ရန္ကုန္ ၊ စက္တင္ဘာ ၂၈ ၊ ၂၀၁၇
၂၈.၉.၂၀၁၇ ရက္ေန႔ နံနက္ ၉:ဝဝ နာရီအခ်ိန္တြင္ လွည္းကူးၿမိဳ႕နယ္ ၊ မိုးလံုေလလံုအားကစားကြင္း၌ ဒုတိယအႀကိမ္ ရန္ကုန္တိုင္း ေဒသႀကီး လႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္းဦးေဆာင္ေသာ ကုိယ္စားလွယ္အဖြဲ႕သည္ ျပည္သူလူထုႏွင့္ ေတြ႕ဆံုခဲ့ပါသည္။ ျပည္သူလူထုမွ မိမိတို႕ ရပ္ကြက္၊ ေက်းရြာအုပ္စုမ်ားမွ လိုအပ္ခ်က္မ်ားကို ေဆြးေႏြးတင္ျပခဲ့ၿပီး လႊတ္ေတာ္ဥကၠ႒ႏွင့္ လွည္းကူးၿမိဳ႕နယ္ ကိုယ္စားလွယ္မ်ားမွ ေပါင္းစပ္ညိွႏိႈင္း ေဆြးေႏြးခဲ့ပါသည္။ အဆိုပါေတြ႕ဆံုပြဲသို႕ လွည္းကူးၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသိန္းတန္ ၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ႏိုင္ႏွင့္ တိုင္းေဒသႀကီးလႊတ္ေတာ္ ကုိယ္စားလွယ္ ေဒၚျမတ္မာလာထြန္းတို႕ တက္ေရာက္ခဲ့သည္။
ဆက္လက္၍ လႊတ္ေတာ္ဥကၠ႒ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕သည္ လွည္းကူးၿမိဳ႕နယ္၊ ပိုက္ႀကီးဝဲ ေက်းရြာ၊ မဟာဝိဇိတာရာမ ေက်ာင္းတိုက္ရိွ လွည္းကူးျပတိုက္သို႕ သြားေရာက္ေလ့လာခဲ့ၿပီး ဆက္လက္ ထြက္ခြာခဲ့ရာ လွည္းကူးၿမိဳ႕နယ္ျပည္သူ႕ေဆးရံုသို႔ ေရာက္ရိွခဲ့ပါသည္။ ျပည္သူ႕ေဆးရံု၌ လူနာေဆာင္မ်ား၊ ဝန္ထမ္းအိမ္ရာမ်ားႏွင့္ ေဆာက္လုပ္လ်က္ရိွေသာ အေဆာက္အအံုမ်ား လွည့္လည္ၾကည့္ရႈခဲ့ပါသည္။
(Unicode)
လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် လှည်းကူးမြို့နယ်ရှိ ပြည်သူလူထုနှင့်တွေ့ဆုံ
———————————————
ရန်ကုန် ၊ စက်တင်ဘာ ၂၈ ၊ ၂၀၁၇
၂၈.၉.၂၀၁၇ ရက်နေ့ နံနက် ၉:ဝဝ နာရီအချိန်တွင် လှည်းကူးမြို့နယ် ၊ မိုးလုံလေလုံအားကစားကွင်း၌ ဒုတိယအကြိမ်ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ပြည်သူလူထုနှင့် တွေ့ဆုံခဲ့ပါသည်။ ပြည်သူလူထုမှ မိမိတို့ ရပ်ကွက်၊ကျေးရွာအုပ်စုများမှ လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လှည်းကူးမြို့နယ် ကိုယ်စားလှယ်များမှ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ လှည်းကူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နိုင် နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်း တို့ တက်ရောက်ခဲ့သည်။
ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲ ကျေးရွာ၊ မဟာဝိဇိတာရာမ ကျောင်းတိုက်ရှိ လှည်းကူးပြတိုက်သို့ သွားရောက်လေ့လာခဲ့ပြီး ဆက်လက် ထွက်ခွာခဲ့ရာ လှည်းကူးမြို့နယ်ပြည်သူ့ ဆေးရုံသို့ ရောက်ရှိခဲ့ပါသည်။ ပြည်သူ့ဆေးရုံ၌ လူနာဆောင်များ၊ ဝန်ထမ်းအိမ်ရာများနှင့် ဆောက်လုပ်လျက်ရှိသော အဆောက်အအုံများ လှည့်လည်ကြည့်ရှုခဲ့ပါသည်။