zawgyi version
………………………………………………………………………………….
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော် ပြည်ထောင်စုနယ်မြေ ပြည်သူများက ထောက်ခံပွဲ အခမ်းအနား ကို အောက်တိုဘာ (၂၂) ရက်နေ့ ညနေ (၃) နာရီတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် ဘုရားကွင်း၌ ကျင်းပ ခဲ့ပါသည်။ရှေးဦးစွာ အခမ်းအနားကို တာ၀န်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ နေပြည်တော် ထောက်ခံပွဲမှာ ၈၈မျိုးဆက်ကျောင်းသားဟောင်း ဦးဂျင်မီနဲ့ စာရေးဆရာ ထင်လင်းဦးတို့က ဟောပြောခဲ့ပြီး စိန်ဒူးဝါးမင်္ဂလာဆိုင်းအဖွဲ့နဲ့ ပန်းရဲ့လမ်း တေဂီတအဖွဲ့တို့က လာရောက် ဖျော်ဖြေခဲ့ပါတယ်။ ထောက်ခံပွဲကို နေပြည်တော်က NLD ပါတီဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူပေါင်း ထောင်ချီပြီး တက်ရောက်ခဲ့ ပါတယ်။
unicode version