(zawgyi version)
——————————————————————————————————————————————-
“သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလှုပ်ရှားမှုအစီအစဉ်”အား အသိပေးအကြောင်းကြားခြင်း။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့မှ ဦးဆောင်ပြုလုပ်မည့် “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလှုပ်ရှားမှုအစီအစဉ်”အား (၁၉.၆.၂၀၁၉)ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်များတွင် လှုပ်ရှား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလှုပ်ရှားမှုအစီအစဉ်”အား စိတ်ပါဝင်စားသူ မည်သူမဆို သက်ဆိုင်ရာ မြို့နယ်အသီးသီးတွင် အဖွဲ့ချုပ်လူငယ်များနှင့်အတူ တက်ကြွစွာ ပူးပေါင်းပါ၀င် ဆောင်ရွက်ပေးကြပါရန်နှင့် ပြည်သူများအနေဖြင့်လည်း ယခုအစီအစဉ်အား အောင်မြင်စွာဆောင်ရွက်နိုင်ရေး ပူးပေါင်းပါဝင်ပေးကြပါရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့က လေးနက်စွာဖြင့် နှိုးဆော်အပ်ပါသည်။
(unicode version)