ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်နှင့် ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင် တို့သည် ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှတာဝန်ရှိပု ဂ္ဂိုလ်များအားယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိလွှတ်တော် အဆောက်အအုံရေးရာဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်များ၊ ရည်ရွယ်ချက်များ၊ အပြုသေ ဘာဆောင် သည့်လေ့လာတွေ့ရှိချက်များနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နည်းဥပဒေတွင် ထည့်သွင်းသင့်သည့် အချက်အလက်များနှ င့်စပ်လျဉ်ြး ပီးရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအတွင်းရေးမှူး ဦးသက်လွင် (ခ) ဦးပေါခင်၊ ကော်မတီအဖွဲ့ဝင်များ၊ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး ဦးတင်ထွန်းနို င်နှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
—————————————
နေပြည်တော်၊ ဇူလိုင်လ ၁၃ ရက်