အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို)မှ ကရင်ပြည်နယ်အတွင်း သဘာဝဘေးဒဏ်ခံ ပြည်သူများ အတွက် အလှူငွေ သိန်း (၁၅၀) ပေးအပ်လှူဒါန်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အဖွဲ့သည် ယနေ့(သြဂုတ် ၂၂) နံနက် ၉ နာရီတွင် မွန်ပြည်နယ်မှတဆင့် ကရင်ပြည်နယ် ဘားအံမြို့သို့ ရောက်ရှိကြသည်။
ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ သွားရောက်၍ ကရင်ပြည်နယ်အတွင်း သဘာဝဘေးဒဏ်ခံ ပြည်သူများအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို)မှ လှူဒါန်းသော အလှူငွေ သိန်း (၁၅၀)ကို ပေးအပ်လှူဒါန်းခဲ့သည်။
Credit#TheMandalayNewsJournal