နေပြည်တော် သြဂုတ် ၂၅
—————————————————————————-
Unicode Version
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် International Panel on Climate Change ဥက္ကဋ္ဌဟောင်းနှင့် Energy Farm International Foundation ဥက္ကဋ္ဌ Dr.R.K. Pachauri ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော် သြဂုတ် ၂၅
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် International Panel on Climate Change (IPCC) ဥက္ကဋ္ဌဟောင်းနှင့် Energy Farm International Foundation ဥက္ကဋ္ဌ Dr.R.K. Pachauri ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး၊ ဧရာ၀တီမြစ်၀ကျွန်းပေါ် ဒေသ၌ ဒီရေတောများ ထိန်းသိမ်းရေး၊ ကျေးလက်ဒေသများ၌ လျှပ်စစ်ဓာတ်အားရရှိရေး စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။