နေပြည်တော် မေ ၂၉
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် သည် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား မြဝတီ စစ်ဆေးရေးဂိတ်၌ စီမံဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ စာရင်းအင်းအချက်အလက်များ ကောက်ခံရေးတွင် ပါဝင် ဆောင်ရွက်နေသည့် ဆရာမဒေါ်ခင်ဥမ္မာမြင့်၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် တို့နှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေး ခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ အပြန်အလှန် ဆွေးနွေးသည်။
ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက် စကားပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကြိုဆိုရေး၊ ပြန်လည်လက်ခံရေးနှင့် သက်ဆိုင်ရာဒေသအသီးသီးသို့ ပို့ဆောင်ရေး ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခြေအနေများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း စနစ်တကျ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များဆောင်ရွက်နေမှု၊ COVID-19 နှင့်ပတ်သက်သည့် ကာကွယ်ရေးပစ္စည်းများအား လိုအပ်သည့်နေရာများသို့ စနစ်တကျ ပြန်လည်ဖြန့်ခွဲ ပေးနေမှု၊ အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် သတင်းဖြန့်ဝေပေးမှု လုပ်ငန်းများ စနစ်တကျဆောင်ရွက်နေမှု၊ ပြန်လည်ဝင်ရောက်လာသူများ၏ စားသောက် နေထိုင်ရေးနှင့် စည်းကမ်းလိုက်နာမှုအခြေအနေ၊ ပြည်သူများ ပူးပေါင်းပါဝင်လာအောင် ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ စာရင်းအင်းအချက်အလက်များ ကောက်ခံရေးတွင် ပါဝင်ဆောင်ရွက်နေသည့် ဆရာမ ဒေါ်ခင်ဥမ္မာမြင့်က ပြည်ပမှ ဝင်ရောက်လာသူများ ပြန်လည်လက်ခံရာ၌ ပါဝင်စာရင်းကောက်ခံပေးခဲ့မှု၊ နေရပ် အသီးသီးသို့ ပြန်လည်ပို့ဆောင်ရေးတွင် စာရင်းအင်းနှင့်အညီ စနစ်တကျဖြစ်စေရေး ဆောင်ရွက်မှုနှင့် ကြုံတွေ့ရသည့် အခက်အခဲများကို လည်းကောင်း၊ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် က ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မော်တော်ယာဉ်များဖြင့် နွေးနွေးထွေးထွေး သွားရောက်ကြိုဆိုမှု၊ စနစ်တကျ ပြန်လည်လက်ခံမှု၊ နေရပ်သီးသီးသို့ စနစ်တကျ ပြန်လည်ပို့ဆောင်နေမှုနှင့် ယာယီနေထိုင်ရန် နေရာများနှင့် နေထိုင်စားသောက်ရေး အဆင်ပြေစေရန် ဌာနဆိုင်ရာ များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား စနစ်တကျ ပြန်လည်လက်ခံမှု၊ နေရပ်သီးသီး သို့ စနစ်တကျ ပြန်လည်ပို့ဆောင်မှုနှင့်စပ်လျဉ်း၍ မည်သူတစ်ဦးတစ်ယောက်မျှမကျန် ရှိရေး ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 နှင့်ပတ်သက်၍ စိန်ခေါ်မှုမှာ ရုပ်ပိုင်းဆိုင်ရာ ခွာခွာနေသည်နှင့်မျှ စိတ်ပိုင်းဆိုင်ရာနီးစပ်ရန် အင်မတန်အရေးကြီး ပါကြောင်း၊ ယခုအချိန်တွင် အားလုံးပူးပေါင်းဆောင်ရွက်မှ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း။
အားလုံးက တစ်ဦးအပေါ်တစ်ဦး နားလည်မှု၊ စာနာမှုရှိမှ ယင်းစိန်ခေါ်မှုကို အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ယခု အချိန်တွင် လူသားများ၏ သဘာဝကိုလည်း လျစ်လျူရှုထား၍မရပါကြောင်း၊ တင်းကြပ်သည့် စည်းကမ်းများကို ကြာကြာထိန်းသိမ်း ထားရန် မလွယ်ကူပါကြောင်း၊ အခြေအနေ ပိုကောင်းလာသည်နှင့်အမျှ ဖြေလျှော့ပေးရန် စဉ်းစားရပါကြောင်း၊ သိပ်အဆင်မပြေပါက နည်းနည်း နောက်ပြန်ဆုတ်သင့်ပါက နောက်ပြန်ဆုတ်ရမည်ဖြစ်ပါကြောင်း၊
ပညာရေးကိုလည်း လျစ်လျူရှုထား၍ မရပါကြောင်း၊ စာသင်ကျောင်းများကို ဇူလိုင်လတွင် အထက်တန်းကစပြီး ဖွင့်ရန် စတင်စီစဉ်နေပါကြောင်း၊ ဇူလိုင်လဆန်းပိုင်း တွင် ကျောင်းများပြန်လည်ဖွင့်ရန် အဆင်ပြေ၊ မပြေကို တစ်ချိန်လုံး ချင့်ချိန်နေရ ပါကြောင်း။
COVID-19 နှင့်ပတ်သက်၍ တဖြည်းဖြည်း တိုးတက်မှုရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယင်းရောဂါနှင့်ပတ်သက်ပြီး ရောဂါကာကွယ်ရေးနှင့် ရောဂါပျောက် ကင်းရေးတို့သည် ဆေးပညာနှင့်သက်ဆိုင်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ဆေးပညာ ဘက်တွင် ထိပ်တန်း နိုင်ငံမဟုတ်သည့်အတွက် အခြားဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများက ကာကွယ်ဆေး၊ ကုသဆေးရှာဖွေနေသည့် အခြေအနေဖြစ်ပါကြောင်း၊ မိမိတို့တွင် သိပ္ပံပညာအင်အား၊ ဖွံ့ဖြိုးရေးအင်အား မရှိသော်လည်း ပြည်သူလူထု၏ စည်းလုံးမှု အင်အားကို အားကိုးရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုက စည်းစည်းလုံးလုံးဖြင့် လုပ်ဆောင်မည်ဆိုပါက အခြေအနေကို ထိန်းသိမ်းထားနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ ထိန်းသိမ်းထားနိုင်ပါက အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခု COVID-19 ကို ရင်ဆိုင်သည့်အခါတွင် ပူးပေါင်းဆောင်ရွက်ရေးသည် အဓိက ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အနေဖြင့် ပြောကြားရာ တွင် ကရင်ပြည်နယ်မှ ပြည်သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ နယ်စပ်မှ ပြန်လာသည့် ပြည်သူများနှင့်ပတ်သက်၍ အဓိက တာဝန်ယူရသည်မှာ ကရင်ပြည်နယ် အစိုးရနှင့် ကရင်ပြည်နယ်ပြည်သူလူထုဖြစ်ပါကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက်သည့် အတွက် ယခုကဲ့သို့ ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကနဦးပိုင်းတွင် စိုးရိမ်ပူပန်မှုများရှိသော်လည်း ပူးပေါင်းဆောင်ရွက်သည့်နေရာတွင် အင်မတန် လေးစားစရာကောင်းပါကြောင်း၊ ကျေးဇူးတင်စရာကောင်းပါကြောင်း၊ ကရင်ပြည်နယ်မှ အစိုးရပိုင်း၊ အုပ်ချုပ်ရေးပိုင်း၊ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအတိုင်း ဆက်လက်သွားမည်ဆိုပါက COVID-19 စိန်ခေါ်မှုကြီးကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် အားလုံး ကျန်းမာချမ်းသာ ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါကြောင်း ပြောကြားသည်။
(နိုင်ငံတော်သမ္မတအိမ်တော်တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား မြဝတီစစ်ဆေးရေးဂိတ်၌ စီမံဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ စာရင်းအင်း အချက်အလက်များ ကောက်ခံရေးတွင် ပါဝင်ဆောင်ရွက်နေသည့် ဆရာမဒေါ်ခင်ဥမ္မာမြင့်၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်တို့နှင့် Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ အပြန်အလှန် ဆွေးနွေးခဲ့မှု အပြည့်အစုံကို ယနေ့ ညနေ (၆) နာရီနှင့် ညနေ (၈) နာရီ သတင်းအပြီးတို့တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) ၌ ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါကြောင်း ကြိုတင် အစီရင်ခံတင်ပြအပ်ပါသည်။
(Unicode Version)
—————————————————————————————————————————–
Coronavirus Disease 2019 (COVID-19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီဥကၠ႒ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ျပည္ပမွ ျပန္လည္ဝင္ေရာက္လာသူမ်ားအား ျမဝတီ စစ္ေဆးေရးဂိတ္၌ စီမံေဆာင္႐ြက္ျခင္းႏွင့္စပ္လ်ဥ္း၍ ပါဝင္ေဆာင္႐ြက္ေနသူမ်ားႏွင့္ အျပန္အလွန္ေဆြးေႏြး
ေနျပည္ေတာ္ ေမ ၂၉
Coronavirus Disease 2019 (COVID-19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီဥကၠ႒၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္ သည္ ျပည္ပမွ ျပန္လည္ဝင္ေရာက္လာသူမ်ားအား ျမဝတီ စစ္ေဆးေရးဂိတ္၌ စီမံေဆာင္႐ြက္ျခင္းႏွင့္စပ္လ်ဥ္း၍ ကရင္ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္႔ဇင္ေအာင္၊ စာရင္းအင္းအခ်က္အလက္မ်ား ေကာက္ခံေရးတြင္ ပါဝင္ ေဆာင္႐ြက္ေနသည့္ ဆရာမေဒၚခင္ဥမၼာျမင့္၊ ျမဝတီခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးေတဇာေအာင္ တို႔ႏွင့္ ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္သမၼတ အိမ္ေတာ္ အစည္းအေဝး ခန္းမ၌ Video Conferencing စနစ္ျဖင့္ ခ်ိတ္ဆက္ေတြ႕ဆုံ၍ အျပန္အလွန္ ေဆြးေႏြးသည္။
ေရွးဦးစြာ Coronavirus Disease 2019 (COVID-19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီဥကၠ႒၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က ႏႈတ္ခြန္းဆက္ စကားေျပာၾကားသည္။
ထို႔ေနာက္ ကရင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္႔ဇင္ေအာင္က ထိုင္းႏိုင္ငံမွ ျပန္လည္ဝင္ေရာက္လာသည့္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအား ႀကိဳဆိုေရး၊ ျပန္လည္လက္ခံေရးႏွင့္ သက္ဆိုင္ရာေဒသအသီးသီးသို႔ ပို႔ေဆာင္ေရး ကိစၥရပ္မ်ား ေဆာင္႐ြက္ရာတြင္ ႀကဳံေတြ႕ရသည့္ အေျခအေနမ်ား၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားသည့္ လမ္းၫႊန္ခ်က္မ်ားအတိုင္း စနစ္တက် ျပန္လည္လက္ခံေရးလုပ္ငန္းစဥ္မ်ားေဆာင္႐ြက္ေနမႈ၊ COVID-19 ႏွင့္ပတ္သက္သည့္ ကာကြယ္ေရးပစၥည္းမ်ားအား လိုအပ္သည့္ေနရာမ်ားသို႔ စနစ္တက် ျပန္လည္ျဖန္႔ခြဲ ေပးေနမႈ၊ အသိပညာေပးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနမႈႏွင့္ သတင္းျဖန္႔ေဝေပးမႈ လုပ္ငန္းမ်ား စနစ္တက်ေဆာင္႐ြက္ေနမႈ၊ ျပန္လည္ဝင္ေရာက္လာသူမ်ား၏ စားေသာက္ ေနထိုင္ေရးႏွင့္ စည္းကမ္းလိုက္နာမႈအေျခအေန၊ ျပည္သူမ်ား ပူးေပါင္းပါဝင္လာေအာင္ ေဆာင္႐ြက္ေနမႈ အေျခအေနမ်ားကိုလည္းေကာင္း၊ စာရင္းအင္းအခ်က္အလက္မ်ား ေကာက္ခံေရးတြင္ ပါဝင္ေဆာင္႐ြက္ေနသည့္ ဆရာမ ေဒၚခင္ဥမၼာျမင့္က ျပည္ပမွ ဝင္ေရာက္လာသူမ်ား ျပန္လည္လက္ခံရာ၌ ပါဝင္စာရင္းေကာက္ခံေပးခဲ့မႈ၊ ေနရပ္ အသီးသီးသို႔ ျပန္လည္ပို႔ေဆာင္ေရးတြင္ စာရင္းအင္းႏွင့္အညီ စနစ္တက်ျဖစ္ေစေရး ေဆာင္႐ြက္မႈႏွင့္ ႀကဳံေတြ႕ရသည့္ အခက္အခဲမ်ားကို လည္းေကာင္း၊ ျမဝတီခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး ဦးေတဇာေအာင္ က ျပန္လည္ဝင္ေရာက္လာသည့္ ျမန္မာေ႐ႊ႕ေျပာင္း အလုပ္သမားမ်ားအား ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ေႏြးေႏြးေထြးေထြး သြားေရာက္ႀကိဳဆိုမႈ၊ စနစ္တက် ျပန္လည္လက္ခံမႈ၊ ေနရပ္သီးသီးသို႔ စနစ္တက် ျပန္လည္ပို႔ေဆာင္ေနမႈႏွင့္ ယာယီေနထိုင္ရန္ ေနရာမ်ားႏွင့္ ေနထိုင္စားေသာက္ေရး အဆင္ေျပေစရန္ ဌာနဆိုင္ရာ မ်ား၊ အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေနမႈ အေျခအေနမ်ားကိုလည္းေကာင္း ေဆြးေႏြးတင္ျပၾကရာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ျပည္ပမွ ျပန္လည္ဝင္ေရာက္လာသူမ်ားအား စနစ္တက် ျပန္လည္လက္ခံမႈ၊ ေနရပ္သီးသီး သို႔ စနစ္တက် ျပန္လည္ပို႔ေဆာင္မႈႏွင့္စပ္လ်ဥ္း၍ မည္သူတစ္ဦးတစ္ေယာက္မၽွမက်န္ ရွိေရး ဦးတည္ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ COVID-19 ႏွင့္ပတ္သက္၍ စိန္ေခၚမႈမွာ ႐ုပ္ပိုင္းဆိုင္ရာ ခြာခြာေနသည္ႏွင့္မၽွ စိတ္ပိုင္းဆိုင္ရာနီးစပ္ရန္ အင္မတန္အေရးႀကီး ပါေၾကာင္း၊ ယခုအခ်ိန္တြင္ အားလုံးပူးေပါင္းေဆာင္႐ြက္မွ ေအာင္ျမင္ႏိုင္မည္ ျဖစ္ပါေၾကာင္း။
အားလုံးက တစ္ဦးအေပၚတစ္ဦး နားလည္မႈ၊ စာနာမႈရွိမွ ယင္းစိန္ေခၚမႈကို ေအာင္ျမင္ႏိုင္မည္ျဖစ္ပါေၾကာင္း၊ ယခု အခ်ိန္တြင္ လူသားမ်ား၏ သဘာဝကိုလည္း လ်စ္လ်ဴ႐ႈထား၍မရပါေၾကာင္း၊ တင္းၾကပ္သည့္ စည္းကမ္းမ်ားကို ၾကာၾကာထိန္းသိမ္း ထားရန္ မလြယ္ကူပါေၾကာင္း၊ အေျခအေန ပိုေကာင္းလာသည္ႏွင့္အမၽွ ေျဖေလၽွာ႔ေပးရန္ စဥ္းစားရပါေၾကာင္း၊ သိပ္အဆင္မေျပပါက နည္းနည္း ေနာက္ျပန္ဆုတ္သင့္ပါက ေနာက္ျပန္ဆုတ္ရမည္ျဖစ္ပါေၾကာင္း၊
ပညာေရးကိုလည္း လ်စ္လ်ဴ႐ႈထား၍ မရပါေၾကာင္း၊ စာသင္ေက်ာင္းမ်ားကို ဇူလိုင္လတြင္ အထက္တန္းကစၿပီး ဖြင့္ရန္ စတင္စီစဥ္ေနပါေၾကာင္း၊ ဇူလိုင္လဆန္းပိုင္း တြင္ ေက်ာင္းမ်ားျပန္လည္ဖြင့္ရန္ အဆင္ေျပ၊ မေျပကို တစ္ခ်ိန္လုံး ခ်င့္ခ်ိန္ေနရ ပါေၾကာင္း။
COVID-19 ႏွင့္ပတ္သက္၍ တျဖည္းျဖည္း တိုးတက္မႈရရွိေအာင္ ေဆာင္႐ြက္ရမည္ ျဖစ္ပါေၾကာင္း၊ ယင္းေရာဂါႏွင့္ပတ္သက္ၿပီး ေရာဂါကာကြယ္ေရးႏွင့္ ေရာဂါေပ်ာက္ ကင္းေရးတို႔သည္ ေဆးပညာႏွင့္သက္ဆိုင္ပါေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ ေဆးပညာ ဘက္တြင္ ထိပ္တန္း ႏိုင္ငံမဟုတ္သည့္အတြက္ အျခားဖြံ႕ၿဖိဳးတိုးတက္သည့္ ႏိုင္ငံမ်ားက ကာကြယ္ေဆး၊ ကုသေဆးရွာေဖြေနသည့္ အေျခအေနျဖစ္ပါေၾကာင္း၊ မိမိတို႔တြင္ သိပၸံပညာအင္အား၊ ဖြံ႕ၿဖိဳးေရးအင္အား မရွိေသာ္လည္း ျပည္သူလူထု၏ စည္းလုံးမႈ အင္အားကို အားကိုးရမည္ျဖစ္ပါေၾကာင္း၊ ျပည္သူလူထုက စည္းစည္းလုံးလုံးျဖင့္ လုပ္ေဆာင္မည္ဆိုပါက အေျခအေနကို ထိန္းသိမ္းထားႏိုင္မည္ျဖစ္ပါေၾကာင္း၊ ထိုသို႔ ထိန္းသိမ္းထားႏိုင္ပါက အခက္အခဲမ်ားကို ေက်ာ္လႊားႏိုင္မည္ျဖစ္ပါေၾကာင္း၊ ထို႔ေၾကာင့္ ယခု COVID-19 ကို ရင္ဆိုင္သည့္အခါတြင္ ပူးေပါင္းေဆာင္႐ြက္ေရးသည္ အဓိက ျဖစ္ပါေၾကာင္း ရွင္းလင္းေျပာၾကားသည္။
ထို႔ေနာက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က နိဂုံးခ်ဳပ္အေနျဖင့္ ေျပာၾကားရာ တြင္ ကရင္ျပည္နယ္မွ ျပည္သူမ်ားအားလုံးကို ေက်းဇူးတင္ရွိပါေၾကာင္း၊ နယ္စပ္မွ ျပန္လာသည့္ ျပည္သူမ်ားႏွင့္ပတ္သက္၍ အဓိက တာဝန္ယူရသည္မွာ ကရင္ျပည္နယ္ အစိုးရႏွင့္ ကရင္ျပည္နယ္ျပည္သူလူထုျဖစ္ပါေၾကာင္း၊ အားလုံးပူးေပါင္းေဆာင္႐ြက္သည့္ အတြက္ ယခုကဲ့သို႔ ေခ်ာေခ်ာေမြ႕ေမြ႕ ေဆာင္႐ြက္ႏိုင္ခဲ့ျခင္းျဖစ္ပါေၾကာင္း၊ ကနဦးပိုင္းတြင္ စိုးရိမ္ပူပန္မႈမ်ားရွိေသာ္လည္း ပူးေပါင္းေဆာင္႐ြက္သည့္ေနရာတြင္ အင္မတန္ ေလးစားစရာေကာင္းပါေၾကာင္း၊ ေက်းဇူးတင္စရာေကာင္းပါေၾကာင္း၊ ကရင္ျပည္နယ္မွ အစိုးရပိုင္း၊ အုပ္ခ်ဳပ္ေရးပိုင္း၊ ဝန္ထမ္းမ်ား၊ ေစတနာ႔ဝန္ထမ္းမ်ားႏွင့္ ျပည္သူ အားလုံးကို ေက်းဇူးတင္ရွိပါေၾကာင္း၊ ယခုအတိုင္း ဆက္လက္သြားမည္ဆိုပါက COVID-19 စိန္ေခၚမႈႀကီးကို ေက်ာ္လႊားႏိုင္မည္ဟု ယုံၾကည္ပါေၾကာင္းႏွင့္ အားလုံး က်န္းမာခ်မ္းသာ ၾကပါေစေၾကာင္း ဆုေတာင္းေမတၱာပို႔သပါေၾကာင္း ေျပာၾကားသည္။
(ႏိုင္ငံေတာ္သမၼတအိမ္ေတာ္တြင္ ယေန႔နံနက္ပိုင္းက က်င္းပသည့္ Coronavirus Disease 2019 (COVID-19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ဗဟို ေကာ္မတီဥကၠ႒ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ျပည္ပမွ ျပန္လည္ဝင္ေရာက္လာသူမ်ားအား ျမဝတီစစ္ေဆးေရးဂိတ္၌ စီမံေဆာင္႐ြက္ျခင္းႏွင့္ စပ္လ်ဥ္း၍ ကရင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္႔ဇင္ေအာင္၊ စာရင္းအင္း အခ်က္အလက္မ်ား ေကာက္ခံေရးတြင္ ပါဝင္ေဆာင္႐ြက္ေနသည့္ ဆရာမေဒၚခင္ဥမၼာျမင့္၊ ျမဝတီခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးေတဇာေအာင္တို႔ႏွင့္ Video Conferencing စနစ္ျဖင့္ ခ်ိတ္ဆက္ေတြ႕ဆုံ၍ အျပန္အလွန္ ေဆြးေႏြးခဲ့မႈ အျပည့္အစုံကို ယေန႔ ညေန (၆) နာရီႏွင့္ ညေန (၈) နာရီ သတင္းအၿပီးတို႔တြင္ ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကား (MRTV) ၌ ထုတ္လႊင့္ျပသသြား မည္ျဖစ္ပါေၾကာင္း ႀကိဳတင္ အစီရင္ခံတင္ျပအပ္ပါသည္။
(Zawgyi Version)