ဥပဒေများ ပြင်ဆင်ရေးဆွဲခြင်း၊ ပြဋ္ဌာန်းခြင်းများဆောင်ရွက်ရာတွင် ဥပဒေ၏ အကျိုးသက်ရောက်မှုသည် ကျေးလက်နေ ပြည်သူများ၏ သဘော သဘာဝနှင့် လျော်ညီသည့် ပြဋ္ဌာန်း ချက်များဖြစ်စေရန်နှင့်ပြစ်မှုနှင့်ပြစ် ဒဏ်မျှခြေဖြစ်အောင် စဉ်းစားဆောင် ရွက်စေလိုကြောင်းပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်က လွှတ်တော်သို့ တင်ပြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တင်သွင်းသည့် တာတမံဥပဒေကြမ်းနှင့် စပ်လျဉ်း၍ မေလ(၃၀)ရက်ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်များနှင့် ၀န်ကြီးဌာနတို့ မှ ဆွေးနွေးဆုံးဖြတ် အတည်ပြုခဲ့သည်။ အဆိုပါ ဥပဒေပါပြဌာန်း ချက်များမှ ပြစ်ဒဏ်ဆိုက်ရာ ပြဌာန်းချက်တွင် သတ်မှတ်ထားသည့် အနည်းဆုံး ပြစ်ဒဏ် ထောင်(၆) လဆိုသည်မှာ မသိနားမလည်မှု ကြောင့် ဖြစ်တတ်သည့် ကျေးလက် နေပြည်သူများအတွက် ကြီးလေးနေ ခြင်းအပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နောင်တွင် ဥပဒေများ ရေးဆွဲပြဋ္ဌာန်းသည့်အခါ ပြစ်မှုနှင့် ပြစ်ဒဏ် မျှခြေဖြစ် အောင်ထည့်သွင်းစဉ်းစား၍ ပြဋ္ဌာန်း စေလိုကြောင်း လွှတ်တော်သို့ တင်ပြခြင်း ဖြစ်သည်။
“ကျေးရွာသူ/ရွာသားတွေက ဥပဒေပါ ကတုတ်ကျင်းတို့၊ တွင်းတို့ ဆိုတာကို နားလည်တဲ့သူက နည်းတယ်။ အဲဒါတွေကို လုပ်မှားကိုင်မှားရှိရင် အနည်းဆုံးထောင်(၆)လဆိုပြီး ဒီလို သတ်မှတ်ထားမယ်ဆိုရင် သူလုပ်တဲ့ ရည်ရွယ်ချက်က တကယ်ပျက်စီးစေချင်လို့လား။ Cost and Effect က မတူဘူး။ Cost က တကယ်ထိခိုက်နစ်နာတယ် ဆိုရင်တော့ အနည်းဆုံး ( ၆ ) လ ကအကြောင်း မဟုတ်ဘူး။ ဒါကြောင့် မို့လို့ ကျွန်တော် ဒီနေရာမှာ ပြောချင်တာက ရည်ရွယ်ချက်ကလည်း နှစ်ဖက်လုံးတူတယ်။ ဥပဒေ ရေးထုံးလည်း မှန်တယ်။ သို့သော် ဒီနေရာလေးမှာ မျှ ခြေဆိုတာ ကြည်ဖို့တော့ လိုတယ် ” ဟု ၎င်းက လွှတ်တော်၌် ပြောကြားခြဲ့ခင်း ဖြစ်သည်။
ဥပဒေတွင် အများဆုံး ထောင်ဒဏ် (၂)နှစ်ကို သတ်မှတ်ပြဋ္ဌာန်းသည်မှာ သင့်လျှော်သော်လည်း အနည်းဆုံးပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ် (၆) လဆိုသည်မှာ ကျေးလက်ပြည်သူများ၏ မသိမှုကြောင့် ဖြစ်ပေါ်လာသည့် တာတမံ ဆိုင်ရာ ဥပဒေချိုးဖောက်မှုများအတွက် သင့်လျော်မှု မရှိသဖြင့် စဉ်းစားပေး စေလိုကြောင်း ၎င်းက လွှတ်တော်သို့ တင်ပြသည်။
ဦးဝင်းမြင့်က ” ကျေးရွာသူ ကျေး ရွာ သားဆိုတာ အများစုက ဒီလို ဥပဒေလည်း သိချင်မှ သိတာ။ ကျွန်တော်တို့ ဒါလေးကိုတာ့ နောင်အလျဉ်း သင့်လာတဲ့အခါ စဉ်းစားပေးစေချင်တယ။် ကျွန် တော့်အမြင်ကို လွှတ်တော်ကို တင်ပြတာပါ ” ဟု လွှတ်တော်၌ ပြောသည်။
အဆိုပါ တာတမံ ဥပဒေကြမ်းကို ယခုပြည်သူ့လွှတ်တော်တွင်ဆွေးနွေး ဆုံးဖြတ် အတည်ြပုပြီးဖြစ်၍ အမျိုးသား လွှတ်တော်သို့ ထပ်မံတင်သွင်းကာ အတည်ပြုချက်ရယူပြီး ပြည်ထောင်စု လွှတ်တော်သို့ ဆက်လက်တင်သွင်း ဆွေးနွေးအတည်ပြုနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်သည်။
သက်အောင်-ပုလဲ