ေနျပည္ေတာ္ ဒီဇင္ဘာ ၁၂
ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္သည္ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္၏ ျမန္မာႏိုင္ငံ ဆိုင္ရာ အထူးကိုယ္စားလွယ္ Ms. Christine Schraner Burgener အား ယေန႔နံနက္ ၁၁ နာရီတြင္ ေနျပည္ေတာ္ရွိႏိုင္ငံျခားေရးဝန္ႀကီးဌာန၌ လက္ခံေတြ႕ဆုံသည္။
ထိုသို႔ေတြ႕ဆုံစဥ္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ အထူးကိုယ္စားလွယ္ တို႔သည္ ေနျပည္ေတာ္တြင္ အထူးကိုယ္စားလွယ္၏ ႐ုံးခန္းဖြင့္လွစ္ေရးကိစၥ၊ ရခိုင္ျပည္နယ္တြင္ လူမႈအသိုက္အဝန္းမ်ားအၾကား သဟဇာတရွိစြာ ေနထိုင္ေရး အတြက္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ေရးႏွင့္ လူထုအား အသိပညာေပးမႈမ်ားျပဳလုပ္ ေရးကိစၥတို႔အပါအဝင္ ျမန္မာႏိုင္ငံႏွင့္ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္၏ အထူး ကိုယ္စားလွယ္႐ုံးတို႔အၾကား ပူးေပါင္းေဆာင္႐ြက္ေရးကိစၥမ်ားအေပၚ အျမင္ခ်င္း ဖလွယ္ခဲ့ၾကသည္။
ေတြ႕ဆံုပြဲသို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ အဆင့္ျမင့္အရာရွိႀကီးမ်ား တက္ေရာက္ ၾကသည္။
(Zawgyi Version)
————————————————————————————
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ
နေပြည်တော် ဒီဇင်ဘာ ၁၂
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိနိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အထူးကိုယ်စားလှယ် တို့သည် နေပြည်တော်တွင် အထူးကိုယ်စားလှယ်၏ ရုံးခန်းဖွင့်လှစ်ရေးကိစ္စ၊ ရခိုင်ပြည်နယ်တွင် လူမှုအသိုက်အဝန်းများအကြား သဟဇာတရှိစွာ နေထိုင်ရေး အတွက် ဆွေးနွေးမှုများ ပြုလုပ်ရေးနှင့် လူထုအား အသိပညာပေးမှုများပြုလုပ် ရေးကိစ္စတို့အပါအဝင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စများအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက် ကြသည်။
(Unicode Version)