zawgyi version
———————————————————————————————————————————–
ပြန်ကြားရေး အပတ်စဉ် ၃ သင်တန်း ဒုတိယနေ့ ဆက်လက်သင်ကြားပို့ချ
ရန်ကုန်၊ ၀၉ အောက်တိုဘာလ ၂၀၁၈
ပြန်ကြားရေးသင်တန်း အပတ်စဉ် ၃ ဒုတိယနေ့ကို ယနေ့ နံနက်၉နာရီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ် သင်တန်းခန်းမ၌ ဆက်လက်သင်ကြားပို့ချသည်။
ယနေ့သင်တန်းတွင် သင်တန်းဆရာ ဦးမျိုးမင်းအောင် (MIDO)က အင်တာနက်ဘယ်လိုအလုပ်လုပ်လဲ(How Internet Works)၊ အင်တာနက်ကို ဘယ်လိုလုံခြုံအောင် အသုံးပြုမလဲ (Digital Security)နှင့် စကားဝှက်တွေကို လုံခြုံခိုင်မာအောင် ဘယ်လိုပေးမလဲ (Password) များကို သင်ကြားပို့ချသည်။
unicode version