နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ (IMF) အကြီးအကဲ Ms, Kristalina Georgieva အား ယနေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီ ၄၅ မိနစ်တွင် အာဆီယံထိပ်သီးအစည်းအဝေးကျင်းပသည့် Impact Sapphire – 104 ၌ တွေ့ဆုံသည်။ တွေ့ဆုံစဉ် ငွေကြေးနှင့်ဘဏ္ဍာရေးဆိုင်ရာနည်းပညာအကူအညီများ ဆက်လက် ပေးအပ်သွားရေးနှင့် မြန်မာနိုင်ငံ အသွင်ကူးပြောင်းဆဲကာလအတွင်း ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ( FIFA ) ဥက္ကဋ္ဌ Mr. Gianni Infantino အား ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၀ တွင် တွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ဘောလုံးအားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်သွားရေး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအား မြန်မာလူငယ်များအကြား အားကစားအပေါ် ပိုမိုစိတ်ဝင်စားလာစေရေး၊ ကျန်းမာရေးနှင့် ကိုက်ညီသည့် လူနေမှုပုံစံဖြစ်ပေါ်လာရေး၊ အသင်းအဖွဲ့စိတ်ဓာတ်ပိုမိုရှင်သန်ထွန်းကားလာရေးနှင့် မြန်မာ့ဘောလုံး အဆင့်အတန်းကို ယခင်ကဲ့သို့ အာရှထိပ်တန်းအဆင့်သို့ ပြန်လည်ရောက်ရှိရေးအတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က ကူညီပံ့ပိုးပေးရန် မေတ္တာရပ်ခံခဲ့သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Narendra Modi တို့သည် ဒေသစံတော်ချိန် ညနေ ၆ နာရီ မိနစ် ၁၀ တွင် Impact Sapphire – 109 ၌ တွေ့ဆုံကြသည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအကြား အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန်စီစဉ်သွားနိုင်ရေး၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံအနေဖြင့် အပြုသဘော ဆက်လက်ကူညီပံ့ပိုးသွားရေးနှင့် အာဆီယံ – အိန္ဒိယ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။
ညပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ်က (၃၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်လာကြသည့် နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့အကြီးအကဲများအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား(Gala Dinner) သို့ တက်ရောက်သည်။
ယနေ့ကျင်းပသည့်အခမ်းအနားများသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းလွင်၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
(unicode version)
———————————————————————————————————————
နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္ ေဒၚေအာင္ဆန္းစုၾကည္ သည္ အျပည္ျပည္ဆိုင္ရာ ေငြေၾကးရန္ပံုေငြအဖဲြ (IMF) အၾကီးအကဲ Ms, Kristalina Georgieva အား ယေန့ ေဒသစံေတာ္ခိ်န္ ညေန ၃ နာရီ ၄၅ မိနစ္တြင္ အာဆီယံထိပ္သီးအစည္းအေဝးက်င္းပသည့္ Impact Sapphire – 104 ၌ ေတြ့ဆံုသည္။ ေတြ့ဆံုစဉ္ ေငြေၾကးနွင့္ဘ႑ာေရးဆိုင္ရာနည္းပညာအကူအညီမ်ား ဆက္လက္ ေပးအပ္သြားေရးနွင့္ ျမန္မာနိုင္ငံ အသြင္ကူးေျပာင္းဆဲကာလအတြင္း ၾကံုေတြ့ရသည့္ စိန္ေခၚမႈမ်ားနွင့္ ပတ္သက္၍ ရင္းနီွးပြင့္လင္းစြာ ေဆြးေနြးခဲ့ၾကသည္။
ဆက္လက္၍ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္သည္ ကမၻာ့ေဘာလံုးအဖဲြ့ခု်ပ္ ( FIFA ) ဥကၠ႒ Mr. Gianni Infantino အား ေဒသစံေတာ္ခိ်န္ ညေန ၄ နာရီ ၂၀ တြင္ ေတြ့ဆံုသည္။ ေတြ့ဆံုစဉ္ ျမန္မာနိုင္ငံ၏ေဘာလံုးအားကစားက႑ဖံြ့ျဖိုးတိုးတက္ေရး၊ ကမၻာ့ေဘာလံုးအဖဲြ့ခု်ပ္နွင့္ က်န္းမာေရးနွင့္ အားကစားဝန္ၾကီးဌာနနွင့္ ပညာေရးဝန္ၾကီးဌာနတို့အၾကား ပူးေပါင္းေဆာင္ရြက္သြားေရး၊ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္ ေဒၚေအာင္ဆန္းစုၾကည္က ကမၻာ့ေဘာလံုးအဖဲြ့ခု်ပ္ ဥကၠ႒အား ျမန္မာလူငယ္မ်ားအၾကား အားကစားအေပၚ ပိုမိုစိတ္ဝင္စားလာေစေရး၊ က်န္းမာေရးနွင့္ ကိုက္ညီသည့္ လူေနမႈပံုစံျဖစ္ေပၚလာေရး၊ အသင္းအဖဲြ့စိတ္ဓာတ္ပိုမိုရွင္သန္ထြန္းကားလာေရးနွင့္ ျမန္မာ့ေဘာလံုး အဆင့္အတန္းကို ယခင္ကဲ့သို့ အာရွထိပ္တန္းအဆင့္သို့ ျပန္လည္ေရာက္ရိွေရးအတြက္ ကမၻာ့ေဘာလံုး အဖဲြ့ခု်ပ္က ကူညီပံ့ပိုးေပးရန္ ေမတၱာရပ္ခံခဲ့သည္။
ယင္းေနာက္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္ ေဒၚေအာင္ဆန္းစုၾကည္နွင့္ အိနၵိယ သမၼတနိုင္ငံ ဝန္ၾကီးခု်ပ္ Mr. Narendra Modi တို့သည္ ေဒသစံေတာ္ခိ်န္ ညေန ၆ နာရီ မိနစ္ ၁၀ တြင္ Impact Sapphire – 109 ၌ ေတြ့ဆံုၾကသည္။ ေတြ့ဆံုစဉ္ နွစ္နိုင္ငံဆက္ဆံေရးတိုးတက္ခိုင္မာေစေရး၊ နွစ္နိုင္ငံအၾကားပူးေပါင္းေဆာင္ရြက္မႈမ်ား ပိုမိုတိုးခဲ့်ေဆာင္ရြက္သြားေရး၊ နွစ္နိုင္ငံအၾကား အဆင့္ျမင့္ခရီးစဉ္မ်ား အျပန္အလွန္စီစဉ္သြားနိုင္ေရး၊ ရခိုင္ျပည္နယ္အေရးကိစၥနွင့္ပတ္သက္၍ အိနၵိယနိုင္ငံအေနျဖင့္ အျပုသေဘာ ဆက္လက္ကူညီပံ့ပိုးသြားေရးနွင့္ အာဆီယံ – အိနၵိယ အကို်းတူ ပူးေပါင္းေဆာင္ရြက္မႈဆိုင္ရာကိစၥရပ္မ်ားနွင့္ပတ္သက္၍ ေဆြးေနြးၾကသည္။
ညပိုင္းတြင္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္သည္ ထိုင္းနိုင္ငံဝန္ၾကီးခု်ပ္က (၃၅)ၾကိမ္ေျမာက္ အာဆီယံထိပ္သီးအစည္းအေဝးနွင့္ ဆက္စပ္ထိပ္သီးအစည္းအေဝးမ်ားသို့ တက္ေရာက္လာၾကသည့္ နိုင္ငံေခါင္းေဆာင္မ်ားနွင့္ အစိုးရအဖဲြ့အၾကီးအကဲမ်ားအား တည္ခင္းဧည့္ခံသည့္ ဂုဏ္ျပုညစာစားပဲြ အခမ္းအနား(Gala Dinner) သို့ တက္ေရာက္သည္။
ယေန့က်င္းပသည့္အခမ္းအနားမ်ားသို့ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္နွင့္အတူ ရင္းနီွးျမုပ္နံွမႈနွင့္ နိုင္ငံျခားစီးပြား ဆက္သြယ္ေရးဝန္ၾကီးဌာန ျပည္ေထာင္စုဝန္ၾကီး ဦးေသာင္းထြန္း၊ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးဝန္ၾကီးဌာန ျပည္ေထာင္စုဝန္ၾကီး ဦးေက်ာ္တင္၊ အာဆီယံဆိုင္ရာ ျမန္မာအျမဲတမ္းကိုယ္စားလွယ္ သံအမတ္ၾကီး ဦးမင္းလြင္၊ ထိုင္းနိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ၾကီး ဦးမို်းျမင့္သန္းနွင့္ သက္ဆိုင္ရာတာဝန္ရိွပုဂၢိုလ္မ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရိွရပါသည္။
(zawgyi version)