နေပြည်တော် ဇူလိုင် ၁၄
Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် COVID-19 ကပ်ရောဂါကာလတွင် နိုင်ငံတကာရောက် မြန်မာနိုင်ငံသား များအား ပြန်လည်ခေါ်ယူခြင်းနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင်၊ အိန္ဒိယနိုင်ငံမှ ပြန်လာသူ မအေးအေးအောင်၊ ဩစတြေးလျနိုင်ငံမှ ပြန်လာသူ မသန္တာအောင်စိုးတို့နှင့် ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံပြီး လက်တွေ့အခြေအနေများကို အပြန်အလှန် ဆွေးနွေးသည်။
ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ယနေ့တွင် နိုင်ငံခြားမှ ပြန်ရောက်လာသည့် မြန်မာနိုင်ငံသားများကိစ္စ၊ အထူးသဖြင့် ကိုဗစ်နှင့် ဆက်နွယ်ပြီး Quarantine ဝင်ရသည့်ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသားများ ရောက်ရှိနေသည့် နိုင်ငံများစွာရှိသည့်အတွက် နိုင်ငံအသီးသီးမှ ပြန်ခေါ်ရပါကြောင်း၊ ပြန်လည်ခေါ်ယူရာတွင်လည်း Commercial Flight များက ရပ်ထားပါကြောင်း၊ ယင်းသို့ ရပ်နားထားရခြင်းမှာလည်း ယခုကဲ့သို့ ကိုဗစ်ရောဂါ ပြန့်ပွားနေချိန်တွင် အားလုံးလွှတ်ပေးထားပါက ရောဂါထိန်းချုပ်ရန် များစွာခက်ခဲမည် ဖြစ်ပါကြောင်း။
Commercial Flight များ ရပ်ထားသည့်အတွက် Special Flight များ၊ Relief Flight များကို ခွင့်ပြုခဲ့ပါကြောင်း၊ Special Flight များကို နိုင်ငံ၏ စီမံကိန်းများ၊ သံတမန်ရေးရာ များနှင့်ပတ်သက်ပြီး မဖြစ်မနေ သွားရမည့်ကိစ္စရပ်များနှင့် ဆေးဝါးပစ္စည်များ၊ တခြားအရေးကြီးသည့် ပစ္စည်းများ သယ်ယူရန်ကိစ္စတို့အတွက် အသုံးပြုပါကြောင်း၊ Relief Flight များကို မြန်မာနိုင်ငံသားများ ပြန်လည်ခေါ်ယူရေးအတွက် အဓိက အသုံးပြုပါကြောင်း၊ ဆေးဝါးပစ္စည်းများ သယ်ယူရာတွင်လည်း မြန်မာနိုင်ငံသား အချို့အား ပြန်ခေါ်ဆောင် နိုင်ခဲ့ခြင်းများ ရှိပါကြောင်း၊ ယင်းကိစ္စရပ်များကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက အဓိက စီစဉ်ဆောင်ရွက်နေပါကြောင်း၊ ယင်းကိစ္စရပ်များကို သံတမန်ရေးရာမှ အစပြုကာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရပါကြောင်း၊ နောက်ဆုံး ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်သည် အဓိကဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ စတင်ပေါ်ပေါက်လာချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယင်းရောဂါအား ထိန်းချုပ်ရန် လုပ်ဆောင်ပါကြောင်း၊ ထိန်းချုပ်နိုင်ရန် လုပ်ဆောင် နေချိန်တွင် တစ်ဘက်ကလည်း နိုင်ငံတကာဆက်ဆံရေး မထိခိုက်စေရန်နှင့် WHO စည်းမျဉ်း စည်းကမ်းများနှင့်ညီအောင် မိမိတို့အနေဖြင့် တိုင်ပင်ညှိနှိုင်းဆောင်ရွက်ခဲ့ ပါကြောင်း၊ WHO မှ Global Emergency မသတ်မှတ်ခင်ကတည်းက ဝန်ကြီးဌာနအဆင့်ဗဟိုကော်မတီကို ကြိုတင်ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း။
ဝူဟန်မြို့တွင် ပိတ်မိနေသည့် ကျောင်းသား ၆၁ ဦးအနက်မှ ၅၉ ဦးအား ဖေဖော်ဝါရီလ ၂ ရက်တွင် ပထမအကြိမ် အထူးလေယာဉ်စေလွှတ်ကာ ကယ်ဆယ်နိုင်ခဲ့ပါကြောင်း၊ ကျန်ရှိသည့် ကျောင်းသား ၂ ဦးကို အိန္ဒိယသံရုံးနှင့်ညှိနှိုင်းကာ နယူးဒေလီ သို့ သွားရောက်သည့် Flight တွင် လိုက်ပါစီးနင်းနိုင်ရန် ဆောင်ရွက်ပေးခဲ့ပြီး နယူးဒေလီတွင် Quarantine ကာလပြည့်မြောက်သည့်အချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူနိုင်ခဲ့ ပါကြောင်း။
ထို့ပြင် ဧပြီလအတွင်း ထိုင်းနိုင်ငံလေဆိပ်တွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသားများကို Cargo Flight ဖြင့် ညှိနှိုင်းစီစဉ်ပြီး ပြန်လည်ခေါ်ယူနိုင်ခဲ့ပါကြောင်း၊ ဧပြီလ ၃၀ ရက် Flight များ ပိတ်လိုက်ပြီးနောက်ပိုင်းတွင် ပြည်ပတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာပြည်တွင်း ပိတ်မိနေသည့် နိုင်ငံခြားသားများရှိပါကြောင်း၊ ဗဟိုကော်မတီအနေဖြင့် ပြည်တွင်းတွင် ပိတ်မိနေသူများအတွက် Cargo Flight နှင့် Relief Flight များ ခွင့်ပြုပေးခဲ့မှုအပေါ် နိုင်ငံတကာမှ ကျေးဇူးတင်ကြပါကြောင်း၊ ပြည်ပတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများသည် အလုပ်အကိုင် မရှိခြင်း၊ အိမ်လခများ မပေးနိုင်ခြင်း၊ စားရေး သောက်ရေး အခက်အခဲရှိခြင်း၊ တချို့မှာ ဗီဇာသက်တမ်း ကုန်ဆုံးခြင်း၊ သင်္ဘောသားများ၊ ပညာသင်ကြားနေသူများ ပြန်လာရန် အခက်အခဲရှိခြင်း၊ အလည်အပတ် သွားရောက်သည့် သူများ ပိတ်မိနေခြင်း စသည့် အခက်အခဲများ စွာနှင့် ကြုံတွေ့နေရပါကြောင်း။
အခက်အခဲရှိသည့် မြန်မာနိုင်ငံသားများအား ဗဟိုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ပြန်လည်ခေါ်ယူနိုင်ရန် ဆုံမှတ်များ သတ်မှတ်ပေးခဲ့ပါကြောင်း၊ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ဆုံရပ်အဖြစ် သတ်မှတ်ပြီး ဆိုးလ်မြို့ရှိ မြန်မာသံရုံးအား Flight ရှိသည့် နေ့ရက်များကို ကြေညာခိုင်းခဲ့ပါကြောင်း၊ ဒုက္ခဖြစ်နေသည့် စာရင်းများပေးခိုင်းပါကြောင်း၊ ထို့ပြင် နိုင်ငံတကာရှိ မြန်မာသံရုံးများ အသီသီးက ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသား များအား စာရင်းပေးနိုင်ရန် ၎င်းတို့ Website များမှတစ်ဆင့် ကြေညာခိုင်းခဲ့ပါကြောင်း၊ စာရင်းများရရှိသည့်အခါ ဗဟိုကော်မတီသို့ တင်ပြပြီး ပြန်လာနိုင်ရန် Relief Flight များအား စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပြည်ပတွင် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများ ပြန်လာလိုပါက တရားဝင်သွားရောက်သည်ဖြစ်စေ၊ တရားမဝင် သွားရောက်သည်ဖြစ်စေ ကူညီပေးရန် ဗဟိုကော်မတီက လမ်းညွှန်ထားပါကြောင်း၊ ထို့ကြောင့် ဆုံရပ်များမှတစ်ဆင့် ပြန်လာနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပါကြောင်း။
တွေ့ကြုံရသည့် အခက်အခဲအနေဖြင့် Flight များ ခွင့်ပြုချက်ရရှိပါက သက်ဆိုင်ရာ သံရုံးများမှတစ်ဆင့် Flight Clearing လုပ်ရပါကြောင်း၊ အထူးသဖြင့် ဩစတြေးလျ၊ အိန္ဒိယနိုင်ငံများသည် Lock Down လုပ်ထားသည့်အတွက် အခက်အခဲ ရှိကြပါကြောင်း၊ ယင်းအချိန်တွင် အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီဖြင့် ပြည်နယ်တစ်ခုနှင့်တစ်ခု ဖြတ်သန်း သွားလာနိုင်ရန် ခွင့်ပြုချက်များရရှိအောင် ညှိနှိုင်းရပါကြောင်း၊ ကားငှားရာတွင်လည်း အခက်အခဲရှိပြီး သံရုံးများနှင့်လည်း ညှိနှိုင်းဆောင်ရွက်ရသည့် စိန်ခေါ်မှုများ ရှိပါကြောင်း၊ ဩစတြေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံများမှ ပြန်လာမည့်သူများအတွက်လည်း MAI နှင့် ချိတ်ဆက်ညှိနှိုင်းကာ အဆင်ပြေအောင်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ထိုင်း၊ တောင်ကိုရီးယား၊ စင်္ကာပူ၊ အိန္ဒိယ၊ ဩစတြေးလျ၊ မလေးရှား၊ ဗြိတိန်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ ယူအေအီး၊ ပြင်သစ်၊ ဂျာမနီ၊ တရုတ်တိုင်ပေ၊ တရုတ် စသည့် နိုင်ငံ/ဒေသများသို့ Relief Flight အကြိမ်ရေစုစုပေါင်း ၅၆ ကြိမ် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံသား ၈၀၀၀ ကျော်အား ခေါ်ဆောင် နိုင်ခဲ့ပါကြောင်း၊ လာမည့် ဩဂုတ်လတွင် Relief Flight ၁၃ ကြိမ်ခန့်ဖြင့် ပြည်သူ ၁၈၀၀ ခန့်အား ပြန်လည်ခေါ်ဆောင်ရန် ညှိနှိုင်းနေပါကြောင်း။
နိုင်ငံအများစုမှာ ပြန်လည်ခေါ်ယူမည့် မြန်မာနိုင်ငံသားများ မရှိသလောက် နည်းပါး သွားပြီဖြစ်ပါကြောင်း၊ သို့သော် မလေးရှားနိုင်ငံသို့ Relief Flight များစီစဉ် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ Flight များစီစဉ်ရာတွင် မိမိတို့နိုင်ငံတွင် ရောဂါ ကူးစက်နိုင်မှု အနေအထား၊ Quarantine ထားရှိရန် နေရာလုံလောက်မှု ရှိ/မရှိ စသည့် အချက်များကို ထည့်သွင်းစဉ်းစားရပါကြောင်း၊ ယခုလောလောဆယ် ဗဟိုကော်မတီမှ မူချမှတ်ထားသည်မှာ တစ်ပတ်လျှင် လူဦးရေ ၇၀၀ ထက်မပို ခေါ်ယူရန်ဖြစ်ပါကြောင်း၊ ယခုအခါ နယ်စပ်များမှ ရာထောင်ချီကာ ပြန်ဝင်ရောက်သူများ ရှိသည့်အတွက် လုံလုံလောက်လောက် Quarantine ထားပေးနိုင်သည့် အခြေအနေ အပေါ်မူတည်ပြီး စီစဉ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ခေါ်ဆောင်နိုင်ရန် ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း။
စိန်ခေါ်မှုများကြားမှ ကောင်းသည့်အချက်မှာ နိုင်ငံတကာမှ မြန်မာသံရုံးများအား ဒုက္ခရောက်လာချိန်တွင် ကူညီအားထားလိုသည့် စိတ်များပြားလာသည်ကို တွေ့ရှိရပါ ကြောင်း၊ မြန်မာနိုင်ငံသားများအနေဖြင့် ဒုက္ခရောက်နေချိန်တွင် သံရုံးများကို အားကိုး အားထားပြုလာသည်မှာ စိန်ခေါ်မှုများထဲမှ တွေ့ရှိရသည့် အခွင့်အလမ်းတစ်ခုဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံတွင် ဆေးကုသမှုစနစ်၊ Quarantine စနစ်တို့ ကောင်းမွန်မှုကြောင့် တစ်ခုခုဖြစ်လျှင် မြန်မာနိုင်ငံသို့ ပြန်လာခြင်းသည် ပို၍လုံခြုံမှုရှိသည် ဆိုသည့်အတွေးဖြင့် ပြန်လာကြသည့် လူများရှိသည်ဟု သံရုံးများက တစ်ဆင့်ကြားသိရပါကြောင်း၊ ယင်းမှာ မိမိတို့နိုင်ငံ၏ COVID ထိန်းချုပ်မှုအပိုင်းတွင် အကောင်းမွန်ဆုံး လုပ်ဆောင်နိုင်သည့် အပေါင်းလက္ခဏာအနေဖြင့် ဂုဏ်ယူမိပါကြောင်း ဆွေးနွေးတင်ပြသည်။
ယင်းနောက် အိန္ဒိယနိုင်ငံမှ ပြန်လာသူ မအေးအေးအောင်က မိမိအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၀ ရက်တွင် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့၌ ယောဂပညာ သွားရောက် သင်ကြားခဲ့ပါကြောင်း၊ မတ်လ ၂၄ ရက်တွင် မွန်ဘိုင်းမြို့၌ First Lock Down စတင်ခဲ့ ပါကြောင်း၊ First Lock Down ချခဲ့သော်လည်း အိန္ဒိယအစိုးရအနေဖြင့် Rule and Regulations များကို သေချာစွာ မချမှတ်နိုင်သည့် အချိန်ဖြစ်သည့်အတွက် ကောလာဟလများ ဖြစ်ပေါ်ပြီး Panic-buying များ လုပ်ဆောင်ခဲ့ကြပါကြောင်း၊ အပြင်သို့ ထွက်၍ ရ၊ မရကို သေချာစွာ Rule and Regulations ပေးထားခြင်း မရှိသည့်အတွက် လူအားလုံးသည် အိမ်၌သာ နေထိုင်ခဲ့ပါကြောင်း၊ စားသောက်ကုန်များကိုလည်း အပြင်၌ မရောင်းချကြပါကြောင်း၊ တစ်ပတ်နှစ်ပတ်ခန့်အထိ များစွာ အခက်အခဲရှိခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် အိန္ဒိယအစိုးရအနေဖြင့် Rule and Regulations အပြီးသတ် ထုတ်ပြန်ခဲ့ပြီး စီးပွားရေးသမားများကိုလည်း Special Permit အဖြစ် စားကုန်သောက်ကုန်များ ရောင်းချရန် အတွက် ဆိုင်များကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အချိန်ကန့်သတ်၍ ဖွင့်လှစ်ခွင့် ပေးခဲ့ပါကြောင်း။
Lock Down ကာလတွင် အိမ်ရာ၌ နေထိုင်ခြင်း မရှိသူများကို ဝင်ခွင့်မပေးတော့ ပါကြောင်း၊ မွန်ဘိုင်းမြို့၌ သွားလာလှုပ်ရှားမှုများလည်း ရပ်ဆိုင်းခဲ့ပါကြောင်း၊ မွန်ဘိုင်းမြို့၌ အိန္ဒိယတစ်နိုင်ငံလုံး၏ Migrant Worker အများစု၏ အလုပ်အကိုင်များ ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကိစ္စနှင့်ပတ်သက်၍ လူဦးရေသိန်းနှင့်ချီ၍ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့ကြရပါကြောင်း၊ အိမ်ငှားခ မပေးနိုင်သည့်အတွက် အိမ်ပိုင်ရှင်များက နေထိုင်ခွင့်မပေးခြင်းများ တွေ့မြင်ခဲ့ရပါကြောင်း၊ Migrant Worker အများစုသည် အိန္ဒိယ ပြည်တွင်းမှဖြစ်ပါကြောင်း၊ ၎င်းတို့၏ နေရပ်များသို့ ပြန်နိုင်ရန် အစီအစဉ်များ ဆောင်ရွက် ပေးခြင်း မရှိသည့်အတွက် မပြန်နိုင်ဘဲ မွန်ဘိုင်းမြို့၌ အိမ်လခမပေးနိုင်သဖြင့် နေထိုင်ရန် နေရာလည်း မရှိကြပါကြောင်း။
First Lock Down ကတည်းကပင် မွန်ဘိုင်းမြို့သည် အိန္ဒိယတစ်နိုင်ငံလုံးတွင် ကိုဗစ် ရောဂါပိုးတွေ့ရှိသူ ဒုတိယအများဆုံး ဖြစ်ပါကြောင်း၊ အစိုးရဆေးရုံတွင် ခုတင် မလုံလောက်သည့်အတွက် သေချာစွာထားရှိခြင်း မရှိသည်ကို သတင်းကြားခဲ့ရပါကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် ပုဂ္ဂလိကဆေးရုံများတွင် ဆေးကုသမှုခံယူနိုင်ကြောင်းကို ထုတ်ပြန်ခဲ့ပါကြောင်း၊ လူနာများက ပုဂ္ဂလိကဆေးရုံများသို့ သွားရောက်ကုသရာတွင် ဈေးနှုန်းမှာ ယခင်ထက် ဆယ်ဆခန့်ပို၍ ပေးဆောင်ရသည့်အတွက် ကုန်ကျစရိတ် မပေးနိုင် သူများလည်း ရှိခဲ့ပါကြောင်း၊ ကုန်ကျစရိတ် မပေးနိုင်သည့်အတွက် စိတ်ထိခိုက်ပြီး မိမိကိုယ်ကို သတ်သေမှုများရှိခဲ့ပါကြောင်း၊ ရောဂါဖြစ်ပွားနေသော်လည်း စိတ်ကျန်းမာရေးနှင့် ပတ်သက်ပြီး အလေးထားဆောင်ရွက်ခြင်း မရှိသည့်အတွက် ဆေးရုံများ၌ မိမိကိုယ်ကို သတ်သေမှုများလည်း ရှိသည်ကို သတင်းများတွင် ကြားသိခဲ့ရပါကြောင်း။
မွန်ဘိုင်းမြို့၌ First Lock Down အပြီးတွင် လူနာများ ပိုမိုများပြားလာသည့်အတွက် Second Lock Down ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်း၊ Second Lock Down တွင် Social Distancing ကို တိတိကျကျ လိုက်နာခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ Lock Down ကာလတွင် မီတာခများလည်း အဆ(၂၀) အထိ ဈေးနှုန်းတက်ခဲ့ပါကြောင်း၊ စားသောက် ကုန်များအနေဖြင့်လည်း အစိုးရက ဈေးနှုန်းသတ်မှတ်ထားသော်လည်း နှစ်ဆ၊ သုံးဆ ဈေးတင်၍ ရောင်းချကြပါကြောင်း။
မိမိအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရသည့်အတွက် မြန်မာနိုင်ငံသံရုံးသို့ ဆက်သွယ်ခဲ့ပြီး Relief Flight အတွက် စာရင်းပေးထားခဲ့ပါကြောင်း၊ နိုင်ငံတော်မှ စီစဉ် ပေးထားသည့် Relief Flight များသည် အခြားမြို့များတွင်ရှိပြီး ယင်းမြို့များသည် မွန်ဘိုင်းမြို့မှ ကီလိုမီတာထောင်ကျော်ဝေးကွာသည့်အတွက် သွားရောက်ရန် အခက်အခဲ ရှိခဲ့ပါကြောင်း၊ မေလ ၂၉ ရက်တွင် အိန္ဒိယနိုင်ငံရှိ မြန်မာနိုင်ငံသားများကို ပြန်လည် ခေါ်ဆောင်ရန် မွန်ဘိုင်းမှ တိုက်ရိုက်ပျံသန်းမည့် အထူးလေယာဉ် စီစဉ်နေသည်ဟု ကြားသိခဲ့ရပါကြောင်း၊ သတင်းကြားသိရသည့်အတွက် မွန်ဘိုင်းမှ ရန်ကုန်သို့ တိုက်ရိုက် သွားရောက်မည့် လေယာဉ်တွင် လိုက်ပါခွင့်ရရန် မြန်မာသံရုံးသို့ အကြောင်းကြားခဲ့ ပါကြောင်း၊ မြန်မာသံရုံးအနေဖြင့် Relief Flight အတွက် တာဝန်ယူဆောင်ရွက်နေသည့် ဝန်ထမ်းနှစ်ဦးသာရှိသည့်အတွက် သေသေချာချာ မလုပ်ပေးနိုင်သေးသည်ကို ပြောကြားခဲ့ ပါကြောင်း၊ Relief Flight ရှိသည့် ချန်နိုင်းမြို့သို့ သွားရောက်ရန် တိုက်တွန်းပါကြောင်း၊ မေလ ၂၈ ရက်တွင် မြန်မာသံရုံးက အထူးလေယာဉ်တွင် လိုက်ပါနိုင်ရန် ဆောင်ရွက် ပေးထား သည်ကို အကြောင်းကြားခဲ့ပြီး လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသို့ ချောချောမွေ့မွေ့ ရောက်ရှိခဲ့သည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း။
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါ Hotel Quarantine ဝင်ရောက်ခဲ့ ပါကြောင်း၊ နောက်တစ်ရက်တွင် ကိုရိုနာစမ်းသပ်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည့်အတွက် ဆေးရုံသို့ ချက်ချင်းသွားရောက်ခဲ့ရပါကြောင်း၊ ဆေးရုံသို့ ရောက်သည့်အခါ မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ များစွာတိုးတက် သွားသည်ကို ကိုယ်တိုင်တွေ့မြင်ခဲ့ရပါကြောင်း၊ တစ်ယောက်ခန်း၊ နှစ်ယောက် ခန်း၊ Air Corn၊ အဝတ်လျှော်စက်များ ထားပေးသည်ကို တွေ့ရပါကြောင်း၊ မိမိအနေဖြင့် လူနာများ တစ်ယောက်နှင့်တစ်ယောက် မထိတွေ့ရေးနှင့် ရောဂါကူးစက်မှုများမရှိစေရေး ပစ္စည်းများ၊ ထမင်းများ ပို့နိုင်ရန် Remote Control ဖြင့် Trolley များ ဆောင်ရွက်ထားသည်ကို သဘောကျပါကြောင်း၊ ဆေးရုံတွင် (၁၄)ရက် တက်ရောက်ပြီးနောက် ထပ်မံစစ်ဆေးရာတွင် ရောဂါပိုးမတွေ့ရှိရသည့်အတွက် ဖောင်ကြီးတွင် Quarantine (၁၄)ရက် ထပ်မံထားခဲ့ ပါကြောင်း ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ဩစတြေးလျနိုင်ငံမှ ပြန်လာသူ မသန္တာအောင်စိုးက တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ မဖြစ်ခင်အချိန် ၃ လ ခန့်ကတည်းက မိမိ၏ ဩစတြေးလျ အလည်အပတ် ခရီးစဉ်ကို ကြိုတင်စီစဉ်ခဲ့ပါကြောင်း၊ ယင်းခရီးစဉ်ကို မတ်လ ၉ ရက်တွင် စတင်ခဲ့ပါကြောင်း၊ ယင်းအချိန်တွင် ကိုဗစ်-၁၉ Case များ ကမ္ဘာတစ်ဝန်းတွင် စတင် ဖြစ်ပွားနေပြီဖြစ်ပါကြောင်း၊ ဩစတြေးလျနိုင်ငံအတွင်း Sydney မြို့ ပတ်ဝန်းကျင်ကို စတင်သွားရောက်ခဲ့ပါကြောင်း၊ ယင်းမြို့ပတ်ဝန်းကျင်တွင် Social Distancing ပြုလုပ်ခြင်းနှင့် Mask များကိုလည်း မသုံးကြသေးပါကြောင်း၊ ပထမတစ်ပတ်ကို ကောင်းကောင်း လည်ပတ်ခဲ့ပါကြောင်း။
မတ်လ ၁၁ ရက်တွင် WHO က ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့ပါကြောင်း၊ ကြေညာပြီးနောက်ပိုင်း ကမ္ဘာတစ်ဝန်းနှင့် ဩစတြေးလျနိုင်ငံတွင် Case များ တစ်နေ့ထက် တစ်နေ့ ထောင်နှင့်ချီပြီး များလာပါကြောင်း၊ ထိုသို့ ဖြစ်လာအချိန်တွင် ဩစတြေးလျ နိုင်ငံသည် မတ်လ ၂၃ ရက်တွင် Lock Down ချမှတ်လိုက်ပါကြောင်း၊ မိမိ ပြန်မည့်နေ့ရက်နှင့် တိုက်ဆိုင်သွားပါကြောင်း၊ လေကြောင်းလိုင်းက ခရီးစဉ် လုံးဝဖျက်သိမ်းခဲ့ကြောင်းကို အကြောင်းကြားလာပါကြောင်း။
ခရီးသွားဗီဇာဖြစ်သည့်အတွက် ဗီဇာ ၃ လသာရပါကြောင်း၊ ထို့ကြောင့် အချိန်မီ ပြန်လာနိုင်ရန် တစ်ခြားလေကြောင်းလိုင်းများ ရှာသည့်အခါ တစ်ခြားနိုင်ငံများသည်လည်း Lock Down ချလိုက်သည့် အနေအထားမျိုးရှိပါကြောင်း၊ ဩစတြေးလျနှင့် မြန်မာနိုင်ငံ တိုက်ရိုက်လေကြောင်းလိုင်း မရှိသည့်အတွက် Transit နိုင်ငံတစ်ခုခု လိုအပ်ပါကြောင်း၊ မိမိတို့ကို လက်ခံပေးမည့် Transit နိုင်ငံကလည်း လုံးဝမရှိပါကြောင်း။
ဩစတြေးလျနိုင်ငံတွင် လိုအပ်သည့် အစားအအသောက် ဝယ်ယူရန်မှလွဲ၍ တစ်ဦးထက်မပိုသည့် အပြင်ထွက်ခွင့်သာ ပေးထားပါကြောင်း၊ ကလေးကစားကွင်းကဲ့သို့ နေရာကအစ ပိတ်ထားပါကြောင်း၊ လူစုလူဝေး မလုပ်ရပါကြောင်း၊ ၎င်းတို့၏ စည်းမျဉ်း စည်းကမ်းများကို လိုက်နာရပါကြောင်း၊ မလိုက်နာသူများအတွက် ဒဏ်ကြေးများစွာ သတ်မှတ်ထားပါကြောင်း၊ နေခဲ့သည့်ကာလတစ်လျှောက် ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာခဲ့ပါကြောင်း၊ လူငယ်များ ရောဂါကူးစက်ခံရပါက အစိုးရက ဆေးရုံမတက်ခိုင်းဘဲ အိမ်တွင် နားနားနေနေ နေခိုင်းပါကြောင်း၊ ရောဂါလက္ခဏာ ပြင်းလာပါက ဆေးရုံသို့လာရန် ညွှန်ကြားပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် CERP ကဲ့သို့ အစီအစဉ်များ ဩစတြေးလျနိုင်ငံတွင်လည်း ရှိပါကြောင်း၊ ယင်း Plan တွင် နိုင်ငံသားများကို ထောက်ပံ့ပေးသည့် အစီအစဉ်များ ပါပါကြောင်း၊ ငွေကြေးလိုအပ်ချက် ရှိသူများကို ငွေကြေးထောက်ပံ့ပေးပါကြောင်း၊ ဆေးရုံနှင့် ဆေးခန်းများတွင် ရောဂါလက္ခဏာ ရာခိုင်နှုန်းပြည့် ရှိသူများကို ဦးစားပေး လက်ခံပါကြောင်း၊ ရောဂါ လက္ခဏာ ပြင်းထန်မှသာ ဆေးရုံတင်သည့် အနေအထားဖြစ်ပါကြောင်း။
လေကြောင်းလိုင်းများ ပိတ်လိုက်သည့်အတွက် Canberra ရှိ မြန်မာသံရုံးကို ဖုန်းဖြင့် ဆက်သွယ်ခဲ့ပါကြောင်း၊ ဆက်သွယ်ရာတွင် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးသည့် အတွက် များစွာအားတက်ရပါကြောင်း၊ လက်ရှိ ဖြစ်ပျက်နေသည့် အခြေအနေ၊ မြန်မာနိုင်ငံသို့ ပြန်နိုင်ရေး စီစဉ်နေသည့် အခြေအနေများနှင့် လိုအပ်ချက်များရှိပါက ဆက်သွယ်နိုင်ရန် ရှင်းပြပေးပြီး မိမိတို့၏ အချက်အလက်များကို တောင်းခံပါကြောင်း။
Relief Flight ဖြင့် ပြန်လာသည့်အခါတွင်လည်း အဆင်ပြေပါကြောင်း၊ သံရုံးက လေယာဉ်ပေါ်တက်သည့် အချိန်အထိ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးပါကြောင်း၊ လေယာဉ်ကွင်း၌ ရောဂါကာကွယ်ရေးအတွက် ပြင်ဆင်ထားရှိမှုကို နှိုင်းယှဉ်ပါက မြန်မာနိုင်ငံက ပိုမိုအားသာသည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံသို့ ရောက်ရှိပြီး လေယာဉ်ကွင်းမှ Quarantine ဝင်ရောက်မည့် ဓမ္မာမာမကကျောင်းတိုက်သို့ သွားသည့် ကားပေါ်တွင်လည်း Social Distancing ဆောင်ရွက်ထားသည်ကို တွေ့ရပါကြောင်း၊ ယင်းကျောင်းတိုက်တွင် ရေ၊ မီး၊ အိပ်ယာခင်း၊ စောင်၊ ခေါင်းအုံး အပြည့်အစုံထားရှိပြီး အစားအသောက်ကိုလည်း အချိန်မှန် လာရောက်ပို့ဆောင်ပေးပါကြောင်း၊ ကျောင်းတိုက်သို့ ရောက်ရှိပြီး သုံးရက်မြောက်နေ့တွင် ဆေးစစ်ချက်ယူပါကြောင်း၊ ရောဂါပိုး မတွေ့ရှိကြောင်း ကိုလည်း Quarantine စင်တာမှာ ကြီးကြပ်သူများက လာရောက် ပြောကြားပါကြောင်း၊ နှစ်ပတ်လောက်အကြာတွင် ထပ်မံစစ်ဆေးပြီး ရောဂါပိုးမတွေ့ရှိကြောင်းကို အကြောင်း ကြားပါကြောင်း၊ မိမိ Quarantine ဝင်ရောက်ခဲ့သည့် စင်တာသည် အမျိုးသမီးများအတွက် လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်သည်ကို တွေ့ရပါကြောင်း၊ မိမိစဉ်းစားမိသည်မှာ အမျိုးသမီးများအတွက်သာမက ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ မသန်စွမ်းများ၊ ထိခိုက်လွယ်သူများနှင့် Gender ပိုင်းအရ ခံယူချက် မတူသူများအတွက် အဆင်ပြေမည့် နေရာထိုင်ခင်းမျိုးဖြစ်စေမည်ဆိုလျှင် များစွာကောင်းမွန်မည်ဟု တွေးမိပါကြောင်း၊ ကျန်းမာရေးမကောင်းသည့် အဘိုးအဘွားများအား ဆေးရုံတွင် ထားခြင်းမျိုးကို ဆောင်ရွက် စေလိုပါကြောင်း၊ အမျိုးသမီးများ၊ မသန်စွမ်းများနှင့် Gender ပိုင်းအရ ခံယူချက် မတူသူများ အတွက် နေရာသီးသန့်ထားပေးသည့် သန့်စင်ခန်းများထားပေးပါက ပိုမိုကောင်းမွန်မည်ဟု ထင်မြင်ပါကြောင်း ဆွေးနွေးတင်ပြသည်။
ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သံရုံး ဆိုသည်မှာ နိုင်ငံခြားတွင် ရောက်ရှိနေသည့် မိမိတို့ နိုင်ငံသူ၊ နိုင်ငံသားများ၏ အားကိုးစရာ ဖြစ်ရမည်ဖြစ်ကြောင်း၊ အမှန်တကယ်အရေးကြုံပါက မိမိတို့၏ သံရုံးများသို့သွားရောက်ကာ အကူအညီတောင်း၍ ရယူနိုင်သည်ဆိုသည့် ယုံကြည်မှုကို ပြည်သူများကြားတွင် ရှိစေလိုပါကြောင်း။
မလေးရှားနိုင်ငံတွင်လည်း မိမိတို့နိုင်ငံသား များစွာရောက်ရှိနေပါကြောင်း၊ အချို့မှာ နိုင်ငံသားနှင့်ပတ်သက်ပြီး သက်သေအထောက်အထား မခိုင်လုံသည့်အတွက် ပြန်စိစစ် ရပါကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်ပြီး စောင့်ရှောက်မှုရှိခဲ့သည့် အခြေအနေ၊ နေထိုင် ခဲ့ရသည့် စည်းမျဉ်းစည်းကမ်းများနှင့် ရောဂါရှိသူများ ပါလာနိုင်သည့် အခြေအနေတို့ကို ကြည့်ရပါကြောင်း၊ ရောဂါရှိပြီဆိုပါက မိမိတို့နိုင်ငံတွင် ဆေးရုံသို့ပို့ပါကြောင်း၊ ထိုသို့ နိုင်ငံတိုင်းတွင် မလုပ်ပါကြောင်း၊ တစ်ချို့ချမ်းသာသည့် နိုင်ငံကြီးများတွင် ရောဂါပိုး တွေ့ရှိပါက ဆေးရုံသို့မခေါ်ဘဲ အိမ်မှာသာနေခိုင်းပါကြောင်း၊ အခြေအနေဆိုးလာမှသာ ဆေးရုံသို့ဆက်သွယ်ခိုင်းပါကြောင်း။
မိမိတို့နိုင်ငံတွင် Quarantine ထားပြီး ရောဂါတွေ့ရှိလျှင် ဆေးရုံသို့ ပို့ပါကြောင်း၊ ဆေးရုံတွင်လည်း ဆေးဝါးပစ္စည်း လုံလုံလောက်လောက်နှင့် ဝန်ထမ်းများရှိရန် လိုအပ်ပါ ကြောင်း၊ ထို့ကြောင့် အစုလိုက်၊ အပြုံလိုက် သွင်း၍ မရခြင်းဖြစ်ပါကြောင်း၊ Quarantine နေရာရှိရန်နှင့် တွက်ချက်ထားသည့် ရာခိုင်နှုန်းအရ ရောဂါပိုးပါလာသည့် သူများအတွက် ဆေးရုံများလည်း အဆင်သင့်ဖြစ်ရန် လုပ်ရပါကြောင်း။
COVID-19 ရောဂါတွေ့ရှိပါက ဆေးရုံသို့ ချက်ချင်းခေါ်ယူ ကုသစောင့်ရှောက်မှု ပေးနေ ပါကြောင်း၊ တစ်ခြားရောဂါများရှိနေလျှင် ယင်းရောဂါ၏ လိုအပ်ချက်အရ ဆေးရုံသို့ တင်ပါကြောင်း၊ ရောဂါမရှိဘဲ အသက်ကြီးသည့်အတွက် ဆေးရုံတွင် ခေါ်ယူစောင့်ရှောက် ပေးရန်သက်သက်ဆိုလျှင် ဆေးရုံများတွင် ယင်းကိစ္စအတွက် ဆောင်ရွက်ပေးရန် အင်မတန် ခက်ပါကြောင်း၊ ရောဂါရှိသူများတွက် ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက် ပေးနိုင်အောင် ယခုဆောင်ရွက်နေပါကြောင်း၊ ရောဂါရှိသည့်အတွက် ဆေးရုံသို့ ရောက်လာပြီ ဆိုလျှင် အသက်ကြီးခြင်း၊ ငယ်ခြင်း မခွဲခြားဘဲ အားလုံးကို စောင့်ရှောက်မှုပေးနေပါကြောင်း၊ များသောအားဖြင့် ကလေးငယ်များသည် မိဘများထံမှ ကူးစက်ခြင်းဖြစ်ပါကြောင်း၊ ကူးစက်ခံရသည့် ကလေးငယ်များသည် မိဘ၊ အစ်ကို၊ အစ်မ လူကြီးများနှင့်အတူ ဆေးရုံသို့ အတူရောက်ရှိလာခြင်းဖြစ်ပါကြောင်း၊ ကလေးငယ်များအနေဖြင့် အတိုင်းအတာ တစ်ခုအထိသာ အထီးကျန်ပါကြောင်း၊ မသန်စွမ်းများ၊ Gender များနှင့်ပတ်သက်ပြီး Issue ရှိသည့် ပုဂ္ဂိုလ်များအား သေချာဂရုစိုက်ရန် ပြောကြားပေးမည်ဖြစ်ပါကြောင်း၊ အထိခိုက် အလွယ်ဆုံးသူများကို အထူးဂရုစိုက်ပေးရန်ဆိုသည့် မူဝါဒဖြင့် ဆောင်ရွက်နေပါကြောင်း ပြန်လည်သုံးသပ် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် COVID ကော်မတီကို ဇန်နဝါရီလကုန်ခန့်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဖေဖော်ဝါရီလ အစောပိုင်းတွင် စတင်လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ စောစောစီးစီး စီစဉ်ဆောင်ရွက် ခဲ့သည့်အတွက် ယခုလောက်အထိ ခရီးရောက်သည်ဟုထင်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဆိုလျှင် ဇန်နဝါရီ ၄ ရက်ကတည်းက အစီအစဉ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည့်အတွက် အင်မတန်မှစောပါကြောင်း၊ တစ်ခြားနိုင်ငံများတွင် COVID ကို ပေါ့ပေါ့သာ စဉ်းစားနေသည့် အချိန်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အစီအစဉ်များ စောစောချမှတ်ခဲ့သည့်အတွက် WHO က ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာ လိုက်သည့်အခါအတွင် မြန်မာနိုင်ငံတွင် COVID နှင့်ပတ်သက်ပြီး ခြေလှမ်းများ လှမ်းနေ သည်မှာ ၂ လကျော်ရှိပြီ ဖြစ်ပါကြောင်း၊ COVID နှင့်ပတ်သက်ပြီး လုပ်ဆောင်ရာတွင် ကျန်းမာရေးနှင့်အတူ စီးပွားရေးကိုပါ တစ်ခါတည်း ကြည့်ရှုဆောင်ရွက်ပါကြောင်း။
COVID ဖြစ်ပြီဆိုလျှင် စီးပွားရေးအကျိုးဆက်များ များစွာရှိမည်ဖြစ်ပြီး ယင်း လုပ်ငန်းစဉ်များအတွက်လည်း ကြိုတင်ပြင်ဆင်ထားကြရန်နှင့် အတတ်နိုင်ဆုံး ပြည်သူများ မနစ်နာ၊ မထိခိုက်ရအောင် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ အလုပ်လက်မဲ့ ဖြစ်သွားသူများအတွက်လည်း တတ်နိုင်သမျှ အထိအခိုက်နည်းရန်နှင့် အလုပ်များ မြန်မြန် ပြန်လုပ်နိုင်ရန်အတွက် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးကဏ္ဍနှင့်သက်ဆိုင်သည့် စီမံကိန်း များကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ဖေဖော်ဝါရီလကတည်းက စတင်ပြီး စီစဉ်ခဲ့ပါကြောင်း။
အားလုံးခြုံငုံလိုက်လျှင် ပြည်သူ၏ ပူးပေါင်းဆောင်ရွက်မှုသည် အဓိကကြပါကြောင်း၊ ထို့ကြောင့် “ပြည်သူသာလျှင် အဓိက” ဟု တစ်ချိန်လုံးပြောနေခြင်းဖြစ်ပါကြောင်း၊ ပြည်သူများက စည်းကမ်းမလိုက်နာလျှင် မည်မျှကောင်းသည့် စည်းကမ်းများ ထုတ်ထုတ် အဟောသိကံ ဖြစ်ကုန်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာနကို ကျေးဇူးတင်သောအားဖြင့် စည်းကမ်းများကို လိုက်နာကြစေလိုပါကြောင်း၊ ယခု COVID ကိစ္စသည် မပြီးသေးပါကြောင်း၊ မည်သည့်အချိန်တွင် ပြီးသွားမည်ဟု ပြောရန် ခက်ခဲ ပါကြောင်း၊ ကာကွယ်ဆေးများကို ယခုစတင် စမ်းသပ်နေပြီဟု သိရပါကြောင်း၊ စမ်းသပ် အောင်မြင်မှု မည်မျှ မြန်မည်ဟုမသိပါကြောင်း၊ ပုံမှန်အားဖြင့် ကာကွယ်ဆေး အသစ်တစ်ခုကို စမ်းသပ်ပြီဆိုလျှင် နှစ်နှစ်ခန့်အချိန်ယူရပါကြောင်း၊ ယခု COVID သည် အရေးပေါ်ကိစ္စ ဖြစ်နေသည့်အတွက် ရေတိုကာလအတွင်း စမ်းသပ်နေပါကြောင်း၊ ရေတိုကာလအတွင်း စမ်းသပ်မည်ဆိုပါက သူ့အန္တရာယ်နှင့်သူ ရှိနိုင်ပါကြောင်း၊ သေသေချာချာ အန္တရာယ်ကင်းလား ဆိုသည်ကို စောင့်ကြည့်ရန် အချိန်သည် လုံလောက်ချင်မှ လုံလောက်မည်ဖြစ်ပါကြောင်း၊ မလုံလောက်ဘူးဆိုလျှင် ဆိုးကျိုးများ ရှိနိုင်ပါကြောင်း၊
ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများထဲတွင် ပြန်လာကြလို သူများ များစွာရှိသေးပါကြောင်း၊ ယမန်နေ့က ထိုင်းနိုင်ငံမှ ပြန်လာသူဦးရေ ၅၀၀ ကျော်နှင့် တရုတ်နိုင်ငံမှ ပြန်လာသူ ၁၃၀ ကျော် ရှိပါကြောင်း၊ ပြန်လာသူဦးရေ ကျလာပြီဖြစ်ပါကြောင်း၊ ယခင် နှစ်ပတ်၊ သုံးပတ်ကဆိုလျှင် နေ့စဉ် ထောင်ကျော် ပြန်လာကြပါကြောင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်မှု မည်သည့်အချိန်တွင် ရပ်သွားမည်ကို ပြော၍ မရပါကြောင်း၊ အနည်းငယ် ပုံမှန်ဝင်ရောက်နေမည်ဖြစ်ပါကြောင်း၊ အနည်းငယ် ဝင်ရောက်လျှင် ကိုင်တွယ်၍ရပါကြောင်း၊ အားလုံးကို Quarantine ထည့်ရမည် ဖြစ်ပါကြောင်း၊ ကုသရန် လိုအပ်သူများကို ကုသမှုပေးရမည်ဖြစ်ပါကြောင်း၊ ကိုယ်တိုင် အတွေ့အကြုံရှိခဲ့သူများကလည်း တတ်နိုင်သမျှ ကူညီပေးစေလိုပါကြောင်း၊ အဓိကမှာ မပေါ့ကြရန်နှင့် စည်းမျဉ်းစည်းကမ်းကို လိုက်နာကြရန် အားလုံးကို သတိပေးရန် လိုအပ် ပါကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ပြီး COVID ရောဂါ မပြန့်ပွားအောင် ထိန်းသိမ်းရပါကြောင်း၊ ရောဂါပြန့်ပွားပြီးမှ ပြန်လည်ကုသရခြင်းသည် ပို၍ခက်ခဲပြီး အကုန်အကျလည်း ပိုမိုများပါကြောင်း၊ တစ်ခါ ရောဂါကူးစက်ခံရသူသည် နောက်တစ်ကြိမ် ကူးစက်မှု မခံရနိုင်ဘူးဆိုသည့် အာမခံချက် မရှိပါကြောင်း၊ ယခုအချိန်အထိ သိရှိထားသည်မှာ ပြန်လည်ကူးစက်မှု ခံရနိုင်ပါကြောင်း၊ ယင်းကို သတိထားစေလိုပါကြောင်း၊ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ကျန်းမာကြပါစေကြောင်းနှင့် COVID ကို အမြန်ဆုံး အနိုင်ယူနိုင်ကြပါစေကြောင်း ပြောကြားသည်။
(နိုင်ငံတော်သမ္မတအိမ်တော်တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ကပ်ရောဂါကာလတွင် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ယူခြင်းနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင်၊ အိန္ဒိယနိုင်ငံမှ ပြန်လာသူ မအေးအေးအောင်၊ ဩစတြေးလျနိုင်ငံမှ ပြန်လာသူ မသန္တာအောင်စိုးတို့နှင့် တွေ့ဆုံ၍ အပြန်အလှန် ဆွေးနွေးခဲ့မှု အပြည့်အစုံကို ယနေ့ ညနေ (၆) နာရီနှင့် ညနေ (၈) နာရီသတင်းအပြီးတို့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)၌ ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါကြောင်း ကြိုတင် အစီရင်ခံ တင်ပြအပ်ပါသည်။)
(Unicode Version)
——————————————————————————————————————————
Coronavirus Disease 2019 (COVID-19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီဥကၠ႒၊
ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ COVID-19 ကပ္ေရာဂါ ကာလတြင္ ႏိုင္ငံတကာေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ျပန္လည္ေခၚယူျခင္းႏွင့္စပ္လ်ဥ္း၍ အျပန္အလွန္ေဆြးေႏြး
ေနျပည္ေတာ္ ဇူလိုင္ ၁၄
Coronavirus Disease 2019(COVID-19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီဥကၠ႒၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္သည္ COVID-19 ကပ္ေရာဂါကာလတြင္ ႏိုင္ငံတကာေရာက္ ျမန္မာႏိုင္ငံသား မ်ားအား ျပန္လည္ေခၚယူျခင္းႏွင့္စပ္လ်ဥ္း၍ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးဦးေက်ာ္တင္၊ အိႏၵိယႏိုင္ငံမွ ျပန္လာသူ မေအးေအးေအာင္၊ ဩစေၾတးလ်ႏိုင္ငံမွ ျပန္လာသူ မသႏၲာေအာင္စိုးတို႔ႏွင့္ ယေန႔ နံနက္ ၁ဝ နာရီတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္သမၼတအိမ္ေတာ္ အစည္းအေဝးခန္းမ၌ Video Conferencing စနစ္ျဖင့္ ခ်ိတ္ဆက္ေတြ႕ဆုံၿပီး လက္ေတြ႕အေျခအေနမ်ားကို အျပန္အလွန္ ေဆြးေႏြးသည္။
ေရွးဦးစြာ Coronavirus Disease 2019 (COVID-19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီဥကၠ႒၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က ယေန႔တြင္ ႏိုင္ငံျခားမွ ျပန္ေရာက္လာသည့္ ျမန္မာႏိုင္ငံသားမ်ားကိစၥ၊ အထူးသျဖင့္ ကိုဗစ္ႏွင့္ ဆက္ႏြယ္ၿပီး Quarantine ဝင္ရသည့္ကိစၥမ်ားႏွင့္စပ္လ်ဥ္း၍ ေဆြးေႏြးသြားမည္ ျဖစ္ပါေၾကာင္း၊ ျမန္မာႏိုင္ငံသားမ်ား ေရာက္ရွိေနသည့္ ႏိုင္ငံမ်ားစြာရွိသည့္အတြက္ ႏိုင္ငံအသီးသီးမွ ျပန္ေခၚရပါေၾကာင္း၊ ျပန္လည္ေခၚယူရာတြင္လည္း Commercial Flight မ်ားက ရပ္ထားပါေၾကာင္း၊ ယင္းသို႔ ရပ္နားထားရျခင္းမွာလည္း ယခုကဲ့သို႔ ကိုဗစ္ေရာဂါ ျပန္႔ပြားေနခ်ိန္တြင္ အားလုံးလႊတ္ေပးထားပါက ေရာဂါထိန္းခ်ဳပ္ရန္ မ်ားစြာခက္ခဲမည္ ျဖစ္ပါေၾကာင္း။
Commercial Flight မ်ား ရပ္ထားသည့္အတြက္ Special Flight မ်ား၊ Relief Flight မ်ားကို ခြင့္ျပဳခဲ့ပါေၾကာင္း၊ Special Flight မ်ားကို ႏိုင္ငံ၏ စီမံကိန္းမ်ား၊ သံတမန္ေရးရာ မ်ားႏွင့္ပတ္သက္ၿပီး မျဖစ္မေန သြားရမည့္ကိစၥရပ္မ်ားႏွင့္ ေဆးဝါးပစၥည္မ်ား၊ တျခားအေရးႀကီးသည့္ ပစၥည္းမ်ား သယ္ယူရန္ကိစၥတို႔အတြက္ အသုံးျပဳပါေၾကာင္း၊ Relief Flight မ်ားကို ျမန္မာႏိုင္ငံသားမ်ား ျပန္လည္ေခၚယူေရးအတြက္ အဓိက အသုံးျပဳပါေၾကာင္း၊ ေဆးဝါးပစၥည္းမ်ား သယ္ယူရာတြင္လည္း ျမန္မာႏိုင္ငံသား အခ်ိဳ႕အား ျပန္ေခၚေဆာင္ ႏိုင္ခဲ့ျခင္းမ်ား ရွိပါေၾကာင္း၊ ယင္းကိစၥရပ္မ်ားကို အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရး ဝန္ႀကီးဌာနက အဓိက စီစဥ္ေဆာင္႐ြက္ေနပါေၾကာင္း၊ ယင္းကိစၥရပ္မ်ားကို သံတမန္ေရးရာမွ အစျပဳကာ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရး ဝန္ႀကီးဌာနႏွင့္ ၫွိႏႈိင္းကာ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ခြင့္ျပဳခ်က္ျဖင့္ ေဆာင္႐ြက္ရပါေၾကာင္း၊ ေနာက္ဆုံး က်န္းမာေရး ႏွင့္အားကစားဝန္ႀကီးဌာန၏ ၫႊန္ၾကားခ်က္သည္ အဓိကျဖစ္ပါေၾကာင္း ေျပာၾကားသည္။
ထို႔ေနာက္ ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္က တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕တြင္ ကိုဗစ္-၁၉ ေရာဂါ စတင္ေပၚေပါက္လာခ်ိန္တြင္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ယင္းေရာဂါအား ထိန္းခ်ဳပ္ရန္ လုပ္ေဆာင္ပါေၾကာင္း၊ ထိန္းခ်ဳပ္ႏိုင္ရန္ လုပ္ေဆာင္ ေနခ်ိန္တြင္ တစ္ဘက္ကလည္း ႏိုင္ငံတကာဆက္ဆံေရး မထိခိုက္ေစရန္ႏွင့္ WHO စည္းမ်ဥ္း စည္းကမ္းမ်ားႏွင့္ညီေအာင္ မိမိတို႔အေနျဖင့္ တိုင္ပင္ၫွိႏႈိင္းေဆာင္႐ြက္ခဲ့ ပါေၾကာင္း၊ WHO မွ Global Emergency မသတ္မွတ္ခင္ကတည္းက ဝန္ႀကီးဌာနအဆင့္ဗဟိုေကာ္မတီကို ႀကိဳတင္ဖြဲ႕စည္းႏိုင္ခဲ့ပါေၾကာင္း။
ဝူဟန္ၿမိဳ႕တြင္ ပိတ္မိေနသည့္ ေက်ာင္းသား ၆၁ ဦးအနက္မွ ၅၉ ဦးအား ေဖေဖာ္ဝါရီလ ၂ ရက္တြင္ ပထမအႀကိမ္ အထူးေလယာဥ္ေစလႊတ္ကာ ကယ္ဆယ္ႏိုင္ခဲ့ပါေၾကာင္း၊ က်န္ရွိသည့္ ေက်ာင္းသား ၂ ဦးကို အိႏၵိယသံ႐ုံးႏွင့္ၫွိႏႈိင္းကာ နယူးေဒလီ သို႔ သြားေရာက္သည့္ Flight တြင္ လိုက္ပါစီးနင္းႏိုင္ရန္ ေဆာင္႐ြက္ေပးခဲ့ၿပီး နယူးေဒလီတြင္ Quarantine ကာလျပည့္ေျမာက္သည့္အခ်ိန္တြင္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ ေခၚယူႏိုင္ခဲ့ ပါေၾကာင္း။
ထို႔ျပင္ ဧၿပီလအတြင္း ထိုင္းႏိုင္ငံေလဆိပ္တြင္ ပိတ္မိေနသည့္ ျမန္မာႏိုင္ငံသားမ်ားကို Cargo Flight ျဖင့္ ၫွိႏႈိင္းစီစဥ္ၿပီး ျပန္လည္ေခၚယူႏိုင္ခဲ့ပါေၾကာင္း၊ ဧၿပီလ ၃၀ ရက္ Flight မ်ား ပိတ္လိုက္ၿပီးေနာက္ပိုင္းတြင္ ျပည္ပတြင္ ပိတ္မိေနသည့္ ျမန္မာႏိုင္ငံသားမ်ားႏွင့္ ျမန္မာျပည္တြင္း ပိတ္မိေနသည့္ ႏိုင္ငံျခားသားမ်ားရွိပါေၾကာင္း၊ ဗဟိုေကာ္မတီအေနျဖင့္ ျပည္တြင္းတြင္ ပိတ္မိေနသူမ်ားအတြက္ Cargo Flight ႏွင့္ Relief Flight မ်ား ခြင့္ျပဳေပးခဲ့မႈအေပၚ ႏိုင္ငံတကာမွ ေက်းဇူးတင္ၾကပါေၾကာင္း၊ ျပည္ပတြင္ ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံသားမ်ားသည္ အလုပ္အကိုင္ မရွိျခင္း၊ အိမ္လခမ်ား မေပးႏိုင္ျခင္း၊ စားေရး ေသာက္ေရး အခက္အခဲရွိျခင္း၊ တခ်ိဳ႕မွာ ဗီဇာသက္တမ္း ကုန္ဆုံးျခင္း၊ သေဘၤာသားမ်ား၊ ပညာသင္ၾကားေနသူမ်ား ျပန္လာရန္ အခက္အခဲရွိျခင္း၊ အလည္အပတ္ သြားေရာက္သည့္ သူမ်ား ပိတ္မိေနျခင္း စသည့္ အခက္အခဲမ်ား စြာႏွင့္ ႀကဳံေတြ႕ေနရပါေၾကာင္း။
အခက္အခဲရွိသည့္ ျမန္မာႏိုင္ငံသားမ်ားအား ဗဟိုေကာ္မတီ၏ လမ္းၫႊန္မႈႏွင့္အညီ ျပန္လည္ေခၚယူႏိုင္ရန္ ဆုံမွတ္မ်ား သတ္မွတ္ေပးခဲ့ပါေၾကာင္း၊ ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕ကို ဆုံရပ္အျဖစ္ သတ္မွတ္ၿပီး ဆိုးလ္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးအား Flight ရွိသည့္ ေန႔ရက္မ်ားကို ေၾကညာခိုင္းခဲ့ပါေၾကာင္း၊ ဒုကၡျဖစ္ေနသည့္ စာရင္းမ်ားေပးခိုင္းပါေၾကာင္း၊ ထို႔ျပင္ ႏိုင္ငံတကာရွိ ျမန္မာသံ႐ုံးမ်ား အသီသီးက ဒုကၡေရာက္ေနသည့္ ျမန္မာႏိုင္ငံသား မ်ားအား စာရင္းေပးႏိုင္ရန္ ၎တို႔ Website မ်ားမွတစ္ဆင့္ ေၾကညာခိုင္းခဲ့ပါေၾကာင္း၊ စာရင္းမ်ားရရွိသည့္အခါ ဗဟိုေကာ္မတီသို႔ တင္ျပၿပီး ျပန္လာႏိုင္ရန္ Relief Flight မ်ားအား စီစဥ္ေဆာင္႐ြက္ေပးခဲ့ပါေၾကာင္း၊ ျပည္ပတြင္ ဒုကၡေရာက္ေနသည့္ ျမန္မာႏိုင္ငံသားမ်ား ျပန္လာလိုပါက တရားဝင္သြားေရာက္သည္ျဖစ္ေစ၊ တရားမဝင္ သြားေရာက္သည္ျဖစ္ေစ ကူညီေပးရန္ ဗဟိုေကာ္မတီက လမ္းၫႊန္ထားပါေၾကာင္း၊ ထို႔ေၾကာင့္ ဆုံရပ္မ်ားမွတစ္ဆင့္ ျပန္လာႏိုင္ရန္ ၫွိႏႈိင္းေဆာင္႐ြက္ပါေၾကာင္း။
ေတြ႕ႀကဳံရသည့္ အခက္အခဲအေနျဖင့္ Flight မ်ား ခြင့္ျပဳခ်က္ရရွိပါက သက္ဆိုင္ရာ သံ႐ုံးမ်ားမွတစ္ဆင့္ Flight Clearing လုပ္ရပါေၾကာင္း၊ အထူးသျဖင့္ ဩစေၾတးလ်၊ အိႏၵိယႏိုင္ငံမ်ားသည္ Lock Down လုပ္ထားသည့္အတြက္ အခက္အခဲ ရွိၾကပါေၾကာင္း၊ ယင္းအခ်ိန္တြင္ အိႏၵိယႏိုင္ငံအစိုးရ၏ အကူအညီျဖင့္ ျပည္နယ္တစ္ခုႏွင့္တစ္ခု ျဖတ္သန္း သြားလာႏိုင္ရန္ ခြင့္ျပဳခ်က္မ်ားရရွိေအာင္ ၫွိႏႈိင္းရပါေၾကာင္း၊ ကားငွားရာတြင္လည္း အခက္အခဲရွိၿပီး သံ႐ုံးမ်ားႏွင့္လည္း ၫွိႏႈိင္းေဆာင္႐ြက္ရသည့္ စိန္ေခၚမႈမ်ား ရွိပါေၾကာင္း၊ ဩစေၾတးလ်ႏိုင္ငံႏွင့္ နယူးဇီလန္ႏိုင္ငံမ်ားမွ ျပန္လာမည့္သူမ်ားအတြက္လည္း MAI ႏွင့္ ခ်ိတ္ဆက္ၫွိႏႈိင္းကာ အဆင္ေျပေအာင္ေဆာင္႐ြက္ေပးႏိုင္ခဲ့ပါေၾကာင္း။
ဗဟိုေကာ္မတီ၏ ခြင့္ျပဳခ်က္ျဖင့္ ထိုင္း၊ ေတာင္ကိုရီးယား၊ စကၤာပူ၊ အိႏၵိယ၊ ဩစေၾတးလ်၊ မေလးရွား၊ ၿဗိတိန္၊ ဖိလစ္ပိုင္၊ ဘဂၤလားေဒ့ရွ္၊ ဂ်ပန္၊ ယူေအအီး၊ ျပင္သစ္၊ ဂ်ာမနီ၊ တ႐ုတ္တိုင္ေပ၊ တ႐ုတ္ စသည့္ ႏိုင္ငံ/ေဒသမ်ားသို႔ Relief Flight အႀကိမ္ေရစုစုေပါင္း ၅၆ ႀကိမ္ စီစဥ္ေဆာင္႐ြက္ေပးႏိုင္ခဲ့ၿပီး ျမန္မာႏိုင္ငံသား ၈၀၀၀ ေက်ာ္အား ေခၚေဆာင္ ႏိုင္ခဲ့ပါေၾကာင္း၊ လာမည့္ ဩဂုတ္လတြင္ Relief Flight ၁၃ ႀကိမ္ခန္႔ျဖင့္ ျပည္သူ ၁၈၀၀ ခန္႔အား ျပန္လည္ေခၚေဆာင္ရန္ ၫွိႏႈိင္းေနပါေၾကာင္း။
ႏိုင္ငံအမ်ားစုမွာ ျပန္လည္ေခၚယူမည့္ ျမန္မာႏိုင္ငံသားမ်ား မရွိသေလာက္ နည္းပါး သြားၿပီျဖစ္ပါေၾကာင္း၊ သို႔ေသာ္ မေလးရွားႏိုင္ငံသို႔ Relief Flight မ်ားစီစဥ္ ေဆာင္႐ြက္ ေပးလ်က္ရွိပါေၾကာင္း၊ ယခုကဲ့သို႔ Flight မ်ားစီစဥ္ရာတြင္ မိမိတို႔ႏိုင္ငံတြင္ ေရာဂါ ကူးစက္ႏိုင္မႈ အေနအထား၊ Quarantine ထားရွိရန္ ေနရာလုံေလာက္မႈ ရွိ/မရွိ စသည့္ အခ်က္မ်ားကို ထည့္သြင္းစဥ္းစားရပါေၾကာင္း၊ ယခုေလာေလာဆယ္ ဗဟိုေကာ္မတီမွ မူခ်မွတ္ထားသည္မွာ တစ္ပတ္လၽွင္ လူဦးေရ ၇၀၀ ထက္မပို ေခၚယူရန္ျဖစ္ပါေၾကာင္း၊ ယခုအခါ နယ္စပ္မ်ားမွ ရာေထာင္ခ်ီကာ ျပန္ဝင္ေရာက္သူမ်ား ရွိသည့္အတြက္ လုံလုံေလာက္ေလာက္ Quarantine ထားေပးႏိုင္သည့္ အေျခအေန အေပၚမူတည္ၿပီး စီစဥ္ ေဆာင္႐ြက္ေပးလ်က္ရွိပါေၾကာင္း၊ ထို႔ျပင္ မေလးရွားႏိုင္ငံတြင္ ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံသားမ်ားကိုလည္း စဥ္ဆက္မျပတ္ ဆက္လက္ေခၚေဆာင္ႏိုင္ရန္ ႀကိဳးစား ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း။
စိန္ေခၚမႈမ်ားၾကားမွ ေကာင္းသည့္အခ်က္မွာ ႏိုင္ငံတကာမွ ျမန္မာသံ႐ုံးမ်ားအား ဒုကၡေရာက္လာခ်ိန္တြင္ ကူညီအားထားလိုသည့္ စိတ္မ်ားျပားလာသည္ကို ေတြ႕ရွိရပါ ေၾကာင္း၊ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ဒုကၡေရာက္ေနခ်ိန္တြင္ သံ႐ုံးမ်ားကို အားကိုး အားထားျပဳလာသည္မွာ စိန္ေခၚမႈမ်ားထဲမွ ေတြ႕ရွိရသည့္ အခြင့္အလမ္းတစ္ခုျဖစ္ပါ ေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ ေဆးကုသမႈစနစ္၊ Quarantine စနစ္တို႔ ေကာင္းမြန္မႈေၾကာင့္ တစ္ခုခုျဖစ္လၽွင္ ျမန္မာႏိုင္ငံသို႔ ျပန္လာျခင္းသည္ ပို၍လုံၿခဳံမႈရွိသည္ ဆိုသည့္အေတြးျဖင့္ ျပန္လာၾကသည့္ လူမ်ားရွိသည္ဟု သံ႐ုံးမ်ားက တစ္ဆင့္ၾကားသိရပါေၾကာင္း၊ ယင္းမွာ မိမိတို႔ႏိုင္ငံ၏ COVID ထိန္းခ်ဳပ္မႈအပိုင္းတြင္ အေကာင္းမြန္ဆုံး လုပ္ေဆာင္ႏိုင္သည့္ အေပါင္းလကၡဏာအေနျဖင့္ ဂုဏ္ယူမိပါေၾကာင္း ေဆြးေႏြးတင္ျပသည္။
ယင္းေနာက္ အိႏၵိယႏိုင္ငံမွ ျပန္လာသူ မေအးေအးေအာင္က မိမိအေနျဖင့္ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလ ၃၀ ရက္တြင္ အိႏၵိယႏိုင္ငံ မြန္ဘိုင္းၿမိဳ႕၌ ေယာဂပညာ သြားေရာက္ သင္ၾကားခဲ့ပါေၾကာင္း၊ မတ္လ ၂၄ ရက္တြင္ မြန္ဘိုင္းၿမိဳ႕၌ First Lock Down စတင္ခဲ့ ပါေၾကာင္း၊ First Lock Down ခ်ခဲ့ေသာ္လည္း အိႏၵိယအစိုးရအေနျဖင့္ Rule and Regulations မ်ားကို ေသခ်ာစြာ မခ်မွတ္ႏိုင္သည့္ အခ်ိန္ျဖစ္သည့္အတြက္ ေကာလာဟလမ်ား ျဖစ္ေပၚၿပီး Panic-buying မ်ား လုပ္ေဆာင္ခဲ့ၾကပါေၾကာင္း၊ အျပင္သို႔ ထြက္၍ ရ၊ မရကို ေသခ်ာစြာ Rule and Regulations ေပးထားျခင္း မရွိသည့္အတြက္ လူအားလုံးသည္ အိမ္၌သာ ေနထိုင္ခဲ့ပါေၾကာင္း၊ စားေသာက္ကုန္မ်ားကိုလည္း အျပင္၌ မေရာင္းခ်ၾကပါေၾကာင္း၊ တစ္ပတ္ႏွစ္ပတ္ခန္႔အထိ မ်ားစြာ အခက္အခဲရွိခဲ့ပါေၾကာင္း၊ ေနာက္ပိုင္းတြင္ အိႏၵိယအစိုးရအေနျဖင့္ Rule and Regulations အၿပီးသတ္ ထုတ္ျပန္ခဲ့ၿပီး စီးပြားေရးသမားမ်ားကိုလည္း Special Permit အျဖစ္ စားကုန္ေသာက္ကုန္မ်ား ေရာင္းခ်ရန္ အတြက္ ဆိုင္မ်ားကို နံနက္ ၉ နာရီမွ ညေန ၄ နာရီအထိ အခ်ိန္ကန္႔သတ္၍ ဖြင့္လွစ္ခြင့္ ေပးခဲ့ပါေၾကာင္း။
Lock Down ကာလတြင္ အိမ္ရာ၌ ေနထိုင္ျခင္း မရွိသူမ်ားကို ဝင္ခြင့္မေပးေတာ့ ပါေၾကာင္း၊ မြန္ဘိုင္းၿမိဳ႕၌ သြားလာလႈပ္ရွားမႈမ်ားလည္း ရပ္ဆိုင္းခဲ့ပါေၾကာင္း၊ မြန္ဘိုင္းၿမိဳ႕၌ အိႏၵိယတစ္ႏိုင္ငံလုံး၏ Migrant Worker အမ်ားစု၏ အလုပ္အကိုင္မ်ား ရွိပါေၾကာင္း၊ ကိုဗစ္-၁၉ ကိစၥႏွင့္ပတ္သက္၍ လူဦးေရသိန္းႏွင့္ခ်ီ၍ အလုပ္လက္မဲ့ျဖစ္ခဲ့ၿပီး စားဝတ္ေနေရး အခက္အခဲမ်ား ႀကဳံေတြ႕ၾကရပါေၾကာင္း၊ အိမ္ငွားခ မေပးႏိုင္သည့္အတြက္ အိမ္ပိုင္ရွင္မ်ားက ေနထိုင္ခြင့္မေပးျခင္းမ်ား ေတြ႕ျမင္ခဲ့ရပါေၾကာင္း၊ Migrant Worker အမ်ားစုသည္ အိႏၵိယ ျပည္တြင္းမွျဖစ္ပါေၾကာင္း၊ ၎တို႔၏ ေနရပ္မ်ားသို႔ ျပန္ႏိုင္ရန္ အစီအစဥ္မ်ား ေဆာင္႐ြက္ ေပးျခင္း မရွိသည့္အတြက္ မျပန္ႏိုင္ဘဲ မြန္ဘိုင္းၿမိဳ႕၌ အိမ္လခမေပးႏိုင္သျဖင့္ ေနထိုင္ရန္ ေနရာလည္း မရွိၾကပါေၾကာင္း။
First Lock Down ကတည္းကပင္ မြန္ဘိုင္းၿမိဳ႕သည္ အိႏၵိယတစ္ႏိုင္ငံလုံးတြင္ ကိုဗစ္ ေရာဂါပိုးေတြ႕ရွိသူ ဒုတိယအမ်ားဆုံး ျဖစ္ပါေၾကာင္း၊ အစိုးရေဆး႐ုံတြင္ ခုတင္ မလုံေလာက္သည့္အတြက္ ေသခ်ာစြာထားရွိျခင္း မရွိသည္ကို သတင္းၾကားခဲ့ရပါေၾကာင္း၊ ထို႔ေၾကာင့္ အစိုးရအေနျဖင့္ ပုဂၢလိကေဆး႐ုံမ်ားတြင္ ေဆးကုသမႈခံယူႏိုင္ေၾကာင္းကို ထုတ္ျပန္ခဲ့ပါေၾကာင္း၊ လူနာမ်ားက ပုဂၢလိကေဆး႐ုံမ်ားသို႔ သြားေရာက္ကုသရာတြင္ ေဈးႏႈန္းမွာ ယခင္ထက္ ဆယ္ဆခန္႔ပို၍ ေပးေဆာင္ရသည့္အတြက္ ကုန္က်စရိတ္ မေပးႏိုင္ သူမ်ားလည္း ရွိခဲ့ပါေၾကာင္း၊ ကုန္က်စရိတ္ မေပးႏိုင္သည့္အတြက္ စိတ္ထိခိုက္ၿပီး မိမိကိုယ္ကို သတ္ေသမႈမ်ားရွိခဲ့ပါေၾကာင္း၊ ေရာဂါျဖစ္ပြားေနေသာ္လည္း စိတ္က်န္းမာေရးႏွင့္ ပတ္သက္ၿပီး အေလးထားေဆာင္႐ြက္ျခင္း မရွိသည့္အတြက္ ေဆး႐ုံမ်ား၌ မိမိကိုယ္ကို သတ္ေသမႈမ်ားလည္း ရွိသည္ကို သတင္းမ်ားတြင္ ၾကားသိခဲ့ရပါေၾကာင္း။
မြန္ဘိုင္းၿမိဳ႕၌ First Lock Down အၿပီးတြင္ လူနာမ်ား ပိုမိုမ်ားျပားလာသည့္အတြက္ Second Lock Down ဆက္လက္ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ Second Lock Down တြင္ Social Distancing ကို တိတိက်က် လိုက္နာျခင္း မရွိသည္ကို ေတြ႕ရွိရပါေၾကာင္း၊ Lock Down ကာလတြင္ မီတာခမ်ားလည္း အဆ(၂၀) အထိ ေဈးႏႈန္းတက္ခဲ့ပါေၾကာင္း၊ စားေသာက္ ကုန္မ်ားအေနျဖင့္လည္း အစိုးရက ေဈးႏႈန္းသတ္မွတ္ထားေသာ္လည္း ႏွစ္ဆ၊ သုံးဆ ေဈးတင္၍ ေရာင္းခ်ၾကပါေၾကာင္း။
မိမိအေနျဖင့္ အခက္အခဲမ်ား ႀကဳံေတြ႕ေနရသည့္အတြက္ ျမန္မာႏိုင္ငံသံ႐ုံးသို႔ ဆက္သြယ္ခဲ့ၿပီး Relief Flight အတြက္ စာရင္းေပးထားခဲ့ပါေၾကာင္း၊ ႏိုင္ငံေတာ္မွ စီစဥ္ ေပးထားသည့္ Relief Flight မ်ားသည္ အျခားၿမိဳ႕မ်ားတြင္ရွိၿပီး ယင္းၿမိဳ႕မ်ားသည္ မြန္ဘိုင္းၿမိဳ႕မွ ကီလိုမီတာေထာင္ေက်ာ္ေဝးကြာသည့္အတြက္ သြားေရာက္ရန္ အခက္အခဲ ရွိခဲ့ပါေၾကာင္း၊ ေမလ ၂၉ ရက္တြင္ အိႏၵိယႏိုင္ငံရွိ ျမန္မာႏိုင္ငံသားမ်ားကို ျပန္လည္ ေခၚေဆာင္ရန္ မြန္ဘိုင္းမွ တိုက္႐ိုက္ပ်ံသန္းမည့္ အထူးေလယာဥ္ စီစဥ္ေနသည္ဟု ၾကားသိခဲ့ရပါေၾကာင္း၊ သတင္းၾကားသိရသည့္အတြက္ မြန္ဘိုင္းမွ ရန္ကုန္သို႔ တိုက္႐ိုက္ သြားေရာက္မည့္ ေလယာဥ္တြင္ လိုက္ပါခြင့္ရရန္ ျမန္မာသံ႐ုံးသို႔ အေၾကာင္းၾကားခဲ့ ပါေၾကာင္း၊ ျမန္မာသံ႐ုံးအေနျဖင့္ Relief Flight အတြက္ တာဝန္ယူေဆာင္႐ြက္ေနသည့္ ဝန္ထမ္းႏွစ္ဦးသာရွိသည့္အတြက္ ေသေသခ်ာခ်ာ မလုပ္ေပးႏိုင္ေသးသည္ကို ေျပာၾကားခဲ့ ပါေၾကာင္း၊ Relief Flight ရွိသည့္ ခ်န္ႏိုင္းၿမိဳ႕သို႔ သြားေရာက္ရန္ တိုက္တြန္းပါေၾကာင္း၊ ေမလ ၂၈ ရက္တြင္ ျမန္မာသံ႐ုံးက အထူးေလယာဥ္တြင္ လိုက္ပါႏိုင္ရန္ ေဆာင္႐ြက္ ေပးထား သည္ကို အေၾကာင္းၾကားခဲ့ၿပီး လိုအပ္သည္မ်ားကို စီစဥ္ေဆာင္႐ြက္ေပးခဲ့ပါေၾကာင္း၊ ျမန္မာႏိုင္ငံသို႔ ေခ်ာေခ်ာေမြ႕ေမြ႕ ေရာက္ရွိခဲ့သည့္ အတြက္ ေက်းဇူးတင္ရွိပါေၾကာင္း။
ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိသည့္အခါ Hotel Quarantine ဝင္ေရာက္ခဲ့ ပါေၾကာင္း၊ ေနာက္တစ္ရက္တြင္ ကို႐ိုနာစမ္းသပ္မႈမ်ား ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိခဲ့သည့္အတြက္ ေဆး႐ုံသို႔ ခ်က္ခ်င္းသြားေရာက္ခဲ့ရပါေၾကာင္း၊ ေဆး႐ုံသို႔ ေရာက္သည့္အခါ ျမန္မာႏိုင္ငံ၏ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္မွာ မ်ားစြာတိုးတက္ သြားသည္ကို ကိုယ္တိုင္ေတြ႕ျမင္ခဲ့ရပါေၾကာင္း၊ တစ္ေယာက္ခန္း၊ ႏွစ္ေယာက္ ခန္း၊ Air Corn၊ အဝတ္ေလၽွာ္စက္မ်ား ထားေပးသည္ကို ေတြ႕ရပါေၾကာင္း၊ မိမိအေနျဖင့္ လူနာမ်ား တစ္ေယာက္ႏွင့္တစ္ေယာက္ မထိေတြ႕ေရးႏွင့္ ေရာဂါကူးစက္မႈမ်ားမရွိေစေရး ပစၥည္းမ်ား၊ ထမင္းမ်ား ပို႔ႏိုင္ရန္ Remote Control ျဖင့္ Trolley မ်ား ေဆာင္႐ြက္ထားသည္ကို သေဘာက်ပါေၾကာင္း၊ ေဆး႐ုံတြင္ (၁၄)ရက္ တက္ေရာက္ၿပီးေနာက္ ထပ္မံစစ္ေဆးရာတြင္ ေရာဂါပိုးမေတြ႕ရွိရသည့္အတြက္ ေဖာင္ႀကီးတြင္ Quarantine (၁၄)ရက္ ထပ္မံထားခဲ့ ပါေၾကာင္း ေဆြးေႏြးတင္ျပသည္။
ဆက္လက္၍ ဩစေၾတးလ်ႏိုင္ငံမွ ျပန္လာသူ မသႏၲာေအာင္စိုးက တ႐ုတ္ႏိုင္ငံ၌ ကိုဗစ္-၁၉ မျဖစ္ခင္အခ်ိန္ ၃ လ ခန္႔ကတည္းက မိမိ၏ ဩစေၾတးလ် အလည္အပတ္ ခရီးစဥ္ကို ႀကိဳတင္စီစဥ္ခဲ့ပါေၾကာင္း၊ ယင္းခရီးစဥ္ကို မတ္လ ၉ ရက္တြင္ စတင္ခဲ့ပါေၾကာင္း၊ ယင္းအခ်ိန္တြင္ ကိုဗစ္-၁၉ Case မ်ား ကမၻာတစ္ဝန္းတြင္ စတင္ ျဖစ္ပြားေနၿပီျဖစ္ပါေၾကာင္း၊ ဩစေၾတးလ်ႏိုင္ငံအတြင္း Sydney ၿမိဳ႕ ပတ္ဝန္းက်င္ကို စတင္သြားေရာက္ခဲ့ပါေၾကာင္း၊ ယင္းၿမိဳ႕ပတ္ဝန္းက်င္တြင္ Social Distancing ျပဳလုပ္ျခင္းႏွင့္ Mask မ်ားကိုလည္း မသုံးၾကေသးပါေၾကာင္း၊ ပထမတစ္ပတ္ကို ေကာင္းေကာင္း လည္ပတ္ခဲ့ပါေၾကာင္း။
မတ္လ ၁၁ ရက္တြင္ WHO က ကမၻာ့ကပ္ေရာဂါအျဖစ္ ေၾကညာခဲ့ပါေၾကာင္း၊ ေၾကညာၿပီးေနာက္ပိုင္း ကမၻာတစ္ဝန္းႏွင့္ ဩစေၾတးလ်ႏိုင္ငံတြင္ Case မ်ား တစ္ေန႔ထက္ တစ္ေန႔ ေထာင္ႏွင့္ခ်ီၿပီး မ်ားလာပါေၾကာင္း၊ ထိုသို႔ ျဖစ္လာအခ်ိန္တြင္ ဩစေၾတးလ် ႏိုင္ငံသည္ မတ္လ ၂၃ ရက္တြင္ Lock Down ခ်မွတ္လိုက္ပါေၾကာင္း၊ မိမိ ျပန္မည့္ေန႔ရက္ႏွင့္ တိုက္ဆိုင္သြားပါေၾကာင္း၊ ေလေၾကာင္းလိုင္းက ခရီးစဥ္ လုံးဝဖ်က္သိမ္းခဲ့ေၾကာင္းကို အေၾကာင္းၾကားလာပါေၾကာင္း။
ခရီးသြားဗီဇာျဖစ္သည့္အတြက္ ဗီဇာ ၃ လသာရပါေၾကာင္း၊ ထို႔ေၾကာင့္ အခ်ိန္မီ ျပန္လာႏိုင္ရန္ တစ္ျခားေလေၾကာင္းလိုင္းမ်ား ရွာသည့္အခါ တစ္ျခားႏိုင္ငံမ်ားသည္လည္း Lock Down ခ်လိုက္သည့္ အေနအထားမ်ိဳးရွိပါေၾကာင္း၊ ဩစေၾတးလ်ႏွင့္ ျမန္မာႏိုင္ငံ တိုက္႐ိုက္ေလေၾကာင္းလိုင္း မရွိသည့္အတြက္ Transit ႏိုင္ငံတစ္ခုခု လိုအပ္ပါေၾကာင္း၊ မိမိတို႔ကို လက္ခံေပးမည့္ Transit ႏိုင္ငံကလည္း လုံးဝမရွိပါေၾကာင္း။
ဩစေၾတးလ်ႏိုင္ငံတြင္ လိုအပ္သည့္ အစားအအေသာက္ ဝယ္ယူရန္မွလြဲ၍ တစ္ဦးထက္မပိုသည့္ အျပင္ထြက္ခြင့္သာ ေပးထားပါေၾကာင္း၊ ကေလးကစားကြင္းကဲ့သို႔ ေနရာကအစ ပိတ္ထားပါေၾကာင္း၊ လူစုလူေဝး မလုပ္ရပါေၾကာင္း၊ ၎တို႔၏ စည္းမ်ဥ္း စည္းကမ္းမ်ားကို လိုက္နာရပါေၾကာင္း၊ မလိုက္နာသူမ်ားအတြက္ ဒဏ္ေၾကးမ်ားစြာ သတ္မွတ္ထားပါေၾကာင္း၊ ေနခဲ့သည့္ကာလတစ္ေလၽွာက္ ခ်မွတ္ထားသည့္ စည္းမ်ဥ္း စည္းကမ္းမ်ားကို လိုက္နာခဲ့ပါေၾကာင္း၊ လူငယ္မ်ား ေရာဂါကူးစက္ခံရပါက အစိုးရက ေဆး႐ုံမတက္ခိုင္းဘဲ အိမ္တြင္ နားနားေနေန ေနခိုင္းပါေၾကာင္း၊ ေရာဂါလကၡဏာ ျပင္းလာပါက ေဆး႐ုံသို႔လာရန္ ၫႊန္ၾကားပါေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ရွိသည့္ CERP ကဲ့သို႔ အစီအစဥ္မ်ား ဩစေၾတးလ်ႏိုင္ငံတြင္လည္း ရွိပါေၾကာင္း၊ ယင္း Plan တြင္ ႏိုင္ငံသားမ်ားကို ေထာက္ပံ့ေပးသည့္ အစီအစဥ္မ်ား ပါပါေၾကာင္း၊ ေငြေၾကးလိုအပ္ခ်က္ ရွိသူမ်ားကို ေငြေၾကးေထာက္ပံ့ေပးပါေၾကာင္း၊ ေဆး႐ုံႏွင့္ ေဆးခန္းမ်ားတြင္ ေရာဂါလကၡဏာ ရာခိုင္ႏႈန္းျပည့္ ရွိသူမ်ားကို ဦးစားေပး လက္ခံပါေၾကာင္း၊ ေရာဂါ လကၡဏာ ျပင္းထန္မွသာ ေဆး႐ုံတင္သည့္ အေနအထားျဖစ္ပါေၾကာင္း။
ေလေၾကာင္းလိုင္းမ်ား ပိတ္လိုက္သည့္အတြက္ Canberra ရွိ ျမန္မာသံ႐ုံးကို ဖုန္းျဖင့္ ဆက္သြယ္ခဲ့ပါေၾကာင္း၊ ဆက္သြယ္ရာတြင္ ပူးေပါင္းပါဝင္ကူညီ ေဆာင္႐ြက္ေပးသည့္ အတြက္ မ်ားစြာအားတက္ရပါေၾကာင္း၊ လက္ရွိ ျဖစ္ပ်က္ေနသည့္ အေျခအေန၊ ျမန္မာႏိုင္ငံသို႔ ျပန္ႏိုင္ေရး စီစဥ္ေနသည့္ အေျခအေနမ်ားႏွင့္ လိုအပ္ခ်က္မ်ားရွိပါက ဆက္သြယ္ႏိုင္ရန္ ရွင္းျပေပးၿပီး မိမိတို႔၏ အခ်က္အလက္မ်ားကို ေတာင္းခံပါေၾကာင္း။
Relief Flight ျဖင့္ ျပန္လာသည့္အခါတြင္လည္း အဆင္ေျပပါေၾကာင္း၊ သံ႐ုံးက ေလယာဥ္ေပၚတက္သည့္ အခ်ိန္အထိ လိုအပ္သည္မ်ားကို ကူညီေဆာင္႐ြက္ေပးပါေၾကာင္း၊ ေလယာဥ္ကြင္း၌ ေရာဂါကာကြယ္ေရးအတြက္ ျပင္ဆင္ထားရွိမႈကို ႏႈိင္းယွဥ္ပါက ျမန္မာႏိုင္ငံက ပိုမိုအားသာသည္ကို ေတြ႕ရပါေၾကာင္း၊ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိၿပီး ေလယာဥ္ကြင္းမွ Quarantine ဝင္ေရာက္မည့္ ဓမၼာမာမကေက်ာင္းတိုက္သို႔ သြားသည့္ ကားေပၚတြင္လည္း Social Distancing ေဆာင္႐ြက္ထားသည္ကို ေတြ႕ရပါေၾကာင္း၊ ယင္းေက်ာင္းတိုက္တြင္ ေရ၊ မီး၊ အိပ္ယာခင္း၊ ေစာင္၊ ေခါင္းအုံး အျပည့္အစုံထားရွိၿပီး အစားအေသာက္ကိုလည္း အခ်ိန္မွန္ လာေရာက္ပို႔ေဆာင္ေပးပါေၾကာင္း၊ ေက်ာင္းတိုက္သို႔ ေရာက္ရွိၿပီး သုံးရက္ေျမာက္ေန႔တြင္ ေဆးစစ္ခ်က္ယူပါေၾကာင္း၊ ေရာဂါပိုး မေတြ႕ရွိေၾကာင္း ကိုလည္း Quarantine စင္တာမွာ ႀကီးၾကပ္သူမ်ားက လာေရာက္ ေျပာၾကားပါေၾကာင္း၊ ႏွစ္ပတ္ေလာက္အၾကာတြင္ ထပ္မံစစ္ေဆးၿပီး ေရာဂါပိုးမေတြ႕ရွိေၾကာင္းကို အေၾကာင္း ၾကားပါေၾကာင္း၊ မိမိ Quarantine ဝင္ေရာက္ခဲ့သည့္ စင္တာသည္ အမ်ိဳးသမီးမ်ားအတြက္ လုံၿခဳံစိတ္ခ်ရသည့္ ပတ္ဝန္းက်င္တစ္ခု ျဖစ္သည္ကို ေတြ႕ရပါေၾကာင္း၊ မိမိစဥ္းစားမိသည္မွာ အမ်ိဳးသမီးမ်ားအတြက္သာမက ကေလးသူငယ္၊ သက္ႀကီး႐ြယ္အို၊ မသန္စြမ္းမ်ား၊ ထိခိုက္လြယ္သူမ်ားႏွင့္ Gender ပိုင္းအရ ခံယူခ်က္ မတူသူမ်ားအတြက္ အဆင္ေျပမည့္ ေနရာထိုင္ခင္းမ်ိဳးျဖစ္ေစမည္ဆိုလၽွင္ မ်ားစြာေကာင္းမြန္မည္ဟု ေတြးမိပါေၾကာင္း၊ က်န္းမာေရးမေကာင္းသည့္ အဘိုးအဘြားမ်ားအား ေဆး႐ုံတြင္ ထားျခင္းမ်ိဳးကို ေဆာင္႐ြက္ ေစလိုပါေၾကာင္း၊ အမ်ိဳးသမီးမ်ား၊ မသန္စြမ္းမ်ားႏွင့္ Gender ပိုင္းအရ ခံယူခ်က္ မတူသူမ်ား အတြက္ ေနရာသီးသန္႔ထားေပးသည့္ သန္႔စင္ခန္းမ်ားထားေပးပါက ပိုမိုေကာင္းမြန္မည္ဟု ထင္ျမင္ပါေၾကာင္း ေဆြးေႏြးတင္ျပသည္။
ေဆြးေႏြးတင္ျပခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က သံ႐ုံး ဆိုသည္မွာ ႏိုင္ငံျခားတြင္ ေရာက္ရွိေနသည့္ မိမိတို႔ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ား၏ အားကိုးစရာ ျဖစ္ရမည္ျဖစ္ေၾကာင္း၊ အမွန္တကယ္အေရးႀကဳံပါက မိမိတို႔၏ သံ႐ုံးမ်ားသို႔သြားေရာက္ကာ အကူအညီေတာင္း၍ ရယူႏိုင္သည္ဆိုသည့္ ယုံၾကည္မႈကို ျပည္သူမ်ားၾကားတြင္ ရွိေစလိုပါေၾကာင္း။
မေလးရွားႏိုင္ငံတြင္လည္း မိမိတို႔ႏိုင္ငံသား မ်ားစြာေရာက္ရွိေနပါေၾကာင္း၊ အခ်ိဳ႕မွာ ႏိုင္ငံသားႏွင့္ပတ္သက္ၿပီး သက္ေသအေထာက္အထား မခိုင္လုံသည့္အတြက္ ျပန္စိစစ္ ရပါေၾကာင္း၊ က်န္းမာေရးႏွင့္ပတ္သက္ၿပီး ေစာင့္ေရွာက္မႈရွိခဲ့သည့္ အေျခအေန၊ ေနထိုင္ ခဲ့ရသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ ေရာဂါရွိသူမ်ား ပါလာႏိုင္သည့္ အေျခအေနတို႔ကို ၾကည့္ရပါေၾကာင္း၊ ေရာဂါရွိၿပီဆိုပါက မိမိတို႔ႏိုင္ငံတြင္ ေဆး႐ုံသို႔ပို႔ပါေၾကာင္း၊ ထိုသို႔ ႏိုင္ငံတိုင္းတြင္ မလုပ္ပါေၾကာင္း၊ တစ္ခ်ိဳ႕ခ်မ္းသာသည့္ ႏိုင္ငံႀကီးမ်ားတြင္ ေရာဂါပိုး ေတြ႕ရွိပါက ေဆး႐ုံသို႔မေခၚဘဲ အိမ္မွာသာေနခိုင္းပါေၾကာင္း၊ အေျခအေနဆိုးလာမွသာ ေဆး႐ုံသို႔ဆက္သြယ္ခိုင္းပါေၾကာင္း။
မိမိတို႔ႏိုင္ငံတြင္ Quarantine ထားၿပီး ေရာဂါေတြ႕ရွိလၽွင္ ေဆး႐ုံသို႔ ပို႔ပါေၾကာင္း၊ ေဆး႐ုံတြင္လည္း ေဆးဝါးပစၥည္း လုံလုံေလာက္ေလာက္ႏွင့္ ဝန္ထမ္းမ်ားရွိရန္ လိုအပ္ပါ ေၾကာင္း၊ ထို႔ေၾကာင့္ အစုလိုက္၊ အၿပဳံလိုက္ သြင္း၍ မရျခင္းျဖစ္ပါေၾကာင္း၊ Quarantine ေနရာရွိရန္ႏွင့္ တြက္ခ်က္ထားသည့္ ရာခိုင္ႏႈန္းအရ ေရာဂါပိုးပါလာသည့္ သူမ်ားအတြက္ ေဆး႐ုံမ်ားလည္း အဆင္သင့္ျဖစ္ရန္ လုပ္ရပါေၾကာင္း။
COVID-19 ေရာဂါေတြ႕ရွိပါက ေဆး႐ုံသို႔ ခ်က္ခ်င္းေခၚယူ ကုသေစာင့္ေရွာက္မႈ ေပးေန ပါေၾကာင္း၊ တစ္ျခားေရာဂါမ်ားရွိေနလၽွင္ ယင္းေရာဂါ၏ လိုအပ္ခ်က္အရ ေဆး႐ုံသို႔ တင္ပါေၾကာင္း၊ ေရာဂါမရွိဘဲ အသက္ႀကီးသည့္အတြက္ ေဆး႐ုံတြင္ ေခၚယူေစာင့္ေရွာက္ ေပးရန္သက္သက္ဆိုလၽွင္ ေဆး႐ုံမ်ားတြင္ ယင္းကိစၥအတြက္ ေဆာင္႐ြက္ေပးရန္ အင္မတန္ ခက္ပါေၾကာင္း၊ ေရာဂါရွိသူမ်ားတြက္ က်န္းမာေရးေစာင့္ေရွာက္မႈ လုံလုံေလာက္ေလာက္ ေပးႏိုင္ေအာင္ ယခုေဆာင္႐ြက္ေနပါေၾကာင္း၊ ေရာဂါရွိသည့္အတြက္ ေဆး႐ုံသို႔ ေရာက္လာၿပီ ဆိုလၽွင္ အသက္ႀကီးျခင္း၊ ငယ္ျခင္း မခြဲျခားဘဲ အားလုံးကို ေစာင့္ေရွာက္မႈေပးေနပါေၾကာင္း၊ မ်ားေသာအားျဖင့္ ကေလးငယ္မ်ားသည္ မိဘမ်ားထံမွ ကူးစက္ျခင္းျဖစ္ပါေၾကာင္း၊ ကူးစက္ခံရသည့္ ကေလးငယ္မ်ားသည္ မိဘ၊ အစ္ကို၊ အစ္မ လူႀကီးမ်ားႏွင့္အတူ ေဆး႐ုံသို႔ အတူေရာက္ရွိလာျခင္းျဖစ္ပါေၾကာင္း၊ ကေလးငယ္မ်ားအေနျဖင့္ အတိုင္းအတာ တစ္ခုအထိသာ အထီးက်န္ပါေၾကာင္း၊ မသန္စြမ္းမ်ား၊ Gender မ်ားႏွင့္ပတ္သက္ၿပီး Issue ရွိသည့္ ပုဂၢိဳလ္မ်ားအား ေသခ်ာဂ႐ုစိုက္ရန္ ေျပာၾကားေပးမည္ျဖစ္ပါေၾကာင္း၊ အထိခိုက္ အလြယ္ဆုံးသူမ်ားကို အထူးဂ႐ုစိုက္ေပးရန္ဆိုသည့္ မူဝါဒျဖင့္ ေဆာင္႐ြက္ေနပါေၾကာင္း ျပန္လည္သုံးသပ္ ေျပာၾကားသည္။
ထို႔ေနာက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က နိဂုံးခ်ဳပ္အမွာစကား ေျပာၾကားရာတြင္ COVID ေကာ္မတီကို ဇန္နဝါရီလကုန္ခန္႔တြင္ စတင္ဖြဲ႕စည္းခဲ့ၿပီး ေဖေဖာ္ဝါရီလ အေစာပိုင္းတြင္ စတင္လုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ေစာေစာစီးစီး စီစဥ္ေဆာင္႐ြက္ ခဲ့သည့္အတြက္ ယခုေလာက္အထိ ခရီးေရာက္သည္ဟုထင္ပါေၾကာင္း၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနဆိုလၽွင္ ဇန္နဝါရီ ၄ ရက္ကတည္းက အစီအစဥ္မ်ား ခ်မွတ္ခဲ့ျခင္း ျဖစ္သည့္အတြက္ အင္မတန္မွေစာပါေၾကာင္း၊ တစ္ျခားႏိုင္ငံမ်ားတြင္ COVID ကို ေပါ့ေပါ့သာ စဥ္းစားေနသည့္ အခ်ိန္ျဖစ္ပါေၾကာင္း၊ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက အစီအစဥ္မ်ား ေစာေစာခ်မွတ္ခဲ့သည့္အတြက္ WHO က ကမၻာ့ကပ္ေရာဂါအျဖစ္ ေၾကညာ လိုက္သည့္အခါအတြင္ ျမန္မာႏိုင္ငံတြင္ COVID ႏွင့္ပတ္သက္ၿပီး ေျခလွမ္းမ်ား လွမ္းေန သည္မွာ ၂ လေက်ာ္ရွိၿပီ ျဖစ္ပါေၾကာင္း၊ COVID ႏွင့္ပတ္သက္ၿပီး လုပ္ေဆာင္ရာတြင္ က်န္းမာေရးႏွင့္အတူ စီးပြားေရးကိုပါ တစ္ခါတည္း ၾကည့္႐ႈေဆာင္႐ြက္ပါေၾကာင္း။
COVID ျဖစ္ၿပီဆိုလၽွင္ စီးပြားေရးအက်ိဳးဆက္မ်ား မ်ားစြာရွိမည္ျဖစ္ၿပီး ယင္း လုပ္ငန္းစဥ္မ်ားအတြက္လည္း ႀကိဳတင္ျပင္ဆင္ထားၾကရန္ႏွင့္ အတတ္ႏိုင္ဆုံး ျပည္သူမ်ား မနစ္နာ၊ မထိခိုက္ရေအာင္ ရည္႐ြယ္၍ ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ အလုပ္လက္မဲ့ ျဖစ္သြားသူမ်ားအတြက္လည္း တတ္ႏိုင္သမၽွ အထိအခိုက္နည္းရန္ႏွင့္ အလုပ္မ်ား ျမန္ျမန္ ျပန္လုပ္ႏိုင္ရန္အတြက္ ေဆာက္လုပ္ေရး၊ စိုက္ပ်ိဳးေရးက႑ႏွင့္သက္ဆိုင္သည့္ စီမံကိန္း မ်ားကို ျမန္ျမန္ဆန္ဆန္ အေကာင္အထည္ေဖာ္ရန္ ေဖေဖာ္ဝါရီလကတည္းက စတင္ၿပီး စီစဥ္ခဲ့ပါေၾကာင္း။
အားလုံးၿခဳံငုံလိုက္လၽွင္ ျပည္သူ၏ ပူးေပါင္းေဆာင္႐ြက္မႈသည္ အဓိကၾကပါေၾကာင္း၊ ထို႔ေၾကာင့္ “ျပည္သူသာလၽွင္ အဓိက” ဟု တစ္ခ်ိန္လုံးေျပာေနျခင္းျဖစ္ပါေၾကာင္း၊ ျပည္သူမ်ားက စည္းကမ္းမလိုက္နာလၽွင္ မည္မၽွေကာင္းသည့္ စည္းကမ္းမ်ား ထုတ္ထုတ္ အေဟာသိကံ ျဖစ္ကုန္မည္ျဖစ္ပါေၾကာင္း၊ က်န္းမာေရးႏွင့္အာကစားဝန္ႀကီးဌာနကို ေက်းဇူးတင္ေသာအားျဖင့္ စည္းကမ္းမ်ားကို လိုက္နာၾကေစလိုပါေၾကာင္း၊ ယခု COVID ကိစၥသည္ မၿပီးေသးပါေၾကာင္း၊ မည္သည့္အခ်ိန္တြင္ ၿပီးသြားမည္ဟု ေျပာရန္ ခက္ခဲ ပါေၾကာင္း၊ ကာကြယ္ေဆးမ်ားကို ယခုစတင္ စမ္းသပ္ေနၿပီဟု သိရပါေၾကာင္း၊ စမ္းသပ္ ေအာင္ျမင္မႈ မည္မၽွ ျမန္မည္ဟုမသိပါေၾကာင္း၊ ပုံမွန္အားျဖင့္ ကာကြယ္ေဆး အသစ္တစ္ခုကို စမ္းသပ္ၿပီဆိုလၽွင္ ႏွစ္ႏွစ္ခန္႔အခ်ိန္ယူရပါေၾကာင္း၊ ယခု COVID သည္ အေရးေပၚကိစၥ ျဖစ္ေနသည့္အတြက္ ေရတိုကာလအတြင္း စမ္းသပ္ေနပါေၾကာင္း၊ ေရတိုကာလအတြင္း စမ္းသပ္မည္ဆိုပါက သူ႕အႏၲရာယ္ႏွင့္သူ ရွိႏိုင္ပါေၾကာင္း၊ ေသေသခ်ာခ်ာ အႏၲရာယ္ကင္းလား ဆိုသည္ကို ေစာင့္ၾကည့္ရန္ အခ်ိန္သည္ လုံေလာက္ခ်င္မွ လုံေလာက္မည္ျဖစ္ပါေၾကာင္း၊ မလုံေလာက္ဘူးဆိုလၽွင္ ဆိုးက်ိဳးမ်ား ရွိႏိုင္ပါေၾကာင္း၊
ျပည္ပႏိုင္ငံမ်ားတြင္ ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံသားမ်ားထဲတြင္ ျပန္လာၾကလို သူမ်ား မ်ားစြာရွိေသးပါေၾကာင္း၊ ယမန္ေန႔က ထိုင္းႏိုင္ငံမွ ျပန္လာသူဦးေရ ၅၀၀ ေက်ာ္ႏွင့္ တ႐ုတ္ႏိုင္ငံမွ ျပန္လာသူ ၁၃၀ ေက်ာ္ ရွိပါေၾကာင္း၊ ျပန္လာသူဦးေရ က်လာၿပီျဖစ္ပါေၾကာင္း၊ ယခင္ ႏွစ္ပတ္၊ သုံးပတ္ကဆိုလၽွင္ ေန႔စဥ္ ေထာင္ေက်ာ္ ျပန္လာၾကပါေၾကာင္း၊ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားမ်ား ျပန္လည္ဝင္ေရာက္မႈ မည္သည့္အခ်ိန္တြင္ ရပ္သြားမည္ကို ေျပာ၍ မရပါေၾကာင္း၊ အနည္းငယ္ ပုံမွန္ဝင္ေရာက္ေနမည္ျဖစ္ပါေၾကာင္း၊ အနည္းငယ္ ဝင္ေရာက္လၽွင္ ကိုင္တြယ္၍ရပါေၾကာင္း၊ အားလုံးကို Quarantine ထည့္ရမည္ ျဖစ္ပါေၾကာင္း၊ ကုသရန္ လိုအပ္သူမ်ားကို ကုသမႈေပးရမည္ျဖစ္ပါေၾကာင္း၊ ကိုယ္တိုင္ အေတြ႕အႀကဳံရွိခဲ့သူမ်ားကလည္း တတ္ႏိုင္သမၽွ ကူညီေပးေစလိုပါေၾကာင္း၊ အဓိကမွာ မေပါ့ၾကရန္ႏွင့္ စည္းမ်ဥ္းစည္းကမ္းကို လိုက္နာၾကရန္ အားလုံးကို သတိေပးရန္ လိုအပ္ ပါေၾကာင္း၊ က်န္းမာေရးႏွင့္ပတ္သက္သည့္ စည္းမ်ဥ္းစည္းကမ္းမ်ား ခ်မွတ္ၿပီး COVID ေရာဂါ မျပန္႔ပြားေအာင္ ထိန္းသိမ္းရပါေၾကာင္း၊ ေရာဂါျပန္႔ပြားၿပီးမွ ျပန္လည္ကုသရျခင္းသည္ ပို၍ခက္ခဲၿပီး အကုန္အက်လည္း ပိုမိုမ်ားပါေၾကာင္း၊ တစ္ခါ ေရာဂါကူးစက္ခံရသူသည္ ေနာက္တစ္ႀကိမ္ ကူးစက္မႈ မခံရႏိုင္ဘူးဆိုသည့္ အာမခံခ်က္ မရွိပါေၾကာင္း၊ ယခုအခ်ိန္အထိ သိရွိထားသည္မွာ ျပန္လည္ကူးစက္မႈ ခံရႏိုင္ပါေၾကာင္း၊ ယင္းကို သတိထားေစလိုပါေၾကာင္း၊ အားလုံးကို ေက်းဇူးတင္ရွိပါေၾကာင္း၊ က်န္းမာၾကပါေစေၾကာင္းႏွင့္ COVID ကို အျမန္ဆုံး အႏိုင္ယူႏိုင္ၾကပါေစေၾကာင္း ေျပာၾကားသည္။
(ႏိုင္ငံေတာ္သမၼတအိမ္ေတာ္တြင္ ယေန႔နံနက္ပိုင္းက က်င္းပသည့္ Coronavirus Disease 2019 (COVID-19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ ဥကၠ႒ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ COVID-19 ကပ္ေရာဂါကာလတြင္ ႏိုင္ငံတကာေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ျပန္လည္ေခၚယူျခင္းႏွင့္စပ္လ်ဥ္း၍ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးဦးေက်ာ္တင္၊ အိႏၵိယႏိုင္ငံမွ ျပန္လာသူ မေအးေအးေအာင္၊ ဩစေၾတးလ်ႏိုင္ငံမွ ျပန္လာသူ မသႏၲာေအာင္စိုးတို႔ႏွင့္ ေတြ႕ဆုံ၍ အျပန္အလွန္ ေဆြးေႏြးခဲ့မႈ အျပည့္အစုံကို ယေန႔ ညေန (၆) နာရီႏွင့္ ညေန (၈) နာရီသတင္းအၿပီးတို႔တြင္ ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကား (MRTV)၌ ထုတ္လႊင့္ျပသသြားမည္ျဖစ္ပါေၾကာင္း ႀကိဳတင္ အစီရင္ခံ တင္ျပအပ္ပါသည္။)
(Zawgyi Version)