ပုသိမ်မြို့သို့ ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့  အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်သည် နံနက် ၇း၃၀ တွင် ခေတ္တတည်းခိုရာ ပုသိမ်ဟိုတယ်မှ ကျောင်းကုန်းမြို့ အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရုံးသို့ သွားရောက်ပြီး မြို့နယ်အလုပ်အမှုဆောင်အဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်တို့ကို တွေ့ဆုံပြီး ဒေသတွင်းအခြေအနေနှင့်  ဒေသဖွံဖြိုးရေးကိစ္စနှင့် အဖွဲချုပ်မှ ဆောင်ရွက်ထားရှိမှုများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်၊ အဆိုပါ တွေ့ဆုံပွဲသို့  ဧရာဝတီတိုင်းဒေသကြီး တိုင်းအလုပ်အမှုဆောင်အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာအေးကြူနှင့် အတွင်းရေးမှူး ဒေါက်တာတင်မင်းထွဋ် ၊ဦးသိန်းဆွေတို့ ဦးဆောင်သော တိုင်းခရိုင်အလုပ်အမှု ဆောင်များ၊ တိုင်းဒေသကြီးပါတီ စည်းကမ်းထိမ်းသိမ်းရေး တာဝန်ရှိသူများနှင့် မြို့နယ် အလုပ်အမှုဆောင် အဖွဲ့တို့ တက်ရောက်ခဲ့ ကြသည်။
