အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒မန္းဝင္းခိုင္သန္းသည္ ရခိုင္ျပည္နယ္အတြင္း လူသားခ်င္းစာနာမႈ အကူအညီ အေထာက္အပံ့ေပးေရး၊ ျပန္လည္ေနရာခ်ထားေရး၊ ဖြံ႔ၿဖိဳးေရးေဆာင္ရြက္ရန္ အလွဴေငြမ်ားေပးအပ္လွဴဒါန္းပြဲအခမ္းအနားကို (၂၆-၁၀-၂၀၁၇) ရက္ေန႔ (၁၅၃၀) နာရီတြင္ ေနျပည္ေတာ္ရွိ အမ်ိဳးသားလႊတ္ေတာ္ ဧည့္ခန္းမေဆာင္၌ က်င္းပျပဳလုပ္ခဲ့သည္။
ေရွးဦးစြာ ရခိုင္ျပည္နယ္အတြင္း လူသားခ်င္းစာနာမႈအကူအညီ အေထာက္အပံ့ေပးေရး၊ ျပန္လည္ေနရာခ်ထားေရး၊ ဖြံ႔ၿဖိဳးေရး ေဆာင္ရြက္ ရန္အတြက္ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒၏ အလွဴဒါနေခါင္းစဥ္မွ လွဴဒါန္းေငြ (၃၀၂၀၀၀၀ိ/-) သိန္းႏွင့္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ (၂၂၄) ဦး၏ ေန႔တြက္စရိတ္ (၁)ရက္စာ စုစုေပါင္း လွဴဒါန္းေငြ (၄၄၈၀၀၀၀ိ/-) သိန္း စုစုေပါင္းက်ပ္ (၇၅)သိန္းကို အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒ မန္းဝင္းခိုင္သန္းက ရခိုင္ျပည္နယ္အတြင္း လူသားခ်င္းစာနာမႈအကူအညီ အေထာက္အပံ့ေပးေရး၊ ျပန္လည္ေနရာခ်ထားေရး၊ ဖြံ႔ၿဖိဳးေရးစီမံကိန္း (UEHRD) ေကာ္မတီဒုတိယဥကၠ႒၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးထံသို႔ အလွဴေငြမ်ား ေပးအပ္လွဴဒါန္းခဲ့သည္။
ထို႔ေနာက္ ျပည္ေထာင္စုဝန္ႀကီးမွ ဂုဏ္ျပဳမွတ္တမ္းလႊာအား ျပန္လည္ေပးအပ္ရာ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒က လက္ခံရယူခဲ့သည္။
အဆိုပါအခမ္းအနားသို႔ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒ႏွင့္အတူ ေရးရာေကာ္မတီ ဥကၠ႒မ်ားႏွင့္ အမ်ိဳးသားလႊတ္ေတာ္႐ုံးမွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကသည္။
(zawgyi version)
…………………………………………………………………………..
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်း ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးဆောင်ရွက်ရန် အလှူငွေများပေးအပ်လှူဒါန်း
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်းသည် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးဆောင်ရွက်ရန် အလှူငွေများပေးအပ်လှူဒါန်းပွဲအခမ်းအနားကို (၂၆-၁၀-၂၀၁၇) ရက်နေ့ (၁၅၃၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး ဆောင်ရွက်ရန်အတွက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ အလှူဒါနခေါင်းစဉ်မှ လှူဒါန်းငွေ (၃၀၂၀၀၀၀ိ/-) သိန်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၂၄) ဦး၏ နေ့တွက်စရိတ် (၁)ရက်စာ စုစုပေါင်း လှူဒါန်းငွေ (၄၄၈၀၀၀၀ိ/-) သိန်း စုစုပေါင်းကျပ် (၇၅)သိန်းကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ထံသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လက်ခံရယူခဲ့သည်။
အဆိုပါအခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ရေးရာကော်မတီ ဥက္ကဋ္ဌများနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(unicode version)