နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဆားဘီးယားနိုင်ငံဝန်ကြီးချုပ် H.E.Mr. Aleksander Vucic ၏ အထူးကိုယ်စားလှယ်၊ ဆားဘီးယားနိုင်ငံ ခေတ္တလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး H.E. Mr. Goran Aleksic အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ခေတ္တလက်ထောက် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Goran Aleksic သည် ဆားဘီးယားနိုင်ငံဝန်ကြီးချုပ် H.E.Mr. Aleksander Vucic ထံမှ စာအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ပေးအပ်ခဲ့သည်။