နေပြည်တော်၊ ဇွန် ၂၀
၂၀.၆.၂၀၁၇ ဥတ္တရခရိုင်သစ်တောဦးစီးဌာနရဲ့ကျိုးစားအားထုတ်မှု့နဲသစ်တောဌာန ပြည်သူဝန်ထမ်း များတာဝန်ကျေမှု့ကြောင့် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့သည်။ စိမ်းလန်းစိုပြေပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရန်အတွက် လူတိုင်း သစ်ပင် စိုက်ကြရန် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ဖိုးဇောင်တောင် ကြိုးဝိုင်း အကွက်အမှတ် ၁၇ တွင် ဇွန် ၂၀ ရက် နံနက် ၇ နာရီခွဲ အချိန်က ပြုလုပ်သော ၂၀၁၇ ခုနှစ် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှု မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲတော်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တိုက်တွန်း ပြောကြားခြင်းဖြစ်သည်။“သစ်ပင်စိုက်ဖို့က လူတိုင်းလူတိုင်းရဲ့ တာဝန်ပါပဲ။ စိမ်းလန်းစိုပြေပြီးတော့မှ ဒါမှ သဘာဝပတ်ဝန်းကျင် ကိုလည်း ထိန်းပေးနိုင်တယ်။ နောက် သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားနိုင်တယ်ဆိုတာ အဆို ရှိပါတယ်။ ဒါကြောင့်မို့လို့ အင်မတန် လုပ်သင့်တဲ့ အလေ့အထ တစ်ခုပါ” ဟု နိုင်ငံတော် သမ္မတက ပြောဆိုခဲ့သည်။
အဆိုပါ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန မှ ၂၀၁၇ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်သို့ နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်နှင့် ဒုသမ္မတ(၁) ဦးမြင့်ဆွေ၊ ဒုသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဗဟိုအတွင်းရေးမှူးအဖွဲ့ ဝင်၊ ပြည်သူ့ လွှတ်တော်ဥက္ကဌ-ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ၂ဦး ပြည်ထောင်စုဝန်ကြီးများ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်နှင့် ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်စိုက်ပျိုးခဲ့ သည်။