နေပြည်တော် ဇူလိုင် ၃
Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် COVID-19 နှင့် ဆောက်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုများနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ ဆောက်လုပ်ရေးအလုပ်သမား လက်သမားအဖွဲ့ခေါင်းဆောင် ဦးဌေးလွင်၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးရှိန်ဝင်းတို့နှင့် ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေများကို အပြန်အလှန် ဆွေး နွေးသည်။
ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက် အမှာ စကားပြောကြားရာတွင် ဆောက်လုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြောမည့်နေ့တွင် အားလုံး သိရှိပြီးဖြစ်သည့်အတိုင်း ဝမ်းနည်းစွာဖြင့် ဖားကန့်ကိစ္စအား ကြားကြမည် ဖြစ်ပါကြောင်း၊ ဖားကန့် အကြောင်းနှင့် တစ်ဆက်တည်းပြောလိုသည်မှာ မိမိတို့နိုင်ငံအတွက်လည်း ဝမ်းနည်းစရာကိစ္စတစ်ခု ဖြစ်ပါကြောင်း၊ နောက်တစ်ခုမှာ မိမိတို့အခြေခံပြည်သူများ၏ စားဝတ်နေရေးခက်ခဲမှုနှင့် ပတ်သက်နေသည့် ကိစ္စတစ်ခုဖြစ်ပါကြောင်း၊ ဖားကန့်တွင် ကျောက်တူးခြင်းမှာ မိမိတို့ ပြည်သူ အများစုသည် ဝမ်းစာအတွက်သွားရောက်လုပ်ကိုင်ခြင်း ဖြစ်ပါကြောင်း၊ ယခုကွယ်လွန်သွားသည့် သူများထဲတွင် တရားမဝင်တူးနေသူများ အများစုပါဝင်ပါကြောင်း။
ယင်းကဲ့သို့ တရားမဝင် ကျောက်တူးနေခြင်းမှာ တရားဝင်အလုပ်ရှာရန် ခက်ခဲနေသည့် အခြေအနေတွင် မိမိတို့နိုင်ငံသည် အတိုင်းအတာတစ်ခုအထိရှိနေသည်ကို လက်ခံရင်ဆိုင်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ တရားဝင်အလုပ်အကိုင်ရရှိရေးကို အလေးထား ပါကြောင်း၊ ယင်းသို့ တရားဝင်အလုပ်အကိုင်ရရှိရေး အလေးထားသည့် အထဲတွင် ဆောက်လုပ်ရေး ကဏ္ဍသည် များစွာအရေးကြီးပါကြောင်း၊ ယင်းသို့ပြောကြားရခြင်းမှာ အထူးသဖြင့် ကိုဗစ်နှင့် ပတ်သက်သည့် လုပ်ငန်းများတွင် ဆောက်လုပ်ရေးကဏ္ဍသည် အထူးပါဝင်သည်ကို ပြောကြားလို ပါကြောင်း၊ ဆောက်လုပ်ရေးသည် ရပ်ထား၍လည်း မရပါကြောင်း၊ နိုင်ငံ၏အခြေခံ အဆောက်အအုံ များနှင့်လည်း ဆက်နွယ်နေပါကြောင်း။ ထို့ပြင် ဆောက်လုပ်ရေးဘက်တွင် ကျန်းမာရေးစည်းမျဉ်းစည်းကမ်းနှင့်ကိုက်ညီစေရန် လုပ်ဆောင်ပေးနိုင်သည့် အခွင့်အလမ်းများ စွာရှိပါကြောင်း၊ တချို့လုပ်ငန်းများတွင် ခွာ၍လုပ်ကိုင်ရန် မလွယ်ကူပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို တိတိကျကျလိုက်နာရန် တချို့လုပ်ငန်းများတွင် မလွယ်ကူပါကြောင်း၊ သို့သော် ဆောက်လုပ်ရေးသည် ယင်းအပိုင်းတွင် ကိုင်တွယ်၍ အထိရောက်ဆုံး ကဏ္ဍတစ်ခုဖြစ်သည့် အတွက် ဆောက်လုပ်ရေးကို စောစီးစွာ ပြန်လည်လုပ်ကိုင်ခွင့်ပေးခြင်း ဖြစ်ပါကြောင်း။
ဆောက်လုပ်ရေးသည် အမြဲလိုအပ်နေပါကြောင်း၊ ဆောက်လုပ်ရေးသည် အမျိုးမျိုး ရှိပါကြောင်း၊ အခြေခံအားဖြင့် လမ်း၊ တံတားသည် ပြည်သူများအတွက် များစွာအရေးကြီး ပါကြောင်း၊ အဆောက်အဦများ ဆောက်လုပ်ခြင်းသည် ပြည်သူများအတွက် အလုပ်ရနိုင်ပြီး တက်လမ်းလည်း ပွင့်စေသည့် လုပ်ငန်းတစ်ခုဖြစ်စေလိုပါကြောင်း၊ ယနေ့ ဆွေးနွေးရန်လာသူများ တွင် ဦးကျော်လင်း သည် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဖြစ်ပါကြောင်း၊ ဦးဌေးလွင် သည် ဆောက်လုပ်ရေးတွင် ထဲထဲဝင်ဝင် လုပ်ကိုင်နေသူဖြစ်ပါကြောင်း၊ ဦးရှိန်ဝင်းသည် ဆောက်လုပ်ရေး လုပ်ငန်းဘက်မှ လုပ်ငန်းရှင် တစ်ယောက်ဖြစ် ပါကြောင်း၊ အားလုံးပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အလုပ်သမားများနှင့် လုပ်ငန်းရှင်များ အားလုံးပူးပေါင်း ဆောင်ရွက်နိုင်စေရန် နိုင်ငံတော်အစိုးရမှ စီမံခန့်ခွဲပေးရပါကြောင်း။
အစိုးရအနေဖြင့် ကိုဗစ်ဖြစ်ပွားနေသည့်အချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ မရပ်တန့် သွားစေရန်၊ ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက်လည်ပတ်ရင်း ဆောက်လုပ်ရေးလုပ်ငန်းများ တွင် လုပ်ကိုင်နေကြသည့် ပြည်သူများ၏ ကျန်းမာရေးမထိခိုက်စေရန်နှင့် ကိုဗစ်ရောဂါသည် ဆောက်လုပ်ရေးအလုပ်သမားများကြားတွင် မပြန့်ပွားစေရန်အတွက် သတိထားရပါကြောင်း၊ ကိုဗစ် အလွန်ကာလကိုလည်း ကြည့်ရပါကြောင်း၊ ယင်းမှာအမြဲတမ်း သတိပြုရမည့်ကိစ္စ ဖြစ်ပါကြောင်း၊ ကိုဗစ်ကာလကြောင့် နိုင်ငံ၏စက်ယန္တရားကြီးသည် ရပ်တန့်သွားမည် မဟုတ်ပါကြောင်း၊ ဆက်လက် လည်ပတ်ရမည်ဖြစ်ပါကြောင်း၊ ဆက်လက်လည်ပတ်ရာတွင် တိုးတက်သည့်ဘက်ကို လည်စေလို ပါကြောင်း ပြောကြားသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ဆောက်လုပ်ရေး ကဏ္ဍကြီး တစ်ရပ်လုံးအပေါ် သက်ရောက်မှုအနေဖြင့် ဆောက်လုပ်ရေးကဏ္ဍကြီး တစ်ရပ်လုံးကို မှီခိုနေသည့် လူဦးရေမှာ ၂ဝ၁၈ စာရင်းအရ ၁ ဒသမ ၃၇ သန်း ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် အဓိကထိခိုက်သူများသည် လက်သမား၊ ပန်းရံ၊ သံချည် သံကွေး၊ အထွေထွေလုပ်သား စသည့် အောက်ခြေလုပ်သားအများစု ဖြစ်ပါကြောင်း၊ ၎င်းလုပ်သားအားလုံးနီးပါးသည် တန်စား၊ ပေစား၊ ကျင်းစားနှုန်းဖြင့် ပုတ်ပြတ်လုပ်သားများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ သက်ရောက်မှုသည် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားချိန်တွင် အခြေခံလူတန်းစား များ၏ စားဝတ်နေရေးကို တိုက်ရိုက်ထိခိုက်ပါကြောင်း။ ဆောက်လုပ်ရေး ကဏ္ဍတွင် အဓိကအားဖြင့် နိုင်ငံတော်အစိုးရဘတ်ဂျက်ဖြင့် ရင်းနှီး မြှုပ်နှံသည့် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေးလုပ်ငန်းများဟူ၍ ၂ မျိုးရှိပါကြောင်း၊ နိုင်ငံတော်အစိုးရဘတ်ဂျက်ဖြင့် ရင်းနှီး မြှုပ်နှံသည့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် နိုင်ငံတော်၏ ပြည်တွင်းသုံးငွေဖြင့် ငွေလုံးငွေရင်း ကဏ္ဍ ရင်းနှီးမြှုပ်နှံခြင်း လုပ်ငန်းနှင့် နိုင်ငံတကာချေးငွေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဟူ၍ ၂ မျိုး ရှိပါကြောင်း၊ ပြည်တွင်းသုံးဘက်ဂျက်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်း တန်ဖိုးသည် ပြည်ထောင်စု ဝန်ကြီးဌာနများမှ နှစ်စဉ် ငွေကျပ် ဘီလီယံ ၅ဝဝဝ ကျော်ရှိပြီး နိုင်ငံတကာချေးငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းမှာ နှစ်စဉ်ငွေကျပ် ဘီလီယံ ၂ဝဝဝ ကျော်ရှိပါ ကြောင်း။
ပြည်တွင်းသုံးဘတ်ဂျက်ဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေးလုပ်ငန်းများ အနေဖြင့် ကိုဗစ်-၁၉ စတင်သည့် မတ်လကုန်ပိုင်းမှစ၍ ဧပြီလတစ်လလုံး ဆောက်လုပ်ရေး လုပ်ငန်းများ အားလုံးနီးပါး ရပ်ဆိုင်းသွားခဲ့ပါကြောင်း၊ သို့သော်လည်း မေလပထမပတ်မှစ၍ ပြည်တွင်းသုံးငွေဖြင့် ဘတ်ဂျက်ချမှတ်သည့် လုပ်ငန်းအားလုံးနီးပါး ပြန်လည်စတင်နေပြီး ယခုအခါ နိုင်ငံတော်၏ ပြည်တွင်းသုံးငွေနှင့် ဆောင်ရွက်သည့် လုပ်ငန်းအားလုံးနီးပါး ပုံမှန်အခြေအနေအတိုင်း ပြန်လည် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း။
တွေ့ကြုံရသည့် အခက်အခဲများအနေဖြင့် လုပ်ငန်းအများစုသည် ပုံမှန်အတိုင်း စက်တင်ဘာလကုန်တွင် ပြီးစီးမည်ဖြစ်ပြီး လုပ်ငန်းအနည်းစုသည် ကိုဗစ်-၁၉ ကြောင့် အချိန် ကာလနောက်ကျခြင်းနှင့် လက်ရှိမိုးရာသီ ရောက်ရှိနေခြင်းကြောင့် ၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ၃ လကို ထပ်တိုးဆောင်ရွက်ခွင့် တောင်းခံထားသောကြောင့် အချို့ လုပ်ငန်းများကို လုပ်ငန်းပြီးစီးချိန်တွင် စစ်ဆေးရေးအဖွဲ့များက အချိန်နှင့်တစ်ပြေးညီ စစ်ဆေး မပေးနိုင်၍ ငွေထုတ်ပေးမှုနောက်ကျနေခြင်းများကြောင့် ကုမ္ပဏီငယ်များ၏ ငွေကြေးလည်ပတ်မှု အခက်အခဲများ ကြုံတွေ့နေရပါကြောင်း။
နိုင်ငံတကာချေးငွေဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေးစီမံကိန်းများအနေဖြင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှု ပိုမိုရှိပါကြောင်း၊ ပြည်ပမှ စက်ယာဉ်ယန္တရားနှင့် ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းမှု နောက်ကျခြင်းနှင့် နိုင်ငံခြားသား ပညာရှင်များလာရောက်ရန် အခက်အခဲများကြောင့် အဓိက ထိခိုက်ရခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတကာချေးငွေအနေဖြင့် ADB, World Bank, JICA တို့မှ ထပ်မံ ကမ်းလှမ်းထားမှုများရှိပါကြောင်း၊ ကက်ဘိနက်နှင့် ပြည်ထောင်စုလွှတ်တော်မှ သဘောတူ ခွင့်ပြုပါက အဆိုပါ Project များ ၂ဝ၂၁ ခုနှစ်တွင် စတင်နိုင်မည် ဖြစ်ပါကြောင်း။
ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေးလုပ်ငန်းများ အနေဖြင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်လုပ်ငန်းအတွက် တည်ဆောက်ခြင်း၊ သာသနာရေးဆိုင်ရာ အဆောက်အဦ တည်ဆောက်ခြင်းနှင့် Developer များဟူ၍ ၃ ပိုင်း ရှိပါကြောင်း၊ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်လုပ်ငန်းအတွက် တည်ဆောက်သူများနှင့် သာသနာရေးဆိုင်ရာ အဆောက်အဦတည်ဆောက်သူများသည် ကိုဗစ်-၁၉ စတင်သည့် မတ်လ၊ ဧပြီလများတွင် လုပ်ငန်းများ ရပ်ဆိုင်းသွားသော်လည်း မေလမှ စတင်၍ ပြန်လည် ဆောင်ရွက်နေကြပြီ ဖြစ်ပါကြောင်း၊ သို့သော် ပုံမှန်အခြေအနေအောက် ၄ဝ ရာခိုင်နှုန်းခန့် လျော့နည်းနေပါကြောင်း၊ အဓိကအထိနာသည့် အပိုင်းမှာ Developer များက ရင်းနှီး မြှုပ်နှံသည့် အပိုင်းဖြစ်ပါကြောင်း၊ အိမ်ရာအရောင်းအဝယ်သည် ၂ဝ၁၈-၂ဝ၁၉ ခုနှစ်တွင် စတင်အေးစက်နေပြီး ၂ဝ၂ဝ ပြည့်နှစ် ကိုဗစ်-၁၉ ကာလအတွင်း ရပ်ဆိုင်းသလိုဖြစ်သွား၍ ဘဏ်ချေးငွေဖြင့် ဆောင်ရွက်နေသည့် Developer များအတွက် သက်ရောက်မှု ကြီးမားခဲ့ပါကြောင်း။
ကိုဗစ်-၁၉ နှင့် ပတ်သက်ပြီး ဆောင်ရွက်ချက်များအနေဖြင့် ကိုဗစ်စတင်သည့် မတ်လ ကုန်ပိုင်းတွင် လုပ်သားများအား ကိုဗစ်-၁၉ အန္တရာယ်အသိပညာပေးခြင်း၊ လုပ်ငန်းခွင် ဝင်ရောက်ချိန် အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်း၊ Social Distancing စသည့် ကျန်းမာရေး ဆိုင်ရာညွှန်ကြားချက်များပေးခြင်း၊ Mask များ၊ သာမိုမီတာများ ဖြန့်ဝေပေးခြင်း၊ လက်ဆေး ကန်များ တည်ဆောက်စေခြင်း၊ အများသုံးရေအိုးစင်များ ဖြုတ်သိမ်းထားခြင်း၊ စားသောက်နေရာ များကို ၆ ပေစီခြား၍ ပြန်လည်စီစဉ်ခြင်း၊ ကိုဗစ်-၁၉ ကာလအတွင်း အခြေခံစားသောက်ကုန်များ ဖြန့်ဝေပေးခြင်း၊ ဆေးရုံများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများသို့ ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် အလှူငွေများ၊ Mask၊ သာမိုမီတာ၊ PPE ဝတ်စုံများ လှူဒါန်းခြင်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များတွင် Facilities Quarantine ဧရိယာအသုံးပြုနိုင်ရန် ဝန်ကြီးဌာနများမှ တိုက်ခန်း ၂၃၆၈ ခန်း အား ညှိနှိုင်းအသုံးပြုခွင့် ပေးထားပါကြောင်း။
အင်ဂျင်နီယာများနှင့် ဗိသုကာများကဏ္ဍတွင် ကိုဗစ်-၁၉ ကြောင့် Stay Home ကာလအတွင်း လစာငွေ လျှော့ယူရမှုမျိုးရှိသော်လည်း ယခုအခါ ပုံမှန်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါကြောင်း၊ သွင်းအားစု လုပ်ငန်းများအနေဖြင့် သံချောင်း၊ ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက် Demand များ ပုံမှန်၏ ၃ဝ ရာခိုင်နှုန်း လျော့ကျနေသော်လည်း ပစ္စည်းဈေးနှုန်းများမှာ ပုံမှန်ဈေးနှုန်းဖြစ်ပါကြောင်း၊ အောက်တိုဘာ၊ နိုဝင်ဘာလခန့်တွင် ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိမည်ဟု ခန့်မှန်းပါကြောင်း၊ အလုပ်အကိုင် ဖန်တီးပေးနိုင်မှုအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများသည် အလုပ်အကိုင် သင်တန်းပေးရန် မလိုအပ်ပါကြောင်း၊ လက်သမားအကူ၊ သံချည်သံကွေးအကူ၊ ပန်းရံအကူနှင့် အထွေထွေလုပ်သား စသည့်ဖြင့် ချက်ချင်းဝင်ရောက် လုပ်ကိုင်နိုင်သောကြောင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရန် အလွယ်ဆုံးဖြစ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်ဖြင့်လည်းကောင်း၊ PPP အစီအစဉ်ဖြင့် လည်းကောင်း၊ Project များဖော်ဆောင်ပေးခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးလာနိုင်ပါကြောင်း။
CERP အပေါ် ဆောင်ရွက်ခြင်းအနေဖြင့် တံတားဂိတ် ၆၈ ဂိတ်နှင့် လမ်းဂိတ် ၂၄ ဂိတ် တို့အား ဇွန်လ ၁ ရက်မှ နိုဝင်ဘာလ ၃ဝ ရက်အထိ လမ်းအသုံးပြုခ ၅ဝ ရာခိုင်နှုန်း ဖြေလျော့ပေးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး အစီအစဉ်အရ PPP လုပ်ငန်းများတိုးမြှင့် ဆောင်ရွက်ရန် လမ်းတံတား စီမံကိန်း ၄ ခုအား EOI ဖိတ်ခေါ်ထားခြင်းတို့ ဆောင်ရွက်ထားပါကြောင်း။
အထွေထွေတင်ပြချက် အနေဖြင့် အိမ်ရာဝယ်လိုအား တက်လာရန်အတွက် ဘဏ်များမှ အရစ်ကျချေးငွေ စံနှုန်းများများ ဖော်ဆောင်ပေးရန်နှင့် နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်သူ့အငှား အိမ်ရာ စီမံကိန်းများကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဖော်ဆောင်ပေးရန် တင်ပြလိုပါကြောင်း၊ တစ်နှစ်လျှင် နိုင်ငံတော်ဘတ်ဂျက် ဘီလီယံ ၂၅ဝ ခွင့်ပြုပေးနိုင်ပါက စတုရန်းပေ ၆၅ဝ အိပ်ခန်း ၂ ခန်းပါ အငှားတိုက်ခန်း ၁ဝဝဝဝ တည်ဆောက်ပေးနိုင်မည် ဖြစ်ပါကြောင်း တင်ပြဆွေးနွေးသည်။
ယင်းနောက် ဆောက်လုပ်ရေးအလုပ်သမား လက်သမားအဖွဲ့ခေါင်းဆောင် ဦးဌေးလွင်က မိမိအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လက်သမားဆရာ လုပ်ပါကြောင်း၊ လုပ်သက် နှစ်(၂ဝ)ကျော်ရှိပြီဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် ရန်ကုန်မြို့ရှိ မြန်မာ့ဂုဏ်ရည်လမ်းတွင် (၆)ထပ်တိုက်များ ဆောက်လုပ်နေသည့် ဆောက်လုပ်ရေးဆိုက်ထဲတွင် အလုပ်လုပ်နေပါကြောင်း၊ ယင်းဆိုက်ထဲတွင် မိမိနှင့်အတူ သံချီ၊ သံကွေး၊ ပန်းရံ၊ လက်သမား (၂ဝဝ)ခန့် အလုပ်ဆင်းပါကြောင်း၊ မိမိတို့အနေဖြင့် တစ်ရက်လျှင် လုပ်အားခ (၁၁ဝဝဝ) ရပါကြောင်း၊ လုပ်သားအများစုမှာ တစ်ရက် (၉ဝဝဝ) မှ (၁၅ဝဝဝ) ခန့်အထိ ရကြပါကြောင်း။
ကိုဗစ်ဖြစ်သည့်အတွက် လုပ်ငန်းခွင်များ ဧပြီ လ မှ မေလ အထိ လုံးဝရပ်ဆိုင်းထားသည့် အချိန်တွင် မိမိတို့စားသောက်ရေးအတွက် မိမိတို့ လုပ်ငန်းရှင်များအနေဖြင့် ဆန်၊ ဆီ၊ ကြက်ဥများ ပေးပါကြောင်း၊ နိုင်ငံတော်ကပေးသည့် ဆန်၊ ဆီများလည်း ရပါကြောင်း၊ ထို့ကြောင့် စားသောက်ရေး အဆင်ပြေခဲ့ပါကြောင်း၊ လုပ်ငန်းများ ပြန်စသည့်အခါ ဆိုက်ထဲမဝင်မီတွင် ကိုယ်ပူချိန်တိုင်းရ ပါကြောင်း၊ ကိုယ်အပူချိန်ပုံမှန်ဆိုပါက ဆိုက်ထဲ ဝင်ခွင့်ရရှိပါကြောင်း၊ ဝင်ခွင့်ရသည်နှင့် လက်ဆေး၍ နှာခေါင်းစည်းတပ်ရပါကြောင်း၊ အလုပ်ခွင်တွင် တစ်ယောက်နှင့် တစ်ယောက် (၆) ပေလောက်စီခြား ပြီး အလုပ်လုပ်ကြရပါကြောင်း၊ ထမင်းစားချိန်တွင်လည်း (၆)ပေခွာပြီး စားကြရပါကြောင်း၊ ကိုဗစ် မဖြစ်ရန်အတွက် ကြီးကြပ်သည့် တာဝန်ခံ အရာရှိနှင့် အဖွဲ့က စစ်ဆေးကြပ်မတ်ကြပါကြောင်း။
အလုပ်သွား အလုပ်ပြန်တွင် အလုပ်ရှင်က ဒိုင်နာကားများ စီစဉ်ပေးပါကြောင်း၊ စက်ဘီးနှင့် လာသည့်သူများလည်းရှိပါကြောင်း၊ တစ်ချို့မှာ ဘတ်စကားဖြင့် လာကြပါကြောင်း၊ ယခု အလုပ် ရှိနေသည့်အတွက် မိမိတို့ စားသောက်ရေး အဆင်ပြေပါကြောင်း၊ အလုပ်(၃) ရက်ခန့် မဆင်းရပါက မိမိတို့ အများစုသည် စားစရာမရှိတော့ပါကြောင်း၊ ယင်းအခါတွင် မိမိတို့နီးစပ်ရာတွင် ပိုက်ဆံချေးပြီး သုံးရပါကြောင်း၊ ကလေးများကျောင်းဖွင့်ချိန်တွင် ပိုက်ဆံချေးပြီး သုံးရခြင်းများပါကြောင်း၊ ယခုအခြေအနေတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်အများစုသည် ရပ်ဆိုင်းထားသည့်အတွက် အလုပ်မရှိသည့် လုပ်သားများ တော်တော်လေး အခက်အခဲများ ရှိနေသည်ကို တွေ့ရပါ ကြောင်း။
မိမိတို့ ဆောက်လုပ်ရေးလုပ်သားများအတွက် တင်ပြလိုသည်မှာ မိမိတို့လုပ်သားများသည် အလုပ်(၃) ရက်ခန့် မလုပ်ရပါက စားစရာ အခက်အခဲဖြစ်ကြသည့်အတွက် ဆောက်လုပ်ရေး ဆိုက်များ များလာစေရန် စီစဉ်ပေးရန်နှင့် မိမိတို့ အလုပ်မရှိချိန်နှင့် ကျောင်းဖွင့်ချိန်တွင် ငွေချေး၍ ရအောင် စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့ ဆောက်လုပ်ရေး လုပ်သားများသည် နယ်မှရန်ကုန်သို့လာပြီး အလုပ်လုပ်ကြသူများဖြစ်သည့်အတွက် ရန်ကုန်တွင် နေစရာအိမ်မရှိကြ ပါကြောင်း၊ အလုပ်ရှင်များ စီစဉ်ပေးသည့် နေရာများတွင် နေရသည့်သူများက အဆင်ပြေပြီး အချို့အနေဖြင့် ကျူးကျော်တဲများတွင် ပြန်ငှားနေကြပါကြောင်း၊ မိမိတို့ လုပ်သားများ စုစည်းပြီး နေ၍ရသည့် မြို့ပြင်များတွင် မြေဝိုင်းများ စီစဉ်ပေးစေလိုပါကြောင်း၊ မိမိတို့ဘာသာ တဲထိုးပြီး နေမည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးရှိန်ဝင်းက နိုင်ငံတော်က ထုတ်ပြန်လိုက်သည့် CERP COVID-19 စီးပွားရေးဆိုင်ရာ သက်သာခွင့်အစီအမံ Guide Line အတိုင်း နိုင်ငံတော်နှင့်အတူ MCEF အသင်းချုပ်အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဆောက်လုပ်ရေး လုပ်ငန်းရှင်များ လိုက်နာရသည့် COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေး စည်းမျဉ်းစည်းကမ်း၊ ဆောက်လုပ်ရေးလုပ်ငန်းများဆိုင်ရာ ကြီးကြပ်မှု ကော်မတီမှညွှန်ကြားချက်များ ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ MCEF အသင်းချုပ်နှင့်တကွ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် ရှိသည့် အသင်းခွဲများမှ တစ်ဆင့် လုပ်ငန်းခွင်အသီးသီးသို့ အကြောင်းကြားခဲ့ပါကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အပူချိန်တိုင်းကိရိယာ၊ ဆပ်ပြာ၊ လက်ဆေးကန်၊ တစ်ရူးပါ အဝတ် Mask ၊ Hand Spray၊ လက်သုတ်တစ်ရူး၊ လက်အိတ်၊ အမှိုက်ပုံး၊ ရေဆိုးမြောင်း၊ မိလ္လာစနစ်၊ ပညာပေးပိုစတာများကို စီမံပြုလုပ်စေခဲ့ပါကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တိုင်းတွင် COVID-19 ကြီးကြပ်ရေးတာဝန်ခံ တစ်ဦးခန့်အပ်စေပါကြောင်း။
ပညာပေးပိုစတာများကပ်ခြင်း၊ လက်ဆေးကန် အလုံအလောက်ထားပေးခြင်း၊ စနစ်တကျ လက်ဆေးနိုင်ရန်အတွက် ဆပ်ပြာ၊ ရေ၊ တစ်ရှူးအလုံအလောက် ထောက်ပံ့ပေးရန်တို့ ကိုလည်း လမ်းညွှန်ထားရှိပါကြောင်း၊ စားဖိုဆောင်ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာကိစ္စများအနေဖြင့် ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုရခက်၊ အင်အား ကုန်ခန်းခြင်း စသည်တို့ကို အထူးသတိပြုရမည်ဖြစ်ကြောင်း၊ ပညာပေးမှုများ ဆောင်ရွက်ထားရှိပါ ကြောင်း၊ လူစုလူဝေးများ ရှောင်ကြဉ်ရန်နှင့် ပိုစတာလက်ကမ်းစာစောင်များ သက်ဆိုင်ရာလုပ်ငန်းခွင်၌ ဖြန့်ချိရန်၊ အသံဖိုင်များနားထောင်နိုင်ရန် ပြုလုပ်စေလျက်ရှိပါကြောင်း၊ အလုပ်သမားများအကြား ကောလာဟလ သတင်းအမှားများ ပျံ့နှံ့မှု မရှိစေရေး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မတ်လ ၂၃ရက် COVID-19 စတင်ချိန်ကာလတွင် ရန်ကုန်တိုင်းဒေသကြီး၌ ဆေးဝါးကုသရန် အတွက် ဝေဘာဂီ၊ ကူးစက်ဆေးရုံတွင် လူနာလက်ခံရန် အရေအတွက် ၂ဝဝသာ ရှိပါကြောင်း၊ ပြည်သူများကုသရန်အတွက် အခက်ခဲမရှိစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ဦးဆောင်ပြီး လှည်းကူးမြို့နယ်၊ ဖောင်ကြီးဝန်ထမ်း လေ့ကျင့်ရေးကျောင်းကို Covid-19 Medical Center (အောက်မြန်မာပြည်) ပြောင်းလဲ တည်ဆောက်ရာ၌ ICU (၄)ဆောင်၊ X-ray, CT Scan (၁)ဆောင် အပါအဝင် ကျန်းမာရေး ဝန်ထမ်းအဆောင်၊ လူနာဆောင်စုစု ပေါင်း(၁၄)ဆောင်နှင့် ခြံစည်းရိုးပေ (၁ဝဝဝဝ) ခန့်၊ လမ်း၊ Infrastructure အားလုံးကို ဧပြီ ၂ ရက်မှ မေလ ၁ ရက်အပြီး တည်ဆောက် နိုင်ခဲ့ပါကြောင်း၊ တည်ဆောက်ခဲ့သည့် ကုန်ကျစရိတ်ငွေကျပ်သိန်း(၁ဝဝဝဝ) ကိုလည်း အပြီးလှူဒါန်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို အပ်နှံပြီးဖြစ်ပါကြောင်း၊ COVID-19 အောက်မြန်မာပြည် ခံတပ်ကို MCEF အသင်းချုပ်အနေဖြင့် အမျိုးသားတာဝန်တစ်ရပ်အနေဖြင့် အခက်အခဲကြားက အချိန်တိုအတွင်း အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပါကြောင်း။
Covid ကာလ နေပြည်တော်တွင် ဆောက်လုပ်မည့် အငြိမ်းစားဝန်ထမ်းအိမ်ရာ (၁၈၉)လုံးကို MCEF အသင်းချုပ်နှင့် MLCA အသင်းချုပ်တို့သည် ဧပြီလကစတင် ဆောက်လုပ်ပြီး စက်တင် ဘာလတွင် ပထမအသုတ်ပြီးစီးအောင် အကောင်ထည်ဖော် ဆောက်လုပ်နေပါ ကြောင်း၊ COVID-19 ကာလအတွင်း ပြည်ပက ပြန်ရောက်လာသည့် နိုင်ငံသားများထဲမှ ဇွန်လ၂၂ရက်အထိ ဆောက်လုပ် ရေးနှင့်ပတ်သက်သည့် လုပ်သားစာရင်းကို ပြည်ထောင်စုအလုပ်သမားဝန်ကြီးဌာန မှရရှိပြီး အမျိုးသား ၄၁၁၃ ဦး၊ အမျိုးသမီး ၉၇ဝ ၊ သတင်းစာ၊ ဂျာနယ်၊ ဆိုရှယ်မီဒီယာမှတစ်ဆင့် CV From တောင်းခံပြီး ပြည်နယ်တိုင်းအသီးသီးလုပ်ငန်းရှင်များက အလုပ်အကိုင်များပေးနိုင်ရန် လုပ်ဆောင် နေပါကြောင်း၊ အင်ဂျင်နီယာ၊ Skill Labour၊ အထွေထွေလုပ်သားခွဲခြားစာရင်း ကောက်ယူမည် ဖြစ်ပြီး အထွေထွေလုပ်သားထဲမှ Skill Labour ဖြစ်လိုသူများကို သင်တန်းပေးသွားမည် ဖြစ်ပါကြောင်း၊ မကြာမီ နေပြည်တော် MCEF အသင်းချုပ်ပိုင် မြေ(၅)ဧက ပေါ်တွင်ဂျပန်နိုင်ငံ ဟော့ကိုင်းရိုးအစိုးရအဖွဲ့နှင့်ပူးပေါင်းပြီး ဂျပန်နည်းပညာ ဆောက်လုပ်ရေး သင်တန်းကျောင်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ COVID-19 ကာလတွင် လုပ်ငန်းအားလုံးနီးပါး ထိခိုက်နစ်နာခဲ့ရပါကြောင်း၊ ကုန်သွယ်မှု၊ ကုန်ထုတ်လုပ်မှု၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းတို့ဖြစ်ပါကြောင်း၊ ထိခိုက်သွားသည့်လုပ်ငန်းများ(၆)လမှ (၃)နှစ် အထိအချိန်ယူပြီး လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍသည် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးမှု အတွက် အရေးအကြီးဆုံး အခန်းကဏ္ဍကပါဝင်သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေး ကဏ္ဍသည် အလုပ်အကိုင်အခွင့်အရေး အမြန်ဆုံးနှင့် အများဆုံးဖန်တီးနိုင်သည်ကို တွေ့ရ ပါကြောင်း။
COVID-19 ကာလတွင် ပထမဦးစားပေးလုပ်ဆောင်ရန် ပြည်သူလူထု၏ အခြေခံလိုအပ်ချက် လုပ်ငန်း (Infrastructure) လုပ်ငန်းများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ရပ်ကွက်၊ ရပ်ရွာထဲအထိ အမြန်ဆုံးဦးစားပေး ဖော်ထုတ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ COVID-19 ကာလ အတွင်း ပြည်သူလူထု၏အခြေခံ လိုအပ်ချက်ဖြည့်ဆည်းနိုင်ပြီး ရပ်ရွာနေ ပြည်သူများအထိ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားစေနိုင်မည် ဖြစ်ပါကြောင်း။ စက်ရုံ၊ အလုပ်ရုံများသည် အလုပ်အကိုင်အခွင့်ရေးများစွာ ဖန်တီးပေးသည့်အတွက် စက်မူဇုန် စီမံကိန်းများကို ဖော်ထုတ်အားပေးခြင်းဖြင့် စက်ရုံ၊အလုပ်ရုံ တည်ဆောက်ရမည်ဖြစ်ပြီး ဆောက်လုပ်ရေး အလုပ်သမားများ အတွက်လည်း အလုပ်အကိုင်အခွင့်အရေး ထပ်မံ ရရှိမည်ဖြစ် ပါကြောင်း။
COVID-19 ကာလတွင် နိုင်ငံတော်ဘတ်ဂျက် မသုံးဘဲ လက်ရှိဝန်ထမ်းများ Down Payment အနည်းဆုံးနှင့် လစဉ်အရစ်ကျသက်သာသော ငွေပေးချေမှုနှင့်အတူ ၎င်းဝန်ထမ်းများ ပင်စင်ယူ သည့်အခါ တိုက်ခန်းအလွယ်တကူ ပိုင်ဆိုင်နိုင်ရေးအတွက် MCEF အသင်းချုပ်အနေဖြင့် Pilot Project တစ်ခုကိုနိုင်ငံတော်အစိုးရအဖွဲ့သို့ တင်ပြမည်ဖြစ်ပါကြောင်း။ COVID-19 ကာလတွင် ပြည်ထောင်စုဝန်ကြီးဌာန၏ ဘတ်ဂျက်တချို့ လျှော့ချမူများ ပြုလုပ်ခဲ့ ရပါကြောင်း၊ နောက်လာမည့်ဘတ်ဂျက်နှစ်တွင် လျှော့ချထားသည့် အသုံးစရိတ်များ ပြန်ဖြည့်တင်း ပေးရန်နှင့် တင်ဒါအောင်ကန်ထရိုက်တာများကိုသာ လုပ်ငန်းပြန်ချပေးရန် တင်ပြအပ်ပါကြောင်း၊ ဒုတိယဝန်ကြီး တင်ပြထားသည့်အတိုင်း ပြီးစီးရမည့် သက်တမ်းကာလ (၃)လ တိုးပေးရန် တင်ပြ အပ်ပါကြောင်း။
COVID-19 ကာလ တင်ဒါလုပ်ငန်းများ အချိန်မီပြီးစီးရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး အစိုးရအဖွဲ့ရုံးမှတစ်ပတ်တစ်ကြိမ် MCEF ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး တင်ဒါ ငွေကြေးထုတ်ယူမူ အခက်အခဲ၊ အခြားလုပ်ငန်းအခက်အခဲများကို ညှိနှိုင်းဖြေရှင်းခြင်းဖြင့် တင်ဒါ လုပ်ငန်းများ အမြန်ပြီးစီး အောင်မြင်လာမည် ဖြစ်ပါကြောင်း။
နှစ်အလိုက် နိုင်ငံတော်ဘတ်ဂျက်များ ပြည့်မီအောင်ချပေးသော်လည်း တင်ဒါ မအောင်မြင်ဘဲ နှစ်ကုန်လျှင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရသည်ကို တွေ့ရပါကြောင်း၊ အသင်းချုပ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တင်ဒါလုပ်ငန်းရှင် ကန်ထရိုက်များကို ကော်မတီ တစ်ရပ် ဖွဲ့ပြီး နိုင်ငံတော်သမ္မတ၏ ၁/၂ဝ၁၇ တင်ဒါစည်းကမ်း၏ လိုအပ်ချက်များကို ပြင်ဆင် ရေးဆွဲခဲ့သည်မှာ မကြာမီပြီးစီးတော့မည် ဖြစ်ပါကြောင်း။
နိုင်ငံတော်၏ NECC ကလည်း တင်ဒါစည်းကမ်းလိုအပ်ချက်များ ပြင်ဆင်နေသည်ဟု သိရပါ ကြောင်း၊ အောက်ခြေမြေပြင်တွင် အမှန်တကယ် လုပ်ကိုင်နေသည့် တင်ဒါလုပ်ငန်းရှင် ကန်ထရိုက်များ ပြင်ဆင်ထားသည့် တင်ဒါစည်းမျဉ်းစည်းကမ်းနှင့် NECC က ပြင်ဆင်သည့် တင်ဒါ စည်းမျဉ်းစည်းကမ်းတို့ ပေါင်းစပ်ပြီးမှသာ တင်ဒါစည်းမျဉ်းစည်းကမ်းအသစ်ကို ထုတ်ပြန်ပေးရန် တင်ပြအပ်ပါကြောင်း။
COVID-19 ကာလတွင် တရားဝင်ခွင့်ပြုချက်ကျပြီး တည်ဆောက်ဆဲ ဆောက်လုပ်ရေး လုပ်ငန်း (၂)မျိုး ရှိပါကြောင်း၊ (၁) ပုဂ္ဂလိကနှင့်နိုင်ငံတော်အကျိုးတူ ပြုလုပ်ထားသည့် လုပ်ငန်းများ BOT,PPP စီမံကိန်းများနှင့် (၂)ပုဂ္ဂလိကပိုင်မြေပေါ်တွင် Developer များဆောက်လုပ်သည့် Apartment ၊ Condominium ဆောက်လုပ်ရေးလုပ်ငန်းများသည် Covid-19 ကာလ အခက်အခဲများနှင့် ရင်ဆိုင်နေကြရပါကြောင်း၊ တည်ဆောက်ဆဲလုပ်ငန်းများ ရပ်ဆိုင်း မသွားရန်နှင့် ဆောက်လုပ်ရေးလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ရပ်တန့် မသွားစေရန် နိုင်ငံတကာ တွင် နိုင်ငံတော်ကသာ ဦးဆောင်၍ Project တန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်းအထိ သက်သာသည့် အတိုးနှုန်းနှင့် နှစ်လတ်ချေးငွေများ ချပေးခဲ့သည်ကို တွေ့ရပါကြောင်း၊ မိမိတို့ နိုင်ငံတွင် လုပ်ငန်းများအားလုံးကို တပြိုင်တည်း ငွေချေးရမည် ဖြစ်သည့်အတွက် နိုင်ငံတော်က ငွေလုံးငွေရင်းနှင့် စိုက်ထုတ်ချေးရန် ခက်ခဲနေသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့်နိုင်ငံခြားမှ သက်သာသော အတိုးနှုန်းဖြင့် ရရှိခဲ့ပါက ပုဂ္ဂလိကဘဏ်များက တစ်ဆင့် တာဝန်ယူပြီး Project တန်ဖိုး၏အနည်းဆုံး ၂ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းအထိချေးငွေရရှိလျှင် အဆင်ပြေနိုင်မည် ဖြစ်ပါကြောင်း။
ရန်ကုန်မြို့တွင် ဆောက်လုပ်ပြီး၊ ဆောက်လုပ်ဆဲ ကွန်ဒိုတိုက်ခန်းအရေအတွက် အခန်းပေါင်း (၁၅ဝဝဝ)ခန့် ရှိပါကြောင်း၊ နိုင်ငံခြားသားကွန်ဒိုတိုက်ခန်းရောင်းချနိုင်မှု ရာခိုင်နှုန်း ၄ဝ ရာခိုင်နှုန်း အိမ်ခန်း ၆ဝဝဝ ဖြစ်ပါကြောင်း၊ တစ်ခန်းလျှင် ငွေကျပ်သိန်း (၂၅ဝဝ) ပျမ်းမျှနှင့် ရောင်းချနိုင်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ နိုင်ငံခြားငွေရရှိမည်ဖြစ်ပြီး နိုင်ငံတော်၏ စီးပွားရေး လည်ပတ်မှုကို အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် ကွန်ဒိုတိုက်ခန်း အများအပြား ရောင်းချနိုင်ရန် နိုင်ငံတော်အစိုးရကပါ ပါဝင်ကူညီဆောင်ရွက်ပေး နေကြပါကြောင်း၊ ဥပမာ တံဆိပ်ခေါင်းခွန်လျှော့ပေါ့ပေးခြင်း၊ သက်သာသော Mortgage Loan ပေးခြင်း၊ 10 Years Multi-Visa ထုတ်ပေးခြင်း၊ Second Home ပေးခြင်းများ ပြုလုပ်ပေးခဲ့သည့်အတွက် နိုင်ငံခြားငွေ အများအပြား တိုးတက်ရရှိနေကြပါကြောင်း။
နိုင်ငံသားများအတွက် COVID-19 ကာလတွင် နိုင်ငံတော်က ငွေကြေးစိုက်ထုတ်ပေးခြင်းထက် လိုအပ်နေသည့် ဥပဒေများ ဖြေလျှော့ပေးခြင်းက ဝယ်သူများ အတွက်ပို၍ ထိရောက်မှုရှိပါ ကြောင်း၊ နိုင်ငံသားများအတွက် တိုက်ခန်း ၆ဝ ရာခိုင်နှုန်းအိမ်ခန်း (၉ဝဝဝ) အတွက် ရောင်းရမည်ဆိုပါက ငွေကျပ် ၂၂၅ ဘီလီယံ ရရှိမည်ဖြစ်ပြီး ယင်းငွေများသည် နိုင်ငံတွင်း စီးပွားရေးလည်ပတ်မှုတွင် ပါဝင်နိုင်မည်ဖြစ်ပါကြောင်း။
ဝင်ငွေခွန်နှုန်းထား လျှော့ချခြင်းနှင့်ပတ်သက်ပြီး ၂ဝ၁၉-၂ဝ၂ဝဘဏ္ဍာရေး နှစ်တစ်နှစ် စမ်းသပ်လျော့ပေါ့ပေးခဲ့သည့်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီးနှင့် အဖွဲ့ကို အထူးပင် ကျေးဇူးတင်ပါကြောင်း၊ ဝင်ငွေခွန်လျှော့ပေါ့ကောက်ခံခြင်းကြောင့် အခွန်ငွေများ ထူးခြားစွာ တိုးတက်ရရှိရုံမျှမက အခွန်ထမ်းဦးရေများစွာ တိုးလာသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ ယခင်နှစ် ကာလတူ ပထမ(၃)လပတ်တွင် အခွန်ထမ်းဦးရေ တိုးတက်မှုရာခိုင်နှုန်း၂၅၈ ဒသမ ၃၁၉ ရာခိုင်နှုန်း၊ ကောက်ခံရရှိသည့် ဝင်ငွေပေါင်းသန်း ၃၇ဝဝဝ တိုးတက်မှုရာခိုင်နှုန်း ၆၆ ဒသမ ၄၅၃ ရာခိုင်နှုန်း၊ တံဆိပ်ခေါင်းခွန် ရရှိငွေ ၉၆၂၉ သန်း တိုးတက်မှု ရာခိုင်နှုန်း ၄ဝ ရာခိုင်နှုန်းအသီးသီး အခွန်ငွေ တိုးတက်လာသည်ကို တွေ့ရပါကြောင်း၊ နောက်ထပ် ယခင်နှစ်ကာလတူ ဒုတိယ (၃)လပတ် တွင်လည်း ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်များ တိုးတက်ရရှိသည်ကို စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနမှ သိရှိခဲ့ရပါကြောင်း၊ ကိုဗစ်ကာလတွင် အခက်အခဲကြုံတွေ့ခဲ့ရပါကြောင်း၊ မကြာမီ လာမည့် စက်တင်ဘာ (၃ဝ)တွင် တစ်နှစ်သက်တမ်းကုန်တော့မည်ဖြစ်သည့်အတွက် နောက်ထပ် တစ်နှစ်သက်တမ်းတိုးပေးရန်အတွက် မေတ္တာရပ်ခံတင်ပြအပ်ပါကြောင်း၊ ၂ဝ၁၉-၂ဝ၂ဝ ဝင်ငွေခွန် လျော့ပေါ့နှုန်းထားများကို ၃ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း၊ ၁ဝ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း၊ ၃ဝ ရာခိုင်နှုန်းအသီးသီး သတ်မှတ်ခဲ့သော်လည်း Covid ကာလတွင် ဝယ်ယူသူများအတွက် ဝင်ငွေခွန် အထူးလျော့ချပေးရန် ပို၍လိုအပ်ပါကြောင်း၊ ဝယ်ယူသူများအနေဖြင့် ဝယ်ယူသည့်တန်ဖိုးငွေအားလုံး အတွက် ၃ ရာခိုင်နှုန်းထက် မပိုသောနှုန်းထား သတ်မှတ်ပေးပါရန် တင်ပြအပ်ပါကြောင်း၊ တံဆိပ်ခေါင်းခွန် ၄ ရာခိုင်နှုန်း ပေါင်းပါက နိုင်ငံတော်အခွန်ငွေ ၇ ရာခိုင်နှုန်းရရှိမည်ဖြစ်ပါကြောင်း။
နိုင်ငံသားတိုင်းရင်းသားလုပ်ငန်းရှင်များသည် နိုင်ငံ၏ သဘာဝဘေးအန္တရာယ်ကျရောက် သည့်အခါ၊ ကပ်ရောဂါဖြစ်သည့်အခါတွင် ပြည်သူများနှင့်တစ်သားတည်း အတူနေပြီး မိမိတို့ စွမ်းနိုင်သည့်ဘက်က ကူညီဆောင်ရွက်ပေးခဲ့ကြပါကြောင်း၊ နိုင်ငံသားတိုင်းရင်းသား လုပ်ငန်းရှင်များ COVID-19 ကာလ စီးပွားရေးနလံထူနိုင်ရန် အမှန်တကယ် လုပ်ငန်းအသစ်တည်ထောင်သူများ၊ လုပ်ငန်းတိုးချဲ့လုပ်ကိုင်လိုသူများကို ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုကော်မရှင်ရုံး (MIC)တွင် ၎င်းတို့၏ Business Plan တင်ပြ၍ တရားဝင် မှတ်တမ်းပြုပြီးပါက ၎င်းတို့ရင်းနှီးမြုပ်နှံမှုအပေါ် ဝင်ငွေခွန် ကင်းလွတ်ခွင့်ပေးခြင်း ပြုလုပ်ပေးရန် တင်ပြအပ်ပါကြောင်း၊ ရင်းနှီးမြုပ်နှံမှုတွင် မြေကဲ့သို့ မရွှေ့မပြောင်းနိုင်သော အခြေခံပစ္စည်းပါလာပါက တံဆိပ်ခေါင်းခွန် ၄ ရာခိုင်နှုန်း နိုင်ငံတော်က ကောက်ခံ ရရှိမည်ဖြစ်ပါကြောင်း။
နိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင်ကုမ္ပဏီအသစ်များ များစွာထူထောင် ပေါ်ထွက်လာပါက ဝန်ထမ်းအလုပ်သမားအများစွာ အလုပ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ နောင်လာမည့် (၂)နှစ်၊ (၃)နှစ် တွင် အောင်မြင်လာမည့် နိုင်ငံသားတိုင်းရင်းသားကုမ္ပဏီအသစ်များသည် အမြတ်ခွန်များကို နှစ်ပေါင်းမြောက်များစွာ ကုမ္ပဏီမပျက်မချင်း နှစ်စဉ်အစိုးရသို့ ပေးနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံသားကုမ္ပဏီအသစ်များ တိုးတက်ပေါ်ပေါက်လာခြင်း၊ နိုင်ငံအတွင်း အလုပ်အကိုင်အခွင့် အလမ်းများပြားလာခြင်း၊ ရေတိုရေရှည်ကာလတွင် နိုင်ငံတော်အခွန်များ တိုးတက်ရရှိခြင်း စသည် တို့သည် နိုင်ငံတော်စီးပွားတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက် ဖြစ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် COVID-19 ကာလကြောင့် ကမ္ဘာနှင့်အဝန်း စီးပွားရေးကျဆင်း နေပါကြောင်း၊ ယခုနှစ် မြန်မာနိုင်ငံအပေါ်တွင်လည်း စီးပွားရေးတိုးတက်နှုန်းကို ကမ္ဘာက သုည ဒသမ ၅ GDP ရှိမည်ဟု သက်မှတ်သော်လည်း COVID-19 ကိုအခြေပြုပြီး စိတ်ဓာတ်မကျရန် လိုအပ် ပါကြောင်း၊ Zero Setting ထား၍ နိုင်ငံ၏ အတိတ်ကတိမ်းစောင်းခဲ့သော စီးပွားရေးမူဝါဒများကို တည့်မတ်ပြီး စီးပွားရေးလုပ်ငန်းများပေါ်တွင် ထုတ်ပြန်ထားသည့် ဥပဒေများထဲမှလိုအပ်သည့် ဖြေလျှော့မှုများကို အချိန်နှင့်တစ်ပြေးညီ ပြုလုပ်ပေးမည်ဆိုပါမကြာမီ အချိန်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးသည် တစ်ဟုန်ထိုး တိုးတက်ပြောင်းလဲရန် သေချာပါကြောင်း တင်ပြဆွေးနွေးသည်။
ထို့နောက် ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ယခုအထိ ဆောက်လုပ်ရေးပိုင်းတွင် ကိုဗစ်ရောဂါပြန့်ပွားမှု မရှိသေးပါကြောင်း၊ ဆောက်လုပ်ရေး ပိုင်းတွင် ကိုဗစ်နှင့် ပတ်သက်၍ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှု အားကောင်း သည်ဟု ပြောရမည်ဖြစ်ပါကြောင်း၊ ယင်းကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်ပါကြောင်း၊ လူသားများ၏ သဘာဝအရ အချိန်ကြာလာသည်နှင့်အမျှ လက်ဆေးသည့်နေရာ၊ Mask တပ်သည့် နေရာ၊ တစ်ယောက်နှင့် တစ်ယောက် ခပ်ခွာခွာနေရမည့် နေရာတို့တွင် ပေါ့ဆလာတတ်ပါကြောင်း၊ အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အလုပ်သမားများသည် လူစုပြီး ထမင်းစားခြင်း၊ စကားပြောခြင်းတို့ကို ပြုလုပ်လေ့ရှိသဖြင့် လူစုပြီးထမင်းမစားရန်၊ စကားမပြောရန် အမြဲတမ်း သတိပေးနေရပါကြောင်း၊ အခြားလုပ်ငန်းများနှင့် ရုံးဌာနများတွင် ယင်းပုံစံအတိုင်း ပြုမူ ဆောင်ရွက်လေ့ရှိပါကြောင်း၊ ယခုအချိန်တွင် ယင်းအပြုအမူများကို သတိထားရန် လိုအပ် ပါကြောင်း၊ တောင်သူလယ်သမားများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ချိန်တွင် ခပ်ခွာခွာနေကြသော်လည်း ထမင်းစားချိန်တွင် လူစုပြီးထမင်းစားခြင်းသည် ကောင်းမွန်သည့် အလေ့အထဖြစ်သော်လည်း ယခုအချိန်တွင် မပြုလုပ်ကြရန် အရေးကြီးပါကြောင်း။
အလုပ်သမားများ များပြားသည့်နေရာတွင် တစ်ဦးတစ်ယောက်သာ ရောဂါဖြစ်သွားမည် ဆိုပါက များစွာပြဿနာတက်နိုင်ပါကြောင်း၊ လူအများသို့ ရောဂါမြန်မြန်ကူးစက် သွားနိုင် ပါကြောင်း၊ ထို့ကြောင့် အားလုံးက အလေးထားရန် လိုအပ်ပါကြောင်း။
အလုပ်အကိုင်ပိုင်းနှင့်ပတ်သက်၍ ဒုတိယဝန်ကြီး တင်ပြသွားသကဲ့သို့ အလုပ်အကိုင် ဖန်တီးပေးရေးသည် များစွာအရေးကြီးသည့်အတွက် မိမိတို့နိုင်ငံတွင် ဆောက်လုပ်ရေးကဏ္ဍသည် အလုပ်အကိုင်အများဆုံးပေးနိုင်သည်ကို လက်ခံပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ဆောက်လုပ်ရေးကဏ္ဍရှိ ဆောက်လုပ်ရေးလုပ်ငန်း ၃ မျိုးလုံးကို နည်းအမျိုးမျိုးဖြင့် အားပေးလျက် ရှိပါကြောင်း၊ တတ်နိုင်သည့်ဖက်မှ ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဆောက်လုပ်ရေး အလုပ်သမားများအတွက်လည်း အကျိုးရှိမည်၊ ကိုယ်ပိုင်နေအိမ်ဖြင့် နေထိုင်ချင် သည့် ပြည်သူများနှင့် ဝန်ထမ်းများအတွက်လည်း အကျိုးရှိမည်၊ မိမိအနေဖြင့် ဝန်ထမ်းများ၏ အရေးကြီးဆုံးလိုအပ်ချက်ကို မေးကြည့်သည့်အခါ ဝန်ထမ်းတော်တော်များများက ဝန်ထမ်းဘဝမှ အငြိမ်းစားယူသည့်အခါ ကိုယ်ပိုင်နေအိမ်ဖြင့် နေထိုင်နိုင်သည့် အနေအထားရှိချင်ကြသည်ဟု ပြန်လည် ဖြေကြားကြပါကြောင်း၊ တစ်သက်လုံး ပင်ပင်ပန်းပန်းဖြင့် အလုပ်လုပ်ကိုင်ခဲ့ရပြီး အငြိမ်းစားယူသည့်အခါ မည်သို့နေထိုင်ရမည်ကို မသိသည့် အနေအထားမျိုး မဖြစ်ချင်ကြပါကြောင်း၊ မိမိအနေဖြင့်လည်း နားလည်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ထမ်း ဆောင်ပြီးသည့်အခါ အေးအေးဆေးဆေးဖြင့် အသက်ကြီးသည့်အခါ သိက္ခာရှိရှိဖြင့် နေထိုင်နိုင်ရန် ဝန်ထမ်းအိမ်ရာများကို ဦးစားပေးပြီး ဆောက်လုပ်လျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ ဆောက်လုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်သည့်အတွက်လည်း ဆောက်လုပ်ရေး အလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကြပါကြောင်း။
ကိုဗစ်ကာလတွင် အချို့လုပ်ငန်းများ မတွင်ကျယ်ရခြင်း၏ အဓိကအကြောင်းအရင်းသည် နိုင်ငံခြားမှ ကျွမ်းကျင်ပညာရှင်များ မလာနိုင်ခြင်းကြောင့်ဟု သိရှိရပါကြောင်း၊ ယခုအချိန်တွင် လိုအပ်သည့်နေရာများ၌ ပြန်လည်ဝင်ရောက်ရန် နည်းနည်းချင်း ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ မိမိအနေဖြင့် တွေးမိသည်မှာ မိမိတို့နိုင်ငံတွင် ကျွမ်းကျင်လုပ်သားများရှိရန် များစွာလိုအပ် ပါကြောင်း၊ ဆောက်လုပ်ရေးဖက်တွင် အလုပ်အကိုင်ဖန်တီးရန် လွယ်ကူပါကြောင်း၊ ထို့သို့ ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုကို မြှင့်တင်ပေးသည့်ပုံစံဖြင့် လုပ်ကိုင်စေချင်ပါကြောင်း၊ အလုပ်သင်ရင်းဖြင့် မြင့်လာသည့်သဘောဖြစ်ပါကြောင်း၊ မိမိတို့ ပြည်သူများ၏ အလုပ်အကိုင် အရည်အချင်း၊ ကျွမ်းကျင်မှုကို မြှင့်တင်ပေးသည့် ပုံစံမျိုးဖြင့် လုပ်စေချင်ပါကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ရန် နိုင်ငံတော်ကလည်း တစ်ဖက်က တာဝန်ယူရမည်ဖြစ်ပြီး အခြားတစ်ဖက်ကလည်း လုပ်ငန်းရှင်များကလည်း တာဝန်ယူရန် လိုအပ်ပါကြောင်း၊ အလုပ်သမားများကိုယ်တိုင်လည်း ယင်းစိတ်ဓာတ်မျိုး ရှိစေချင်ပါကြောင်း။
ဆောက်လုပ်ရေးအလုပ်သမားများသည် တစ်နိုင်ငံလုံးကို ဖြန့်ပြီးသွားကြပါကြောင်း၊ မိမိ ခရီးသွားသည့်အခါ မကွေးတိုင်းဒေသကြီးအတွင်းရှိ အညာကအမျိုးများ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေကြသည်ကို နေရာတိုင်းတွင်တွေ့ရပါကြောင်း၊ လမ်း၊ အဆောက်အဦနှင့် တံတားများ ဆောက်လုပ်နေစဉ် မိမိနှင့် လမ်းမှာတွေ့၍ နှုတ်ဆက်ပါက မကွေး၊ နတ်မောက်နှင့် ရေနံချောင်း မြို့တို့မှ အများစုဖြစ်ပါကြောင်း၊ ချင်းပြည်နယ် ရောက်ခဲ့စဉ်ကလည်း မကွေးဘက်မှ လာရောက် လုပ်ကိုင်နေသူများကို တွေ့ရှိရပါကြောင်း၊ ယခုအချိန်အခါတွင် ယင်းအလုပ်သမားများသည် အိမ်ပြန် သွားကြသည့်အတွက် အလုပ်များ ကျန်ရစ်ခဲ့ပါကြောင်း၊ ကျန်ရစ်ခဲ့သည့် အလုပ်များကိုလည်း ကိုဗစ်-၁၉ ကို ထိန်းထိန်းသိမ်းသိမ်းလုပ်နိုင်မည့်ကာလ ရောက်သည်နှင့်အမျှ အမြန်ပြန်ပြီးစရန် လိုအပ်ပါကြောင်း။
ဒေသခံများ၏ ဆောက်လုပ်ရေး လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးပြီး အလုပ်သမား များ အလုပ်ပြန်လည်ရရှိပြီး ဝင်ငွေရရှိလာမည်ဖြစ်ပါကြောင်း၊ ယင်းကိစ္စများသည် အားလုံးဝိုင်းဝန်းပြီး လုပ်ဆောင်ရမည့် ကိစ္စဖြစ်ပါကြောင်း၊ နိုင်ငံတကာချေးငွေဖြင့် လုပ်ကိုင် ရသည့် လုပ်ငန်းများရှိပါကြောင်း၊ နိုင်ငံတကာချေးငွေနှင့် ပတ်သက်ပြီး အမြဲသတိပေးခဲ့ပါကြောင်း၊ ချေးပြီး ပြန်ပေးရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ပြန်ပေးရသည့်အခါ နိုင်ငံတကာတွင် ၂ မျိုးရှိပါကြောင်း၊ ထောက်ပံ့ငွေဖြင့် လုပ်သည့်အခါရှိသကဲ့သို့ ချေးငွေဖြင့် လုပ်သည့်အခါများလည်း ရှိပါကြောင်း၊ ချေးငွေဖြင့် လုပ်သည့်အခါ တစ်နေ့တစ်ချိန်တွင် ပြန်ပေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ သိက္ခာအရသာမက နိုင်ငံတစ်နိုင်ငံအပေါ်တွင် စီးပွားရေးအရ ယုံကြည်မှုရှိလာရန် ချေးငွေများကို မှန်မှန်ကန်ကန် ပြန်ပေးရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉နှင့် ပတ်သက်ပြီး ဖွံ့ဖြိုးမှုနည်းပါးသည့် နိုင်ငံများ၏ ချေးငွေများလျော်ပေးရန် အစီအစဉ်လုပ်ဆောင်နေပါကြောင်း၊ ယင်းအစီအစဉ်များ ကိုလည်း ကျေးဇူးတင်ပါကြောင်း၊ မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးမှုအားနည်းသည့် နိုင်ငံများအတွက် အထောက်အကူဖြစ်စေပါကြောင်း၊ မူအားဖြင့် မိမိတို့ချေးထားသည့်ငွေကို မိမိတို့ပြန်ပြီးဆပ် နိုင်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆပ်နိုင်အောင် မိမိတို့ကလည်း ကြိုးစားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်သည့်အခါ ဆောက်လုပ်ရေးလုပ်နေသည့် လုပ်ငန်းတစ်ခုသာမက မိမိတို့ နိုင်ငံစီးပွားရေးယန္တရားလည်ပတ်မှုကို တွန်းအားပေးနေသည့် နည်းတစ်နည်းအဖြစ် စိတ်မှာထားပြီးလုပ်စေလိုပါကြောင်း၊ ကျဉ်းကျဉ်းလေး ကြည့်၍ မရပါကြောင်း၊ မိမိတို့ စီးပွားရေးယန္တရားကြီး ဆက်စပ်ပြီး လည်ပတ်သွားနိုင်ရန် စဉ်းစားရပါကြောင်း၊ ထိုသို့ စဉ်းစားရာတွင် ဆောက်လုပ်ရေးလုပ်ငန်းကို အင်မတန် အလေးထားပါကြောင်း။
ဆွေးနွေးတင်ပြချက်များသည် မိမိတို့ ပြောကြားချက်များနှင့်ကိုက်ညီပါကြောင်း၊ (၂) ရက်၊ (၃) ရက်အလုပ် မလုပ်ရပါက ပြဿနာဖြစ်သွားပါကြောင်း၊ တစ်နေ့လုပ်မှ တစ်နေ့ရပါကြောင်း၊ ယင်းကို စဉ်းစားရမည်ဖြစ်ပါကြောင်း၊ ရေရှည်တွင် မိမိတို့၏ ပြည်သူများ၊ အလုပ်သမားများ စီးပွားရေးအရ လုံခြုံရေးဖြစ်ပါကြောင်း၊ ချမ်းသာရေးဆိုသည်မှာ နောက်တစ်ဆင့်ဖြစ်ပါကြောင်း၊ အခြေခံလုံခြုံရေး ရှိရန်လိုပါကြောင်း၊ မိမိအမြဲတမ်းပြောသည်မှာ နိုင်ငံတစ်နိုင်ငံ၏ တည်ငြိမ်မှုသည် လုံခြုံရေးအပေါ်တွင် ဆိုင်ပါကြောင်း၊ လုံခြုံရေးသည် ပြည်သူများ၏ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးဖြစ်ပြီး ဆက်စပ်နေပါကြောင်း၊ ဥပမာအားဖြင့် သားသမီးများ ကျောင်းတက်သည့် အခါတွင် မည်သည့်နေရာမှ စရိတ်ရှာရမည်ကို စိတ်ပူနေရပါက စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးမရှိပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးမရှိခြင်းနှင့် ဆက်နွယ်သွားပါကြောင်း။
ယင်းတို့ကို မိမိတို့အနေဖြင့် စဉ်းစားမည်ဖြစ်ပါကြောင်း၊ ကိုဗစ်ကာလတွင် ပုံမှန်ဝင်ငွေ မရှိသည့် မိမိတို့ပြည်သူများအတွက် အထူးအစီအစဉ်များ လုပ်ဆောင်ထားပါကြောင်း၊ ယင်းကိုလည်း အားလုံးသိရှိပြီး ဖြစ်ပါကြောင်း၊ အခြေခံစားနပ်ရိက္ခာများ ဖြန့်ဝေပြီး နောက်ပိုင်းတွင် ငွေအရ ပံ့ပိုးခြင်းများရှိပါကြောင်း၊ ပုံမှန်ဝင်ငွေမရှိသည့် ပြည်သူများအတွက် စိတ်လုံခြုံမှု အတိုင်းအတာအထိ စိတ်ချရစေရန် နိုင်ငံမှ တတ်နိုင်သမျှ ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ အရေးကြီးဆုံးမှာ နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် ပုံမှန်သွားနေပြီး ပြည်သူများသည် စီးပွားရေးအရ ရုပ်ပိုင်းဆိုင်ရာအရ လုံလောက်သည်အထိ ရောက်ရန်ဖြစ် ပါကြောင်း။
ဦးဌေးလွင် ပြောသွားသည့်အချက်တွင် အသက်မွေးဝမ်းကြောင်းပညာအကြောင်း ပါဝင်ပါ ကြောင်း၊ လရောင်တောတွင် အဓိကအားဖြင့် စိုက်ပျိုးရေးလုပ်ပါကြောင်း၊ စိုက်ပျိုးရေးဆိုသည်မှာ တောင်ယာလုပ်ကိုင်သည်တင်မက ပန်းခြံ၊ ဥယျာဉ် လုပ်ခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်ကဲ့သို့ မြို့ကြီးတွင် လမ်းဘေးတချို့နေရာတွင် သစ်ပင်များစိုက်ပျိုးထားပါကြောင်း၊ သို့သော် စိုက်ပျိုး ထားသည်မှာ မလှပပါကြောင်း၊ တင့်တင့်တယ်တယ် မရှိလှပါကြောင်း၊ ယင်းမှာ စိုက်ပျိုးရေး ပညာအားနည်းနေ၍ ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးပညာဆိုသည်မှာ သစ်ပင်တစ်ပင်ကို အသေးမှ အကြီး ဖြစ်သည်သာမက မည်သို့ပုံစံဖြင့် စိုက်မည်၊ ကြာကြာခံစေရန် မည်သို့ ဆောင်ရွက်မည်၊ မည်သည့် သစ်ပင်သည် ပို၍ အဆင်ပြေမည်၊ လမ်းတွင်ဆိုပါက အရိပ်လည်းရပြီး ကြည့်ကောင်း စေရန်၊ ကားများနှင့်လည်းလွတ်စေရန်၊ လိုအပ်ချက်အရ မည်သို့ဖြစ်အောင် လုပ်ရမည်ကို စဉ်းစား တတ်စေရန်နှင့် ပန်းများပြုစုပျိုးထောင်သည့်အခါတွင် မည်သည့်ပန်းသည် မည်သည့်နေရာတွင် စိုက်ပျိုး၍ ကောင်းမည်ကို စဉ်းစားတတ်ရမည်ဖြစ်ပါကြောင်း၊ စားသောက်ပင်များသာမက ပတ်ဝန်းကျင်လှပရန်အတွက် ပန်းများလည်းလိုအပ်ပါကြောင်း၊ ပတ်ဝန်းကျင်လှပခြင်းဆိုသည်မှာ လူများ၏စိတ်ကို အေးငြိမ်းချမ်းသာစေပါကြောင်း၊ ယင်းမှာလည်း အရေးကြီးပါကြောင်း။
အသက်မွေးဝမ်းကြောင်း ပညာကျောင်းများကို မိမိအနေဖြင့် အားပေးလိုပါကြောင်း၊ မိမိတို့နိုင်ငံတွင် အသက်မွေးဝမ်းကြောင်း ပညာကို ဖွံ့ဖြိုးတိုးတက်သည့် ကဏ္ဍတစ်ခုဖြစ် သွားစေ လိုပါကြောင်း၊ ကမ္ဘာကြီးရှိ အတိုးတက်ဆုံးနိုင်ငံတစ်ချို့တွင် အသက်မွေးဝမ်းကြောင်း ပညာသည် တက္ကသိုလ်ပညာနှင့် တန်းတူအဆင့်ရှိပါကြောင်း၊ ပြည်သူများသည် အသက်မွေးဝမ်းကြောင်း ပညာ ကျောင်းထွက်ဆိုသည်မှာ တက္ကသိုလ်ဘွဲ့ရများနှင့် တန်းတူ၊ အသိပညာရှင်များ၊ အတတ်ပညာရှင် များနှင့်တန်းတူ သတ်မှတ်ထားခြင်းရှိပါကြောင်း၊ လက်သမားနှင့် ပတ်သက်၍ ကြုံကြိုက်တိုင်း ပြောသည့်ကိစ္စတစ်ခုရှိပါကြောင်း၊ ယင်းမှာ ကမ္ဘာပေါ်တွင် အသက်မွေးဝမ်းကျောင်းပညာစနစ် အအောင်မြင်ဆုံးနိုင်ငံထဲတွင် ဆွစ်ဇာလန် နိုင်ငံပါဝင်ပါကြောင်း၊ ဆွစ်ဇာလန်နိုင်ငံသည် နိုင်ငံ သေးငယ်သော်လည်း ကမ္ဘာပေါ်တွင် အချမ်းသာဆုံး နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ ပညာရေးစနစ်တွင် အသက်မွေးဝမ်းကြောင်းပညာ များစွာအောင်မြင် ပါကြောင်း၊ အသက်မွေးဝမ်းကြောင်းကျောင်းသို့ သွားသည့် ကလေးရှိသကဲ့သို့ တက္ကသိုလ်သွားသည့် ကလေးများ ရှိပါကြောင်း၊ ယင်းကလေးများ ကြားထဲတွင် မည်သူကသာသည်ဆိုသည့် ခွဲခြားမှု မရှိပါကြောင်း။
မိမိဆွစ်ဇာလန်ရောက်သည့်အခါ အသက်မွေးဝမ်းကြောင်းပညာကျောင်းမှ ကျောင်းသား တစ်ချို့နှင့်တွေ့ချင်သည့်အတွက် စီစဉ်ပေးပါကြောင်း၊ အသက်မွေးဝမ်းကြောင်းပညာ ကျောင်းတက်နေသည့် ကလေးတစ်ယောက် ပါဝင်လာပါကြောင်း၊ မတူညီသည့် အသက်မွေး ဝမ်းကြောင်းပညာကျောင်း (၄)ကျောင်းတွင် သင်ကြားသည့် ဘာသာရပ်များလည်း မတူညီပါ ကြောင်း၊ မိမိတွေ့ခဲ့သည့် ကလေး (၄) ယောက်တွင် ၎င်းကလေး တစ်ယောက်ကို သဘောကျ ပါကြောင်း၊ ၎င်းကလေးကို မည်သည့်အတွက်ကြောင့် လက်သမားပညာသင်ချင်သည်ဟူ၍ ဆုံးဖြတ်ရခြင်းကို မေးကြည့်ပါကြောင်း၊ ၎င်းက မိမိအနေဖြင့် ဂီတဝါသနာပါကြောင်း၊ ဂီတပညာရှင် ဖြစ်ချင်ပါကြောင်း၊ သို့သော် အသက် (၁ဝ)နှစ် (၁၁)နှစ်တွင် ပါရမီ မပါသည်ကို သိရှိသည်ဟူ၍ ဖြေကြားပါကြောင်း၊ ၎င်းကလေးမှာ များစွာရင့်ကျက်ပါကြောင်း၊ ၎င်းအသက်(၁၁)နှစ်ခန့်တွင် ၎င်းကိုယ်၎င်း သိနေပြီဖြစ်ပါကြောင်း၊ သို့သော် ၎င်းသည် ဂီတကို မြတ်နိုး၍ ဂီတလောကထဲတွင် နေချင်ပါကြောင်း၊ ထို့ကြောင့် ၎င်းစိတ်ထဲတွင် ကမ္ဘာပေါ်တွင် အကောင်းဆုံးတယောများ လုပ်မည်ဟု ဆုံးဖြတ်လိုက်ပါကြောင်း၊ ကမ္ဘာပေါ်တွင် အကောင်းဆုံးတယောများ လုပ်ရန်မှာ အခြေခံ လက်သမားပညာ စတင်သင်ကြားရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့်လက်သမားပညာ သင်တန်း ကျောင်းကိုသွားခြင်းဖြစ်သည်ကို ပြောသည့်အတွက် မိမိအနေဖြင့် များစွာ သဘောကျပါကြောင်း၊ ၎င်းကလေးသည် အမြော်အမြင်ရှိပြီး စိတ်ဓာတ်ခိုင်မာပါကြောင်း၊ ၎င်း အနေဖြင့် ယင်းကိစ္စတစ်ခုကို လုပ်၍ရမည်၊ မရမည်ကို လူကြီးတစ်ယောက်ကဲ့သို့ ရင့်ကျက်စွာ စဉ်းစား၍ ၎င်းလမ်းကို ၎င်းကိုယ်တိုင် ရွေးချယ်ပါကြောင်း၊ လက်သမားအလုပ်ကို စတင်သင်ကြား၍ တစ်ဆင့်ခြင်း တက်သွားပြီး တစ်နေ့တစ်ချိန်တွင် ကမ္ဘာကျော် တူရိယာများ ထုတ်လုပ်သည့် အတတ်ပညာရှင်ကြီး ဖြစ်နိုင်သည်ဆိုသည့် ယုံကြည်ချက်လည်း ၎င်းတွင်အပြည့်အဝရှိပါကြောင်း၊ ယင်းကဲ့သို့ အသက်မွေး ဝမ်းကြောင်းပညာကျောင်းများလည်း မိမိတို့နိုင်ငံတွင် တိုးပွားလာစေရန် ဆောင်ရွက်ပေးလိုပြီး ကြိုးစားနေပါကြောင်း၊ သို့သော် အချိန်အနည်းငယ်ယူရပါကြောင်း၊ ကျောင်းတစ်ကျောင်း တည်ထောင်ရန်မှာ အချိန်ယူစဉ်းစား၍ နေရာရှာပြီး လိုအပ်သည့် ဆရာ၊ ဆရာမများကို ရှာရပါကြောင်း၊ သို့သော် ယင်းတို့ကိုဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ လက်သမား ဆရာသာမက တစ်ချိန်တစ်ခါတွင် ကမ္ဘာကျော်တူရိယာလုပ်သည့် ဆရာကြီးဖြစ်သွားနိုင်သည် ဆိုသည့် အတွေး မိမိ ခေါင်းထဲတွင် အမြဲရှိပါကြောင်း၊ တတ်လမ်းများစွာ ရှိစေမည့် ပညာရေးစနစ်ကိုလည်း ဖန်တီးပေးလို ပါကြောင်း၊ မိမိတို့နိုင်ငံသည် ယခုအချိန်တွင် ပုံမှန်ဝင်ငွေမရှိသည့် အလုပ်သမားများသည်ပုံမှန် ဝင်ငွေရရှိပြီး ရုပ်ပိုင်းဆိုင်ရာလုံခြုံမှု ရရှိသည့်အခြေအနေကိုလည်း ဖန်တီးပေးလိုပါကြောင်း၊ ယင်းနှင့် ပတ်သက်၍လည်း နိုင်ငံတော်မှ အတတ်နိုင်ဆုံး ဆောင်ရွက်ပါကြောင်း၊ သို့သော် ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့်လည်း ပါဝင်ရန် လိုအပ်ပါကြောင်း။
လုပ်ငန်းရှင်ဘက်က တင်ဒါကိစ္စ၊ အခွန်အကောက်ကိစ္စ၊ ချေးငွေကိစ္စ၊ ယင်းကိစ္စများနှင့် ဆက်နွှယ်နေသည့် စည်းမျဉ်းစည်းကမ်း၊ ဥပဒေများကို တင်ပြသွားပါကြောင်း၊ နိုင်ငံတော်အပိုင်းက လုပ်ပေးနိုင်သည့်ကိစ္စအားလုံးကို သုံးသပ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ Video Conferencing တစ်နာရီအတွင်း ပြောသည့်ကိစ္စရပ်အားလုံးကို အလေးအနက်ထားပါကြောင်း၊ ယခု ဆွေးနွေးချက်များကို သက်ဆိုင်ရာဌာနများက သေသေချာချာ ပြန်လည်သုံးသပ်ပြီး မည်သို့ ကူညီနိုင်မည်၊ နိုင်ငံတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နိုင်မည်၊ ပံ့ပိုးနိုင်မည်ကို စဉ်းစားပါ ကြောင်း၊ တင်ပြသွားသည့်အထဲတွင် အရေးကြီးသည့်အချက်က အလုပ်သမားများ၏ နေရေး ထိုင်ရေးပြဿနာ၊ နေစရာမရှိသည့်ကိစ္စဖြစ်ပါကြောင်း၊ ယင်းကိစ္စအတွက် မည်သို့ ကူညီရမည်ကို လုပ်ငန်းရှင်များနှင့် နိုင်ငံတော်ဘက်က ကြည့်ရှုပေးရန် လိုအပ်ပါကြောင်း၊ နောက်တစ်ခုမှာ အလုပ်သမား သားသမီးများ၏ ပညာရေးဖြစ်ပါကြောင်း၊ ပညာရေးကို အထူးအလေးထားပါကြောင်း၊ ပညာရေးသည် မိမိတို့ နိုင်ငံ၏ အနာဂတ်ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်သူပြည်သားများ၏ ကလေးများ ပညာရေးကို မည်သို့ ပံ့ပိုးပေးနိုင်မည်ကို စဉ်းစားရမည်ဖြစ်ပါကြောင်း၊ ငွေရေးကြေးရေး မလုံလောက် သဖြင့် ပညာမသင်ပေးနိုင်သည့် အဖြစ်မျိုး မဖြစ်စေလိုပါကြောင်း၊ ပညာရေးစနစ်သည် မိမိတို့နိုင်ငံ၏ တကယ့်လိုအပ်ချက်နှင့် ကိုက်ညီရန်အတွက် ကြိုးစားရပါကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာ များသည်လည်း အလွန်အရေးကြီးပါကြောင်း၊ ယင်းမှာ ယခုခေတ်၏ လိုအပ်ချက်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဘွဲ့ရမှ ပညာတတ်သည်ဆိုသည့်ခေတ်က ခေတ်ဟောင်းကြီးဖြစ်နေပြီဖြစ်ပါကြောင်း၊ စီးပွားရေးအရ အင်မတန်မှ တိုးတက်အောင်မြင်ပါသည် ဆိုသည့် အချို့နိုင်ငံများတွင် တက္ကသိုလ် ဘွဲ့ရ ပညာရေးကို အဓိကထားခဲ့သဖြင့် ပြဿနာများပေါ်လာသည်ကို ကြုံတွေ့ရပါကြောင်း၊ တက္ကသိုလ်ကရသည့် ဘွဲ့များသည် ယခုခေတ်လိုအပ်ချက်များနှင့် မကိုက်ညီဘဲ ဖြစ်နေပါကြောင်း။
ထို့ကြောင့် တိုးတက်ပြီးသားနိုင်ငံများက အသက်မွေးဝမ်းကျောင်းပညာဘက်ကို ပြောင်းလဲ ရန် ကြိုးစားနေခြင်းများရှိပါကြောင်း၊ သို့သော်လည်း အခြေခံမကောင်းသည့်အခါတွင် သိပ်မလွယ်ကူ ပါကြောင်း၊ ၎င်းတို့၏ ပြည်သူများက တက္ကသိုလ်ပညာဘွဲ့ရမှ ပညာတတ်သည်ဟု သတ်မှတ်ထား ပါက အသက်မွေးဝမ်းကြောင်းပညာကို အောင်မြင်တိုးတက်အောင် လုပ်ဆောင်ရာ တွင် လွန်စွာ ခက်ခဲလာပါကြောင်း။
ယင်းနေရာတွင် မိမိတို့နိုင်ငံက အခွင့်သာသည်ဟု ပြောလိုပါကြောင်း၊ မိမိတို့ ပြည်သူများ သည် လက်တွေ့ကျကျဖြင့် အသက်မွေးဝမ်းကျောင်းပညာကို လိုလားကြပါကြောင်း၊ အသက်မွေး ဝမ်းကျောင်းပညာကို လူငယ်များရော၊ မိဘများကပါ လိုလားသည့်ဘက်ကို ဦးတည်နေကြောင်း တွေ့ရသည့်အတွက် နိုင်ငံအတွက်အလွန်ကောင်းသည့် လက္ခဏာဟု ယူဆပါကြောင်း၊ မိမိတို့ အနေဖြင့်လည်း တတ်နိုင်သမျှ အားပေးပံ့ပိုးပေး သွားမည်ဖြစ်ပါကြောင်း။
တစ်နေ့လုပ်မှ တစ်နေ့စား ရသည့် မိမိတို့ပြည်သူများသည် အလုပ်အကိုင် ၂ ရက်၊ ၃ ရက် ရပ်သွားပြီ ဆိုပါက ဒုက္ခရောက်ကြရပါကြောင်း၊ ပြည်သူများ၏ စီးပွားရေးလုံခြုံမှု၊ ဝင်ငွေလုံခြုံမှု မည်သို့ ဖြေရှင်းရမည်ကို စဉ်းစားရပါကြောင်း၊ ပုံမှန်ဝင်ငွေမရှိသည့် ပြည်သူများ ပုံမှန်ဝင်ငွေ ရရှိအောင် မည်သို့ဆောင်ရွက်ရမည်ဆိုသည့်ကိစ္စသည် ပို၍ အရေးကြီးပါကြောင်း၊ ထောက်ပံ့ ပေးခြင်းသည် တစ်နည်းအားဖြင့် ကုသပေးခြင်းဖြစ်ပါ ကြောင်း၊ ကုသခြင်းထက် ကာကွယ်ခြင်းသည် အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံသည် COVID ကို ကိုင်တွယ်သည့်နေရာတွင် အတိုင်းအတာတစ်ခု အထိအောင်မြင်မှုရှိသည်ဟု ပြော၍ရပါကြောင်း၊ ကာကွယ်ရေးကို စောစောစီးစီးကတည်းက စတင်ပြီး အာရုံစိုက်ခဲ့သည့်အတွက်ကြောင့် ဖြစ်ပါကြောင်း၊ ဇန်နဝါရီလ ၄ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID ကာကွယ်ရေး ခြေလှမ်းများကို စတင်လှမ်းခဲ့ပါကြောင်း၊ COVID ကာကွယ်ရေး ခြေလှမ်းများလှမ်းရာတွင် အစောဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်ဟု ပြော၍ ရပါကြောင်း၊ ထို့ကြောင့်လည်း ယခုအခြေအနေအထိ ထိန်းချုပ်ထားနိုင်ခြင်းဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ထိန်းချုပ်ထားရမည်ဖြစ်ပါကြောင်း။
ပြည်သူများ၏ လုံခြုံမှု၊ လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်ရန်အတွက် မဖြစ်သင့်သည်များ မဖြစ်အောင် ယခုချိန်ကစပြီး ကာကွယ်သည့် ခြေလှမ်းများကိုလည်း လှမ်းရပါကြောင်း၊ ပြဿနာဖြစ်ပြီးမှ ကုသခြင်းထက် ကာကွယ်သည်က ပိုကောင်းပါကြောင်း၊ ပုံမှန်ဝင်ငွေ မရှိသည့်အတွက် ဝင်ငွေပြတ်သွားပြီး ဒုက္ခရောက်သည့်အခါမှ ကူညီခြင်းထက် ဝင်ငွေမပြတ်အောင် မည်သို့နည်းလမ်းများ ချမှတ်ရမည်ကို နိုင်ငံတော်အစိုးရနှင့် လုပ်ငန်းရှင်များဘက်က ဝိုင်းပြီး စဉ်းစားပေးစေလိုပါကြောင်း။
မိမိတို့၏ အလုပ်သမားများဘက်ကလည်း အကြံဉာဏ်များပေးလိုလျှင် ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း ပေးစေလိုပါကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာကျောင်းများပို၍ ဖွင့်ပေးရန်မှာ နိုင်ငံတော်၏ ဆန္ဒ၊ မူဝါဒနှင့်ကိုက်ညီပါကြောင်း၊ အမြန်ဆုံးလုပ်ဆောင်ပေးမည်ဖြစ်ပါကြောင်း။
နိဂုံးချုပ်အားဖြင့်ပြောရလျှင် ဆောက်လုပ်ရေးလုပ်ငန်းသည် နိုင်ငံအတွက်အရေးကြီး ပါကြောင်း၊ ပုံစံအမျိုးမျိုးဖြင့် အရေးကြီးကြပါကြောင်း၊ ဆက်သွယ်ရေးသည်လည်း အရေးကြီးပါ ကြောင်း၊ နိုင်ငံတစ်နိုင်ငံအတွင်းတွင် ဆက်သွယ်ရေးကောင်းမှ စီးပွားရေးလည်း ဖွံ့ဖြိုးနိုင်မည်ဖြစ်ပါ ကြောင်း၊ တစ်ဦးနှင့်တစ်ဦး နီးစပ်မှုရှိနိုင်မှ မိမိတို့၏ ပြည်သူပြည်သားများ ကြားထဲတွင်လည်း စည်းလုံးမှု ပိုပြီးရှိလာမည်ဖြစ်ပါကြောင်း၊ တချို့နေရာများတွင် တစ်ရွာနှင့် တစ်ရွာ တစ်မျှော်တစ်ခေါ် သွား၍မရသည့်အတွက် တစ်ရွာနှင့်တစ်ရွာ သိပ်ပြီးရင်း နှီးမှုမရှိကြပါကြောင်း၊ ဆက်သွယ်ရေး ကောင်းလာလျှင် မိမိတို့ ပြည်သူများကြားတွင်လည်းပို၍ ပူးပေါင်းဆောင်ရွက်မှုများ ရှိလာနိုင်မည် ဖြစ်ပါကြောင်း၊ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံတော်၏ တိုးတက်မှုကို အားပေးရာ ရောက်မည် ဖြစ်ပါကြောင်း၊ ပြည်သူများ၏ စားဝတ်နေရေးနှင့် ပတ်သက် လျှင် ပထမမှန်မှန်စားနိုင်ရန် လိုအပ်ပါကြောင်း၊ ဝတ်ရေးတွင် လှလှပပသားသားနားနား ဝတ်ခြင်း ထက် သိက္ခာအရ လုံလုံခြုံခြုံဝတ်နိုင်ရန် လိုအပ်သလောက်ရှိရမည်ဖြစ်ပါကြောင်း၊ နေရေးတွင် မိမိအိမ်သို့ ပြန်သွားပြီဆိုလျှင် မိမိအတွက် လုံခြုံသည့်နေရာ၊ မိမိ၏ ပိုင်နက်ဆိုသည့် စိတ်ဓာတ်ဖြင့် ပြည်သူများ မိမိကိုယ်ကို မိမိယုံကြည်မှုရှိလာစေရန် လိုအပ်ပါကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်း ဘက်တွင် အောင်မြင်အောင် ဝိုင်းဝန်းပြီးကူညီပေးကြသူအားလုံးကို ကျေးဇူးတင်ပါကြောင်း၊ အားလုံးက ျန်းမာချမ်းသာ ကြပါစေကြောင်း ပြောကြားသည်။
(နိုင်ငံတော်သမ္မတအိမ်တော်တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 နှင့် ဆောက်လုပ်ရေး ကဏ္ဍအပေါ် သက်ရောက်မှုများနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ ဆောက်လုပ်ရေးအလုပ်သမား လက်သမားအဖွဲ့ခေါင်းဆောင် ဦးဌေးလွင်၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးရှိန်ဝင်းတို့နှင့် တွေ့ဆုံ၍ အပြန်အလှန် ဆွေးနွေးခဲ့မှု အပြည့်အစုံကို ယနေ့ ညနေ (၆) နာရီနှင့် ညနေ (၈) နာရီသတင်းအပြီးတို့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)၌ ထုတ်လွှင့်ပြသသွားမည် ဖြစ်ပါကြောင်း ကြိုတင် အစီရင်ခံ တင်ပြအပ်ပါသည်။)
(unicode)
———————————————————————————————————————
နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္ေဒၚေအာင္ဆန္းစုၾကည္ COVID-19 နွင့္ ေဆာက္လုပ္ေရး က႑အေပၚ သက္ေရာက္မႈမ်ားနွင့္စပ္လ်ဉ္း၍ ပါဝင္ေဆာင္ရြက္ေနသူမ်ားနွင့္ အျပန္အလွန္ေဆြးေနြး
ေနျပည္ေတာ္ ဇူလိုင္ ၃
Coronavirus Disease 2019(COVID-19) ကာကြယ္၊ ထိန္းခု်ပ္၊ ကုသေရးအမို်းသားအဆင့္ ဗဟိုေကာ္မတီဥကၠ႒၊ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ COVID-19 နွင့္ ေဆာက္လုပ္ေရးက႑အေပၚ သက္ေရာက္မႈမ်ားနွင့္စပ္လ်ဉ္း၍ ေဆာက္လုပ္ေရးဝန္ၾကီးဌာန ဒုတိယဝန္ၾကီး ေဒါက္တာေက်ာ္လင္း၊ ေဆာက္လုပ္ေရးအလုပ္သမား လက္သမားအဖဲြ့ေခါင္းေဆာင္ ဦးေဌးလြင္၊ ျမန္မာနိုင္ငံေဆာက္လုပ္ေရးဆိုင္ရာ လုပ္ငန္းရွင္မ်ား အသင္းဥကၠ႒ ဦးရိွန္ဝင္းတို့နွင့္ ယေန့နံနက္ ၁ဝ နာရီတြင္ ေနျပည္ေတာ္ရိွ နိုင္ငံေတာ္ သမၼတအိမ္ေတာ္ အစည္းအေဝးခန္းမ၌ Video Conferencing စနစ္ျဖင့္ ခိ်တ္ဆက္ေတြ့ဆံု၍ လက္ေတြ့အေျခအေနမ်ားကို အျပန္အလွန္ ေဆြး ေနြးသည္။
ေရွးဦးစြာ Coronavirus Disease 2019 (COVID-19) ကာကြယ္၊ ထိန္းခု်ပ္၊ ကုသေရး အမို်းသားအဆင့္ဗဟိုေကာ္မတီဥကၠ႒၊ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္က နႈတ္ခြန္းဆက္ အမွာ စကားေျပာၾကားရာတြင္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားနွင့္ပတ္သက္၍ ေျပာမည့္ေန့တြင္ အားလံုး သိရိွျပီးျဖစ္သည့္အတိုင္း ဝမ္းနည္းစြာျဖင့္ ဖားကန့္ကိစၥအား ၾကားၾကမည္ ျဖစ္ပါေၾကာင္း၊ ဖားကန့္ အေၾကာင္းနွင့္ တစ္ဆက္တည္းေျပာလိုသည္မွာ မိမိတို့နိုင္ငံအတြက္လည္း ဝမ္းနည္းစရာကိစၥတစ္ခု ျဖစ္ပါေၾကာင္း၊ ေနာက္တစ္ခုမွာ မိမိတို့အေျခခံျပည္သူမ်ား၏ စားဝတ္ေနေရးခက္ခဲမႈနွင့္ ပတ္သက္ေနသည့္ ကိစၥတစ္ခုျဖစ္ပါေၾကာင္း၊ ဖားကန့္တြင္ ေက်ာက္တူးျခင္းမွာ မိမိတို့ ျပည္သူ အမ်ားစုသည္ ဝမ္းစာအတြက္သြားေရာက္လုပ္ကိုင္ျခင္း ျဖစ္ပါေၾကာင္း၊ ယခုကြယ္လြန္သြားသည့္ သူမ်ားထဲတြင္ တရားမဝင္တူးေနသူမ်ား အမ်ားစုပါဝင္ပါေၾကာင္း။
ယင္းကဲ့သို့ တရားမဝင္ ေက်ာက္တူးေနျခင္းမွာ တရားဝင္အလုပ္ရွာရန္ ခက္ခဲေနသည့္ အေျခအေနတြင္ မိမိတို့နိုင္ငံသည္ အတိုင္းအတာတစ္ခုအထိရိွေနသည္ကို လက္ခံရင္ဆိုင္ရမည္ ျဖစ္ပါေၾကာင္း၊ မိမိတို့အေနျဖင့္ ျပည္သူမ်ား တရားဝင္အလုပ္အကိုင္ရရိွေရးကို အေလးထား ပါေၾကာင္း၊ ယင္းသို့ တရားဝင္အလုပ္အကိုင္ရရိွေရး အေလးထားသည့္ အထဲတြင္ ေဆာက္လုပ္ေရး က႑သည္ မ်ားစြာအေရးၾကီးပါေၾကာင္း၊ ယင္းသို့ေျပာၾကားရျခင္းမွာ အထူးသျဖင့္ ကိုဗစ္နွင့္ ပတ္သက္သည့္ လုပ္ငန္းမ်ားတြင္ ေဆာက္လုပ္ေရးက႑သည္ အထူးပါဝင္သည္ကို ေျပာၾကားလို ပါေၾကာင္း၊ ေဆာက္လုပ္ေရးသည္ ရပ္ထား၍လည္း မရပါေၾကာင္း၊ နိုင္ငံ၏အေျခခံ အေဆာက္အအံု မ်ားနွင့္လည္း ဆက္နြယ္ေနပါေၾကာင္း။ ထို့ျပင္ ေဆာက္လုပ္ေရးဘက္တြင္ က်န္းမာေရးစည္းမ်ဉ္းစည္းကမ္းနွင့္ကိုက္ညီေစရန္ လုပ္ေဆာင္ေပးနိုင္သည့္ အခြင့္အလမ္းမ်ား စြာရိွပါေၾကာင္း၊ တခို့်လုပ္ငန္းမ်ားတြင္ ခြာ၍လုပ္ကိုင္ရန္ မလြယ္ကူပါေၾကာင္း၊ က်န္းမာေရးနွင့္အားကစားဝန္ၾကီးဌာနမွ ခ်မွတ္ထားသည့္ စည္းမ်ဉ္း စည္းကမ္းမ်ားကို တိတိက်က်လိုက္နာရန္ တခို့်လုပ္ငန္းမ်ားတြင္ မလြယ္ကူပါေၾကာင္း၊ သို့ေသာ္ ေဆာက္လုပ္ေရးသည္ ယင္းအပိုင္းတြင္ ကိုင္တြယ္၍ အထိေရာက္ဆံုး က႑တစ္ခုျဖစ္သည့္ အတြက္ ေဆာက္လုပ္ေရးကို ေစာစီးစြာ ျပန္လည္လုပ္ကိုင္ခြင့္ေပးျခင္း ျဖစ္ပါေၾကာင္း။
ေဆာက္လုပ္ေရးသည္ အျမဲလိုအပ္ေနပါေၾကာင္း၊ ေဆာက္လုပ္ေရးသည္ အမို်းမို်း ရိွပါေၾကာင္း၊ အေျခခံအားျဖင့္ လမ္း၊ တံတားသည္ ျပည္သူမ်ားအတြက္ မ်ားစြာအေရးၾကီး ပါေၾကာင္း၊ အေဆာက္အဦမ်ား ေဆာက္လုပ္ျခင္းသည္ ျပည္သူမ်ားအတြက္ အလုပ္ရနိုင္ျပီး တက္လမ္းလည္း ပြင့္ေစသည့္ လုပ္ငန္းတစ္ခုျဖစ္ေစလိုပါေၾကာင္း၊ ယေန့ ေဆြးေနြးရန္လာသူမ်ား တြင္ ဦးေက်ာ္လင္း သည္ ေဆာက္လုပ္ေရးဝန္ၾကီးဌာနမွ ဒုတိယဝန္ၾကီး ျဖစ္ပါေၾကာင္း၊ ဦးေဌးလြင္ သည္ ေဆာက္လုပ္ေရးတြင္ ထဲထဲဝင္ဝင္ လုပ္ကိုင္ေနသူျဖစ္ပါေၾကာင္း၊ ဦးရိွန္ဝင္းသည္ ေဆာက္လုပ္ေရး လုပ္ငန္းဘက္မွ လုပ္ငန္းရွင္ တစ္ေယာက္ျဖစ္ ပါေၾကာင္း၊ အားလံုးပူးေပါင္း ေဆာင္ရြက္ရမည္ ျဖစ္ပါေၾကာင္း၊ အလုပ္သမားမ်ားနွင့္ လုပ္ငန္းရွင္မ်ား အားလံုးပူးေပါင္း ေဆာင္ရြက္နိုင္ေစရန္ နိုင္ငံေတာ္အစိုးရမွ စီမံခန့္ခဲြေပးရပါေၾကာင္း။
အစိုးရအေနျဖင့္ ကိုဗစ္ျဖစ္ပြားေနသည့္အခိ်န္တြင္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား မရပ္တန့္ သြားေစရန္၊ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား ဆက္လက္လည္ပတ္ရင္း ေဆာက္လုပ္ေရးလုပ္ငန္းမ်ား တြင္ လုပ္ကိုင္ေနၾကသည့္ ျပည္သူမ်ား၏ က်န္းမာေရးမထိခိုက္ေစရန္နွင့္ ကိုဗစ္ေရာဂါသည္ ေဆာက္လုပ္ေရးအလုပ္သမားမ်ားၾကားတြင္ မျပန့္ပြားေစရန္အတြက္ သတိထားရပါေၾကာင္း၊ ကိုဗစ္ အလြန္ကာလကိုလည္း ၾကည့္ရပါေၾကာင္း၊ ယင္းမွာအျမဲတမ္း သတိျပုရမည့္ကိစၥ ျဖစ္ပါေၾကာင္း၊ ကိုဗစ္ကာလေၾကာင့္ နိုင္ငံ၏စက္ယနၱရားၾကီးသည္ ရပ္တန့္သြားမည္ မဟုတ္ပါေၾကာင္း၊ ဆက္လက္ လည္ပတ္ရမည္ျဖစ္ပါေၾကာင္း၊ ဆက္လက္လည္ပတ္ရာတြင္ တိုးတက္သည့္ဘက္ကို လည္ေစလို ပါေၾကာင္း ေျပာၾကားသည္။
ထို့ေနာက္ ေဆာက္လုပ္ေရးဝန္ၾကီးဌာန ဒုတိယဝန္ၾကီး ေဒါက္တာေက်ာ္လင္းက ေဆာက္လုပ္ေရး က႑ၾကီး တစ္ရပ္လံုးအေပၚ သက္ေရာက္မႈအေနျဖင့္ ေဆာက္လုပ္ေရးက႑ၾကီး တစ္ရပ္လံုးကို မီွခိုေနသည့္ လူဦးေရမွာ ၂ဝ၁၈ စာရင္းအရ ၁ ဒသမ ၃၇ သန္း ရိွပါေၾကာင္း၊ ကိုဗစ္-၁၉ ေၾကာင့္ အဓိကထိခိုက္သူမ်ားသည္ လက္သမား၊ ပန္းရံ၊ သံခ်ည္ သံေကြး၊ အေထြေထြလုပ္သား စသည့္ ေအာက္ေျခလုပ္သားအမ်ားစု ျဖစ္ပါေၾကာင္း၊ ၎လုပ္သားအားလံုးနီးပါးသည္ တန္စား၊ ေပစား၊ က်င္းစားနႈန္းျဖင့္ ပုတ္ျပတ္လုပ္သားမ်ား ျဖစ္ပါေၾကာင္း၊ ထို့ေၾကာင့္ ကိုဗစ္-၁၉ သက္ေရာက္မႈသည္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား ရပ္ဆိုင္းသြားခိ်န္တြင္ အေျခခံလူတန္းစား မ်ား၏ စားဝတ္ေနေရးကို တိုက္ရိုက္ထိခိုက္ပါေၾကာင္း။ ေဆာက္လုပ္ေရး က႑တြင္ အဓိကအားျဖင့္ နိုင္ငံေတာ္အစိုးရဘတ္ဂ်က္ျဖင့္ ရင္းနီွး ျမႈပ္နံွသည့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားနွင့္ ပုဂၢလိကရင္းနီွးျမႈပ္နံွမႈမ်ားျဖင့္ ေဆာင္ရြက္သည့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားဟူ၍ ၂ မို်းရိွပါေၾကာင္း၊ နိုင္ငံေတာ္အစိုးရဘတ္ဂ်က္ျဖင့္ ရင္းနီွး ျမႈပ္နံွသည့္ ေဆာက္လုပ္ေရး လုပ္ငန္းမ်ားတြင္ နိုင္ငံေတာ္၏ ျပည္တြင္းသံုးေငြျဖင့္ ေငြလံုးေငြရင္း က႑ ရင္းနီွးျမႈပ္နံွျခင္း လုပ္ငန္းနွင့္ နိုင္ငံတကာေခ်းေငြျဖင့္ ရင္းနီွးျမႈပ္နံွမႈလုပ္ငန္းဟူ၍ ၂ မို်း ရိွပါေၾကာင္း၊ ျပည္တြင္းသံုးဘက္ဂ်က္ျဖင့္ ေဆာင္ရြက္သည့္လုပ္ငန္း တန္ဖိုးသည္ ျပည္ေထာင္စု ဝန္ၾကီးဌာနမ်ားမွ နွစ္စဉ္ ေငြက်ပ္ ဘီလီယံ ၅ဝဝဝ ေက်ာ္ရိွျပီး နိုင္ငံတကာေခ်းေငြျဖင့္ ေဆာင္ရြက္သည့္လုပ္ငန္းမွာ နွစ္စဉ္ေငြက်ပ္ ဘီလီယံ ၂ဝဝဝ ေက်ာ္ရိွပါ ေၾကာင္း။
ျပည္တြင္းသံုးဘတ္ဂ်က္ျဖင့္ ေဆာင္ရြက္သည့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား အေနျဖင့္ ကိုဗစ္-၁၉ စတင္သည့္ မတ္လကုန္ပိုင္းမွစ၍ ဧျပီလတစ္လလံုး ေဆာက္လုပ္ေရး လုပ္ငန္းမ်ား အားလံုးနီးပါး ရပ္ဆိုင္းသြားခဲ့ပါေၾကာင္း၊ သို့ေသာ္လည္း ေမလပထမပတ္မွစ၍ ျပည္တြင္းသံုးေငြျဖင့္ ဘတ္ဂ်က္ခ်မွတ္သည့္ လုပ္ငန္းအားလံုးနီးပါး ျပန္လည္စတင္ေနျပီး ယခုအခါ နိုင္ငံေတာ္၏ ျပည္တြင္းသံုးေငြနွင့္ ေဆာင္ရြက္သည့္ လုပ္ငန္းအားလံုးနီးပါး ပံုမွန္အေျခအေနအတိုင္း ျပန္လည္ ေဆာင္ရြက္ေနျပီ ျဖစ္ပါေၾကာင္း။
ေတြ့ၾကံုရသည့္ အခက္အခဲမ်ားအေနျဖင့္ လုပ္ငန္းအမ်ားစုသည္ ပံုမွန္အတိုင္း စက္တင္ဘာလကုန္တြင္ ျပီးစီးမည္ျဖစ္ျပီး လုပ္ငန္းအနည္းစုသည္ ကိုဗစ္-၁၉ ေၾကာင့္ အခိ်န္ ကာလေနာက္က်ျခင္းနွင့္ လက္ရိွမိုးရာသီ ေရာက္ရိွေနျခင္းေၾကာင့္ ၂ဝ၂ဝ ျပည့္နွစ္ ေအာက္တိုဘာ၊ နိုဝင္ဘာ၊ ဒီဇင္ဘာ ၃ လကို ထပ္တိုးေဆာင္ရြက္ခြင့္ ေတာင္းခံထားေသာေၾကာင့္ အခို့် လုပ္ငန္းမ်ားကို လုပ္ငန္းျပီးစီးခိ်န္တြင္ စစ္ေဆးေရးအဖဲြ့မ်ားက အခိ်န္နွင့္တစ္ေျပးညီ စစ္ေဆး မေပးနိုင္၍ ေငြထုတ္ေပးမႈေနာက္က်ေနျခင္းမ်ားေၾကာင့္ ကုမၸဏီငယ္မ်ား၏ ေငြေၾကးလည္ပတ္မႈ အခက္အခဲမ်ား ၾကံုေတြ့ေနရပါေၾကာင္း။
နိုင္ငံတကာေခ်းေငြျဖင့္ ေဆာင္ရြက္သည့္ ေဆာက္လုပ္ေရးစီမံကိန္းမ်ားအေနျဖင့္ ကိုဗစ္-၁၉ ေၾကာင့္ ထိခိုက္မႈ ပိုမိုရိွပါေၾကာင္း၊ ျပည္ပမွ စက္ယာဉ္ယနၱရားနွင့္ ေဆာက္လုပ္ေရးပစၥည္းမ်ား တင္သြင္းမႈ ေနာက္က်ျခင္းနွင့္ နိုင္ငံျခားသား ပညာရွင္မ်ားလာေရာက္ရန္ အခက္အခဲမ်ားေၾကာင့္ အဓိက ထိခိုက္ရျခင္း ျဖစ္ပါေၾကာင္း၊ နိုင္ငံတကာေခ်းေငြအေနျဖင့္ ADB, World Bank, JICA တို့မွ ထပ္မံ ကမ္းလွမ္းထားမႈမ်ားရိွပါေၾကာင္း၊ ကက္ဘိနက္နွင့္ ျပည္ေထာင္စုလွြတ္ေတာ္မွ သေဘာတူ ခြင့္ျပုပါက အဆိုပါ Project မ်ား ၂ဝ၂၁ ခုနွစ္တြင္ စတင္နိုင္မည္ ျဖစ္ပါေၾကာင္း။
ပုဂၢလိကရင္းနီွးျမႈပ္နံွမႈမ်ားျဖင့္ ေဆာင္ရြက္သည့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား အေနျဖင့္ ပုဂၢလိကရင္းနီွးျမႈပ္နံွမႈအပိုင္းတြင္ ကိုယ္ပိုင္အိမ္၊ ကိုယ္ပိုင္လုပ္ငန္းအတြက္ တည္ေဆာက္ျခင္း၊ သာသနာေရးဆိုင္ရာ အေဆာက္အဦ တည္ေဆာက္ျခင္းနွင့္ Developer မ်ားဟူ၍ ၃ ပိုင္း ရိွပါေၾကာင္း၊ ကိုယ္ပိုင္အိမ္၊ ကိုယ္ပိုင္လုပ္ငန္းအတြက္ တည္ေဆာက္သူမ်ားနွင့္ သာသနာေရးဆိုင္ရာ အေဆာက္အဦတည္ေဆာက္သူမ်ားသည္ ကိုဗစ္-၁၉ စတင္သည့္ မတ္လ၊ ဧျပီလမ်ားတြင္ လုပ္ငန္းမ်ား ရပ္ဆိုင္းသြားေသာ္လည္း ေမလမွ စတင္၍ ျပန္လည္ ေဆာင္ရြက္ေနၾကျပီ ျဖစ္ပါေၾကာင္း၊ သို့ေသာ္ ပံုမွန္အေျခအေနေအာက္ ၄ဝ ရာခိုင္နႈန္းခန့္ ေလ်ာ့နည္းေနပါေၾကာင္း၊ အဓိကအထိနာသည့္ အပိုင္းမွာ Developer မ်ားက ရင္းနီွး ျမႈပ္နံွသည့္ အပိုင္းျဖစ္ပါေၾကာင္း၊ အိမ္ရာအေရာင္းအဝယ္သည္ ၂ဝ၁၈-၂ဝ၁၉ ခုနွစ္တြင္ စတင္ေအးစက္ေနျပီး ၂ဝ၂ဝ ျပည့္နွစ္ ကိုဗစ္-၁၉ ကာလအတြင္း ရပ္ဆိုင္းသလိုျဖစ္သြား၍ ဘဏ္ေခ်းေငြျဖင့္ ေဆာင္ရြက္ေနသည့္ Developer မ်ားအတြက္ သက္ေရာက္မႈ ၾကီးမားခဲ့ပါေၾကာင္း။
ကိုဗစ္-၁၉ နွင့္ ပတ္သက္ျပီး ေဆာင္ရြက္ခ်က္မ်ားအေနျဖင့္ ကိုဗစ္စတင္သည့္ မတ္လ ကုန္ပိုင္းတြင္ လုပ္သားမ်ားအား ကိုဗစ္-၁၉ အနၱရာယ္အသိပညာေပးျခင္း၊ လုပ္ငန္းခြင္ ဝင္ေရာက္ခိ်န္ အပူခိ်န္တိုင္းတာျခင္း၊ လက္ေဆးျခင္း၊ Social Distancing စသည့္ က်န္းမာေရး ဆိုင္ရာညွြန္ၾကားခ်က္မ်ားေပးျခင္း၊ Mask မ်ား၊ သာမိုမီတာမ်ား ျဖန့္ေဝေပးျခင္း၊ လက္ေဆး ကန္မ်ား တည္ေဆာက္ေစျခင္း၊ အမ်ားသံုးေရအိုးစင္မ်ား ျဖုတ္သိမ္းထားျခင္း၊ စားေသာက္ေနရာ မ်ားကို ၆ ေပစီျခား၍ ျပန္လည္စီစဉ္ျခင္း၊ ကိုဗစ္-၁၉ ကာလအတြင္း အေျခခံစားေသာက္ကုန္မ်ား ျဖန့္ေဝေပးျခင္း၊ ေဆးရံုမ်ားနွင့္ တိုင္းေဒသၾကီးနွင့္ျပည္နယ္အစိုးရမ်ားသို့ ကိုဗစ္-၁၉ ေရာဂါ ကုသေရးအတြက္ အလႉေငြမ်ား၊ Mask၊ သာမိုမီတာ၊ PPE ဝတ္စံုမ်ား လႉဒါန္းျခင္းနွင့္ တိုင္းေဒသၾကီးနွင့္ျပည္နယ္အစိုးရအဖဲြ့မ်ားတြင္ Facilities Quarantine ဧရိယာအသံုးျပုနိုင္ရန္ ဝန္ၾကီးဌာနမ်ားမွ တိုက္ခန္း ၂၃၆၈ ခန္း အား ညိွနိွုင္းအသံုးျပုခြင့္ ေပးထားပါေၾကာင္း။
အင္ဂ်င္နီယာမ်ားနွင့္ ဗိသုကာမ်ားက႑တြင္ ကိုဗစ္-၁၉ ေၾကာင့္ Stay Home ကာလအတြင္း လစာေငြ ေလွ်ာ့ယူရမႈမို်းရိွေသာ္လည္း ယခုအခါ ပံုမွန္ေဆာင္ရြက္နိုင္ျပီ ျဖစ္ပါေၾကာင္း၊ သြင္းအားစု လုပ္ငန္းမ်ားအေနျဖင့္ သံေခ်ာင္း၊ ဘိလပ္ေျမ၊ အုတ္၊ သဲ၊ ေက်ာက္ Demand မ်ား ပံုမွန္၏ ၃ဝ ရာခိုင္နႈန္း ေလ်ာ့က်ေနေသာ္လည္း ပစၥည္းေဈးနႈန္းမ်ားမွာ ပံုမွန္ေဈးနႈန္းျဖစ္ပါေၾကာင္း၊ ေအာက္တိုဘာ၊ နိုဝင္ဘာလခန့္တြင္ ပံုမွန္အေျခအေန ျပန္လည္ေရာက္ရိွမည္ဟု ခန့္မွန္းပါေၾကာင္း၊ အလုပ္အကိုင္ ဖန္တီးေပးနိုင္မႈအေနျဖင့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားသည္ အလုပ္အကိုင္ သင္တန္းေပးရန္ မလိုအပ္ပါေၾကာင္း၊ လက္သမားအကူ၊ သံခ်ည္သံေကြးအကူ၊ ပန္းရံအကူနွင့္ အေထြေထြလုပ္သား စသည့္ျဖင့္ ခ်က္ခ်င္းဝင္ေရာက္ လုပ္ကိုင္နိုင္ေသာေၾကာင့္ အလုပ္အကိုင္ အခြင့္အလမ္း ဖန္တီးရန္ အလြယ္ဆံုးျဖစ္ပါေၾကာင္း၊ နိုင္ငံေတာ္ဘတ္ဂ်က္ျဖင့္လည္းေကာင္း၊ PPP အစီအစဉ္ျဖင့္ လည္းေကာင္း၊ Project မ်ားေဖာ္ေဆာင္ေပးျခင္းျဖင့္ အလုပ္အကိုင္ အခြင့္အလမ္းမ်ား တိုးလာနိုင္ပါေၾကာင္း။
CERP အေပၚ ေဆာင္ရြက္ျခင္းအေနျဖင့္ တံတားဂိတ္ ၆၈ ဂိတ္နွင့္ လမ္းဂိတ္ ၂၄ ဂိတ္ တို့အား ဇြန္လ ၁ ရက္မွ နိုဝင္ဘာလ ၃ဝ ရက္အထိ လမ္းအသံုးျပုခ ၅ဝ ရာခိုင္နႈန္း ေျဖေလ်ာ့ေပးျခင္းနွင့္ ရင္းနီွးျမႈပ္နံွမႈတိုးျမွင့္ေရး အစီအစဉ္အရ PPP လုပ္ငန္းမ်ားတိုးျမွင့္ ေဆာင္ရြက္ရန္ လမ္းတံတား စီမံကိန္း ၄ ခုအား EOI ဖိတ္ေခၚထားျခင္းတို့ ေဆာင္ရြက္ထားပါေၾကာင္း။
အေထြေထြတင္ျပခ်က္ အေနျဖင့္ အိမ္ရာဝယ္လိုအား တက္လာရန္အတြက္ ဘဏ္မ်ားမွ အရစ္က်ေခ်းေငြ စံနႈန္းမ်ားမ်ား ေဖာ္ေဆာင္ေပးရန္နွင့္ နိုင္ငံေတာ္အစီအစဉ္ျဖင့္ ျပည္သူ့အငွား အိမ္ရာ စီမံကိန္းမ်ားကို ေနျပည္ေတာ္၊ ရန္ကုန္နွင့္ မနၱေလးျမို့မ်ားတြင္ ေဖာ္ေဆာင္ေပးရန္ တင္ျပလိုပါေၾကာင္း၊ တစ္နွစ္လွ်င္ နိုင္ငံေတာ္ဘတ္ဂ်က္ ဘီလီယံ ၂၅ဝ ခြင့္ျပုေပးနိုင္ပါက စတုရန္းေပ ၆၅ဝ အိပ္ခန္း ၂ ခန္းပါ အငွားတိုက္ခန္း ၁ဝဝဝဝ တည္ေဆာက္ေပးနိုင္မည္ ျဖစ္ပါေၾကာင္း တင္ျပေဆြးေနြးသည္။
ယင္းေနာက္ ေဆာက္လုပ္ေရးအလုပ္သမား လက္သမားအဖဲြ့ေခါင္းေဆာင္ ဦးေဌးလြင္က မိမိအေနျဖင့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားတြင္ လက္သမားဆရာ လုပ္ပါေၾကာင္း၊ လုပ္သက္ နွစ္(၂ဝ)ေက်ာ္ရိွျပီျဖစ္ပါေၾကာင္း၊ လက္ရိွအေျခအေနတြင္ ရန္ကုန္ျမို့ရိွ ျမန္မာ့ဂုဏ္ရည္လမ္းတြင္ (၆)ထပ္တိုက္မ်ား ေဆာက္လုပ္ေနသည့္ ေဆာက္လုပ္ေရးဆိုက္ထဲတြင္ အလုပ္လုပ္ေနပါေၾကာင္း၊ ယင္းဆိုက္ထဲတြင္ မိမိနွင့္အတူ သံခီ်၊ သံေကြး၊ ပန္းရံ၊ လက္သမား (၂ဝဝ)ခန့္ အလုပ္ဆင္းပါေၾကာင္း၊ မိမိတို့အေနျဖင့္ တစ္ရက္လွ်င္ လုပ္အားခ (၁၁ဝဝဝ) ရပါေၾကာင္း၊ လုပ္သားအမ်ားစုမွာ တစ္ရက္ (၉ဝဝဝ) မွ (၁၅ဝဝဝ) ခန့္အထိ ရၾကပါေၾကာင္း။
ကိုဗစ္ျဖစ္သည့္အတြက္ လုပ္ငန္းခြင္မ်ား ဧျပီ လ မွ ေမလ အထိ လံုးဝရပ္ဆိုင္းထားသည့္ အခိ်န္တြင္ မိမိတို့စားေသာက္ေရးအတြက္ မိမိတို့ လုပ္ငန္းရွင္မ်ားအေနျဖင့္ ဆန္၊ ဆီ၊ ၾကက္ဥမ်ား ေပးပါေၾကာင္း၊ နိုင္ငံေတာ္ကေပးသည့္ ဆန္၊ ဆီမ်ားလည္း ရပါေၾကာင္း၊ ထို့ေၾကာင့္ စားေသာက္ေရး အဆင္ေျပခဲ့ပါေၾကာင္း၊ လုပ္ငန္းမ်ား ျပန္စသည့္အခါ ဆိုက္ထဲမဝင္မီတြင္ ကိုယ္ပူခိ်န္တိုင္းရ ပါေၾကာင္း၊ ကိုယ္အပူခိ်န္ပံုမွန္ဆိုပါက ဆိုက္ထဲ ဝင္ခြင့္ရရိွပါေၾကာင္း၊ ဝင္ခြင့္ရသည္နွင့္ လက္ေဆး၍ နွာေခါင္းစည္းတပ္ရပါေၾကာင္း၊ အလုပ္ခြင္တြင္ တစ္ေယာက္နွင့္ တစ္ေယာက္ (၆) ေပေလာက္စီျခား ျပီး အလုပ္လုပ္ၾကရပါေၾကာင္း၊ ထမင္းစားခိ်န္တြင္လည္း (၆)ေပခြာျပီး စားၾကရပါေၾကာင္း၊ ကိုဗစ္ မျဖစ္ရန္အတြက္ ၾကီးၾကပ္သည့္ တာဝန္ခံ အရာရိွနွင့္ အဖဲြ့က စစ္ေဆးၾကပ္မတ္ၾကပါေၾကာင္း။
အလုပ္သြား အလုပ္ျပန္တြင္ အလုပ္ရွင္က ဒိုင္နာကားမ်ား စီစဉ္ေပးပါေၾကာင္း၊ စက္ဘီးနွင့္ လာသည့္သူမ်ားလည္းရိွပါေၾကာင္း၊ တစ္ခို့်မွာ ဘတ္စကားျဖင့္ လာၾကပါေၾကာင္း၊ ယခု အလုပ္ ရိွေနသည့္အတြက္ မိမိတို့ စားေသာက္ေရး အဆင္ေျပပါေၾကာင္း၊ အလုပ္(၃) ရက္ခန့္ မဆင္းရပါက မိမိတို့ အမ်ားစုသည္ စားစရာမရိွေတာ့ပါေၾကာင္း၊ ယင္းအခါတြင္ မိမိတို့နီးစပ္ရာတြင္ ပိုက္ဆံေခ်းျပီး သံုးရပါေၾကာင္း၊ ကေလးမ်ားေက်ာင္းဖြင့္ခိ်န္တြင္ ပိုက္ဆံေခ်းျပီး သံုးရျခင္းမ်ားပါေၾကာင္း၊ ယခုအေျခအေနတြင္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္အမ်ားစုသည္ ရပ္ဆိုင္းထားသည့္အတြက္ အလုပ္မရိွသည့္ လုပ္သားမ်ား ေတာ္ေတာ္ေလး အခက္အခဲမ်ား ရိွေနသည္ကို ေတြ့ရပါ ေၾကာင္း။
မိမိတို့ ေဆာက္လုပ္ေရးလုပ္သားမ်ားအတြက္ တင္ျပလိုသည္မွာ မိမိတို့လုပ္သားမ်ားသည္ အလုပ္(၃) ရက္ခန့္ မလုပ္ရပါက စားစရာ အခက္အခဲျဖစ္ၾကသည့္အတြက္ ေဆာက္လုပ္ေရး ဆိုက္မ်ား မ်ားလာေစရန္ စီစဉ္ေပးရန္နွင့္ မိမိတို့ အလုပ္မရိွခိ်န္နွင့္ ေက်ာင္းဖြင့္ခိ်န္တြင္ ေငြေခ်း၍ ရေအာင္ စီစဉ္ေဆာင္ရြက္ေပးရန္ လိုအပ္ပါေၾကာင္း၊ မိမိတို့ ေဆာက္လုပ္ေရး လုပ္သားမ်ားသည္ နယ္မွရန္ကုန္သို့လာျပီး အလုပ္လုပ္ၾကသူမ်ားျဖစ္သည့္အတြက္ ရန္ကုန္တြင္ ေနစရာအိမ္မရိွၾက ပါေၾကာင္း၊ အလုပ္ရွင္မ်ား စီစဉ္ေပးသည့္ ေနရာမ်ားတြင္ ေနရသည့္သူမ်ားက အဆင္ေျပျပီး အခို့်အေနျဖင့္ ကူ်းေက်ာ္တဲမ်ားတြင္ ျပန္ငွားေနၾကပါေၾကာင္း၊ မိမိတို့ လုပ္သားမ်ား စုစည္းျပီး ေန၍ရသည့္ ျမို့ျပင္မ်ားတြင္ ေျမဝိုင္းမ်ား စီစဉ္ေပးေစလိုပါေၾကာင္း၊ မိမိတို့ဘာသာ တဲထိုးျပီး ေနမည္ျဖစ္ပါေၾကာင္း တင္ျပေဆြးေနြးသည္။
ဆက္လက္၍ ျမန္မာနိုင္ငံေဆာက္လုပ္ေရးဆိုင္ရာလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးရိွန္ဝင္းက နိုင္ငံေတာ္က ထုတ္ျပန္လိုက္သည့္ CERP COVID-19 စီးပြားေရးဆိုင္ရာ သက္သာခြင့္အစီအမံ Guide Line အတိုင္း နိုင္ငံေတာ္နွင့္အတူ MCEF အသင္းခု်ပ္အေနျဖင့္ ပူးေပါင္းပါဝင္ ေဆာင္ရြက္သြားမည္ ျဖစ္ပါေၾကာင္း၊ က်န္းမာေရးနွင့္အားကစားဝန္ၾကီးဌာနက ထုတ္ျပန္ထားေသာ ေဆာက္လုပ္ေရး လုပ္ငန္းရွင္မ်ား လိုက္နာရသည့္ COVID-19 ကာကြယ္၊ထိန္းခု်ပ္၊ကုသေရး စည္းမ်ဉ္းစည္းကမ္း၊ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားဆိုင္ရာ ၾကီးၾကပ္မႈ ေကာ္မတီမွညွြန္ၾကားခ်က္မ်ား ကို ထုတ္ျပန္ခဲ့ပါေၾကာင္း၊ MCEF အသင္းခု်ပ္နွင့္တကြ တိုင္းေဒသၾကီးနွင့္ျပည္နယ္အသီးသီးတြင္ ရိွသည့္ အသင္းခဲြမ်ားမွ တစ္ဆင့္ လုပ္ငန္းခြင္အသီးသီးသို့ အေၾကာင္းၾကားခဲ့ပါေၾကာင္း၊ ေဆာက္လုပ္ေရး လုပ္ငန္းခြင္တြင္ အပူခိ်န္တိုင္းကိရိယာ၊ ဆပ္ျပာ၊ လက္ေဆးကန္၊ တစ္ရူးပါ အဝတ္ Mask ၊ Hand Spray၊ လက္သုတ္တစ္ရူး၊ လက္အိတ္၊ အမိွုက္ပံုး၊ ေရဆိုးေျမာင္း၊ မိလႅာစနစ္၊ ပညာေပးပိုစတာမ်ားကို စီမံျပုလုပ္ေစခဲ့ပါေၾကာင္း၊ ေဆာက္လုပ္ေရးလုပ္ငန္းခြင္တိုင္းတြင္ COVID-19 ၾကီးၾကပ္ေရးတာဝန္ခံ တစ္ဦးခန့္အပ္ေစပါေၾကာင္း။
ပညာေပးပိုစတာမ်ားကပ္ျခင္း၊ လက္ေဆးကန္ အလံုအေလာက္ထားေပးျခင္း၊ စနစ္တက် လက္ေဆးနိုင္ရန္အတြက္ ဆပ္ျပာ၊ ေရ၊ တစ္ရႉးအလံုအေလာက္ ေထာက္ပံ့ေပးရန္တို့ ကိုလည္း လမ္းညွြန္ထားရိွပါေၾကာင္း၊ စားဖိုေဆာင္ဝန္ထမ္းမ်ား တစ္ကိုယ္ရည္သန့္ရွင္းေရးနွင့္ က်န္းမာေရး ဆိုင္ရာကိစၥမ်ားအေနျဖင့္ ဖ်ားနာ၊ ေခ်ာင္းဆိုး၊ အသက္ရႈရခက္၊ အင္အား ကုန္ခန္းျခင္း စသည္တို့ကို အထူးသတိျပုရမည္ျဖစ္ေၾကာင္း၊ ပညာေပးမႈမ်ား ေဆာင္ရြက္ထားရိွပါ ေၾကာင္း၊ လူစုလူေဝးမ်ား ေရွာင္ၾကဉ္ရန္နွင့္ ပိုစတာလက္ကမ္းစာေစာင္မ်ား သက္ဆိုင္ရာလုပ္ငန္းခြင္၌ ျဖန့္ခိ်ရန္၊ အသံဖိုင္မ်ားနားေထာင္နိုင္ရန္ ျပုလုပ္ေစလ်က္ရိွပါေၾကာင္း၊ အလုပ္သမားမ်ားအၾကား ေကာလာဟလ သတင္းအမွားမ်ား ပံ့်နံွ့မႈ မရိွေစေရး ၾကီးၾကပ္ေဆာင္ရြက္ေပးလ်က္ရိွပါေၾကာင္း၊ မတ္လ ၂၃ရက္ COVID-19 စတင္ခိ်န္ကာလတြင္ ရန္ကုန္တိုင္းေဒသၾကီး၌ ေဆးဝါးကုသရန္ အတြက္ ေဝဘာဂီ၊ ကူးစက္ေဆးရံုတြင္ လူနာလက္ခံရန္ အေရအတြက္ ၂ဝဝသာ ရိွပါေၾကာင္း၊ ျပည္သူမ်ားကုသရန္အတြက္ အခက္ခဲမရိွေစရန္ က်န္းမာေရးနွင့္အားကစားဝန္ၾကီးဌာနနွင့္ ရန္ကုန္တိုင္းေဒသၾကီးအစိုးရအဖဲြ့တို့ ဦးေဆာင္ျပီး လွည္းကူးျမို့နယ္၊ ေဖာင္ၾကီးဝန္ထမ္း ေလ့က်င့္ေရးေက်ာင္းကို Covid-19 Medical Center (ေအာက္ျမန္မာျပည္) ေျပာင္းလဲ တည္ေဆာက္ရာ၌ ICU (၄)ေဆာင္၊ X-ray, CT Scan (၁)ေဆာင္ အပါအဝင္ က်န္းမာေရး ဝန္ထမ္းအေဆာင္၊ လူနာေဆာင္စုစု ေပါင္း(၁၄)ေဆာင္နွင့္ ျခံစည္းရိုးေပ (၁ဝဝဝဝ) ခန့္၊ လမ္း၊ Infrastructure အားလံုးကို ဧျပီ ၂ ရက္မွ ေမလ ၁ ရက္အျပီး တည္ေဆာက္ နိုင္ခဲ့ပါေၾကာင္း၊ တည္ေဆာက္ခဲ့သည့္ ကုန္က်စရိတ္ေငြက်ပ္သိန္း(၁ဝဝဝဝ) ကိုလည္း အျပီးလႉဒါန္းခဲ့ျပီး ရန္ကုန္တိုင္းေဒသၾကီးအစိုးရအဖဲြ့ကို အပ္နံွျပီးျဖစ္ပါေၾကာင္း၊ COVID-19 ေအာက္ျမန္မာျပည္ ခံတပ္ကို MCEF အသင္းခု်ပ္အေနျဖင့္ အမို်းသားတာဝန္တစ္ရပ္အေနျဖင့္ အခက္အခဲၾကားက အခိ်န္တိုအတြင္း ေအာင္ျမင္စြာတည္ေဆာက္နိုင္ခဲ့ပါေၾကာင္း။
Covid ကာလ ေနျပည္ေတာ္တြင္ ေဆာက္လုပ္မည့္ အျငိမ္းစားဝန္ထမ္းအိမ္ရာ (၁၈၉)လံုးကို MCEF အသင္းခု်ပ္နွင့္ MLCA အသင္းခု်ပ္တို့သည္ ဧျပီလကစတင္ ေဆာက္လုပ္ျပီး စက္တင္ ဘာလတြင္ ပထမအသုတ္ျပီးစီးေအာင္ အေကာင္ထည္ေဖာ္ ေဆာက္လုပ္ေနပါ ေၾကာင္း၊ COVID-19 ကာလအတြင္း ျပည္ပက ျပန္ေရာက္လာသည့္ နိုင္ငံသားမ်ားထဲမွ ဇြန္လ၂၂ရက္အထိ ေဆာက္လုပ္ ေရးနွင့္ပတ္သက္သည့္ လုပ္သားစာရင္းကို ျပည္ေထာင္စုအလုပ္သမားဝန္ၾကီးဌာန မွရရိွျပီး အမို်းသား ၄၁၁၃ ဦး၊ အမို်းသမီး ၉၇ဝ ၊ သတင္းစာ၊ ဂ်ာနယ္၊ ဆိုရွယ္မီဒီယာမွတစ္ဆင့္ CV From ေတာင္းခံျပီး ျပည္နယ္တိုင္းအသီးသီးလုပ္ငန္းရွင္မ်ားက အလုပ္အကိုင္မ်ားေပးနိုင္ရန္ လုပ္ေဆာင္ ေနပါေၾကာင္း၊ အင္ဂ်င္နီယာ၊ Skill Labour၊ အေထြေထြလုပ္သားခဲြျခားစာရင္း ေကာက္ယူမည္ ျဖစ္ျပီး အေထြေထြလုပ္သားထဲမွ Skill Labour ျဖစ္လိုသူမ်ားကို သင္တန္းေပးသြားမည္ ျဖစ္ပါေၾကာင္း၊ မၾကာမီ ေနျပည္ေတာ္ MCEF အသင္းခု်ပ္ပိုင္ ေျမ(၅)ဧက ေပၚတြင္ဂ်ပန္နိုင္ငံ ေဟာ့ကိုင္းရိုးအစိုးရအဖဲြ့နွင့္ပူးေပါင္းျပီး ဂ်ပန္နည္းပညာ ေဆာက္လုပ္ေရး သင္တန္းေက်ာင္း ဖြင့္လွစ္နိုင္ေရး ေဆာင္ရြက္သြားမည္ျဖစ္ပါေၾကာင္း။ COVID-19 ကာလတြင္ လုပ္ငန္းအားလံုးနီးပါး ထိခိုက္နစ္နာခဲ့ရပါေၾကာင္း၊ ကုန္သြယ္မႈ၊ ကုန္ထုတ္လုပ္မႈ၊ ဟိုတယ္နွင့္ ခရီးသြားလုပ္ငန္း၊ စားေသာက္ကုန္လုပ္ငန္းနွင့္ ေဆာက္လုပ္ေရး လုပ္ငန္းတို့ျဖစ္ပါေၾကာင္း၊ ထိခိုက္သြားသည့္လုပ္ငန္းမ်ား(၆)လမွ (၃)နွစ္ အထိအခိ်န္ယူျပီး လုပ္ေဆာင္ရမည္ ျဖစ္ပါေၾကာင္း၊ ေဆာက္လုပ္ေရးလုပ္ငန္းက႑သည္ နိုင္ငံေတာ္စီးပြားေရးဖံြ့ျဖိုးမႈ အတြက္ အေရးအၾကီးဆံုး အခန္းက႑ကပါဝင္သည္ကို ေတြ့ရမည္ျဖစ္ပါေၾကာင္း၊ ေဆာက္လုပ္ေရး က႑သည္ အလုပ္အကိုင္အခြင့္အေရး အျမန္ဆံုးနွင့္ အမ်ားဆံုးဖန္တီးနိုင္သည္ကို ေတြ့ရ ပါေၾကာင္း။
COVID-19 ကာလတြင္ ပထမဦးစားေပးလုပ္ေဆာင္ရန္ ျပည္သူလူထု၏ အေျခခံလိုအပ္ခ်က္ လုပ္ငန္း (Infrastructure) လုပ္ငန္းမ်ားကို တိုင္းေဒသၾကီးနွင့္ျပည္နယ္အသီးသီးရိွ ရပ္ကြက္၊ ရပ္ရြာထဲအထိ အျမန္ဆံုးဦးစားေပး ေဖာ္ထုတ္ေဆာင္ရြက္ရန္လိုအပ္ပါေၾကာင္း၊ COVID-19 ကာလ အတြင္း ျပည္သူလူထု၏အေျခခံ လိုအပ္ခ်က္ျဖည့္ဆည္းနိုင္ျပီး ရပ္ရြာေန ျပည္သူမ်ားအထိ အလုပ္အကိုင္ အခြင့္အလမ္းမ်ား တိုးပြားေစနိုင္မည္ ျဖစ္ပါေၾကာင္း။ စက္ရံု၊ အလုပ္ရံုမ်ားသည္ အလုပ္အကိုင္အခြင့္ေရးမ်ားစြာ ဖန္တီးေပးသည့္အတြက္ စက္မူဇုန္ စီမံကိန္းမ်ားကို ေဖာ္ထုတ္အားေပးျခင္းျဖင့္ စက္ရံု၊အလုပ္ရံု တည္ေဆာက္ရမည္ျဖစ္ျပီး ေဆာက္လုပ္ေရး အလုပ္သမားမ်ား အတြက္လည္း အလုပ္အကိုင္အခြင့္အေရး ထပ္မံ ရရိွမည္ျဖစ္ ပါေၾကာင္း။
COVID-19 ကာလတြင္ နိုင္ငံေတာ္ဘတ္ဂ်က္ မသံုးဘဲ လက္ရိွဝန္ထမ္းမ်ား Down Payment အနည္းဆံုးနွင့္ လစဉ္အရစ္က်သက္သာေသာ ေငြေပးေခ်မႈနွင့္အတူ ၎ဝန္ထမ္းမ်ား ပင္စင္ယူ သည့္အခါ တိုက္ခန္းအလြယ္တကူ ပိုင္ဆိုင္နိုင္ေရးအတြက္ MCEF အသင္းခု်ပ္အေနျဖင့္ Pilot Project တစ္ခုကိုနိုင္ငံေတာ္အစိုးရအဖဲြ့သို့ တင္ျပမည္ျဖစ္ပါေၾကာင္း။
COVID-19 ကာလတြင္ ျပည္ေထာင္စုဝန္ၾကီးဌာန၏ ဘတ္ဂ်က္တခို့် ေလွ်ာ့ခ်မူမ်ား ျပုလုပ္ခဲ့ ရပါေၾကာင္း၊ ေနာက္လာမည့္ဘတ္ဂ်က္နွစ္တြင္ ေလွ်ာ့ခ်ထားသည့္ အသံုးစရိတ္မ်ား ျပန္ျဖည့္တင္း ေပးရန္နွင့္ တင္ဒါေအာင္ကန္ထရိုက္တာမ်ားကိုသာ လုပ္ငန္းျပန္ခ်ေပးရန္ တင္ျပအပ္ပါေၾကာင္း၊ ဒုတိယဝန္ၾကီး တင္ျပထားသည့္အတိုင္း ျပီးစီးရမည့္ သက္တမ္းကာလ (၃)လ တိုးေပးရန္ တင္ျပ အပ္ပါေၾကာင္း။
COVID-19 ကာလ တင္ဒါလုပ္ငန္းမ်ား အခိ်န္မီျပီးစီးရန္အတြက္ တိုင္းေဒသၾကီးနွင့္ ျပည္နယ္ အသီးသီး အစိုးရအဖဲြ့ရံုးမွတစ္ပတ္တစ္ၾကိမ္ MCEF ကိုယ္စားလွယ္မ်ားနွင့္ ေတြ့ဆံုျပီး တင္ဒါ ေငြေၾကးထုတ္ယူမူ အခက္အခဲ၊ အျခားလုပ္ငန္းအခက္အခဲမ်ားကို ညိွနိွုင္းေျဖရွင္းျခင္းျဖင့္ တင္ဒါ လုပ္ငန္းမ်ား အျမန္ျပီးစီး ေအာင္ျမင္လာမည္ ျဖစ္ပါေၾကာင္း။
နွစ္အလိုက္ နိုင္ငံေတာ္ဘတ္ဂ်က္မ်ား ျပည့္မီေအာင္ခ်ေပးေသာ္လည္း တင္ဒါ မေအာင္ျမင္ဘဲ နွစ္ကုန္လွ်င္ နိုင္ငံေတာ္သို့ ျပန္လည္အပ္နံွရသည္ကို ေတြ့ရပါေၾကာင္း၊ အသင္းခု်ပ္အေနျဖင့္ တိုင္းေဒသၾကီးနွင့္ ျပည္နယ္အသီးသီးမွ တင္ဒါလုပ္ငန္းရွင္ ကန္ထရိုက္မ်ားကို ေကာ္မတီ တစ္ရပ္ ဖဲြ့ျပီး နိုင္ငံေတာ္သမၼတ၏ ၁/၂ဝ၁၇ တင္ဒါစည္းကမ္း၏ လိုအပ္ခ်က္မ်ားကို ျပင္ဆင္ ေရးဆဲြခဲ့သည္မွာ မၾကာမီျပီးစီးေတာ့မည္ ျဖစ္ပါေၾကာင္း။
နိုင္ငံေတာ္၏ NECC ကလည္း တင္ဒါစည္းကမ္းလိုအပ္ခ်က္မ်ား ျပင္ဆင္ေနသည္ဟု သိရပါ ေၾကာင္း၊ ေအာက္ေျခေျမျပင္တြင္ အမွန္တကယ္ လုပ္ကိုင္ေနသည့္ တင္ဒါလုပ္ငန္းရွင္ ကန္ထရိုက္မ်ား ျပင္ဆင္ထားသည့္ တင္ဒါစည္းမ်ဉ္းစည္းကမ္းနွင့္ NECC က ျပင္ဆင္သည့္ တင္ဒါ စည္းမ်ဉ္းစည္းကမ္းတို့ ေပါင္းစပ္ျပီးမွသာ တင္ဒါစည္းမ်ဉ္းစည္းကမ္းအသစ္ကို ထုတ္ျပန္ေပးရန္ တင္ျပအပ္ပါေၾကာင္း။
COVID-19 ကာလတြင္ တရားဝင္ခြင့္ျပုခ်က္က်ျပီး တည္ေဆာက္ဆဲ ေဆာက္လုပ္ေရး လုပ္ငန္း (၂)မို်း ရိွပါေၾကာင္း၊ (၁) ပုဂၢလိကနွင့္နိုင္ငံေတာ္အကို်းတူ ျပုလုပ္ထားသည့္ လုပ္ငန္းမ်ား BOT,PPP စီမံကိန္းမ်ားနွင့္ (၂)ပုဂၢလိကပိုင္ေျမေပၚတြင္ Developer မ်ားေဆာက္လုပ္သည့္ Apartment ၊ Condominium ေဆာက္လုပ္ေရးလုပ္ငန္းမ်ားသည္ Covid-19 ကာလ အခက္အခဲမ်ားနွင့္ ရင္ဆိုင္ေနၾကရပါေၾကာင္း၊ တည္ေဆာက္ဆဲလုပ္ငန္းမ်ား ရပ္ဆိုင္း မသြားရန္နွင့္ ေဆာက္လုပ္ေရးလုပ္သားမ်ား အလုပ္အကိုင္အခြင့္အလမ္းမ်ား ရပ္တန့္ မသြားေစရန္ နိုင္ငံတကာ တြင္ နိုင္ငံေတာ္ကသာ ဦးေဆာင္၍ Project တန္ဖိုး၏ ၃ဝ ရာခိုင္နႈန္းမွ ၅ဝ ရာခိုင္နႈန္းအထိ သက္သာသည့္ အတိုးနႈန္းနွင့္ နွစ္လတ္ေခ်းေငြမ်ား ခ်ေပးခဲ့သည္ကို ေတြ့ရပါေၾကာင္း၊ မိမိတို့ နိုင္ငံတြင္ လုပ္ငန္းမ်ားအားလံုးကို တျပိုင္တည္း ေငြေခ်းရမည္ ျဖစ္သည့္အတြက္ နိုင္ငံေတာ္က ေငြလံုးေငြရင္းနွင့္ စိုက္ထုတ္ေခ်းရန္ ခက္ခဲေနသည္ကို သိရိွရပါေၾကာင္း၊ ထို့ေၾကာင့္နိုင္ငံျခားမွ သက္သာေသာ အတိုးနႈန္းျဖင့္ ရရိွခဲ့ပါက ပုဂၢလိကဘဏ္မ်ားက တစ္ဆင့္ တာဝန္ယူျပီး Project တန္ဖိုး၏အနည္းဆံုး ၂ဝ ရာခိုင္နႈန္းမွ ၃ဝ ရာခိုင္နႈန္းအထိေခ်းေငြရရိွလွ်င္ အဆင္ေျပနိုင္မည္ ျဖစ္ပါေၾကာင္း။
ရန္ကုန္ျမို့တြင္ ေဆာက္လုပ္ျပီး၊ ေဆာက္လုပ္ဆဲ ကြန္ဒိုတိုက္ခန္းအေရအတြက္ အခန္းေပါင္း (၁၅ဝဝဝ)ခန့္ ရိွပါေၾကာင္း၊ နိုင္ငံျခားသားကြန္ဒိုတိုက္ခန္းေရာင္းခ်နိုင္မႈ ရာခိုင္နႈန္း ၄ဝ ရာခိုင္နႈန္း အိမ္ခန္း ၆ဝဝဝ ျဖစ္ပါေၾကာင္း၊ တစ္ခန္းလွ်င္ ေငြက်ပ္သိန္း (၂၅ဝဝ) ပ်မ္းမွ်နွင့္ ေရာင္းခ်နိုင္ပါက အေမရိကန္ေဒၚလာ ၁ ဒသမ ၁ ဘီလီယံ နိုင္ငံျခားေငြရရိွမည္ျဖစ္ျပီး နိုင္ငံေတာ္၏ စီးပြားေရး လည္ပတ္မႈကို အေထာက္အကူျဖစ္ေစမည္ျဖစ္ပါေၾကာင္း၊ နိုင္ငံတကာတြင္ ကြန္ဒိုတိုက္ခန္း အမ်ားအျပား ေရာင္းခ်နိုင္ရန္ နိုင္ငံေတာ္အစိုးရကပါ ပါဝင္ကူညီေဆာင္ရြက္ေပး ေနၾကပါေၾကာင္း၊ ဥပမာ တံဆိပ္ေခါင္းခြန္ေလွ်ာ့ေပါ့ေပးျခင္း၊ သက္သာေသာ Mortgage Loan ေပးျခင္း၊ 10 Years Multi-Visa ထုတ္ေပးျခင္း၊ Second Home ေပးျခင္းမ်ား ျပုလုပ္ေပးခဲ့သည့္အတြက္ နိုင္ငံျခားေငြ အမ်ားအျပား တိုးတက္ရရိွေနၾကပါေၾကာင္း။
နိုင္ငံသားမ်ားအတြက္ COVID-19 ကာလတြင္ နိုင္ငံေတာ္က ေငြေၾကးစိုက္ထုတ္ေပးျခင္းထက္ လိုအပ္ေနသည့္ ဥပေဒမ်ား ေျဖေလွ်ာ့ေပးျခင္းက ဝယ္သူမ်ား အတြက္ပို၍ ထိေရာက္မႈရိွပါ ေၾကာင္း၊ နိုင္ငံသားမ်ားအတြက္ တိုက္ခန္း ၆ဝ ရာခိုင္နႈန္းအိမ္ခန္း (၉ဝဝဝ) အတြက္ ေရာင္းရမည္ဆိုပါက ေငြက်ပ္ ၂၂၅ ဘီလီယံ ရရိွမည္ျဖစ္ျပီး ယင္းေငြမ်ားသည္ နိုင္ငံတြင္း စီးပြားေရးလည္ပတ္မႈတြင္ ပါဝင္နိုင္မည္ျဖစ္ပါေၾကာင္း။
ဝင္ေငြခြန္နႈန္းထား ေလွ်ာ့ခ်ျခင္းနွင့္ပတ္သက္ျပီး ၂ဝ၁၉-၂ဝ၂ဝဘ႑ာေရး နွစ္တစ္နွစ္ စမ္းသပ္ေလ်ာ့ေပါ့ေပးခဲ့သည့္အတြက္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္၊ ျပည္ေထာင္စု လွြတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ စီမံကိန္း၊ဘ႑ာေရးနွင့္ စက္မႈဝန္ၾကီးဌာနဝန္ၾကီးနွင့္ အဖဲြ့ကို အထူးပင္ ေက်းဇူးတင္ပါေၾကာင္း၊ ဝင္ေငြခြန္ေလွ်ာ့ေပါ့ေကာက္ခံျခင္းေၾကာင့္ အခြန္ေငြမ်ား ထူးျခားစြာ တိုးတက္ရရိွရံုမွ်မက အခြန္ထမ္းဦးေရမ်ားစြာ တိုးလာသည္ကို ေတြ့ရမည္ ျဖစ္ပါေၾကာင္း၊ ယခင္နွစ္ ကာလတူ ပထမ(၃)လပတ္တြင္ အခြန္ထမ္းဦးေရ တိုးတက္မႈရာခိုင္နႈန္း၂၅၈ ဒသမ ၃၁၉ ရာခိုင္နႈန္း၊ ေကာက္ခံရရိွသည့္ ဝင္ေငြေပါင္းသန္း ၃၇ဝဝဝ တိုးတက္မႈရာခိုင္နႈန္း ၆၆ ဒသမ ၄၅၃ ရာခိုင္နႈန္း၊ တံဆိပ္ေခါင္းခြန္ ရရိွေငြ ၉၆၂၉ သန္း တိုးတက္မႈ ရာခိုင္နႈန္း ၄ဝ ရာခိုင္နႈန္းအသီးသီး အခြန္ေငြ တိုးတက္လာသည္ကို ေတြ့ရပါေၾကာင္း၊ ေနာက္ထပ္ ယခင္နွစ္ကာလတူ ဒုတိယ (၃)လပတ္ တြင္လည္း ဝင္ေငြခြန္နွင့္ တံဆိပ္ေခါင္းခြန္မ်ား တိုးတက္ရရိွသည္ကို စီမံကိန္း၊ဘ႑ာေရးနွင့္ စက္မႈ ဝန္ၾကီးဌာနမွ သိရိွခဲ့ရပါေၾကာင္း၊ ကိုဗစ္ကာလတြင္ အခက္အခဲၾကံုေတြ့ခဲ့ရပါေၾကာင္း၊ မၾကာမီ လာမည့္ စက္တင္ဘာ (၃ဝ)တြင္ တစ္နွစ္သက္တမ္းကုန္ေတာ့မည္ျ ဖစ္သည့္အတြက္ ေနာက္ထပ္ တစ္နွစ္သက္တမ္းတိုးေပးရန္အတြက္ ေမတၱာရပ္ခံတင္ျပအပ္ပါေၾကာင္း၊ ၂ဝ၁၉-၂ဝ၂ဝ ဝင္ေငြခြန္ ေလ်ာ့ေပါ့နႈန္းထားမ်ားကို ၃ ရာခိုင္နႈန္း၊ ၅ ရာခိုင္နႈန္း၊ ၁ဝ ရာခိုင္နႈန္း၊ ၁၅ ရာခိုင္နႈန္း၊ ၃ဝ ရာခိုင္နႈန္းအသီးသီး သတ္မွတ္ခဲ့ေသာ္လည္း Covid ကာလတြင္ ဝယ္ယူသူမ်ားအတြက္ ဝင္ေငြခြန္ အထူးေလ်ာ့ခ်ေပးရန္ ပို၍လိုအပ္ပါေၾကာင္း၊ ဝယ္ယူသူမ်ားအေနျဖင့္ ဝယ္ယူသည့္တန္ဖိုးေငြအားလံုး အတြက္ ၃ ရာခိုင္နႈန္းထက္ မပိုေသာနႈန္းထား သတ္မွတ္ေပးပါရန္ တင္ျပအပ္ပါေၾကာင္း၊ တံဆိပ္ေခါင္းခြန္ ၄ ရာခိုင္နႈန္း ေပါင္းပါက နိုင္ငံေတာ္အခြန္ေငြ ၇ ရာခိုင္နႈန္းရရိွမည္ျဖစ္ပါေၾကာင္း။
နိုင္ငံသားတိုင္းရင္းသားလုပ္ငန္းရွင္မ်ားသည္ နိုင္ငံ၏ သဘာဝေဘးအနၱရာယ္က်ေရာက္ သည့္အခါ၊ ကပ္ေရာဂါျဖစ္သည့္အခါတြင္ ျပည္သူမ်ားနွင့္တစ္သားတည္း အတူေနျပီး မိမိတို့ စြမ္းနိုင္သည့္ဘက္က ကူညီေဆာင္ရြက္ေပးခဲ့ၾကပါေၾကာင္း၊ နိုင္ငံသားတိုင္းရင္းသား လုပ္ငန္းရွင္မ်ား COVID-19 ကာလ စီးပြားေရးနလံထူနိုင္ရန္ အမွန္တကယ္ လုပ္ငန္းအသစ္တည္ေထာင္သူမ်ား၊ လုပ္ငန္းတိုးခဲ့်လုပ္ကိုင္လိုသူမ်ားကို ျပည္တြင္းျပည္ပ ရင္းနီွးျမုပ္နံွမႈေကာ္မရွင္ရံုး (MIC)တြင္ ၎တို့၏ Business Plan တင္ျပ၍ တရားဝင္ မွတ္တမ္းျပုျပီးပါက ၎တို့ရင္းနီွးျမုပ္နံွမႈအေပၚ ဝင္ေငြခြန္ ကင္းလြတ္ခြင့္ေပးျခင္း ျပုလုပ္ေပးရန္ တင္ျပအပ္ပါေၾကာင္း၊ ရင္းနီွးျမုပ္နံွမႈတြင္ ေျမကဲ့သို့ မေရွြ့မေျပာင္းနိုင္ေသာ အေျခခံပစၥည္းပါလာပါက တံဆိပ္ေခါင္းခြန္ ၄ ရာခိုင္နႈန္း နိုင္ငံေတာ္က ေကာက္ခံ ရရိွမည္ျဖစ္ပါေၾကာင္း။
နိုင္ငံသား တိုင္းရင္းသားလုပ္ငန္းရွင္ကုမၸဏီအသစ္မ်ား မ်ားစြာထူေထာင္ ေပၚထြက္လာပါက ဝန္ထမ္းအလုပ္သမားအမ်ားစြာ အလုပ္ေပးနိုင္မည္ျဖစ္ပါေၾကာင္း၊ ေနာင္လာမည့္ (၂)နွစ္၊ (၃)နွစ္ တြင္ ေအာင္ျမင္လာမည့္ နိုင္ငံသားတိုင္းရင္းသားကုမၸဏီအသစ္မ်ားသည္ အျမတ္ခြန္မ်ားကို နွစ္ေပါင္းေျမာက္မ်ားစြာ ကုမၸဏီမပ်က္မခ်င္း နွစ္စဉ္အစိုးရသို့ ေပးနိုင္မည္ ျဖစ္ပါေၾကာင္း၊ နိုင္ငံသားကုမၸဏီအသစ္မ်ား တိုးတက္ေပၚေပါက္လာျခင္း၊ နိုင္ငံအတြင္း အလုပ္အကိုင္အခြင့္ အလမ္းမ်ားျပားလာျခင္း၊ ေရတိုေရရွည္ကာလတြင္ နိုင္ငံေတာ္အခြန္မ်ား တိုးတက္ရရိွျခင္း စသည္ တို့သည္ နိုင္ငံေတာ္စီးပြားတိုးတက္ေရးအတြက္ အေျခခံလိုအပ္ခ်က္ ျဖစ္ပါေၾကာင္း။
နိဂံုးခု်ပ္အေနျဖင့္ COVID-19 ကာလေၾကာင့္ ကမၻာနွင့္အဝန္း စီးပြားေရးက်ဆင္း ေနပါေၾကာင္း၊ ယခုနွစ္ ျမန္မာနိုင္ငံအေပၚတြင္လည္း စီးပြားေရးတိုးတက္နႈန္းကို ကမၻာက သုည ဒသမ ၅ GDP ရိွမည္ဟု သက္မွတ္ေသာ္လည္း COVID-19 ကိုအေျချပုျပီး စိတ္ဓာတ္မက်ရန္ လိုအပ္ ပါေၾကာင္း၊ Zero Setting ထား၍ နိုင္ငံ၏ အတိတ္ကတိမ္းေစာင္းခဲ့ေသာ စီးပြားေရးမူဝါဒမ်ားကို တည့္မတ္ျပီး စီးပြားေရးလုပ္ငန္းမ်ားေပၚတြင္ ထုတ္ျပန္ထားသည့္ ဥပေဒမ်ားထဲမွလိုအပ္သည့္ ေျဖေလွ်ာ့မႈမ်ားကို အခိ်န္နွင့္တစ္ေျပးညီ ျပုလုပ္ေပးမည္ဆိုပါမၾကာမီ အခိ်န္အတြင္း ျမန္မာနိုင္ငံ၏ စီးပြားေရးသည္ တစ္ဟုန္ထိုး တိုးတက္ေျပာင္းလဲရန္ ေသခ်ာပါေၾကာင္း တင္ျပေဆြးေနြးသည္။
ထို့ေနာက္ ေဆြးေနြးတင္ျပခ်က္မ်ားနွင့္စပ္လ်ဉ္း၍ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္က ယခုအထိ ေဆာက္လုပ္ေရးပိုင္းတြင္ ကိုဗစ္ေရာဂါျပန့္ပြားမႈ မရိွေသးပါေၾကာင္း၊ ေဆာက္လုပ္ေရး ပိုင္းတြင္ ကိုဗစ္နွင့္ ပတ္သက္၍ လိုက္နာရမည့္ စည္းမ်ဉ္းစည္းကမ္းမ်ားကို လိုက္နာမႈ အားေကာင္း သည္ဟု ေျပာရမည္ျဖစ္ပါေၾကာင္း၊ ယင္းကို ဆက္လက္ထိန္းသိမ္းထားရန္ လိုအပ္ပါေၾကာင္း၊ လူသားမ်ား၏ သဘာဝအရ အခိ်န္ၾကာလာသည္နွင့္အမွ် လက္ေဆးသည့္ေနရာ၊ Mask တပ္သည့္ ေနရာ၊ တစ္ေယာက္နွင့္ တစ္ေယာက္ ခပ္ခြာခြာေနရမည့္ ေနရာတို့တြင္ ေပါ့ဆလာတတ္ပါေၾကာင္း၊ အထူးသျဖင့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားတြင္ အလုပ္သမားမ်ားသည္ လူစုျပီး ထမင္းစားျခင္း၊ စကားေျပာျခင္းတို့ကို ျပုလုပ္ေလ့ရိွသျဖင့္ လူစုျပီးထမင္းမစားရန္၊ စကားမေျပာရန္ အျမဲတမ္း သတိေပးေနရပါေၾကာင္း၊ အျခားလုပ္ငန္းမ်ားနွင့္ ရံုးဌာနမ်ားတြင္ ယင္းပံုစံအတိုင္း ျပုမူ ေဆာင္ရြက္ေလ့ရိွပါေၾကာင္း၊ ယခုအခိ်န္တြင္ ယင္းအျပုအမူမ်ားကို သတိထားရန္ လိုအပ္ ပါေၾကာင္း၊ ေတာင္သူလယ္သမားမ်ားသည္ လယ္ယာစိုက္ပို်းေရးလုပ္ငန္း ေဆာင္ရြက္ခိ်န္တြင္ ခပ္ခြာခြာေနၾကေသာ္လည္း ထမင္းစားခိ်န္တြင္ လူစုျပီးထမင္းစားျခင္းသည္ ေကာင္းမြန္သည့္ အေလ့အထျဖစ္ေသာ္လည္း ယခုအခိ်န္တြင္ မျပုလုပ္ၾကရန္ အေရးၾကီးပါေၾကာင္း။
အလုပ္သမားမ်ား မ်ားျပားသည့္ေနရာတြင္ တစ္ဦးတစ္ေယာက္သာ ေရာဂါျဖစ္သြားမည္ ဆိုပါက မ်ားစြာျပႆနာတက္နိုင္ပါေၾကာင္း၊ လူအမ်ားသို့ ေရာဂါျမန္ျမန္ကူးစက္ သြားနိုင္ ပါေၾကာင္း၊ ထို့ေၾကာင့္ အားလံုးက အေလးထားရန္ လိုအပ္ပါေၾကာင္း။
အလုပ္အကိုင္ပိုင္းနွင့္ပတ္သက္၍ ဒုတိယဝန္ၾကီး တင္ျပသြားသကဲ့သို့ အလုပ္အကိုင္ ဖန္တီးေပးေရးသည္ မ်ားစြာအေရးၾကီးသည့္အတြက္ မိမိတို့နိုင္ငံတြင္ ေဆာက္လုပ္ေရးက႑သည္ အလုပ္အကိုင္အမ်ားဆံုးေပးနိုင္သည္ကို လက္ခံပါေၾကာင္း၊ ထို့ေၾကာင့္ နိုင္ငံေတာ္အစိုးရအေနျဖင့္ ေဆာက္လုပ္ေရးက႑ရိွ ေဆာက္လုပ္ေရးလုပ္ငန္း ၃ မို်းလံုးကို နည္းအမို်းမို်းျဖင့္ အားေပးလ်က္ ရိွပါေၾကာင္း၊ တတ္နိုင္သည့္ဖက္မွ ပံ့ပိုးေပးလ်က္ရိွပါေၾကာင္း၊ ထိုသို့ေဆာင္ရြက္ရာတြင္ ေဆာက္လုပ္ေရး အလုပ္သမားမ်ားအတြက္လည္း အကို်းရိွမည္၊ ကိုယ္ပိုင္ေနအိမ္ျဖင့္ ေနထိုင္ခ်င္ သည့္ ျပည္သူမ်ားနွင့္ ဝန္ထမ္းမ်ားအတြက္လည္း အကို်းရိွမည္၊ မိမိအေနျဖင့္ ဝန္ထမ္းမ်ား၏ အေရးၾကီးဆံုးလိုအပ္ခ်က္ကို ေမးၾကည့္သည့္အခါ ဝန္ထမ္းေတာ္ေတာ္မ်ားမ်ားက ဝန္ထမ္းဘဝမွ အျငိမ္းစားယူသည့္အခါ ကိုယ္ပိုင္ေနအိမ္ျဖင့္ ေနထိုင္နိုင္သည့္ အေနအထားရိွခ်င္ၾကသည္ဟု ျပန္လည္ ေျဖၾကားၾကပါေၾကာင္း၊ တစ္သက္လံုး ပင္ပင္ပန္းပန္းျဖင့္ အလုပ္လုပ္ကိုင္ခဲ့ရျပီး အျငိမ္းစားယူသည့္အခါ မည္သို့ေနထိုင္ရမည္ကို မသိသည့္ အေနအထားမို်း မျဖစ္ခ်င္ၾကပါေၾကာင္း၊ မိမိအေနျဖင့္လည္း နားလည္ပါေၾကာင္း၊ နိုင္ငံေတာ္အစိုးရအေနျဖင့္ နိုင္ငံေတာ္တာဝန္ထမ္း ေဆာင္ျပီးသည့္အခါ ေအးေအးေဆးေဆးျဖင့္ အသက္ၾကီးသည့္အခါ သိကၡာရိွရိွျဖင့္ ေနထိုင္နိုင္ရန္ ဝန္ထမ္းအိမ္ရာမ်ားကို ဦးစားေပးျပီး ေဆာက္လုပ္လ်က္ရိွပါေၾကာင္း၊ ယင္းကဲ့သို့ ေဆာက္လုပ္ေရး လုပ္ငန္းမ်ားကို ေဆာင္ရြက္သည့္အတြက္လည္း ေဆာက္လုပ္ေရး အလုပ္သမားမ်ားအတြက္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ရရိွၾကပါေၾကာင္း။
ကိုဗစ္ကာလတြင္ အခို့်လုပ္ငန္းမ်ား မတြင္က်ယ္ရျခင္း၏ အဓိကအေၾကာင္းအရင္းသည္ နိုင္ငံျခားမွ ကြ်မ္းက်င္ပညာရွင္မ်ား မလာနိုင္ျခင္းေၾကာင့္ဟု သိရိွရပါေၾကာင္း၊ ယခုအခိ်န္တြင္ လိုအပ္သည့္ေနရာမ်ား၌ ျပန္လည္ဝင္ေရာက္ရန္ နည္းနည္းခ်င္း ခြင့္ျပုေပးလ်က္ရိွပါေၾကာင္း၊ မိမိအေနျဖင့္ ေတြးမိသည္မွာ မိမိတို့နိုင္ငံတြင္ ကြ်မ္းက်င္လုပ္သားမ်ားရိွရန္ မ်ားစြာလိုအပ္ ပါေၾကာင္း၊ ေဆာက္လုပ္ေရးဖက္တြင္ အလုပ္အကိုင္ဖန္တီးရန္ လြယ္ကူပါေၾကာင္း၊ ထို့သို့ ေဆာင္ရြက္ရာတြင္ ကြ်မ္းက်င္မႈကို ျမွင့္တင္ေပးသည့္ပံုစံျဖင့္ လုပ္ကိုင္ေစခ်င္ပါေၾကာင္း၊ အလုပ္သင္ရင္းျဖင့္ ျမင့္လာသည့္သေဘာျဖစ္ပါေၾကာင္း၊ မိမိတို့ ျပည္သူမ်ား၏ အလုပ္အကိုင္ အရည္အခ်င္း၊ ကြ်မ္းက်င္မႈကို ျမွင့္တင္ေပးသည့္ ပံုစံမို်းျဖင့္ လုပ္ေစခ်င္ပါေၾကာင္း၊ ယင္းကဲ့သို့ ေဆာင္ရြက္ရန္ နိုင္ငံေတာ္ကလည္း တစ္ဖက္က တာဝန္ယူရမည္ျဖစ္ျပီး အျခားတစ္ဖက္ကလည္း လုပ္ငန္းရွင္မ်ားကလည္း တာဝန္ယူရန္ လိုအပ္ပါေၾကာင္း၊ အလုပ္သမားမ်ားကိုယ္တိုင္လည္း ယင္းစိတ္ဓာတ္မို်း ရိွေစခ်င္ပါေၾကာင္း။
ေဆာက္လုပ္ေရးအလုပ္သမားမ်ားသည္ တစ္နိုင္ငံလံုးကို ျဖန့္ျပီးသြားၾကပါေၾကာင္း၊ မိမိ ခရီးသြားသည့္အခါ မေကြးတိုင္းေဒသၾကီးအတြင္းရိွ အညာကအမို်းမ်ား ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနၾကသည္ကို ေနရာတိုင္းတြင္ေတြ့ရပါေၾကာင္း၊ လမ္း၊ အေဆာက္အဦနွင့္ တံတားမ်ား ေဆာက္လုပ္ေနစဉ္ မိမိနွင့္ လမ္းမွာေတြ့၍ နႈတ္ဆက္ပါက မေကြး၊ နတ္ေမာက္နွင့္ ေရနံေခ်ာင္း ျမို့တို့မွ အမ်ားစုျဖစ္ပါေၾကာင္း၊ ခ်င္းျပည္နယ္ ေရာက္ခဲ့စဉ္ကလည္း မေကြးဘက္မွ လာေရာက္ လုပ္ကိုင္ေနသူမ်ားကို ေတြ့ရိွရပါေၾကာင္း၊ ယခုအခိ်န္အခါတြင္ ယင္းအလုပ္သမားမ်ားသည္ အိမ္ျပန္ သြားၾကသည့္အတြက္ အလုပ္မ်ား က်န္ရစ္ခဲ့ပါေၾကာင္း၊ က်န္ရစ္ခဲ့သည့္ အလုပ္မ်ားကိုလည္း ကိုဗစ္-၁၉ ကို ထိန္းထိန္းသိမ္းသိမ္းလုပ္နိုင္မည့္ကာလ ေရာက္သည္နွင့္အမွ် အျမန္ျပန္ျပီးစရန္ လိုအပ္ပါေၾကာင္း။
ေဒသခံမ်ား၏ ေဆာက္လုပ္ေရး လိုအပ္ခ်က္မ်ားကိုလည္း ျဖည့္ဆည္းေပးျပီး အလုပ္သမား မ်ား အလုပ္ျပန္လည္ရရိွျပီး ဝင္ေငြရရိွလာမည္ျဖစ္ပါေၾကာင္း၊ ယင္းကိစၥမ်ားသည္ အားလံုးဝိုင္းဝန္းျပီး လုပ္ေဆာင္ရမည့္ ကိစၥျဖစ္ပါေၾကာင္း၊ နိုင္ငံတကာေခ်းေငြျဖင့္ လုပ္ကိုင္ ရသည့္ လုပ္ငန္းမ်ားရိွပါေၾကာင္း၊ နိုင္ငံတကာေခ်းေငြနွင့္ ပတ္သက္ျပီး အျမဲသတိေပးခဲ့ပါေၾကာင္း၊ ေခ်းျပီး ျပန္ေပးရမည္ျဖစ္ပါေၾကာင္း၊ ထိုသို့ ျပန္ေပးရသည့္အခါ နိုင္ငံတကာတြင္ ၂ မို်းရိွပါေၾကာင္း၊ ေထာက္ပံ့ေငြျဖင့္ လုပ္သည့္အခါရိွသကဲ့သို့ ေခ်းေငြျဖင့္ လုပ္သည့္အခါမ်ားလည္း ရိွပါေၾကာင္း၊ ေခ်းေငြျဖင့္ လုပ္သည့္အခါ တစ္ေန့တစ္ခိ်န္တြင္ ျပန္ေပးရမည္ ျဖစ္ပါေၾကာင္း၊ နိုင္ငံတစ္နိုင္ငံ၏ သိကၡာအရသာမက နိုင္ငံတစ္နိုင္ငံအေပၚတြင္ စီးပြားေရးအရ ယံုၾကည္မႈရိွလာရန္ ေခ်းေငြမ်ားကို မွန္မွန္ကန္ကန္ ျပန္ေပးရမည္ျဖစ္ပါေၾကာင္း၊ ကိုဗစ္-၁၉နွင့္ ပတ္သက္ျပီး ဖံြ့ျဖိုးမႈနည္းပါးသည့္ နိုင္ငံမ်ား၏ ေခ်းေငြမ်ားေလ်ာ္ေပးရန္ အစီအစဉ္လုပ္ေဆာင္ေနပါေၾကာင္း၊ ယင္းအစီအစဉ္မ်ား ကိုလည္း ေက်းဇူးတင္ပါေၾကာင္း၊ မိမိတို့နိုင္ငံကဲ့သို့ ဖံြ့ျဖိုးမႈအားနည္းသည့္ နိုင္ငံမ်ားအတြက္ အေထာက္အကူျဖစ္ေစပါေၾကာင္း၊ မူအားျဖင့္ မိမိတို့ေခ်းထားသည့္ေငြကို မိမိတို့ျပန္ျပီးဆပ္ နိုင္ရမည္ျဖစ္ပါေၾကာင္း၊ ထိုသို့ဆပ္နိုင္ေအာင္ မိမိတို့ကလည္း ၾကိုးစားရမည္ျဖစ္ပါေၾကာင္း၊ ထို့ေၾကာင့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္သည့္အခါ ေဆာက္လုပ္ေရးလုပ္ေနသည့္ လုပ္ငန္းတစ္ခုသာမက မိမိတို့ နိုင္ငံစီးပြားေရးယနၱရားလည္ပတ္မႈကို တြန္းအားေပးေနသည့္ နည္းတစ္နည္းအျဖစ္ စိတ္မွာထားျပီးလုပ္ေစလိုပါေၾကာင္း၊ က်ဉ္းက်ဉ္းေလး ၾကည့္၍ မရပါေၾကာင္း၊ မိမိတို့ စီးပြားေရးယနၱရားၾကီး ဆက္စပ္ျပီး လည္ပတ္သြားနိုင္ရန္ စဉ္းစားရပါေၾကာင္း၊ ထိုသို့ စဉ္းစားရာတြင္ ေဆာက္လုပ္ေရးလုပ္ငန္းကို အင္မတန္ အေလးထားပါေၾကာင္း။
ေဆြးေနြးတင္ျပခ်က္မ်ားသည္ မိမိတို့ ေျပာၾကားခ်က္မ်ားနွင့္ကိုက္ညီပါေၾကာင္း၊ (၂) ရက္၊ (၃) ရက္အလုပ္ မလုပ္ရပါက ျပႆနာျဖစ္သြားပါေၾကာင္း၊ တစ္ေန့လုပ္မွ တစ္ေန့ရပါေၾကာင္း၊ ယင္းကို စဉ္းစားရမည္ျဖစ္ပါေၾကာင္း၊ ေရရွည္တြင္ မိမိတို့၏ ျပည္သူမ်ား၊ အလုပ္သမားမ်ား စီးပြားေရးအရ လံုျခံုေရးျဖစ္ပါေၾကာင္း၊ ခ်မ္းသာေရးဆိုသည္မွာ ေနာက္တစ္ဆင့္ျဖစ္ပါေၾကာင္း၊ အေျခခံလံုျခံုေရး ရိွရန္လိုပါေၾကာင္း၊ မိမိအျမဲတမ္းေျပာသည္မွာ နိုင္ငံတစ္နိုင္ငံ၏ တည္ျငိမ္မႈသည္ လံုျခံုေရးအေပၚတြင္ ဆိုင္ပါေၾကာင္း၊ လံုျခံုေရးသည္ ျပည္သူမ်ား၏ ရုပ္ပိုင္းဆိုင္ရာ လံုျခံုေရး၊ စိတ္ပိုင္းဆိုင္ရာ လံုျခံုေရးျဖစ္ျပီး ဆက္စပ္ေနပါေၾကာင္း၊ ဥပမာအားျဖင့္ သားသမီးမ်ား ေက်ာင္းတက္သည့္ အခါတြင္ မည္သည့္ေနရာမွ စရိတ္ရွာရမည္ကို စိတ္ပူေနရပါက စိတ္ပိုင္းဆိုင္ရာ လံုျခံုေရးမရိွပါေၾကာင္း၊ ရုပ္ပိုင္းဆိုင္ရာ လံုျခံုေရးမရိွျခင္းနွင့္ ဆက္နြယ္သြားပါေၾကာင္း။
ယင္းတို့ကို မိမိတို့အေနျဖင့္ စဉ္းစားမည္ျဖစ္ပါေၾကာင္း၊ ကိုဗစ္ကာလတြင္ ပံုမွန္ဝင္ေငြ မရိွသည့္ မိမိတို့ျပည္သူမ်ားအတြက္ အထူးအစီအစဉ္မ်ား လုပ္ေဆာင္ထားပါေၾကာင္း၊ ယင္းကိုလည္း အားလံုးသိရိွျပီး ျဖစ္ပါေၾကာင္း၊ အေျခခံစားနပ္ရိကၡာမ်ား ျဖန့္ေဝျပီး ေနာက္ပိုင္းတြင္ ေငြအရ ပံ့ပိုးျခင္းမ်ားရိွပါေၾကာင္း၊ ပံုမွန္ဝင္ေငြမရိွသည့္ ျပည္သူမ်ားအတြက္ စိတ္လံုျခံုမႈ အတိုင္းအတာအထိ စိတ္ခ်ရေစရန္ နိုင္ငံမွ တတ္နိုင္သမွ် ေဆာင္ရြက္ေပးျခင္းျဖစ္ပါေၾကာင္း၊ အေရးၾကီးဆံုးမွာ နိုင္ငံ၏ စီးပြားေရးတိုးတက္မႈနွင့္ ဖံြ့ျဖိုးတိုးတက္မႈသည္ ပံုမွန္သြားေနျပီး ျပည္သူမ်ားသည္ စီးပြားေရးအရ ရုပ္ပိုင္းဆိုင္ရာအရ လံုေလာက္သည္အထိ ေရာက္ရန္ျဖစ္ ပါေၾကာင္း။
ဦးေဌးလြင္ ေျပာသြားသည့္အခ်က္တြင္ အသက္ေမြးဝမ္းေၾကာင္းပညာအေၾကာင္း ပါဝင္ပါ ေၾကာင္း၊ လေရာင္ေတာတြင္ အဓိကအားျဖင့္ စိုက္ပို်းေရးလုပ္ပါေၾကာင္း၊ စိုက္ပို်းေရးဆိုသည္မွာ ေတာင္ယာလုပ္ကိုင္သည္တင္မက ပန္းျခံ၊ ဥယ်ာဉ္ လုပ္ျခင္းျဖစ္ပါေၾကာင္း၊ ရန္ကုန္ကဲ့သို့ ျမို့ၾကီးတြင္ လမ္းေဘးတခို့်ေနရာတြင္ သစ္ပင္မ်ားစိုက္ပို်းထားပါေၾကာင္း၊ သို့ေသာ္ စိုက္ပို်း ထားသည္မွာ မလွပပါေၾကာင္း၊ တင့္တင့္တယ္တယ္ မရိွလွပါေၾကာင္း၊ ယင္းမွာ စိုက္ပို်းေရး ပညာအားနည္းေန၍ ျဖစ္ပါေၾကာင္း၊ စိုက္ပို်းေရးပညာဆိုသည္မွာ သစ္ပင္တစ္ပင္ကို အေသးမွ အၾကီး ျဖစ္သည္သာမက မည္သို့ပံုစံျဖင့္ စိုက္မည္၊ ၾကာၾကာခံေစရန္ မည္သို့ ေဆာင္ရြက္မည္၊ မည္သည့္ သစ္ပင္သည္ ပို၍ အဆင္ေျပမည္၊ လမ္းတြင္ဆိုပါက အရိပ္လည္းရျပီး ၾကည့္ေကာင္း ေစရန္၊ ကားမ်ားနွင့္လည္းလြတ္ေစရန္၊ လိုအပ္ခ်က္အရ မည္သို့ျဖစ္ေအာင္ လုပ္ရမည္ကို စဉ္းစား တတ္ေစရန္နွင့္ ပန္းမ်ားျပုစုပို်းေထာင္သည့္အခါတြင္ မည္သည့္ပန္းသည္ မည္သည့္ေနရာတြင္ စိုက္ပို်း၍ ေကာင္းမည္ကို စဉ္းစားတတ္ရမည္ျဖစ္ပါေၾကာင္း၊ စားေသာက္ပင္မ်ားသာမက ပတ္ဝန္းက်င္လွပရန္အတြက္ ပန္းမ်ားလည္းလိုအပ္ပါေၾကာင္း၊ ပတ္ဝန္းက်င္လွပျခင္းဆိုသည္မွာ လူမ်ား၏စိတ္ကို ေအးျငိမ္းခ်မ္းသာေစပါေၾကာင္း၊ ယင္းမွာလည္း အေရးၾကီးပါေၾကာင္း။
အသက္ေမြးဝမ္းေၾကာင္း ပညာေက်ာင္းမ်ားကို မိမိအေနျဖင့္ အားေပးလိုပါေၾကာင္း၊ မိမိတို့နိုင္ငံတြင္ အသက္ေမြးဝမ္းေၾကာင္း ပညာကို ဖံြ့ျဖိုးတိုးတက္သည့္ က႑တစ္ခုျဖစ္ သြားေစ လိုပါေၾကာင္း၊ ကမၻာၾကီးရိွ အတိုးတက္ဆံုးနိုင္ငံတစ္ခို့်တြင္ အသက္ေမြးဝမ္းေၾကာင္း ပညာသည္ တကၠသိုလ္ပညာနွင့္ တန္းတူအဆင့္ရိွပါေၾကာင္း၊ ျပည္သူမ်ားသည္ အသက္ေမြးဝမ္းေၾကာင္း ပညာ ေက်ာင္းထြက္ဆိုသည္မွာ တကၠသိုလ္ဘဲြ့ရမ်ားနွင့္ တန္းတူ၊ အသိပညာရွင္မ်ား၊ အတတ္ပညာရွင္ မ်ားနွင့္တန္းတူ သတ္မွတ္ထားျခင္းရိွပါေၾကာင္း၊ လက္သမားနွင့္ ပတ္သက္၍ ၾကံုၾကိုက္တိုင္း ေျပာသည့္ကိစၥတစ္ခုရိွပါေၾကာင္း၊ ယင္းမွာ ကမၻာေပၚတြင္ အသက္ေမြးဝမ္းေက်ာင္းပညာစနစ္ အေအာင္ျမင္ဆံုးနိုင္ငံထဲတြင္ ဆြစ္ဇာလန္ နိုင္ငံပါဝင္ပါေၾကာင္း၊ ဆြစ္ဇာလန္နိုင္ငံသည္ နိုင္ငံ ေသးငယ္ေသာ္လည္း ကမၻာေပၚတြင္ အခ်မ္းသာဆံုး နိုင္ငံတစ္ခုျဖစ္ပါေၾကာင္း၊ ပညာေရးစနစ္တြင္ အသက္ေမြးဝမ္းေၾကာင္းပညာ မ်ားစြာေအာင္ျမင္ ပါေၾကာင္း၊ အသက္ေမြးဝမ္းေၾကာင္းေက်ာင္းသို့ သြားသည့္ ကေလးရိွသကဲ့သို့ တကၠသိုလ္သြားသည့္ ကေလးမ်ား ရိွပါေၾကာင္း၊ ယင္းကေလးမ်ား ၾကားထဲတြင္ မည္သူကသာသည္ဆိုသည့္ ခဲြျခားမႈ မရိွပါေၾကာင္း။
မိမိဆြစ္ဇာလန္ေရာက္သည့္အခါ အသက္ေမြးဝမ္းေၾကာင္းပညာေက်ာင္းမွ ေက်ာင္းသား တစ္ခို့်နွင့္ေတြ့ခ်င္သည့္အတြက္ စီစဉ္ေပးပါေၾကာင္း၊ အသက္ေမြးဝမ္းေၾကာင္းပညာ ေက်ာင္းတက္ေနသည့္ ကေလးတစ္ေယာက္ ပါဝင္လာပါေၾကာင္း၊ မတူညီသည့္ အသက္ေမြး ဝမ္းေၾကာင္းပညာေက်ာင္း (၄)ေက်ာင္းတြင္ သင္ၾကားသည့္ ဘာသာရပ္မ်ားလည္း မတူညီပါ ေၾကာင္း၊ မိမိေတြ့ခဲ့သည့္ ကေလး (၄) ေယာက္တြင္ ၎ကေလး တစ္ေယာက္ကို သေဘာက် ပါေၾကာင္း၊ ၎ကေလးကို မည္သည့္အတြက္ေၾကာင့္ လက္သမားပညာသင္ခ်င္သည္ဟူ၍ ဆံုးျဖတ္ရျခင္းကို ေမးၾကည့္ပါေၾကာင္း၊ ၎က မိမိအေနျဖင့္ ဂီတဝါသနာပါေၾကာင္း၊ ဂီတပညာရွင္ ျဖစ္ခ်င္ပါေၾကာင္း၊ သို့ေသာ္ အသက္ (၁ဝ)နွစ္ (၁၁)နွစ္တြင္ ပါရမီ မပါသည္ကို သိရိွသည္ဟူ၍ ေျဖၾကားပါေၾကာင္း၊ ၎ကေလးမွာ မ်ားစြာရင့္က်က္ပါေၾကာင္း၊ ၎အသက္(၁၁)နွစ္ခန့္တြင္ ၎ကိုယ္၎ သိေနျပီျဖစ္ပါေၾကာင္း၊ သို့ေသာ္ ၎သည္ ဂီတကို ျမတ္နိုး၍ ဂီတေလာကထဲတြင္ ေနခ်င္ပါေၾကာင္း၊ ထို့ေၾကာင့္ ၎စိတ္ထဲတြင္ ကမၻာေပၚတြင္ အေကာင္းဆံုးတေယာမ်ား လုပ္မည္ဟု ဆံုးျဖတ္လိုက္ပါေၾကာင္း၊ ကမၻာေပၚတြင္ အေကာင္းဆံုးတေယာမ်ား လုပ္ရန္မွာ အေျခခံ လက္သမားပညာ စတင္သင္ၾကားရမည္ ျဖစ္ပါေၾကာင္း၊ ထို့ေၾကာင့္လက္သမားပညာ သင္တန္း ေက်ာင္းကိုသြားျခင္းျဖစ္သည္ကို ေျပာသည့္အတြက္ မိမိအေနျဖင့္ မ်ားစြာ သေဘာက်ပါေၾကာင္း၊ ၎ကေလးသည္ အေျမာ္အျမင္ရိွျပီး စိတ္ဓာတ္ခိုင္မာပါေၾကာင္း၊ ၎ အေနျဖင့္ ယင္းကိစၥတစ္ခုကို လုပ္၍ရမည္၊ မရမည္ကို လူၾကီးတစ္ေယာက္ကဲ့သို့ ရင့္က်က္စြာ စဉ္းစား၍ ၎လမ္းကို ၎ကိုယ္တိုင္ ေရြးခ်ယ္ပါေၾကာင္း၊ လက္သမားအလုပ္ကို စတင္သင္ၾကား၍ တစ္ဆင့္ျခင္း တက္သြားျပီး တစ္ေန့တစ္ခိ်န္တြင္ ကမၻာေက်ာ္ တူရိယာမ်ား ထုတ္လုပ္သည့္ အတတ္ပညာရွင္ၾကီး ျဖစ္နိုင္သည္ဆိုသည့္ ယံုၾကည္ခ်က္လည္း ၎တြင္အျပည့္အဝရိွပါေၾကာင္း၊ ယင္းကဲ့သို့ အသက္ေမြး ဝမ္းေၾကာင္းပညာေက်ာင္းမ်ားလည္း မိမိတို့နိုင္ငံတြင္ တိုးပြားလာေစရန္ ေဆာင္ရြက္ေပးလိုျပီး ၾကိုးစားေနပါေၾကာင္း၊ သို့ေသာ္ အခိ်န္အနည္းငယ္ယူရပါေၾကာင္း၊ ေက်ာင္းတစ္ေက်ာင္း တည္ေထာင္ရန္မွာ အခိ်န္ယူစဉ္းစား၍ ေနရာရွာျပီး လိုအပ္သည့္ ဆရာ၊ ဆရာမမ်ားကို ရွာရပါေၾကာင္း၊ သို့ေသာ္ ယင္းတို့ကိုေဆာင္ရြက္မည္ျဖစ္ပါေၾကာင္း၊ လက္သမား ဆရာသာမက တစ္ခိ်န္တစ္ခါတြင္ ကမၻာေက်ာ္တူရိယာလုပ္သည့္ ဆရာၾကီးျဖစ္သြားနိုင္သည္ ဆိုသည့္ အေတြး မိမိ ေခါင္းထဲတြင္ အျမဲရိွပါေၾကာင္း၊ တတ္လမ္းမ်ားစြာ ရိွေစမည့္ ပညာေရးစနစ္ကိုလည္း ဖန္တီးေပးလို ပါေၾကာင္း၊ မိမိတို့နိုင္ငံသည္ ယခုအခိ်န္တြင္ ပံုမွန္ဝင္ေငြမရိွသည့္ အလုပ္သမားမ်ားသည္ပံုမွန္ ဝင္ေငြရရိွျပီး ရုပ္ပိုင္းဆိုင္ရာလံုျခံုမႈ ရရိွသည့္အေျခအေနကိုလည္း ဖန္တီးေပးလိုပါေၾကာင္း၊ ယင္းနွင့္ ပတ္သက္၍လည္း နိုင္ငံေတာ္မွ အတတ္နိုင္ဆံုး ေဆာင္ရြက္ပါေၾကာင္း၊ သို့ေသာ္ ပုဂၢလိက လုပ္ငန္းရွင္မ်ား အေနျဖင့္လည္း ပါဝင္ရန္ လိုအပ္ပါေၾကာင္း။
လုပ္ငန္းရွင္ဘက္က တင္ဒါကိစၥ၊ အခြန္အေကာက္ကိစၥ၊ ေခ်းေငြကိစၥ၊ ယင္းကိစၥမ်ားနွင့္ ဆက္နွြယ္ေနသည့္ စည္းမ်ဉ္းစည္းကမ္း၊ ဥပေဒမ်ားကို တင္ျပသြားပါေၾကာင္း၊ နိုင္ငံေတာ္အပိုင္းက လုပ္ေပးနိုင္သည့္ကိစၥအားလံုးကို သံုးသပ္ေပးသြားမည္ျဖစ္ပါေၾကာင္း၊ ယခုကဲ့သို့ Video Conferencing တစ္နာရီအတြင္း ေျပာသည့္ကိစၥရပ္အားလံုးကို အေလးအနက္ထားပါေၾကာင္း၊ ယခု ေဆြးေနြးခ်က္မ်ားကို သက္ဆိုင္ရာဌာနမ်ားက ေသေသခ်ာခ်ာ ျပန္လည္သံုးသပ္ျပီး မည္သို့ ကူညီနိုင္မည္၊ နိုင္ငံတိုးတက္ေရးအတြက္ ဝိုင္းဝန္းေဆာင္ရြက္နိုင္မည္၊ ပံ့ပိုးနိုင္မည္ကို စဉ္းစားပါ ေၾကာင္း၊ တင္ျပသြားသည့္အထဲတြင္ အေရးၾကီးသည့္အခ်က္က အလုပ္သမားမ်ား၏ ေနေရး ထိုင္ေရးျပႆနာ၊ ေနစရာမရိွသည့္ကိစၥျဖစ္ပါေၾကာင္း၊ ယင္းကိစၥအတြက္ မည္သို့ ကူညီရမည္ကို လုပ္ငန္းရွင္မ်ားနွင့္ နိုင္ငံေတာ္ဘက္က ၾကည့္ရႈေပးရန္ လိုအပ္ပါေၾကာင္း၊ ေနာက္တစ္ခုမွာ အလုပ္သမား သားသမီးမ်ား၏ ပညာေရးျဖစ္ပါေၾကာင္း၊ ပညာေရးကို အထူးအေလးထားပါေၾကာင္း၊ ပညာေရးသည္ မိမိတို့ နိုင္ငံ၏ အနာဂတ္ျဖစ္ပါေၾကာင္း၊ မိမိတို့ ျပည္သူျပည္သားမ်ား၏ ကေလးမ်ား ပညာေရးကို မည္သို့ ပံ့ပိုးေပးနိုင္မည္ကို စဉ္းစားရမည္ျဖစ္ပါေၾကာင္း၊ ေငြေရးေၾကးေရး မလံုေလာက္ သျဖင့္ ပညာမသင္ေပးနိုင္သည့္ အျဖစ္မို်း မျဖစ္ေစလိုပါေၾကာင္း၊ ပညာေရးစနစ္သည္ မိမိတို့နိုင္ငံ၏ တကယ့္လိုအပ္ခ်က္နွင့္ ကိုက္ညီရန္အတြက္ ၾကိုးစားရပါေၾကာင္း၊ အသက္ေမြးဝမ္းေက်ာင္း ပညာ မ်ားသည္လည္း အလြန္အေရးၾကီးပါေၾကာင္း၊ ယင္းမွာ ယခုေခတ္၏ လိုအပ္ခ်က္ျဖစ္ပါေၾကာင္း၊ တကၠသိုလ္ဘဲြ့ရမွ ပညာတတ္သည္ဆိုသည့္ေခတ္က ေခတ္ေဟာင္းၾကီးျဖစ္ေနျပီျဖစ္ပါေၾကာင္း၊ စီးပြားေရးအရ အင္မတန္မွ တိုးတက္ေအာင္ျမင္ပါသည္ ဆိုသည့္ အခို့်နိုင္ငံမ်ားတြင္ တကၠသိုလ္ ဘဲြ့ရ ပညာေရးကို အဓိကထားခဲ့သျဖင့္ ျပႆနာမ်ားေပၚလာသည္ကို ၾကံုေတြ့ရပါေၾကာင္း၊ တကၠသိုလ္ကရသည့္ ဘဲြ့မ်ားသည္ ယခုေခတ္လိုအပ္ခ်က္မ်ားနွင့္ မကိုက္ညီဘဲ ျဖစ္ေနပါေၾကာင္း။
ထို့ေၾကာင့္ တိုးတက္ျပီးသားနိုင္ငံမ်ားက အသက္ေမြးဝမ္းေက်ာင္းပညာဘက္ကို ေျပာင္းလဲ ရန္ ၾကိုးစားေနျခင္းမ်ားရိွပါေၾကာင္း၊ သို့ေသာ္လည္း အေျခခံမေကာင္းသည့္အခါတြင္ သိပ္မလြယ္ကူ ပါေၾကာင္း၊ ၎တို့၏ ျပည္သူမ်ားက တကၠသိုလ္ပညာဘဲြ့ရမွ ပညာတတ္သည္ဟု သတ္မွတ္ထား ပါက အသက္ေမြးဝမ္းေၾကာင္းပညာကို ေအာင္ျမင္တိုးတက္ေအာင္ လုပ္ေဆာင္ရာ တြင္ လြန္စြာ ခက္ခဲလာပါေၾကာင္း။
ယင္းေနရာတြင္ မိမိတို့နိုင္ငံက အခြင့္သာသည္ဟု ေျပာလိုပါေၾကာင္း၊ မိမိတို့ ျပည္သူမ်ား သည္ လက္ေတြ့က်က်ျဖင့္ အသက္ေမြးဝမ္းေက်ာင္းပညာကို လိုလားၾကပါေၾကာင္း၊ အသက္ေမြး ဝမ္းေက်ာင္းပညာကို လူငယ္မ်ားေရာ၊ မိဘမ်ားကပါ လိုလားသည့္ဘက္ကို ဦးတည္ေနေၾကာင္း ေတြ့ရသည့္အတြက္ နိုင္ငံအတြက္အလြန္ေကာင္းသည့္ လကၡဏာဟု ယူဆပါေၾကာင္း၊ မိမိတို့ အေနျဖင့္လည္း တတ္နိုင္သမွ် အားေပးပံ့ပိုးေပး သြားမည္ျဖစ္ပါေၾကာင္း။
တစ္ေန့လုပ္မွ တစ္ေန့စား ရသည့္ မိမိတို့ျပည္သူမ်ားသည္ အလုပ္အကိုင္ ၂ ရက္၊ ၃ ရက္ ရပ္သြားျပီ ဆိုပါက ဒုကၡေရာက္ၾကရပါေၾကာင္း၊ ျပည္သူမ်ား၏ စီးပြားေရးလံုျခံုမႈ၊ ဝင္ေငြလံုျခံုမႈ မည္သို့ ေျဖရွင္းရမည္ကို စဉ္းစားရပါေၾကာင္း၊ ပံုမွန္ဝင္ေငြမရိွသည့္ ျပည္သူမ်ား ပံုမွန္ဝင္ေငြ ရရိွေအာင္ မည္သို့ေဆာင္ရြက္ရမည္ဆိုသည့္ကိစၥသည္ ပို၍ အေရးၾကီးပါေၾကာင္း၊ ေထာက္ပံ့ ေပးျခင္းသည္ တစ္နည္းအားျဖင့္ ကုသေပးျခင္းျဖစ္ပါ ေၾကာင္း၊ ကုသျခင္းထက္ ကာကြယ္ျခင္းသည္ အေရးၾကီးပါေၾကာင္း၊ မိမိတို့နိုင္ငံသည္ COVID ကို ကိုင္တြယ္သည့္ေနရာတြင္ အတိုင္းအတာတစ္ခု အထိေအာင္ျမင္မႈရိွသည္ဟု ေျပာ၍ရပါေၾကာင္း၊ ကာကြယ္ေရးကို ေစာေစာစီးစီးကတည္းက စတင္ျပီး အာရံုစိုက္ခဲ့သည့္အတြက္ေၾကာင့္ ျဖစ္ပါေၾကာင္း၊ ဇန္နဝါရီလ ၄ ရက္တြင္ က်န္းမာေရးနွင့္ အားကစားဝန္ၾကီးဌာနက COVID ကာကြယ္ေရး ေျခလွမ္းမ်ားကို စတင္လွမ္းခဲ့ပါေၾကာင္း၊ COVID ကာကြယ္ေရး ေျခလွမ္းမ်ားလွမ္းရာတြင္ အေစာဆံုးနိုင္ငံတစ္နိုင္ငံ ျဖစ္ခဲ့သည္ဟု ေျပာ၍ ရပါေၾကာင္း၊ ထို့ေၾကာင့္လည္း ယခုအေျခအေနအထိ ထိန္းခု်ပ္ထားနိုင္ျခင္းျဖစ္ပါေၾကာင္း၊ ဆက္လက္၍လည္း ထိန္းခု်ပ္ထားရမည္ျဖစ္ပါေၾကာင္း။
ျပည္သူမ်ား၏ လံုျခံုမႈ၊ လိုအပ္ခ်က္မ်ားကို ေျဖရွင္းေပးနိုင္ရန္အတြက္ မျဖစ္သင့္သည္မ်ား မျဖစ္ေအာင္ ယခုခိ်န္ကစျပီး ကာကြယ္သည့္ ေျခလွမ္းမ်ားကိုလည္း လွမ္းရပါေၾကာင္း၊ ျပႆနာျဖစ္ျပီးမွ ကုသျခင္းထက္ ကာကြယ္သည္က ပိုေကာင္းပါေၾကာင္း၊ ပံုမွန္ဝင္ေငြ မရိွသည့္အတြက္ ဝင္ေငြျပတ္သြားျပီး ဒုကၡေရာက္သည့္အခါမွ ကူညီျခင္းထက္ ဝင္ေငြမျပတ္ေအာင္ မည္သို့နည္းလမ္းမ်ား ခ်မွတ္ရမည္ကို နိုင္ငံေတာ္အစိုးရနွင့္ လုပ္ငန္းရွင္မ်ားဘက္က ဝိုင္းျပီး စဉ္းစားေပးေစလိုပါေၾကာင္း။
မိမိတို့၏ အလုပ္သမားမ်ားဘက္ကလည္း အၾကံဉာဏ္မ်ားေပးလိုလွ်င္ ပြင့္ပြင့္လင္းလင္း ရဲရဲတင္းတင္း ေပးေစလိုပါေၾကာင္း၊ အသက္ေမြးဝမ္းေက်ာင္းပညာေက်ာင္းမ်ားပို၍ ဖြင့္ေပးရန္မွာ နိုင္ငံေတာ္၏ ဆနၵ၊ မူဝါဒနွင့္ကိုက္ညီပါေၾကာင္း၊ အျမန္ဆံုးလုပ္ေဆာင္ေပးမည္ျဖစ္ပါေၾကာင္း။
နိဂံုးခု်ပ္အားျဖင့္ေျပာရလွ်င္ ေဆာက္လုပ္ေရးလုပ္ငန္းသည္ နိုင္ငံအတြက္အေရးၾကီး ပါေၾကာင္း၊ ပံုစံအမို်းမို်းျဖင့္ အေရးၾကီးၾကပါေၾကာင္း၊ ဆက္သြယ္ေရးသည္လည္း အေရးၾကီးပါ ေၾကာင္း၊ နိုင္ငံတစ္နိုင္ငံအတြင္းတြင္ ဆက္သြယ္ေရးေကာင္းမွ စီးပြားေရးလည္း ဖံြ့ျဖိုးနိုင္မည္ျဖစ္ပါ ေၾကာင္း၊ တစ္ဦးနွင့္တစ္ဦး နီးစပ္မႈရိွနိုင္မွ မိမိတို့၏ ျပည္သူျပည္သားမ်ား ၾကားထဲတြင္လည္း စည္းလံုးမႈ ပိုျပီးရိွလာမည္ျဖစ္ပါေၾကာင္း၊ တခို့်ေနရာမ်ားတြင္ တစ္ရြာနွင့္ တစ္ရြာ တစ္ေမွ်ာ္တစ္ေခၚ သြား၍မရသည့္အတြက္ တစ္ရြာနွင့္တစ္ရြာ သိပ္ျပီးရင္း နီွးမႈမရိွၾကပါေၾကာင္း၊ ဆက္သြယ္ေရး ေကာင္းလာလွ်င္ မိမိတို့ ျပည္သူမ်ားၾကားတြင္လည္းပို၍ ပူးေပါင္းေဆာင္ရြက္မႈမ်ား ရိွလာနိုင္မည္ ျဖစ္ပါေၾကာင္း၊ အေျခခံအေဆာက္အဦမ်ား ဖံြ့ျဖိုးတိုးတက္လာသည္နွင့္အမွ် နိုင္ငံေတာ္၏ တိုးတက္မႈကို အားေပးရာ ေရာက္မည္ ျဖစ္ပါေၾကာင္း၊ ျပည္သူမ်ား၏ စားဝတ္ေနေရးနွင့္ ပတ္သက္ လွ်င္ ပထမမွန္မွန္စားနိုင္ရန္ လိုအပ္ပါေၾကာင္း၊ ဝတ္ေရးတြင္ လွလွပပသားသားနားနား ဝတ္ျခင္း ထက္ သိကၡာအရ လံုလံုျခံုျခံုဝတ္နိုင္ရန္ လိုအပ္သေလာက္ရိွရမည္ျဖစ္ပါေၾကာင္း၊ ေနေရးတြင္ မိမိအိမ္သို့ ျပန္သြားျပီဆိုလွ်င္ မိမိအတြက္ လံုျခံုသည့္ေနရာ၊ မိမိ၏ ပိုင္နက္ဆိုသည့္ စိတ္ဓာတ္ျဖင့္ ျပည္သူမ်ား မိမိကိုယ္ကို မိမိယံုၾကည္မႈရိွလာေစရန္ လိုအပ္ပါေၾကာင္း၊ ေဆာက္လုပ္ေရးလုပ္ငန္း ဘက္တြင္ ေအာင္ျမင္ေအာင္ ဝိုင္းဝန္းျပီးကူညီေပးၾကသူအားလံုးကို ေက်းဇူးတင္ပါေၾကာင္း၊ အားလံုးက ်န္းမာခ်မ္းသာ ၾကပါေစေၾကာင္း ေျပာၾကားသည္။
(နိုင္ငံေတာ္သမၼတအိမ္ေတာ္တြင္ ယေန့နံနက္ပိုင္းက က်င္းပသည့္ Coronavirus Disease 2019 (COVID-19) ကာကြယ္၊ ထိန္းခု်ပ္၊ ကုသေရး အမို်းသားအဆင့္ ဗဟိုေကာ္မတီ ဥကၠ႒ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္ ေဒၚေအာင္ဆန္းစုၾကည္ COVID-19 နွင့္ ေဆာက္လုပ္ေရး က႑အေပၚ သက္ေရာက္မႈမ်ားနွင့္စပ္လ်ဉ္း၍ ေဆာက္လုပ္ေရးဝန္ၾကီးဌာန ဒုတိယဝန္ၾကီး ေဒါက္တာေက်ာ္လင္း၊ ေဆာက္လုပ္ေရးအလုပ္သမား လက္သမားအဖဲြ့ေခါင္းေဆာင္ ဦးေဌးလြင္၊ ျမန္မာနိုင္ငံေဆာက္လုပ္ေရးဆိုင္ရာလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးရိွန္ဝင္းတို့နွင့္ ေတြ့ဆံု၍ အျပန္အလွန္ ေဆြးေနြးခဲ့မႈ အျပည့္အစံုကို ယေန့ ညေန (၆) နာရီနွင့္ ညေန (၈) နာရီသတင္းအျပီးတို့တြင္ ျမန္မာ့အသံနွင့္ ရုပ္ျမင္သံၾကား (MRTV)၌ ထုတ္လွြင့္ျပသသြားမည္ ျဖစ္ပါေၾကာင္း ၾကိုတင္ အစီရင္ခံ တင္ျပအပ္ပါသည္။)
(zawgyi)