ဒီဇင်ဘာ ၂၈ ရက်
NLD CIC
(zawgyi version)
————————————————————————————————————-
ဗဟိုပြန်ကြားရေးကော်မတီအစည်းအဝေး
ဒီဇင်ဘာ ၂၈ ရက်
ယနေ့နံနက် ၁၁ နာရီက အဖွဲ့ချုပ်ဗဟိုပြန်ကြားရေးကော်မတီအစည်းအဝေး ကို အဖွဲ ့ချုပ် ဌာနာချုပ်ရုံး၌ကျင်းပခဲ့သည်။
အစည်းအဝေးတွင် သင်တန်းပို့ချရန်ကျန်ရှိနေ သည့် သက်ဆိုင်ရာပြည်နယ်၊တိုင်း၊ခရိုင်များနှင့် လူငယ်လုပ်ငန်းအဖွဲ ့များအား ပြန်ကြားရေးသင်တန်းများ ဆက်လက်ပို့လျပေးနိုင်ရန်အစီအစဉ်များ၊ စီမံချက်များကိုဆွေးနွေးဆုံဖြတ်ခဲ့ကြပြီး သတင်းအချက်အလက်များလွယ်ကူစွာချိတ်ဆက်ထုတ်ပြန်နိုင်ရန် ဗဟိုပြန်ကြားရေးကော်မတီနှင့် ဗဟိုအဆင့်ကော်မတီများ၊လုပ်ငန်းအဖွဲ ့များ တွေဆုံဆွေးနွေးရေးအစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ အဖွဲ ့ချုပ်ဗဟိုပြန်ကြားရေးကော်မတီဥက္ကဌ ဦးဥာဏ်ဝင်း နှင့် ကော်မတီဝင်များတက်ရောက်ဆွေးနွေးခဲ့ကြသည်။
NLD CIC
(unicode version)