေရာက္ခဲ့ၾကပါသည္။
ထိုသို႔ ေတြ႔ဆံုရာတြင္ ဦးစိုင္းရဲေက်ာ္စြာျမင့္က ေရြးေကာက္ပဲြ ျဖစ္စဥ္မ်ားတြင္ အရပ္ဖက္ လူမႈအဖဲြ႔အစည္းမ်ား ပူးေပါင္းပါဝင္ႏိုင္မည့္ အေျခအေန၊ ေရြးေကာက္ပဲြ လုပ္ငန္းစဥ္မ်ားကို ပိုမိုတိုးတက္လာေစရန္ ပံ့ပိုးကူညီေပးနိုင္မည့္ အေျခအေန၊ ဥပေဒမူေဘာင္ ျပဳျပင္ေျပာင္းလဲျခင္း၊ ေရြးေကာက္ပဲြတြင္ မဲဆႏၵရွင္မ်ား ပိုမို ပါဝင္လာေစေရးႏွင့္ မဲဆႏၵရွင္ စာရင္းအား Door to Door စနစ္ျဖင့္ ျပဳစုရာတြင္ ပူးေပါင္း ေဆာင္ရြက္နိုင္မည့္ အေျခအေန၊ မဲဆႏၵရွင္ အသိပညာေပးေရး ေဆာင္ရြက္ရန္ လ်ာထားမႈ အေျခအေနတို႔ကို ေဆြးေႏြးတင္ျပခဲ့ရာ ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္ ဥကၠ႒ႏွင့္ အဖဲြ႔ဝင္မ်ားက ျပန္လည္ရွင္းလင္း ေဆြးေႏြးခဲ့ေၾကာင္း သိရိွရပါသည္။
—————————————————————————————————————————
ရွေးကောက်ပွဲ မူဘောင် ပြုပြင်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ERCB) အား လက်ခံတွေ့ဆုံ
နေပြည်တော် ဇန်နဝါရီ ၂၃
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် ရွေးကောက်ပွဲ မူဘောင် ပြုပြင်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ERCB) မှ ဦးစိုင်းရဲကျော်စွာမြင့် နှင့်အဖွဲ့အား ယနေ့နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ဦးသန်းဌေးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ဦးစိုင်းရဲကျော်စွာမြင့်က ရွေးကောက်ပွဲ ဖြစ်စဉ်များတွင် အရပ်ဖက် လူမှုအဖွဲ့အစည်းများ ပူးပေါင်းပါဝင်နိုင်မည့် အခြေအနေ၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို ပိုမိုတိုးတက်လာစေရန် ပံ့ပိုးကူညီပေးနိုင်မည့် အခြေအနေ၊ ဥပဒေမူဘောင် ပြုပြင်ပြောင်းလဲခြင်း၊ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ ပိုမို ပါဝင်လာစေရေးနှင့် မဲဆန္ဒရှင် စာရင်းအား Door to Door စနစ်ဖြင့် ပြုစုရာတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေ၊ မဲဆန္ဒရှင် အသိပညာပေးရေး ဆောင်ရွက်ရန် လျာထားမှု အခြေအနေတို့ကို ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။