နေပြည်တော် နိုဝင်ဘာ ၂၂
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြား သည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နာယက ဦးချစ်ခိုင်၊ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ အသင်းအကြံပေး ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ၊ ညီနောင်အသင်းများမှ ဥက္ကဋ္ဌ များနှင့်တာဝန်ရှိသူများ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၊ သံအမတ်ကြီးများ၊ နိုင်ငံ တကာစီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားကုန်သည်များနှင့် စက်မှု လက်မှုအသင်းချုပ်မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အသင်းချုပ်နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် တေးသံရှင်များက UMFCCI Theme Song ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က “ခုအချိန်မှာ ဆိုရင် UMFCCI ဟာ ညီနောင်အသင်းအဖြစ် (၇၅)သင်း ဖွဲ့စည်းတည်ထောင်ထားပြီး မြန်မာ တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး၊ ပြည်နယ်များနဲ့ လုပ်ငန်းကဏ္ဍ အသီးသီးမှာ ဖြန့်ကျက် တည်ရှိကြောင်းသိရှိရပါတယ်။ နိုင်ငံတကာဆက်ဆံရေးအနေနဲ့လည်း နိုင်ငံအသီးသီးက ကုန်သည်အသင်းများ၊ စီးပွားရေးအဖွဲ့အစည်းများနဲ့ နားလည်မှုစာချွန်လွှာ (၁၆၇) ခု လက်မှတ်ရေးထိုးထားပြီးစီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးတွေကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်။
UMFCCI အသင်းကြီးရဲ့ ရည်မှန်းချက်နဲ့ လုပ်ငန်းစဉ်များအကောင်အထည်ဖော် ရေးမှာ ဖွံ့ဖြိုးမှုမိတ်ဖက်များနဲ့ လက်တွဲဆောင်ရွက်လျက်ရှိရုံသာမက အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရ၊ ပုဂ္ဂလိကပူးတွဲဆောင်ရွက်ရေးအစီအမံများနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိတာကိုလည်း သိရှိရပါတယ်။ အစိုးရအနေနဲ့လည်း UMFCCI ရဲ့ အရွယ်အစား၊ ကိုယ်စားပြုမှုနဲ့ နိုင်ငံတကာအဆက်အသွယ် များကြောင့် ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းကြီးအဖြစ် ရွေးချယ်ခဲ့ပါတယ်။ နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းတွေမှာထိထိရောက်ရောက် ပါဝင်ဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ပါတယ်။
နိုင်ငံတော်ရဲ့ စီးပွားရေးနဲ့လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးမှာ ပုဂ္ဂလိကကဏ္ဍကိုအဓိက မောင်းနှင်အားအဖြစ် သတ်မှတ်ထားတဲ့အတွက် ပုဂ္ဂလိကလုပ်ငန်းကဏ္ဍအသီးသီးကို အထောက်အကူပေးနိုင်ဖို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက် ရေးကော်မတီကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှာဖွဲ့စည်းထူထောင်ပေးခဲ့ပါ တယ်။ ယခုစီးပွားရေးလုပ်ငန်းရှင်များရဲ့ အခက်အခဲများကိုသက်ဆိုင်တဲ့ ပြည်ထောင်စုဝန် ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနဲ့ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေး နိုင်ဖို့အတွက် လုပ်ငန်းကော်မတီ (၅) ရပ် နဲ့ ဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။
နိုင်ငံတစ်ခုစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ကဏ္ဍစုံရဲ့မျှော်မှန်းချက်တွေ ချမှတ်ပြီး ဆောင်ရွက်ရာမှာ ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ်၊ အခြေခံ အဆောက် အအုံတွေ လိုအပ်ပါတယ်။ ဒီလိုအပ်ချက်တွေကို ကျွန်မတို့နိုင်ငံရဲ့ အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ (၂)ရပ်စလုံးပူးပေါင်းပြီး အကောင်အထည်ဖော်ဖြည့်ဆည်းရာမှာ အကန့် အသတ်တွေ ရှိနေပါတယ်။ အထူးသဖြင့် ကျွန်မတို့လိုဖွံ့ဖြိုးဆဲနိုင်ငံတွေ အနေနဲ့ အရင်းအနှီးနဲ့ နည်းပညာပိုင်းမှာလိုအပ်ချက်တွေများပါတယ်။ ဒါ့ကြောင့် နည်းပညာနဲ့ အရင်းအနှီးရရှိနိုင်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို နိုင်ငံအသီးသီးကအပြိုင်အဆိုင် ဖိတ်ခေါ်နေတာအားလုံးအသိပဲ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်မှာထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ဖို့ လွယ်ကူမှု ၂၀၂၀ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ ရမှတ်က (၄၆ ဒသမ ၈) ရရှိခဲ့ပါတယ်။ ယခင်နှစ်ရမှတ် (၄၃ ဒသမ ၅)ထက် ပျမ်းမျှ ရမှတ် (၃ ဒသမ ၃) တိုးတက်ရရှိခဲ့ပြီးယခင်နှစ်ရရှိတဲ့ အဆင့် (၁၇၁) မှ အဆင့် (၆)ဆင့် တိုးတက်လာခဲ့ ပါတယ်။ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ဖို့ လွယ်ကူအောင် ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ရာမှာ တိုးတက်မှုအကောင်းဆုံးနိုင်ငံ (၂၀)မှာ မြန်မာနိုင်ငံပါဝင်ခဲ့တဲ့အတွက် ထူးခြားတဲ့ အောင်မြင်မှု ရလဒ် ကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ဒါပေမယ့်လည်း ကျွန်မတို့ ဆက်ကြိုးစားရမှာပါ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးပတ်ဝန်းကျင် တိုးတက်ကောင်းမွန်စေဖို့ အတွက် လုပ်ငန်းနယ်ပယ် (၅) ရပ်မှာသိသာတဲ့တိုးတက်မှုတွေ ဖော်ဆောင်နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒီအောင်မြင်မှုဟာအစိုးရနဲ့ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ် တစ်ခု ဖြစ်ပါတယ်။ မိမိတို့အနေနဲ့ ရလဒ်ကောင်းတွေကိုဆက်လက် ထိန်းသိမ်းထားပြီး မြန်မာနိုင်ငံအတွင်းရှိလုပ်ငန်းကဏ္ဍ အသီးသီး၊ ပုံစံအသီးသီးတို့မှာပိုမိုလွယ်ကူစွာ လုပ်ကိုင် ဆောင်ရွက် နိုင်စေရေးအတွက် ဆက်လက်အားစိုက်ကြိုးစားသွားကြဖို့ လိုအပ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အခြေခံခိုင်မာ သော၊ တန်းတူမျှတသော၊ ရေရှည်တည်တံ့သော၊ ကဏ္ဍအားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက် ရေးမဟာဗျူဟာဖော်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ၂၀၁၈-၂၀၃၀ (Myanmar Sustainable Development Plan 2018-2030)ကို ၂၀၁၈ ခုနှစ်မှာချမှတ်ခဲ့ပါတယ်။ MSDP ရဲ့ ပန်းတိုင် ၃ ကိုအလုပ်အကိုင် ဖန်တီးရေးနဲ့ ပုဂ္ဂလိက ကဏ္ဍ ဦးဆောင်တဲ့ဖွံ့ဖြိုးရေးအဖြစ် ချမှတ်ထားပါတယ်။ ကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်စေရေးနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ထည့်သွင်းအသုံးပြုရေးတို့ အတွက် မူဝါဒများနဲ့ စည်းမျဉ်းများချမှတ်ခဲ့ပြီးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများ အရှိန်အဟုန် တိုးတက်စေဖို့အတွက် နှေးကွေးမှုများနဲ့ အတားအဆီးများ ကိုလည်း ဖယ်ရှားရေးလုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။
အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများဟာအလုပ်အကိုင် ဖန်တီး ပေးနိုင်ပြီးအမျိုးသားတီထွင် ဆန်းသစ်မှု၊ ကြီးပွားချမ်းသာမှု၊ ဆင်းရဲမှုလျှော့ချမှုနဲ့ လူသားအရင်းအမြစ် စွမ်းဆောင်ရည် မြင့်မားမှုတို့အတွက် အဓိကနေရာမှာရှိပါတယ်။ အဲဒီလိုအရေးပါလှတဲ့ ကဏ္ဍတစ်ရပ် ဖွံ့ဖြိုးလာစေဖို့အတွက် ၎င်းတို့ရဲ့ ရေရှည်တည်တံ့မှု၊ ပါဝင်နိုင်မှု၊ အရည်အသွေးတိုးတက်မှု စသည် တို့ကိုသေချာစေဖို့ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ MSME များအနေနဲ့လည်းခေတ်ကာလအလျောက်ပြောင်းလဲလာမှု၊ အခက်အခဲ များကို စီမံခန့်ခွဲနိုင်မှု၊ ရင်ဆိုင်နိုင်မှု၊ နည်းပညာသစ်များအပေါ် အသုံးချနိုင်မှုတွေ အသေအချာရရှိနိုင်ဖို့ အထောက်အကူပြုလုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်နိုင်မယ့် အခြေအနေများဖန်တီးပေးဖို့ လိုအပ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနဲ့ အတူ အာဆီယံအတွင်းပေါင်းစည်းရေးဆောင်ရွက်ဖို့ ဒေသဆိုင်ရာတန်ဖိုးကွင်းဆက်များ၊ ပြည်သူအချင်းချင်းဆက်သွယ်မှုများနဲ့ ဆိုက်ဘာ(Cyber) နည်းပညာများကိုထိရောက်စွာ အသုံးချပြီး မြန်မာ ၄ ဒသမ ၀ ကို ပြည်သူလူထု လူကြီး၊ လူငယ်မရွေးပညာသင်ကြားမှု၊ သတင်းအချက်အလက်ရယူမှု၊ ငွေသားသုံးစွဲဖို့ မလိုအပ်တော့တဲ့ ငွေကြေးပေးချေမှု စနစ်များအပါအဝင် ခေတ်မီနည်းစနစ်များအသုံးပြုသွားနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ စမတ်ဖုန်းသုံးစွဲမှု ၁၀၀ ရာခိုင်နှုန်းကျော်သွားပြီ ဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံ မှာ လုပ်ငန်းအမျိုးမျိုးအတွက် မိမိတို့ရဲ့ နေ့စဉ်ဘဝမှာစမတ်ဖုန်းအသုံးချနိုင်တော့မှာ ဖြစ်ပါတယ်။ UMFCCI အနေနဲ့ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ တိုးတက်ရေးနဲ့ မြန်မာ ၄ဒသမ၀ ဖြစ်ပေါ်တိုးတက်ရေးတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရတဲ့အတွက်ကြောင့် များစွာကျေနပ်မိပါတယ်။ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပြုပြင်ပြောင်းလဲမှု၊ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ မြန်မာ့ စီးပွားရေး လုပ်ငန်းများနိုင်ငံတကာသို့ ဖြန့်ကျက်ရေးတို့မှာ အစိုးရနဲ့ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုမရှိရင် မဖြစ်တဲ့အတွက် UMFCCI က ပုဂ္ဂလိကကဏ္ဍကို ဆက်လက် ဦးဆောင်တာဝန်ယူသွားဖို့ မျှော်လင့်ပါတယ်။
နိဂုံးချုပ်အနေနဲ့ UMFCCI နှစ် (၁၀၀) ပြည့် အခမ်းအနားမှာ မြန်မာတစ်နိုင်ငံလုံးရှိ စီးပွားရေးလုပ်ငန်းအားလုံးအတွက် ထွန်းတောက်သောအနာဂတ် ပေါ်ထွန်းပါစေ၊ UMFCCI အနေနဲ့လည်း မနားမနေကြိုးပမ်းဆောင်ရွက်မှုများနဲ့ ရှေ့လုပ်ငန်းစဉ်များမှာအောင်မြင်မှု ရလဒ်ကောင်းများလက်ဝယ်ပိုင်ပိုင် ရရှိနိုင်ပါစေ၊ ပိုမိုကောင်းမွန်ထိရောက်တဲ့ လုပ်ငန်း စီမံချက်များ အစိုးရထံပိုမိုတင်ပြနိုင်ပါစေ၊ လာမယ့်နှစ်များအတွင်းအမျိုးသားစီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်နေတဲ့ ပုဂ္ဂလိကကဏ္ဍ တောင့်တင်းခိုင်မာစေဖို့ ဆောင်ရွက် ချက်များဆက်လက် အောင်မြင်ပါစေလို့ ဆန္ဒပြုအပ်ပါတယ်။ ကျွန်မတို့ အစိုးရနဲ့ ပုဂ္ဂလိက ဆိုပေမယ့် နောက်ဆုံးတော့ ကျွန်မတို့ ပြည်သူလူထုအားလုံးပါပဲ။ ဘယ်လုပ်ငန်းမဆို ပြည်သူလူထုမပါဘဲမအောင်မြင်နိုင်ပါဘူး။ UMFCCI အသင်းကြီးဟာကျွန်မတို့ နိုင်ငံသူ နိုင်ငံသားများအားလုံး၊ ကျွန်မတို့နိုင်ငံကို မှီတင်းနေထိုင်ကြသူအားလုံး ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆက်လက်ကြိုးစားသွားမယ်လို့ ယုံကြည်ပါတယ်” ဟုပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နာယကနှင့် ဥက္ကဋ္ဌ တို့သည် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌများ၊ ဗဟိုအလုပ်မှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ အကြံပေးပုဂ္ဂိုလ်များနှင့် လည်းကောင်း၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၊ သံအမတ်ကြီးများ၊ နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်လည်းကောင်း စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် MICC-2 မြေညီထပ်၌ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ပြသထားသည့် အသင်းချုပ်ပြခန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းပြခန်းများ၊ ညီနောင်အသင်းများ၏ ပြခန်းများ၊ World Bank Group နှင့် ပုဂ္ဂလိကဘဏ်ပြခန်းများအား လှည့်လည်ကြည့်ရှု သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ကို ကိုလိုနီခေတ်ဖြစ်သော ၁၉၁၉ ခုနှစ်တွင် ဗမာကုန်သည်များအသင်းအဖြစ် စတင်တည်ထောင်ခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်တွင် ပြည်ထောင်စုဗမာနိုင်ငံ တော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း(UBCCI) အဖြစ် ၁၉၈၈ ခုနှစ် ထိ ရပ်တည်ခဲ့ကြောင်း။
၁၉၈၉ ခုနှစ်တွင် ဈေးကွက်စီးပွားရေးစနစ်သို့ ဦးတည်လာချိန်တွင် မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMCCI)အဖြစ် ပြောင်းလဲ၍ နိုင်ငံတော်၏ စီးပွားရေးမူဝါဒအပြောင်းအလဲများအပေါ် ပြည်တွင်းရှိ တိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင်များ ရှင်သန်တိုးတက်ရပ်တည်နိုင်ရေးကိုဆောင်ရွက်ခဲ့ကြောင်း။
၂၀၁၄ ခုနှစ်တွင် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေးအသွင်ကူးပြောင်းလာပြီး နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရန် ပုဂ္ဂလိကအခန်းကဏ္ဍကိုဦးစားပေးဆောင်ရွက်လာခဲ့ရာ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်အဖြစ် တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်းများ၊ နယ်စပ်ကုန်သွယ်ရေးကုန်သည် အသင်းများ၊ သက်ဆိုင်ရာကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းအလိုက် ဖွဲ့စည်းထားသော အသင်းများနှင့်ပူးပေါင်းပြီးပုဂ္ဂလိကကဏ္ဍ၏ ဦးဆောင်အသင်းချုပ်ဖြစ်ကြောင်း သိရသည်။
(Unicode Version)
————————————————————————————————————————
ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ ႏွစ္တစ္ရာျပည့္အထိမ္းအမွတ္အခမ္းအနားသို႔ တက္ေရာက္မိန္႔ခြန္းေျပာၾကား
ေနျပည္ေတာ္ ႏိုဝင္ဘာ ၂၂
ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ ႏွစ္တစ္ရာျပည့္ အထိမ္းအမွတ္ အခမ္းအနားကို ယေန႔နံနက္ ၉ နာရီတြင္ ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာကြန္ဗင္းရွင္းဗဟိုဌာန-၂ (MICC-2)၌ က်င္းပရာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္မိန္႔ခြန္းေျပာၾကား သည္။
အခမ္းအနားသို႔ ျပည္သူ႕လႊတ္ေတာ္ ဒုတိယဥကၠ႒ ဦးထြန္းထြန္းဟိန္၊ အမ်ဳိးသား လႊတ္ေတာ္ဒုတိယဥကၠ႒ ဦးေအးသာေအာင္၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ ဥကၠ႒၊ ဒုတိယဝန္ႀကီးမ်ား၊ ေနျပည္ေတာ္ေကာင္စီဝင္မ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ အၿမဲတမ္းအတြင္းဝန္မ်ား၊ ဌာနဆိုင္ရာအႀကီးအကဲမ်ား၊ ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္နာယက ဦးခ်စ္ခိုင္၊ ဥကၠ႒ ဦးေဇာ္မင္းဝင္းႏွင့္ ဒုတိယဥကၠ႒မ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ အလုပ္အမႈေဆာင္မ်ား၊ အသင္းအႀကံေပး ပုဂၢိဳလ္မ်ား၊ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္းဥကၠ႒မ်ား၊ အတြင္းေရးမွဴးမ်ားႏွင့္ တာဝန္ရွိသူမ်ား၊ ညီေနာင္အသင္းမ်ားမွ ဥကၠ႒ မ်ားႏွင့္တာဝန္ရွိသူမ်ား၊ ျပည္တြင္းစီးပြားေရးလုပ္ငန္းရွင္မ်ား၊ သံအမတ္ႀကီးမ်ား၊ ႏိုင္ငံ တကာစီးပြားေရးအဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ား၊ ႏိုင္ငံျခားကုန္သည္မ်ားႏွင့္ စက္မႈ လက္မႈအသင္းခ်ဳပ္မွ တာဝန္ရွိသူမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။
ေရွးဦးစြာ အသင္းခ်ဳပ္ႏွစ္တစ္ရာျပည့္အထိမ္းအမွတ္အျဖစ္ ေတးသံရွင္မ်ားက UMFCCI Theme Song ျဖင့္ ေဖ်ာ္ေျဖတင္ဆက္ၾကသည္။
ထို႔ေနာက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က “ခုအခ်ိန္မွာ ဆိုရင္ UMFCCI ဟာ ညီေနာင္အသင္းအျဖစ္ (၇၅)သင္း ဖြဲ႕စည္းတည္ေထာင္ထားၿပီး ျမန္မာ တစ္နိုင္ငံလုံးရွိ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ားနဲ႔ လုပ္ငန္းက႑ အသီးသီးမွာ ျဖန႔္က်က္ တည္ရွိေၾကာင္းသိရွိရပါတယ္။ နိုင္ငံတကာဆက္ဆံေရးအေနနဲ႔လည္း နိုင္ငံအသီးသီးက ကုန္သည္အသင္းမ်ား၊ စီးပြားေရးအဖြဲ႕အစည္းမ်ားနဲ႔ နားလည္မႈစာခၽြန္လႊာ (၁၆၇) ခု လက္မွတ္ေရးထိုးထားၿပီးစီးပြားေရး၊ ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈ တိုးတက္ေရးေတြကို ပူးေပါင္းေဆာင္ရြက္လ်က္ရွိေၾကာင္းသိရွိရပါတယ္။
UMFCCI အသင္းႀကီးရဲ့ ရည္မွန္းခ်က္နဲ႔ လုပ္ငန္းစဥ္မ်ားအေကာင္အထည္ေဖာ္ ေရးမွာ ဖြံ႕ၿဖိဳးမႈမိတ္ဖက္မ်ားနဲ႔ လက္တြဲေဆာင္ရြက္လ်က္ရွိ႐ုံသာမက အမ်ိဳးသားစီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အစိုးရ၊ ပုဂၢလိကပူးတြဲေဆာင္ရြက္ေရးအစီအမံမ်ားနဲ႔ နီးကပ္စြာ ပူးေပါင္းေဆာင္ရြက္လ်က္ရွိတာကိုလည္း သိရွိရပါတယ္။ အစိုးရအေနနဲ႔လည္း UMFCCI ရဲ့ အရြယ္အစား၊ ကိုယ္စားျပဳမႈနဲ႔ နိုင္ငံတကာအဆက္အသြယ္ မ်ားေၾကာင့္ ပုဂၢလိကက႑ကို ကိုယ္စားျပဳတဲ့ အဖြဲ႕အစည္းႀကီးအျဖစ္ ေရြးခ်ယ္ခဲ့ပါတယ္။ နိုင္ငံရဲ့စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ ေရးလုပ္ငန္းေတြမွာထိထိေရာက္ေရာက္ ပါဝင္ေဆာင္ရြက္ေပးမယ္လို႔ ေမၽွာ္လင့္ပါတယ္။
နိုင္ငံေတာ္ရဲ့ စီးပြားေရးနဲ႔လူမႈေရးဖြံ႕ၿဖိဳးတိုးတက္ေရးမွာ ပုဂၢလိကက႑ကိုအဓိက ေမာင္းႏွင္အားအျဖစ္ သတ္မွတ္ထားတဲ့အတြက္ ပုဂၢလိကလုပ္ငန္းက႑အသီးသီးကို အေထာက္အကူေပးနိုင္ဖို႔ ဒုတိယသမၼတ ဦးျမင့္ေဆြ ဦးေဆာင္တဲ့ ပုဂၢလိကက႑ဖြံ႕ၿဖိဳး တိုးတက္ ေရးေကာ္မတီကို ၂၀၁၆ ခုႏွစ္၊ ေအာက္တိုဘာလမွာဖြဲ႕စည္းထူေထာင္ေပးခဲ့ပါ တယ္။ ယခုစီးပြားေရးလုပ္ငန္းရွင္မ်ားရဲ့ အခက္အခဲမ်ားကိုသက္ဆိုင္တဲ့ ျပည္ေထာင္စုဝန္ ႀကီးဌာနမ်ား၊ တိုင္းေဒသႀကီး/ ျပည္နယ္အစိုးရအဖြဲ႕မ်ားနဲ႔ ေပါင္းစပ္ညႇိႏိႈင္းေျဖရွင္းေပး နိုင္ဖို႔အတြက္ လုပ္ငန္းေကာ္မတီ (၅) ရပ္ နဲ႔ ဖြဲ႕စည္းေဆာင္ရြက္ေပးလ်က္ရွိပါတယ္။
နိုင္ငံတစ္ခုစီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ဖို႔ က႑စုံရဲ့ေမၽွာ္မွန္းခ်က္ေတြ ခ်မွတ္ၿပီး ေဆာင္ရြက္ရာမွာ ေငြေၾကးအရင္းအႏွီး၊ နည္းပညာ၊ လူ႔စြမ္းအားအရင္းအျမစ္၊ အေျခခံ အေဆာက္ အအုံေတြ လိုအပ္ပါတယ္။ ဒီလိုအပ္ခ်က္ေတြကို ကၽြန္မတို႔နိုင္ငံရဲ့ အစိုးရနဲ႔ ပုဂၢလိကက႑ (၂)ရပ္စလုံးပူးေပါင္းၿပီး အေကာင္အထည္ေဖာ္ျဖည့္ဆည္းရာမွာ အကန္႔ အသတ္ေတြ ရွိေနပါတယ္။ အထူးသျဖင့္ ကၽြန္မတို႔လိုဖြံ႕ၿဖိဳးဆဲနိုင္ငံေတြ အေနနဲ႔ အရင္းအႏွီးနဲ႔ နည္းပညာပိုင္းမွာလိုအပ္ခ်က္ေတြမ်ားပါတယ္။ ဒါ့ေၾကာင့္ နည္းပညာနဲ႔ အရင္းအႏွီးရရွိနိုင္တဲ့ နိုင္ငံျခားရင္းႏွီးျမႇုဳပ္ႏွံမႈေတြကို နိုင္ငံအသီးသီးကအၿပိဳင္အဆိုင္ ဖိတ္ေခၚေနတာအားလုံးအသိပဲ ျဖစ္ပါတယ္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ ၂၄ ရက္မွာထုတ္ျပန္ခဲ့တဲ့ ကမၻာ့ဘဏ္ရဲ့ စီးပြားေရး လုပ္ငန္းမ်ားလုပ္ကိုင္ဖို႔ လြယ္ကူမႈ ၂၀၂၀ အစီရင္ခံစာမွာ ျမန္မာနိုင္ငံရဲ့ ရမွတ္က (၄၆ ဒသမ ၈) ရရွိခဲ့ပါတယ္။ ယခင္ႏွစ္ရမွတ္ (၄၃ ဒသမ ၅)ထက္ ပ်မ္းမၽွ ရမွတ္ (၃ ဒသမ ၃) တိုးတက္ရရွိခဲ့ၿပီးယခင္ႏွစ္ရရွိတဲ့ အဆင့္ (၁၇၁) မွ အဆင့္ (၆)ဆင့္ တိုးတက္လာခဲ့ ပါတယ္။ စီးပြားေရးလုပ္ငန္းမ်ားလုပ္ကိုင္ဖို႔ လြယ္ကူေအာင္ ျပဳျပင္ ေျပာင္းလဲမႈမ်ား ေဆာင္ရြက္ရာမွာ တိုးတက္မႈအေကာင္းဆုံးနိုင္ငံ (၂၀)မွာ ျမန္မာနိုင္ငံပါဝင္ခဲ့တဲ့အတြက္ ထူးျခားတဲ့ ေအာင္ျမင္မႈ ရလဒ္ ေကာင္းတစ္ခုလို႔ ဆိုနိုင္ပါတယ္။ဒါေပမယ့္လည္း ကၽြန္မတို႔ ဆက္ႀကိဳးစားရမွာပါ။ ျမန္မာနိုင္ငံရဲ့ စီးပြားေရးပတ္ဝန္းက်င္ တိုးတက္ေကာင္းမြန္ေစဖို႔ အတြက္ လုပ္ငန္းနယ္ပယ္ (၅) ရပ္မွာသိသာတဲ့တိုးတက္မႈေတြ ေဖာ္ေဆာင္နိုင္ခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။ ဒီေအာင္ျမင္မႈဟာအစိုးရနဲ႔ ပုဂၢလိကပူးေပါင္းေဆာင္ရြက္မႈရဲ့ ရလဒ္ တစ္ခု ျဖစ္ပါတယ္။ မိမိတို႔အေနနဲ႔ ရလဒ္ေကာင္းေတြကိုဆက္လက္ ထိန္းသိမ္းထားၿပီး ျမန္မာနိုင္ငံအတြင္းရွိလုပ္ငန္းက႑ အသီးသီး၊ ပုံစံအသီးသီးတို႔မွာပိုမိုလြယ္ကူစြာ လုပ္ကိုင္ ေဆာင္ရြက္ နိုင္ေစေရးအတြက္ ဆက္လက္အားစိုက္ႀကိဳးစားသြားၾကဖို႔ လိုအပ္ပါတယ္။
ျမန္မာနိုင္ငံအေနနဲ႔ အေျခခံခိုင္မာ ေသာ၊ တန္းတူမၽွတေသာ၊ ေရရွည္တည္တံ့ေသာ၊ က႑အားလုံးပါဝင္ေသာ ဖြံ႕ၿဖိဳးတိုးတက္ ေရးမဟာဗ်ဴဟာေဖာ္ေဆာင္နိုင္ေရးအတြက္ ျမန္မာနိုင္ငံရဲ့ ေရရွည္တည္တံ့ ခိုင္ျမဲၿပီး ဟန္ခ်က္ညီေသာဖြံ႕ၿဖိဳးတိုးတက္မႈစီမံကိန္း ၂၀၁၈-၂၀၃၀ (Myanmar Sustainable Development Plan 2018-2030)ကို ၂၀၁၈ ခုႏွစ္မွာခ်မွတ္ခဲ့ပါတယ္။ MSDP ရဲ့ ပန္းတိုင္ ၃ ကိုအလုပ္အကိုင္ ဖန္တီးေရးနဲ႔ ပုဂၢလိက က႑ ဦးေဆာင္တဲ့ဖြံ့ၿဖိဳးေရးအျဖစ္ ခ်မွတ္ထားပါတယ္။ ေကာင္းမြန္တဲ့ စီးပြားေရးလုပ္ငန္း မ်ားဖြံ႕ၿဖိဳးတိုးတက္ေစေရးနဲ႔ ေကာင္းမြန္တဲ့ အုပ္ခ်ဳပ္ေရးစနစ္ ထည့္သြင္းအသုံးျပဳေရးတို႔ အတြက္ မူဝါဒမ်ားနဲ႔ စည္းမ်ဥ္းမ်ားခ်မွတ္ခဲ့ၿပီးလည္းျဖစ္ပါတယ္။ ဒါ့အျပင္ ျပဳျပင္ေျပာင္းလဲ ေရးလုပ္ငန္းမ်ား အရွိန္အဟုန္ တိုးတက္ေစဖို႔အတြက္ ေႏွးေကြးမႈမ်ားနဲ႔ အတားအဆီးမ်ား ကိုလည္း ဖယ္ရွားေရးလုပ္ငန္းစဥ္မ်ားျဖင့္ ေဆာင္ရြက္လ်က္ရွိပါတယ္။
အေသးစား၊ အငယ္စားနဲ႔ အလတ္စားစီးပြားေရးလုပ္ငန္းမ်ားဟာအလုပ္အကိုင္ ဖန္တီး ေပးနိုင္ၿပီးအမ်ိဳးသားတီထြင္ ဆန္းသစ္မႈ၊ ႀကီးပြားခ်မ္းသာမႈ၊ ဆင္းရဲမႈေလၽွာ့ခ်မႈနဲ႔ လူသားအရင္းအျမစ္ စြမ္းေဆာင္ရည္ ျမင့္မားမႈတို႔အတြက္ အဓိကေနရာမွာရွိပါတယ္။ အဲဒီလိုအေရးပါလွတဲ့ က႑တစ္ရပ္ ဖြံ႕ၿဖိဳးလာေစဖို႔အတြက္ ၎တို႔ရဲ့ ေရရွည္တည္တံ့မႈ၊ ပါဝင္နိုင္မႈ၊ အရည္အေသြးတိုးတက္မႈ စသည္ တို႔ကိုေသခ်ာေစဖို႔ ေဆာင္ရြက္ေပးလ်က္ ရွိပါတယ္။ MSME မ်ားအေနနဲ႔လည္းေခတ္ကာလအေလ်ာက္ေျပာင္းလဲလာမႈ၊ အခက္အခဲ မ်ားကို စီမံခန႔္ခြဲနိုင္မႈ၊ ရင္ဆိုင္နိုင္မႈ၊ နည္းပညာသစ္မ်ားအေပၚ အသုံးခ်နိုင္မႈေတြ အေသအခ်ာရရွိနိုင္ဖို႔ အေထာက္အကူျပဳလုပ္ငန္းနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားဝင္ေရာက္နိုင္မယ့္ အေျခအေနမ်ားဖန္တီးေပးဖို႔ လိုအပ္ပါတယ္။
ျမန္မာနိုင္ငံရဲ့ ေရရွည္တည္တံ့ခိုင္ျမဲၿပီးဟန္ခ်က္ညီတဲ့ ဖြံ႕ၿဖိဳးတိုးတက္မႈ စီမံကိန္းနဲ႔ အတူ အာဆီယံအတြင္းေပါင္းစည္းေရးေဆာင္ရြက္ဖို႔ ေဒသဆိုင္ရာတန္ဖိုးကြင္းဆက္မ်ား၊ ျပည္သူအခ်င္းခ်င္းဆက္သြယ္မႈမ်ားနဲ႔ ဆိုက္ဘာ(Cyber) နည္းပညာမ်ားကိုထိေရာက္စြာ အသုံးခ်ၿပီး ျမန္မာ ၄ ဒသမ ၀ ကို ျပည္သူလူထု လူႀကီး၊ လူငယ္မေရြးပညာသင္ၾကားမႈ၊ သတင္းအခ်က္အလက္ရယူမႈ၊ ေငြသားသုံးစြဲဖို႔ မလိုအပ္ေတာ့တဲ့ ေငြေၾကးေပးေခ်မႈ စနစ္မ်ားအပါအဝင္ ေခတ္မီနည္းစနစ္မ်ားအသုံးျပဳသြားနိုင္ဖို႔ ေဆာင္ရြက္သြားမွာ ျဖစ္ပါ တယ္။ စမတ္ဖုန္းသုံးစြဲမႈ ၁၀၀ ရာခိုင္ႏႈန္းေက်ာ္သြားၿပီ ျဖစ္တဲ့အတြက္ေၾကာင့္ ျမန္မာနိုင္ငံ မွာ လုပ္ငန္းအမ်ိဳးမ်ိဳးအတြက္ မိမိတို႔ရဲ့ ေန႔စဥ္ဘဝမွာစမတ္ဖုန္းအသုံးခ်နိုင္ေတာ့မွာ ျဖစ္ပါတယ္။ UMFCCI အေနနဲ႔ အေသးစား၊ အငယ္စား၊ အလတ္စားစီးပြားေရး လုပ္ငန္းမ်ား တိုးတက္ေရးနဲ႔ ျမန္မာ ၄ဒသမ၀ ျဖစ္ေပၚတိုးတက္ေရးေတြမွာ တက္ႂကြစြာ ပါဝင္ေဆာင္ရြက္ လ်က္ရွိေၾကာင္း သိရွိရတဲ့အတြက္ေၾကာင့္ မ်ားစြာေက်နပ္မိပါတယ္။ နိုင္ငံေတာ္စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈ၊ ျပဳျပင္ေျပာင္းလဲမႈ၊ ဒီဂ်စ္တယ္စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈနဲ႔ ျမန္မာ့ စီးပြားေရး လုပ္ငန္းမ်ားနိုင္ငံတကာသို႔ ျဖန႔္က်က္ေရးတို႔မွာ အစိုးရနဲ႔ပုဂၢလိက ပူးေပါင္း ေဆာင္ရြက္မႈမရွိရင္ မျဖစ္တဲ့အတြက္ UMFCCI က ပုဂၢလိကက႑ကို ဆက္လက္ ဦးေဆာင္တာဝန္ယူသြားဖို႔ ေမၽွာ္လင့္ပါတယ္။
နိဂုံးခ်ဳပ္အေနနဲ႔ UMFCCI ႏွစ္ (၁၀၀) ျပည့္ အခမ္းအနားမွာ ျမန္မာတစ္နိုင္ငံလုံးရွိ စီးပြားေရးလုပ္ငန္းအားလုံးအတြက္ ထြန္းေတာက္ေသာအနာဂတ္ ေပၚထြန္းပါေစ၊ UMFCCI အေနနဲ႔လည္း မနားမေနႀကိဳးပမ္းေဆာင္ရြက္မႈမ်ားနဲ႔ ေရွ႕လုပ္ငန္းစဥ္မ်ားမွာေအာင္ျမင္မႈ ရလဒ္ေကာင္းမ်ားလက္ဝယ္ပိုင္ပိုင္ ရရွိနိုင္ပါေစ၊ ပိုမိုေကာင္းမြန္ထိေရာက္တဲ့ လုပ္ငန္း စီမံခ်က္မ်ား အစိုးရထံပိုမိုတင္ျပနိုင္ပါေစ၊ လာမယ့္ႏွစ္မ်ားအတြင္းအမ်ိဳးသားစီးပြားေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ လိုအပ္ေနတဲ့ ပုဂၢလိကက႑ ေတာင့္တင္းခိုင္မာေစဖို႔ ေဆာင္ရြက္ ခ်က္မ်ားဆက္လက္ ေအာင္ျမင္ပါေစလို႔ ဆႏၵျပဳအပ္ပါတယ္။ ကၽြန္မတို႔ အစိုးရနဲ႔ ပုဂၢလိက ဆိုေပမယ့္ ေနာက္ဆံုးေတာ့ ကၽြန္မတို႔ ျပည္သူလူထုအားလံုးပါပဲ။ ဘယ္လုပ္ငန္းမဆို ျပည္သူလူထုမပါဘဲမေအာင္ျမင္ႏိုင္ပါဘူး။ UMFCCI အသင္းႀကီးဟာကၽြန္မတို႔ ႏုိင္ငံသူ ႏိုင္ငံသားမ်ားအားလံုး၊ ကၽြန္မတို႔ႏိုင္ငံကို မွီတင္းေနထိုင္ၾကသူအားလံုး ဖြံ႕ၿဖိဳးတိုးတက္ ေရးအတြက္ ဆက္လက္ႀကိဳးစားသြားမယ္လုိ႔ ယံုၾကည္ပါတယ္” ဟုေျပာၾကားသည္။
ယင္းေနာက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္၊ ျပည္သူ႕လႊတ္ေတာ္ ဒုတိယဥကၠ႒၊ အမ်ဳိးသားလႊတ္ေတာ္ ဒုတိယဥကၠ႒၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ ဥကၠ႒၊ ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္နာယကႏွင့္ ဥကၠ႒ တို႔သည္ ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ဒုတိယ ဥကၠ႒မ်ား၊ ဗဟိုအလုပ္မႈေဆာင္မ်ား၊ အလုပ္အမႈေဆာင္မ်ား၊ အႀကံေပးပုဂၢိဳလ္မ်ားႏွင့္ လည္းေကာင္း၊ ျပည္တြင္းစီးပြားေရးလုပ္ငန္းရွင္မ်ား၊ သံအမတ္ႀကီးမ်ား၊ ႏိုင္ငံတကာ စီးပြားေရးအဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ားႏွင့္လည္းေကာင္း စုေပါင္းမွတ္တမ္း တင္ဓာတ္ပံုရိုက္ၾကသည္။
ယင္းေနာက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္သည္ MICC-2 ေျမညီထပ္၌ ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ႏွစ္တစ္ရာျပည့္ အထိမ္းအမွတ္အျဖစ္ ျပသထားသည့္ အသင္းခ်ဳပ္ျပခန္း၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းျပခန္းမ်ား၊ ညီေနာင္အသင္းမ်ား၏ ျပခန္းမ်ား၊ World Bank Group ႏွင့္ ပုဂၢလိကဘဏ္ျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈ သည္။
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ကို ကိုလိုနီေခတ္ျဖစ္ေသာ ၁၉၁၉ ခုႏွစ္တြင္ ဗမာကုန္သည္မ်ားအသင္းအျဖစ္ စတင္တည္ေထာင္ခဲ့ၿပီး လြတ္လပ္ေရးရၿပီးေနာက္ ၁၉၄၈ ခုႏွစ္တြင္ ျပည္ေထာင္စုဗမာႏိုင္ငံ ေတာ္ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္း(UBCCI) အျဖစ္ ၁၉၈၈ ခုႏွစ္ ထိ ရပ္တည္ခဲ့ေၾကာင္း။
၁၉၈၉ ခုႏွစ္တြင္ ေစ်းကြက္စီးပြားေရးစနစ္သို႔ ဦးတည္လာခ်ိန္တြင္ ျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း (UMCCI)အျဖစ္ ေျပာင္းလဲ၍ ႏိုင္ငံေတာ္၏ စီးပြားေရးမူဝါဒအေျပာင္းအလဲမ်ားအေပၚ ျပည္တြင္းရွိ တိုင္းရင္းသားစီးပြားေရး လုပ္ငန္းရွင္မ်ား ရွင္သန္တိုးတက္ရပ္တည္ႏုိင္ေရးကိုေဆာင္ရြက္ခဲ့ေၾကာင္း။
၂၀၁၄ ခုႏွစ္တြင္ ႏိုင္ငံေတာ္၏ ႏုိင္ငံေရး၊ စီးပြားေရးအသြင္ကူးေျပာင္းလာၿပီး ႏိုင္ငံေတာ္စီးပြားဖြံ႕ၿဖိဳးတိုးတက္ရန္ ပုဂၢလိကအခန္းက႑ကိုဦးစားေပးေဆာင္ရြက္လာခဲ့ရာ တြင္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္အျဖစ္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အသင္းမ်ား၊ နယ္စပ္ကုန္သြယ္ေရးကုန္သည္ အသင္းမ်ား၊ သက္ဆိုင္ရာကုန္စည္ႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းအလိုက္ ဖြဲ႕စည္းထားေသာ အသင္းမ်ားႏွင့္ပူးေပါင္းၿပီးပုဂၢလိကက႑၏ ဦးေဆာင္အသင္းခ်ဳပ္ျဖစ္ေၾကာင္း သိရသည္။
(Zawgyi Version)