အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင်ဦးဝင်းထိန် သည် ကျောင်းကုန်းမြိုမှ ရေကြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲချုပ်ရုံးသို့ သွားရောက်ပြီး မြို့နယ် အလုပ်အမှုဆောင်အဖွဲနှင့် လွှတ်တော်ကိုယ်စားလှယ်တို့ကို တွေ့ဆုံပြီး ဒေသတွင်းအခြေအနေနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စနှင့် အဖွဲ့ချုပ်မှ ဆောင်ရွက်ထားရှိမှုများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များရုံး အမြန်ဆုံးဖွင့်လှစ်ပြီး ဒေသခံပြည်သူများအတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့် အလုပ်အမှု ဆောင်အဖွဲ့ တို့  ညီညွတ်စွာဖြင့် စည်းမျဉ်းစည်းကမ်းနှင့် စုပေါင်းကြိုးစား လုပ်ဆောင်ရန် အတွက် တိုက်တွန်းပြောကြား ခဲ့ပါသည်၊ အဆိုပါတွေ့ ဆုံပွဲသို့  ဧရာဝတီတိုင်းဒေသကြီး တိုင်းအလုပ်အမှုဆောင်အဖွဲ့ မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာအေးကြူ နှင့်  အတွင်းရေးမှုး ဒေါက်တာတင်မင်းထွဋ် ၊ဦးသိန်းဆွေတိုဦးဆောင်သော တိုင်းခရိုင်အလုပ်အမှုဆောင် များ၊ တိုင်းဒေသကြီး ပါတီစည်းကမ်းထိမ်းသိမ်းရေး တာဝန်ရှိသူများနှင့် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ တို့  တက်ရောက်ခဲ့ ကြသည်။
