နေပြည်တော် အောက်တိုဘာ ၁၆
၂၀၁၉ ခုနှစ် တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂(MICC-2)၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးကျော်တင့်ဆွေ၊ သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ကျောင်းအုပ်ကြီးများ၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင် များအဖွဲ့၊ အမျိုးသားအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီ တို့မှ တာဝန်ရှိသူများ၊ စာတမ်းရှင်များ၊ တက္ကသိုလ်ဆရာသမဂ္ဂများမှ ဆရာဆရာမ ကိုယ်စားလှယ်များ၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂများမှ ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က “ယခုလို မြန်မာ့ပညာရေးအတွက် ထူးခြားလေးနက်ပြီး အနှစ်သာရပြည့်ဝတဲ့ ပညာရေး နှီးနှောဖလှယ်ပွဲ အခမ်းအနားမှာ အဖွင့်အမှာစကားပြောကြားရတဲ့အတွက် အထူးဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ မျက်မှောက်ကာလ နိုင်ငံတော်ကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်ရာမှာ အခြေအနေ အချိန်အခါနဲ့ လိုက်လျောညီထွေဖြစ်တဲ့အပြင် အမှန်တကယ် လိုအပ်နေတဲ့ မူဝါဒတွေ၊ စီမံကိန်းတွေ၊ လုပ်ငန်းစဉ်တွေကို ချမှတ်ပြီး အဘက်ဘက်က အားသွန်ခွန်စိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုအကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ထူးချွန် ထက်မြက်တဲ့ လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ အမြောက်အမြား လိုအပ်ပါတယ်။ အနာဂတ်နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ကြရမယ့် မျိုးဆက်သစ်လူငယ်များ အပါအဝင် တစ်နိုင်ငံလုံးရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးဟာ အခြေခံကျတဲ့ လိုအပ်ချက်ဖြစ်ပါတယ်။ ဒါကြောင့် ပညာရေးကဏ္ဍမှာ အခြေခံပညာနဲ့အဆင့်မြင့်ပညာ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ နိုင်ငံတကာ အဆင့်မီစေဖို့ ကြိုးပမ်းဆောင်ရွက်နေရခြင်း ဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာနအနေနဲ့ အရည်အသွေးရှိတဲ့ အမျိုးသားပညာရေးစနစ်ကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်နိုင်ဖို့အတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂ဝ၁၆-၂ဝ၂၁) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသလို ပညာရေး မြှင့်တင်မှုတွေ ဆောင်ရွက်ရာမှာ အထောက်အကူဖြစ်စေဖို့အတွက် ပညာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲတွေကို နှစ်စဉ်နှစ်တိုင်း ကျင်းပနေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်က ကျင်းပခဲ့တဲ့ ပညာရေးနှီးနှောဖလှယ်ပွဲမှာ စာတမ်း (၁၁) စောင် ဖတ်ကြား ဆွေးနွေးခဲ့ပြီး ဖတ်ကြားဆွေးနွေးခဲ့ကြတဲ့ စာတမ်းများအရ ရှေ့ဆက်ဆောင်ရွက်ရမယ့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ သိရှိရပါတယ်။
ဒီနှစ်မှာလည်း အဆင့်မြင့်ပညာကဏ္ဍရဲ့ နယ်ပယ်ပေါင်းစုံနဲ့ သက်ဆိုင်တဲ့ စာတမ်းပေါင်း (၁၆)စောင် တင်သွင်းဖတ်ကြားပြီး၂ဝ၁၉-၂ဝ၂ဝ ခုနှစ်အတွင်း ဦးစားပေး အကောင်အထည် ဖော်ရမယ့် လုပ်ငန်းစဉ်များရရှိရေးအတွက် ပူးပေါင်းညှိနှိုင်း ဆွေးနွေးသွားကြမယ်လို့ သိရပါတယ်။ ဒီနှစ်ဖတ်ကြားတင်သွင်းမယ့် စာတမ်းတွေဟာလည်း ယခင်နှစ်တွေက ဖတ်ကြားခဲ့တဲ့ စာတမ်းများလိုပဲ ရှေ့လုပ်ငန်းစဉ်များကိုချမှတ်ပြီး အောင်မြင်စွာအကောင် အထည်ဖော် ဆောင်ရွက်နိုင်မယ့် ရလဒ်ကောင်းတွေကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
လူသားတစ်ယောက်အတွက် ပညာရေးဆိုတာ ဘဝတစ်လျှောက်လုံး စဉ်ဆက်မပြတ် သင်ယူရမယ့်အရာဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျတဲ့ အရင်းအနှီးတစ်ရပ်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် ၂၁ ရာစု နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ လူသားအရင်းအမြစ်ဟာ အထူးအရေးကြီးလှပါတယ်။ ဒါကြောင့် အဆင်မြင့်ပညာအနေနဲ့ ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်မယ့်၊ ခေတ်မီလူ့စွမ်းအားအရင်းအမြစ် ဈေးကွက်တွေမှာ ယှဉ်ပြိုင် နိုင်စွမ်းရှိတဲ့၊ ကျွမ်းကျင်မှုအရည်အသွေး၊ အရည်အချင်းတွေပြည့်ဝတဲ့ လူငယ်တွေကို မွေးထုတ်ပေးနိုင်ဖို့ အထူးပဲအရေးကြီးပါတယ်။
ကမ္ဘာ့အဆင့်အတန်းမီတဲ့ ပညာရေးစနစ်ဖြစ်လာစေဖို့ သုတေသနလုပ်ငန်းတွေ၊ ဆန်းသစ် တီထွင်မှုတွေ၊ အသက်မွေးဝမ်းကျောင်းပညာတွေကို အားပေးပြီး ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အမျိုးသားပညာရေးစနစ် ရေရှည်ဖွံ့ဖြိုးတိုးတက်မြင့်မားစေဖို့အတွက် ပညာရေးကဏ္ဍအသီးသီးမှာ အရည်အသွေး အာမခံစနစ်တစ်ရပ် ထားရှိရမှာဖြစ်ပါတယ်။ ဒီစနစ်ဟာ အမျိုးသားပညာရေး အရည်အသွေးကို အဆင့်မြင့်မားလာစေပြီး သင်ကြား၊ သင်ယူမှုအပိုင်းကို တိုးတက်မြင့်မားစေဖို့ အတွက်အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပညာရှင်များ၊ ပညာရေးစီမံခန့်ခွဲသူများ၊ ကျောင်းများ၊ သင်တန်းများနဲ့ တက္ကသိုလ်များက ဦးဆောင်သူများရဲ့ အရည်အသွေးကို မြှင့်တင်ပေးမယ့် အစီအစဉ်တွေကိုလည်း အလေးပေး ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။
အဆင့်မြင့်ပညာမှာ အဓိကကျတဲ့ လုပ်ငန်းတစ်ရပ်ကတော့ သုတေသနလုပ်ငန်းပဲ ဖြစ်ပါတယ်။ အဆင့်မြင့်ပညာကဏ္ဍက ဆရာဆရာမတွေ၊ ကျောင်းသူကျောင်းသား တွေဟာ မိမိတို့ စိတ်အားထက်သန်ရာ၊ ကျွမ်းကျင်ရာ နယ်ပယ်အသီးသီးမှာ သုတေသန လုပ်ငန်းတွေကို တစ်စိုက်မတ်မတ် လုပ်ဆောင်နေဖို့ အရေးကြီးပါတယ်။ သုတေသန လုပ်ငန်းအသီးသီးက ရရှိလာတဲ့ ရလဒ်တွေကလည်း စီးပွားရေးဖွံ့ဖြိုးမှု၊ လူမှုအဆင့်ဖွံ့ဖြိုးမှု၊ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အကျိုးပြုနိုင်မယ့် ရလဒ်တွေဖြစ်ဖို့ လိုအပ်ပါတယ်။ သုတေသနလုပ်ငန်းတွေ၊ ပရောဂျက်တွေကလည်း အရေအတွက်ထက် အရည်အသွေး မြင့်မားပြည့်ဝဖို့လိုပါတယ်။ ဒါ့အပြင် ကျွန်မတို့နိုင်ငံအခြေအနေနဲ့ ကိုက်ညီတဲ့ ဘာသာရပ်တွေ၊ ကိစ္စရပ်တွေကို အလေးထား ဆောင်ရွက်သွားဖို့ တိုက်တွန်းလိုပါတယ်။ အရင်နှစ်က ကျွန်မပြောခဲ့သလိုပဲ၊ သုတေသနလုပ်ငန်းတွေမှာ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းပိုင်းက ပံ့ပိုးကူညီမှုတွေရအောင်လုပ်ကြပါလို့ ထပ်မံတိုက်တွန်းလိုပါတယ်” ဟု ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က “အဆင့်မြင့်ပညာရေးဟာ နိုင်ငံ တစ်နိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်ဖို့သာမက လူသားပီသတဲ့ နိုင်ငံသားကောင်းတွေ၊ ကမ္ဘာသူ ကမ္ဘာသားကောင်းတွေ ဖြစ်လာစေရေး ကိုလည်း ပဲ့ကိုင်ထိန်းကျောင်းပေးဖို့ လိုအပ်ပါတယ်။ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေး အဖွဲ့အစည်းတွေ၊ စက်မှုလက်မှုလုပ်ငန်းတွေမှာ လိုအပ်နေတဲ့ အရည်အချင်း ပြည့်မီတဲ့ လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးဖို့ လိုအပ်သလို အမြော်အမြင် ကြီးမားပြီး စိတ်ကောင်းနှလုံးကောင်းရှိတဲ့ နိုင်ငံသူနိုင်ငံသားကောင်းများ မွေးထုတ်ပေးနိုင်ဖို့ လည်း လွန်စွာအရေးကြီးပါတယ်။ နိုင်ငံသူနိုင်ငံသားကောင်းတွေကသာ ငြိမ်းချမ်းသာယာပြီး အတူတကွ လက်တွဲနေထိုင်နိုင်မယ့် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံသားကောင်းတွေကပဲ ကမ္ဘာတစ်ဝန်းမှာ လူသားဆန်တဲ့၊ လူပီသတဲ့ကမ္ဘာသူ ကမ္ဘာသားကောင်းတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။
အဲဒီလိုဖြစ်လာဖို့ဆိုရင် ကျောင်းသူကျောင်းသားတွေကို စာသင်ခန်းအတွင်းမှာ သာမက ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ပညာ သင်ယူမှုကို စာသင်ခန်းထဲမှာပဲ ကန့်သတ်မထားဘဲ မိမိပတ်ဝန်းကျင်၊ မိမိဒေသ၊ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ တစ်သားတည်း ဆက်စပ်ဖြစ်ထွန်းအောင် လေ့ကျင့် ပျိုးထောင်ပေးကြရမှာ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများအတွက် သင်ယူမှု ဝန်းကျင်ကောင်းများ ဖြစ်လာစေရေးအတွက် စာဖတ်စွမ်းရည် အလေ့အကျင့်တွေ၊ စာပေပြိုင်ပွဲတွေ၊ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ၊ အားကစားပွဲတွေကိုလည်း အားပေး ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ အမျိုးသားရေးစိတ်ဓာတ် နိုးကြားထက်သန်ပြီး ပြည်သူ့ နီတိ၊ ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ လူ့အခွင့်အရေးကို တန်ဖိုးထား လိုက်နာတတ်တဲ့ လူငယ်လူရွယ်တွေကို မွေးထုတ်ပေးနိုင်ဖို့ ဦးတည် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။
လက်တွေ့ကျတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ နည်းပညာနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာတွေကိုလည်း အလေးထား ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း တိုင်းရင်းသားလူမျိုးစုများရဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံအမွေအနှစ်များ ထိန်းသိမ်းနိုင်ရေးနဲ့ တိုင်းရင်းသား ဘာသာစကားများ ရေရှည်တည်တံ့ရေး ဆောင်ရွက်မှုများကိုလည်း ဟန်ချက်ညီညီ ဖြည့်ဆည်းပေးသွားရမှာဖြစ်ပါတယ်။ နိုင်ငံတော်ကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာစေဖို့ အတွက် ဒေသတစ်ခုချင်းစီရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဟာပဓာနကျတာနဲ့အမျှ ဒေသအလိုက် ပညာရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒေသတွင်းမှာရှိတဲ့ သယံဇာတအရင်းအမြစ်များနဲ့ ဆက်စပ်ပြီး ထိထိရောက်ရောက် အကျိုးရှိစွာ အသုံးချနိုင်ရေးတို့ကို ရည်ရွယ်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။
အနာဂတ် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာမှာ ပြည်ထောင်စုကြီး အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်နိုင်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးတို့အတွက် စွမ်းရည် ထက်မြက်တဲ့ လူငယ်မျိုးဆက်သစ် လူ့စွမ်းအားအရင်းအမြစ်များရဲ့ အခန်းကဏ္ဍဟာ အလွန် အရေးကြီးပါတယ်။ ဒီလို စွမ်းရည်ထက်မြက်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို အရည်အသွေး မြင့်မားတဲ့ ပညာရေးကသာ မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ ၂ဝ၁၉ ခုနှစ် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲကတစ်ဆင့် နိုင်ငံတော်က လိုအပ်လျက်ရှိတဲ့ အရည်အသွေး မြင့်မားတဲ့ အဆင့်မြင့်ပညာရေးကို ဖော်ဆောင်ရာမှာ ဖြည့်ဆည်းပေးနိုင်မယ့် လုပ်ငန်းစဉ်တွေချမှတ်နိုင်ဖို့ ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးအကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည် မျှော်လင့်ပါတယ်။
ယခုကျင်းပတဲ့ နှီးနှောဖလှယ်ပွဲက ထွက်ပေါ်လာမယ့် ရလဒ်ကောင်းတွေကတစ်ဆင့် ပညာရေး မြှင့်တင်မှု လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ မညီမျှမှုများ၊ မတည်ငြိမ်မှုများ ကင်းဝေးပပျောက်ပြီး တရားဥပဒေစိုးမိုးမှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှု၊ လွတ်လပ်မှုများကို၊ နိုင်ငံသားတိုင်း တန်းတူညီမျှဖြစ်မှုတို့အတွက် မိမိတို့ ကျရာနေရာကနေ တာဝန်ယူ၊ တာဝန်ခံမှုအပြည့်အဝနဲ့ ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက် သွားကြပါလို့ တိုက်တွန်းလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ကျွန်မပြောလေ့ပြောထရှိတဲ့ စကားတစ်ချို့ကို ပြန်ပြောချင်ပါတယ်။ ကျွန်မတို့အားလုံးအတွက် အရေးကြီးတာကတော့ ပူးပေါင်းဆောင်ရွက်ရေးပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မ ပညာရေးလောကမှာရော၊ ကျွန်မတို့ရဲ့ နိုင်ငံရေးလောကမှာရော အခုဆိုရင် သိပ်ခေတ်စားနေတဲ့ ခေါင်းဆောင်ဖြစ်မှုဆိုတာကို အလေးမထားဘဲနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို အလေးထားစေချင်ပါတယ်။ စုပေါင်းပြီး ဆောင်ရွက်မှသာ ကျွန်မတို့ အောင်မြင်နိုင်မှာပါ။ ကျွန်မတို့ အခုဒီနှစ်တွေအတွင်းမှာဆိုရင် ကျွန်မတို့ နိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းလုံးမှာ ခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့ သင်ကြားရေး နှီးနှောဖလှယ်ပွဲတွေ ခဏခဏလုပ်တာကို သတိပြုမိပါတယ်။ အားလုံးက ခေါင်းဆောင်ချည်းပဲ လုပ်ချင်ကြတယ်။ လူငယ်ခေါင်းဆောင်၊ အမျိုးသမီးခေါင်းဆောင်၊ တိုင်းရင်းသားခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင်၊ စီးပွားရေးခေါင်းဆောင်၊ အားလုံးက ခေါင်းဆောင်လုပ်ရင် ဘယ်သူက နောက်ကလိုက်မှာလဲ။ အရေးကြီးတာက စုပေါင်းပြီး အစုအဖွဲ့အနေနဲ့ လုပ်ဆောင်ဖို့ပဲ။ အင်္ဂလိပ်လိုပြောရင် Teamwork ပါ။ ဒီလို အစုအဖွဲ့တစ်ခုအနေနဲ့လုပ်ရင် ဦးဆောင်မှု ပေးနိုင်တဲ့ လူတွေကသူတို့အလိုလို သူတို့ရဲ့ဆောင်ရွက်ချက်အရ ပေါ်လာပါမယ်။ ဒါပေမယ့် ဒီလို ဦးဆောင်မှုပဲပေးတဲ့နေရာမှာ တခြားလူတွေနဲ့ တန်းတူညီတူဖြစ်တယ်ဆိုတာလည်း သူတို့ သဘောပေါက်ပြီးတော့မှ ထွက်လာတဲ့ ခေါင်းဆောင်တွေမို့လို့ ပိုပြီးတော့ ထိရောက်မယ်၊ ပိုပြီးတော့ နိုင်ငံကို အကျိုးပြုမယ်။ ကျွန်မတို့ရဲ့ ပြည်သူလူထုအားလုံးကို အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။
အဲဒါကြောင့် ကျွန်မတို့အားလုံးဟာ စုပေါင်းဆောင်ရွက်တဲ့ စိတ်ဓာတ်ကိုပိုပြီးတော့ ဖွံ့ဖြိုး တိုးတက်အောင် လုပ်စေချင်ပါတယ်။ ကိုယ်တစ်ယောက်ကပဲ ရှေ့ကနေမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ မဟုတ်ဘဲနဲ့ အားလုံးနဲ့ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကိုယ့်ရဲ့ အားနည်းချက်တွေဆိုရင် ပြုပြင်နိုင်မယ်။ အားသာချက်တွေကို အများအတွက်သုံးနိုင်မယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားစေချင်ပါတယ်။ ဒါကြောင့်မို့ နှီးနှော ဖလှယ်ပွဲမှာ ဒီဟာကို ဦးတည်ပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံပါတယ်။ အားလုံးက ပူးပေါင်းပြီးတော့ အဖွဲ့ အစည်းတစ်ခုအနေနဲ့ ဆောင်ရွက်ဖို့ ကိုယ်တစ်ယောက်တည်း ရှေ့ကနေဖို့ မဟုတ်ဘဲနဲ့ ကိုယ်တတ်နိုင်တဲ့ နေရာကနေပံ့ပိုးပေးဖို့ဒါဟာ ပါမောက္ခချုပ်များ တင်မက ဆရာဆရာမများ၊ ကျောင်းသားများ၊ မိဘများ၊ ပြည်သူများအားလုံးမှာ တာဝန်ရှိပါတယ် ပြောရင်းနဲ့ နိဂုံးချုပ်ပါ တယ်” ဟုပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က တက္ကသိုလ်များ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ပါမောက္ခချုပ်များ ကော်မတီအနေဖြင့် တက္ကသိုလ်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့မှု အခြေအနေ များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ ကော်မတီအလုပ်အမှု ဆောင်အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲကို ဆက်လက်ကျင်းပရာ Myanmar British Councilမှ Country Director Dr. Richard Sunderland က National Insitiute for Higher Education Development (NIHED) project စာတမ်းကိုလည်းကောင်း၊ Central European University မှ Senior Program Manager Mr.Oleksandr Shtokvych က Towards University Autonomy in Myanmar: Policies, Planning and Implementation စာတမ်းကိုလည်းကောင်း၊ အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး) ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာထင်ဇော်စိုးက မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသနညီလာခံ (၂၀၁၉)ပြီးစီးမှုနှင့် အားသာချက် အားနည်းချက်များ စာတမ်းကိုလည်းကောင်း။
မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးဝင်း က မြန်မာနိုင်ငံ တက္ကသိုလ်များ၏ ဘဏ္ဍာရေးစနစ်နှင့် ဖွံ့ဖြိုးတိုးတက်မှု စာတမ်းကိုလည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်များတွင် e-Payment စနစ် ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေး စာတမ်းကို လည်းကောင်း၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမီမီသက်လွင်က ICT လုပ်ငန်းကော်မတီ၏ လုပ်ငန်းစဉ်များနှင့် ညှိနှိုင်းဆောင်ရွက်နေမှု စာတမ်းကို လည်းကောင်း၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစောပြုံးနိုင် က ပညာရေးကောလိပ်များရှိ (၂)နှစ်သင်တန်း အစီအစဉ်များကို (၄)နှစ်သင်ပညာရေး အထူးပြု ဘွဲ့အစီအစဉ်များသို့ အဆင့်မြှင့်တင်ခြင်း စာတမ်းကိုလည်းကောင်း၊ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က Good Practice Guidelines of University Governance and Management စာတမ်းကိုလည်းကောင်း၊ မန္တလေး အဝေးသင်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်နိုင်စိုးက အဝေးသင် အနီးကပ်သင်တန်းများ ပြုပြင်ပြောင်းလဲရေးစာတမ်းကိုလည်းကောင်း၊ ရန်ကုန်အနောက် ပိုင်းတက္ကသိုလ် ဓာတုဗေဒဌာန တွဲဖက်ပါမောက္ခ ဒေါက်တာမျိုးမင်းက အဆင့်မြင့်ပညာ ကဏ္ဍရှိ ဆရာဆရာမများ၏ လူမှုဘဝအခက်အခဲများနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများ စာတမ်းကိုလည်းကောင်း ဖတ်ကြားကြရာ တက်ရောက်လာကြသူများကပြန်လည် ဆွေးနွေးကြသည်။
ယခု နှီးနှောဖလှယ်ပွဲကို အောက်တိုဘာ ၁၇ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ပြီး စာတမ်းရှင်(၈)ဦးမှ စာတမ်း(၈)စောင်ကို မြန်မာနိုင်ငံရှိ တက္ကသိုလ်များ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖတ်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ မြန်မာနိုင်ငံတွင် ဝန်ကြီးဌာန (၈)ခုအောက်၌ တက္ကသိုလ်ပေါင်း (၁၇၄)ခု ဖွင့်လှစ်ထားရှိပြီး တက္ကသိုလ် (၁၆၄)ခုမှာ ပါမောက္ခချုပ်များကော်မတီတွင်အဖွဲ့ဝင် အဖြစ် ပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(Unicode Version)
———————————————————————————————————
ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ၂၀၁၉ ခုႏွစ္ တကၠသိုလ္မ်ား ဖြံ႕ၿဖိဳးတိုးတက္မႈ အေကာင္အထည္ေဖာ္ေရးႏွီးေႏွာဖလွယ္ပြဲ အခမ္းအနားသို႔ တက္ေရာက္အမွာစကားေျပာၾကား
ေနျပည္ေတာ္ ေအာက္တိုဘာ ၁၆
၂၀၁၉ ခုႏွစ္ တကၠသိုလ္မ်ားဖြံ႕ၿဖိဳးတိုးတက္မႈ အေကာင္အထည္ေဖာ္ေရး ႏွီးေႏွာဖလွယ္ပြဲ အခမ္းအနားကို ယေန႔နံနက္ ၉ နာရီခြဲတြင္ ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာ ကြန္ဗင္းရွင္းဗဟိုဌာန-၂(MICC-2)၌ က်င္းပရာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္အမွာစကားေျပာၾကားသည္။
အခမ္းအနားသို႔ ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီးေက်ာ္ေဆြ၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရဲေအာင္၊ ဦးေက်ာ္တင့္ေဆြ၊ သူရဦးေအာင္ကို၊ ဦးသန္႔စင္ေမာင္၊ ဦးသိန္းေဆြ၊ ေဒါက္တာမ်ဳိးသိမ္းႀကီး၊ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ ဦးေမာ္သန္း၊ ျပည္ေထာင္စုရာထူးဝန္အဖြဲ႔ဥကၠ႒ ဦးဝင္းသိမ္း၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ဳိးေအာင္၊ ဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္း၊ အမ်ဳိးသားပညာေရး မူဝါဒေကာ္မရွင္ ဥကၠ႒၊ အၿမဲတမ္းအတြင္းဝန္မ်ား၊ ညႊန္ၾကားေရးမွဴးခ်ဳပ္မ်ား၊ ပါေမာကၡခ်ဳပ္မ်ား၊ ဒုတိယ ပါေမာကၡခ်ဳပ္မ်ား၊ ပါေမာကၡမ်ား၊ ေက်ာင္းအုပ္ႀကီးမ်ား၊ ျမန္မာႏိုင္ငံဝိဇၨာႏွင့္ သိပၸံပညာရွင္ မ်ားအဖြဲ႕၊ အမ်ဳိးသားအဆင့္အတန္းႏွင့္ အရည္အေသြးအာမခံမႈ အကဲျဖတ္ေရးေကာ္မတီ တို႔မွ တာဝန္ရွိသူမ်ား၊ စာတမ္းရွင္မ်ား၊ တကၠသိုလ္ဆရာသမဂၢမ်ားမွ ဆရာဆရာမ ကိုယ္စားလွယ္မ်ား၊ တကၠသိုလ္ေက်ာင္းသားသမဂၢမ်ားမွ ေက်ာင္းသားေက်ာင္းသူ ကိုယ္စားလွယ္မ်ား၊ တာဝန္ရွိသူမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။
အခမ္းအနားတြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က “ယခုလို ျမန္မာ့ပညာေရးအတြက္ ထူးျခားေလးနက္ၿပီး အႏွစ္သာရျပည့္ဝတဲ့ ပညာေရး ႏွီးေႏွာဖလွယ္ပြဲ အခမ္းအနားမွာ အဖြင့္အမွာစကားေျပာၾကားရတဲ့အတြက္ အထူးဂုဏ္ယူ ဝမ္းေျမာက္ေၾကာင္း ေျပာၾကားလိုပါတယ္။ မ်က္ေမွာက္ကာလ နိုင္ငံေတာ္ကို ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စုႀကီးအျဖစ္ တည္ေဆာက္ရာမွာ အေျခအေန အခ်ိန္အခါနဲ႔ လိုက္ေလ်ာညီေထြျဖစ္တဲ့အျပင္ အမွန္တကယ္ လိုအပ္ေနတဲ့ မူဝါဒေတြ၊ စီမံကိန္းေတြ၊ လုပ္ငန္းစဥ္ေတြကို ခ်မွတ္ၿပီး အဘက္ဘက္က အားသြန္ခြန္စိုက္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္လ်က္ရွိပါတယ္။ ဒီလိုအေကာင္အထည္ေဖာ္ ေဆာင္ရြက္ရာမွာ ထူးခၽြန္ ထက္ျမက္တဲ့ လူ႔စြမ္းအားအရင္းအျမစ္ျဖစ္တဲ့ အသိပညာရွင္၊ အတတ္ပညာရွင္ေတြ အေျမာက္အျမား လိုအပ္ပါတယ္။ အနာဂတ္နိုင္ငံေတာ္ကို တာဝန္ယူေဆာင္ရြက္ၾကရမယ့္ မ်ိဳးဆက္သစ္လူငယ္မ်ား အပါအဝင္ တစ္နိုင္ငံလုံးရဲ႕ လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳး တိုးတက္ေရးဟာ အေျခခံက်တဲ့ လိုအပ္ခ်က္ျဖစ္ပါတယ္။ ဒါေၾကာင့္ ပညာေရးက႑မွာ အေျခခံပညာနဲ႔အဆင့္ျမင့္ပညာ ဟန္ခ်က္ညီညီ ဖြံ႕ၿဖိဳးတိုးတက္ေစဖို႔နဲ႔ နိုင္ငံတကာ အဆင့္မီေစဖို႔ ႀကိဳးပမ္းေဆာင္ရြက္ေနရျခင္း ျဖစ္ပါတယ္။
ပညာေရးဝန္ႀကီးဌာနအေနနဲ႔ အရည္အေသြးရွိတဲ့ အမ်ိဳးသားပညာေရးစနစ္ကို အျပည့္အဝ အေကာင္အထည္ေဖာ္ေဆာင္နိုင္ဖို႔အတြက္ အမ်ိဳးသားပညာေရး မဟာဗ်ဴဟာစီမံကိန္း (၂ဝ၁၆-၂ဝ၂၁) ကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္လ်က္ရွိသလို ပညာေရး ျမႇင့္တင္မႈေတြ ေဆာင္ရြက္ရာမွာ အေထာက္အကူျဖစ္ေစဖို႔အတြက္ ပညာေရးဆိုင္ရာ ႏွီးေႏွာဖလွယ္ပြဲေတြကို ႏွစ္စဥ္ႏွစ္တိုင္း က်င္းပေနတာကို ေတြ႕ရပါတယ္။ ၿပီးခဲ့တဲ့ ၂ဝ၁၈ ခုႏွစ္က က်င္းပခဲ့တဲ့ ပညာေရးႏွီးေႏွာဖလွယ္ပြဲမွာ စာတမ္း (၁၁) ေစာင္ ဖတ္ၾကား ေဆြးေႏြးခဲ့ၿပီး ဖတ္ၾကားေဆြးေႏြးခဲ့ၾကတဲ့ စာတမ္းမ်ားအရ ေရွ႕ဆက္ေဆာင္ရြက္ရမယ့္ ေရွ႕လုပ္ငန္းစဥ္မ်ားကို ခ်မွတ္ၿပီး အေကာင္အထည္ေဖာ္ ေဆာင္ရြက္လ်က္ရွိတယ္လို႔ သိရွိရပါတယ္။
ဒီႏွစ္မွာလည္း အဆင့္ျမင့္ပညာက႑ရဲ႕ နယ္ပယ္ေပါင္းစုံနဲ႔ သက္ဆိုင္တဲ့ စာတမ္းေပါင္း (၁၆)ေစာင္ တင္သြင္းဖတ္ၾကားၿပီး၂ဝ၁၉-၂ဝ၂ဝ ခုႏွစ္အတြင္း ဦးစားေပး အေကာင္အထည္ ေဖာ္ရမယ့္ လုပ္ငန္းစဥ္မ်ားရရွိေရးအတြက္ ပူးေပါင္းညႇိႏိႈင္း ေဆြးေႏြးသြားၾကမယ္လို႔ သိရပါတယ္။ ဒီႏွစ္ဖတ္ၾကားတင္သြင္းမယ့္ စာတမ္းေတြဟာလည္း ယခင္ႏွစ္ေတြက ဖတ္ၾကားခဲ့တဲ့ စာတမ္းမ်ားလိုပဲ ေရွ႕လုပ္ငန္းစဥ္မ်ားကိုခ်မွတ္ၿပီး ေအာင္ျမင္စြာအေကာင္ အထည္ေဖာ္ ေဆာင္ရြက္နိုင္မယ့္ ရလဒ္ေကာင္းေတြကို ေဖာ္ေဆာင္နိုင္လိမ့္မယ္လို႔ ယုံၾကည္ေမၽွာ္လင့္ပါတယ္။
လူသားတစ္ေယာက္အတြက္ ပညာေရးဆိုတာ ဘဝတစ္ေလၽွာက္လုံး စဥ္ဆက္မျပတ္ သင္ယူရမယ့္အရာျဖစ္ၿပီး နိုင္ငံတစ္နိုင္ငံ လူမႈစီးပြား ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အဓိကက်တဲ့ အရင္းအႏွီးတစ္ရပ္လည္း ျဖစ္ပါတယ္။ အထူးသျဖင့္ ၂၁ ရာစု နိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးမွာ လူသားအရင္းအျမစ္ဟာ အထူးအေရးႀကီးလွပါတယ္။ ဒါေၾကာင့္ အဆင္ျမင့္ပညာအေနနဲ႔ ကမၻာနဲ႔ရင္ေပါင္တန္းနိုင္မယ့္၊ ေခတ္မီလူ႕စြမ္းအားအရင္းအျမစ္ ေဈးကြက္ေတြမွာ ယွဥ္ၿပိဳင္ နိုင္စြမ္းရွိတဲ့၊ ကၽြမ္းက်င္မႈအရည္အေသြး၊ အရည္အခ်င္းေတြျပည့္ဝတဲ့ လူငယ္ေတြကို ေမြးထုတ္ေပးနိုင္ဖို႔ အထူးပဲအေရးႀကီးပါတယ္။
ကမၻာ့အဆင့္အတန္းမီတဲ့ ပညာေရးစနစ္ျဖစ္လာေစဖို႔ သုေတသနလုပ္ငန္းေတြ၊ ဆန္းသစ္ တီထြင္မႈေတြ၊ အသက္ေမြးဝမ္းေက်ာင္းပညာေတြကို အားေပးၿပီး ေဆာင္ရြက္သြားရမွာ ျဖစ္ပါတယ္။ အမ်ိဳးသားပညာေရးစနစ္ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ျမင့္မားေစဖို႔အတြက္ ပညာေရးက႑အသီးသီးမွာ အရည္အေသြး အာမခံစနစ္တစ္ရပ္ ထားရွိရမွာျဖစ္ပါတယ္။ ဒီစနစ္ဟာ အမ်ိဳးသားပညာေရး အရည္အေသြးကို အဆင့္ျမင့္မားလာေစၿပီး သင္ၾကား၊ သင္ယူမႈအပိုင္းကို တိုးတက္ျမင့္မားေစဖို႔ အတြက္အေထာက္အကူျပဳမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ နည္းပညာရွင္မ်ား၊ ပညာေရးစီမံခန႔္ခြဲသူမ်ား၊ ေက်ာင္းမ်ား၊ သင္တန္းမ်ားနဲ႔ တကၠသိုလ္မ်ားက ဦးေဆာင္သူမ်ားရဲ့ အရည္အေသြးကို ျမႇင့္တင္ေပးမယ့္ အစီအစဥ္ေတြကိုလည္း အေလးေပး ေဆာင္ရြက္သြားၾကရမွာ ျဖစ္ပါတယ္။
အဆင့္ျမင့္ပညာမွာ အဓိကက်တဲ့ လုပ္ငန္းတစ္ရပ္ကေတာ့ သုေတသနလုပ္ငန္းပဲ ျဖစ္ပါတယ္။ အဆင့္ျမင့္ပညာက႑က ဆရာဆရာမေတြ၊ ေက်ာင္းသူေက်ာင္းသား ေတြဟာ မိမိတို႔ စိတ္အားထက္သန္ရာ၊ ကၽြမ္းက်င္ရာ နယ္ပယ္အသီးသီးမွာ သုေတသန လုပ္ငန္းေတြကို တစ္စိုက္မတ္မတ္ လုပ္ေဆာင္ေနဖို႔ အေရးႀကီးပါတယ္။ သုေတသန လုပ္ငန္းအသီးသီးက ရရွိလာတဲ့ ရလဒ္ေတြကလည္း စီးပြားေရးဖြံ႕ၿဖိဳးမႈ၊ လူမႈအဆင့္ဖြံ႕ၿဖိဳးမႈ၊ စိတ္ပိုင္း႐ုပ္ပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးမႈအတြက္ အက်ိဳးျပဳနိုင္မယ့္ ရလဒ္ေတြျဖစ္ဖို႔ လိုအပ္ပါတယ္။ သုေတသနလုပ္ငန္းေတြ၊ ပေရာဂ်က္ေတြကလည္း အေရအတြက္ထက္ အရည္အေသြး ျမင့္မားျပည့္ဝဖို႔လိုပါတယ္။ ဒါ့အျပင္ ကၽြန္မတို႔နိုင္ငံအေျခအေနနဲ႔ ကိုက္ညီတဲ့ ဘာသာရပ္ေတြ၊ ကိစၥရပ္ေတြကို အေလးထား ေဆာင္ရြက္သြားဖို႔ တိုက္တြန္းလိုပါတယ္။ အရင္ႏွစ္က ကၽြန္မေျပာခဲ့သလိုပဲ၊ သုေတသနလုပ္ငန္းေတြမွာ ပုဂၢလိကစီးပြားေရး လုပ္ငန္းပိုင္းက ပံ့ပိုးကူညီမႈေတြရေအာင္လုပ္ၾကပါလို႔ ထပ္မံတိုက္တြန္းလိုပါတယ္” ဟု ေျပာၾကားသည္။
ဆက္လက္၍ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ က “အဆင့္ျမင့္ပညာေရးဟာ နိုင္ငံ တစ္နိုင္ငံရဲ့ လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေထာက္အကူျပဳနိုင္ဖို႔သာမက လူသားပီသတဲ့ နိုင္ငံသားေကာင္းေတြ၊ ကမၻာသူ ကမၻာသားေကာင္းေတြ ျဖစ္လာေစေရး ကိုလည္း ပဲ့ကိုင္ထိန္းေက်ာင္းေပးဖို႔ လိုအပ္ပါတယ္။ လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ စီးပြားေရး အဖြဲ႕အစည္းေတြ၊ စက္မႈလက္မႈလုပ္ငန္းေတြမွာ လိုအပ္ေနတဲ့ အရည္အခ်င္း ျပည့္မီတဲ့ လူသားအရင္းအျမစ္မ်ားကို ျပဳစုပ်ိဳးေထာင္ေပးဖို႔ လိုအပ္သလို အေျမာ္အျမင္ ႀကီးမားၿပီး စိတ္ေကာင္းႏွလုံးေကာင္းရွိတဲ့ နိုင္ငံသူနိုင္ငံသားေကာင္းမ်ား ေမြးထုတ္ေပးနိုင္ဖို႔ လည္း လြန္စြာအေရးႀကီးပါတယ္။ နိုင္ငံသူနိုင္ငံသားေကာင္းေတြကသာ ၿငိမ္းခ်မ္းသာယာၿပီး အတူတကြ လက္တြဲေနထိုင္နိုင္မယ့္ ျပည္ေထာင္စုႀကီးကို တည္ေဆာက္နိုင္မွာ ျဖစ္ပါတယ္။ နိုင္ငံသူနိုင္ငံသားေကာင္းေတြကပဲ ကမၻာတစ္ဝန္းမွာ လူသားဆန္တဲ့၊ လူပီသတဲ့ကမၻာသူ ကမၻာသားေကာင္းေတြ ျဖစ္လာမွာ ျဖစ္ပါတယ္။
အဲဒီလိုျဖစ္လာဖို႔ဆိုရင္ ေက်ာင္းသူေက်ာင္းသားေတြကို စာသင္ခန္းအတြင္းမွာ သာမက ဘက္စုံဖြံ႕ၿဖိဳးတိုးတက္လာေအာင္ ႀကိဳးပမ္းေဆာင္ရြက္ၾကရမွာ ျဖစ္ပါတယ္။ ပညာ သင္ယူမႈကို စာသင္ခန္းထဲမွာပဲ ကန႔္သတ္မထားဘဲ မိမိပတ္ဝန္းက်င္၊ မိမိေဒသ၊ မိမိနိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ပါ တစ္သားတည္း ဆက္စပ္ျဖစ္ထြန္းေအာင္ ေလ့က်င့္ ပ်ိဳးေထာင္ေပးၾကရမွာ ျဖစ္ပါတယ္။ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ သင္ယူမႈ ဝန္းက်င္ေကာင္းမ်ား ျဖစ္လာေစေရးအတြက္ စာဖတ္စြမ္းရည္ အေလ့အက်င့္ေတြ၊ စာေပၿပိဳင္ပြဲေတြ၊ ေဟာေျပာပြဲေတြ၊ ေဆြးေႏြးပြဲေတြ၊ အားကစားပြဲေတြကိုလည္း အားေပး ေဆာင္ရြက္သြားဖို႔ လိုအပ္ပါတယ္။ အမ်ိဳးသားေရးစိတ္ဓာတ္ နိုးၾကားထက္သန္ၿပီး ျပည္သူ႔ နီတိ၊ ဒီမိုကေရစီက်င့္စဥ္မ်ားႏွင့္အညီ လူ႔အခြင့္အေရးကို တန္ဖိုးထား လိုက္နာတတ္တဲ့ လူငယ္လူရြယ္ေတြကို ေမြးထုတ္ေပးနိုင္ဖို႔ ဦးတည္ ေဆာင္ရြက္ေပးဖို႔ လိုအပ္ပါတယ္။
လက္ေတြ႕က်တဲ့ ပညာေရးျပဳျပင္ေျပာင္းလဲမႈေတြကို အေကာင္အထည္ေဖာ္တဲ့ေနရာမွာ နည္းပညာနဲ႔ အသက္ေမြးဝမ္းေက်ာင္းဆိုင္ရာ ပညာေတြကိုလည္း အေလးထား ေဆာင္ရြက္ေပးရမွာ ျဖစ္ပါတယ္။ တစ္ဖက္ကလည္း တိုင္းရင္းသားလူမ်ိဳးစုမ်ားရဲ့ ဘာသာစကား၊ ယဥ္ေက်းမႈ၊ ဓေလ့ထုံးစံအေမြအႏွစ္မ်ား ထိန္းသိမ္းနိုင္ေရးနဲ႔ တိုင္းရင္းသား ဘာသာစကားမ်ား ေရရွည္တည္တံ့ေရး ေဆာင္ရြက္မႈမ်ားကိုလည္း ဟန္ခ်က္ညီညီ ျဖည့္ဆည္းေပးသြားရမွာျဖစ္ပါတယ္။ နိုင္ငံေတာ္ႀကီးတစ္ခုလုံး ဖြံ႕ၿဖိဳးတိုးတက္လာေစဖို႔ အတြက္ ေဒသတစ္ခုခ်င္းစီရဲ့ ဖြံ႕ၿဖိဳးတိုးတက္မႈ ဟာပဓာနက်တာနဲ႔အမၽွ ေဒသအလိုက္ ပညာေရးဖြံ႕ၿဖိဳးတိုးတက္မႈနဲ႔ ေဒသတြင္းမွာရွိတဲ့ သယံဇာတအရင္းအျမစ္မ်ားနဲ႔ ဆက္စပ္ၿပီး ထိထိေရာက္ေရာက္ အက်ိဳးရွိစြာ အသုံးခ်နိုင္ေရးတို႔ကို ရည္ရြယ္လုပ္ေဆာင္သြားရမွာ ျဖစ္ပါတယ္။
အနာဂတ္ ဒီမိုကေရစီနိုင္ငံေတာ္သစ္ တည္ေဆာက္ရာမွာ ျပည္ေထာင္စုႀကီး အဘက္ဘက္က ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ စစ္မွန္တဲ့ ျပည္ေထာင္စု တည္ေဆာက္နိုင္ေရး၊ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စု ျဖစ္ေပၚေရးတို႔အတြက္ စြမ္းရည္ ထက္ျမက္တဲ့ လူငယ္မ်ိဳးဆက္သစ္ လူ႔စြမ္းအားအရင္းအျမစ္မ်ားရဲ့ အခန္းက႑ဟာ အလြန္ အေရးႀကီးပါတယ္။ ဒီလို စြမ္းရည္ထက္ျမက္တဲ့ လူ႔စြမ္းအားအရင္းအျမစ္ေတြကို အရည္အေသြး ျမင့္မားတဲ့ ပညာေရးကသာ ေမြးထုတ္ေပးနိုင္မွာ ျဖစ္ပါတယ္။
ဒီကေန႔ ျပဳလုပ္တဲ့ ၂ဝ၁၉ ခုႏွစ္ တကၠသိုလ္မ်ား ဖြံ႕ၿဖိဳးတိုးတက္မႈ အေကာင္အထည္ေဖာ္ေရး ႏွီးေႏွာဖလွယ္ပြဲကတစ္ဆင့္ နိုင္ငံေတာ္က လိုအပ္လ်က္ရွိတဲ့ အရည္အေသြး ျမင့္မားတဲ့ အဆင့္ျမင့္ပညာေရးကို ေဖာ္ေဆာင္ရာမွာ ျဖည့္ဆည္းေပးနိုင္မယ့္ လုပ္ငန္းစဥ္ေတြခ်မွတ္နိုင္ဖို႔ ဝိုင္းဝန္းညႇိႏွိုင္း ေဆြးေႏြးအေကာင္အထည္ေဖာ္နိုင္မယ္လို႔ ယုံၾကည္ ေမၽွာ္လင့္ပါတယ္။
ယခုက်င္းပတဲ့ ႏွီးေႏွာဖလွယ္ပြဲက ထြက္ေပၚလာမယ့္ ရလဒ္ေကာင္းေတြကတစ္ဆင့္ ပညာေရး ျမႇင့္တင္မႈ လုပ္ငန္းေတြကို အေကာင္အထည္ေဖာ္ေဆာင္ရြက္ရာမွာ မညီမၽွမႈမ်ား၊ မတည္ၿငိမ္မႈမ်ား ကင္းေဝးပေပ်ာက္ၿပီး တရားဥပေဒစိုးမိုးမႈ၊ တရားမၽွတမႈ၊ ၿငိမ္းခ်မ္းမႈ၊ လြတ္လပ္မႈမ်ားကို၊ နိုင္ငံသားတိုင္း တန္းတူညီမၽွျဖစ္မႈတို႔အတြက္ မိမိတို႔ က်ရာေနရာကေန တာဝန္ယူ၊ တာဝန္ခံမႈအျပည့္အဝနဲ႔ ဝိုင္းဝန္းႀကိဳးပမ္းအေကာင္အထည္ေဖာ္ေဆာင္ရြက္ သြားၾကပါလို႔ တိုက္တြန္းလိုပါတယ္။
နိဂုံးခ်ဳပ္အေနနဲ႔ ကၽြန္မေျပာေလ့ေျပာထရွိတဲ့ စကားတစ္ခ်ိဳ႕ကို ျပန္ေျပာခ်င္ပါတယ္။ ကၽြန္မတို႔အားလုံးအတြက္ အေရးႀကီးတာကေတာ့ ပူးေပါင္းေဆာင္ရြက္ေရးပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ကၽြန္မ ပညာေရးေလာကမွာေရာ၊ ကၽြန္မတို႔ရဲ့ နိုင္ငံေရးေလာကမွာေရာ အခုဆိုရင္ သိပ္ေခတ္စားေနတဲ့ ေခါင္းေဆာင္ျဖစ္မႈဆိုတာကို အေလးမထားဘဲနဲ႔ ပူးေပါင္း ေဆာင္ရြက္မႈကို အေလးထားေစခ်င္ပါတယ္။ စုေပါင္းၿပီး ေဆာင္ရြက္မွသာ ကၽြန္မတို႔ ေအာင္ျမင္နိုင္မွာပါ။ ကၽြန္မတို႔ အခုဒီႏွစ္ေတြအတြင္းမွာဆိုရင္ ကၽြန္မတို႔ နိုင္ငံတြင္သာမက ကမၻာတစ္ဝန္းလုံးမွာ ေခါင္းေဆာင္မႈနဲ႔ပတ္သက္တဲ့ သင္ၾကားေရး ႏွီးေႏွာဖလွယ္ပြဲေတြ ခဏခဏလုပ္တာကို သတိျပဳမိပါတယ္။ အားလုံးက ေခါင္းေဆာင္ခ်ည္းပဲ လုပ္ခ်င္ၾကတယ္။ လူငယ္ေခါင္းေဆာင္၊ အမ်ိဳးသမီးေခါင္းေဆာင္၊ တိုင္းရင္းသားေခါင္းေဆာင္၊ နိုင္ငံေရး ေခါင္းေဆာင္၊ စီးပြားေရးေခါင္းေဆာင္၊ အားလုံးက ေခါင္းေဆာင္လုပ္ရင္ ဘယ္သူက ေနာက္ကလိုက္မွာလဲ။ အေရးႀကီးတာက စုေပါင္းၿပီး အစုအဖြဲ႕အေနနဲ႔ လုပ္ေဆာင္ဖို႔ပဲ။ အဂၤလိပ္လိုေျပာရင္ Teamwork ပါ။ ဒီလို အစုအဖြဲ႕တစ္ခုအေနနဲ႔လုပ္ရင္ ဦးေဆာင္မႈ ေပးနိုင္တဲ့ လူေတြကသူတို႔အလိုလို သူတို႔ရဲ့ေဆာင္ရြက္ခ်က္အရ ေပၚလာပါမယ္။ ဒါေပမယ့္ ဒီလို ဦးေဆာင္မႈပဲေပးတဲ့ေနရာမွာ တျခားလူေတြနဲ႔ တန္းတူညီတူျဖစ္တယ္ဆိုတာလည္း သူတို႔ သေဘာေပါက္ၿပီးေတာ့မွ ထြက္လာတဲ့ ေခါင္းေဆာင္ေတြမို႔လို႔ ပိုၿပီးေတာ့ ထိေရာက္မယ္၊ ပိုၿပီးေတာ့ နိုင္ငံကို အက်ိဳးျပဳမယ္။ ကၽြန္မတို႔ရဲ့ ျပည္သူလူထုအားလုံးကို အက်ိဳးျပဳနိုင္မွာ ျဖစ္ပါတယ္။
အဲဒါေၾကာင့္ ကၽြန္မတို႔အားလုံးဟာ စုေပါင္းေဆာင္ရြက္တဲ့ စိတ္ဓာတ္ကိုပိုၿပီးေတာ့ ဖြံ႕ၿဖိဳး တိုးတက္ေအာင္ လုပ္ေစခ်င္ပါတယ္။ ကိုယ္တစ္ေယာက္ကပဲ ေရွ႕ကေနမယ္ဆိုတဲ့ စိတ္ဓာတ္နဲ႔ မဟုတ္ဘဲနဲ႔ အားလုံးနဲ႔ပူးေပါင္းေဆာင္ရြက္ျခင္းအားျဖင့္ ကိုယ့္ရဲ႕ အားနည္းခ်က္ေတြဆိုရင္ ျပဳျပင္နိုင္မယ္။ အားသာခ်က္ေတြကို အမ်ားအတြက္သုံးနိုင္မယ္ ဆိုတဲ့ စိတ္ဓာတ္နဲ႔ ဆက္လက္ၿပီးေတာ့ လုပ္ေဆာင္သြားေစခ်င္ပါတယ္။ ဒါေၾကာင့္မို႔ ႏွီးေႏွာ ဖလွယ္ပြဲမွာ ဒီဟာကို ဦးတည္ပါလို႔ ကၽြန္မအေနနဲ႔ ေမတၱာရပ္ခံပါတယ္။ အားလုံးက ပူးေပါင္းၿပီးေတာ့ အဖြဲ႕ အစည္းတစ္ခုအေနနဲ႔ ေဆာင္ရြက္ဖို႔ ကိုယ္တစ္ေယာက္တည္း ေရွ႕ကေနဖို႔ မဟုတ္ဘဲနဲ႔ ကိုယ္တတ္နိုင္တဲ့ ေနရာကေနပံ့ပိုးေပးဖို႔ဒါဟာ ပါေမာကၡခ်ဳပ္မ်ား တင္မက ဆရာဆရာမမ်ား၊ ေက်ာင္းသားမ်ား၊ မိဘမ်ား၊ ျပည္သူမ်ားအားလုံးမွာ တာဝန္ရွိပါတယ္ ေျပာရင္းနဲ႔ နိဂုံးခ်ဳပ္ပါ တယ္” ဟုေျပာၾကားသည္။
ထို႔ေနာက္ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ဳိးသိမ္းႀကီး က တကၠသိုလ္မ်ား က႑စံုဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဆာင္ရြက္ေနမႈမ်ားႏွင့္ စပ္လ်ဥ္း၍ အက်ယ္တဝင့္ ရွင္းလင္းေျပာၾကားသည္။
ယင္းေနာက္ ပါေမာကၡခ်ဳပ္မ်ားေကာ္မတီဥကၠ႒ ေဒါက္တာေဇာ္ေဝစိုးက ပါေမာကၡခ်ဳပ္မ်ား ေကာ္မတီအေနျဖင့္ တကၠသိုလ္မ်ားႏွင့္ ေပါင္းစပ္ညႇိႏိႈင္းေဆာင္ရြက္ေပးခဲ့မႈ အေျခအေန မ်ားႏွင့္စပ္လ်ဥ္း၍ ရွင္းလင္းတင္ျပသည္။
ထို႔ေနာက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္သည္ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္၊ ျပည္ေထာင္စုရာထူးဝန္အဖြဲ႔ဥကၠ႒၊ ေနျပည္ေတာ္ေကာင္စီ ဥကၠ႒၊ ဒုတိယဝန္ႀကီးႏွင့္ တာဝန္ရွိသူမ်ား၊ ပါေမာကၡခ်ဳပ္မ်ား ေကာ္မတီအလုပ္အမႈ ေဆာင္အဖြဲ႔ဝင္မ်ားႏွင့္အတူ မွတ္တမ္းတင္ဓာတ္ပံုရိုက္သည္။
ယင္းေနာက္ တကၠသိုလ္မ်ား ဖြံ႕ၿဖိဳးတိုးတက္မႈ အေကာင္အထည္ေဖာ္ေရး ႏွီးေႏွာဖလွယ္ပြဲကို ဆက္လက္က်င္းပရာ Myanmar British Councilမွ Country Director Dr. Richard Sunderland က National Insitiute for Higher Education Development (NIHED) project စာတမ္းကိုလည္းေကာင္း၊ Central European University မွ Senior Program Manager Mr.Oleksandr Shtokvych က Towards University Autonomy in Myanmar: Policies, Planning and Implementation စာတမ္းကိုလည္းေကာင္း၊ အေျခခံက်န္းမာေရးတကၠသိုလ္(မေကြး) ပါေမာကၡခ်ဳပ္ (အၿငိမ္းစား) ေဒါက္တာထင္ေဇာ္စိုးက ျမန္မာႏိုင္ငံတကၠသိုလ္မ်ား သုေတသနညီလာခံ (၂၀၁၉)ၿပီးစီးမႈႏွင့္ အားသာခ်က္ အားနည္းခ်က္မ်ား စာတမ္းကိုလည္းေကာင္း။
မံုရြာစီးပြားေရးတကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာစိုးဝင္း က ျမန္မာႏိုင္ငံ တကၠသိုလ္မ်ား၏ ဘ႑ာေရးစနစ္ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈ စာတမ္းကိုလည္းေကာင္း၊ အဆင့္ျမင့္ပညာဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသိန္းဝင္းက တကၠသိုလ္၊ ဒီဂရီ ေကာလိပ္၊ ေကာလိပ္မ်ားတြင္ e-Payment စနစ္ က်ယ္ျပန္႕စြာ အသံုးျပဳႏိုင္ေရး စာတမ္းကို လည္းေကာင္း၊ ရန္ကုန္ကြန္ပ်ဴတာတကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာမီမီသက္လြင္က ICT လုပ္ငန္းေကာ္မတီ၏ လုပ္ငန္းစဥ္မ်ားႏွင့္ ညႇိႏိႈင္းေဆာင္ရြက္ေနမႈ စာတမ္းကို လည္းေကာင္း၊ စစ္ကိုင္းပညာေရးတကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာေစာၿပံဳးႏိုင္ က ပညာေရးေကာလိပ္မ်ားရွိ (၂)ႏွစ္သင္တန္း အစီအစဥ္မ်ားကို (၄)ႏွစ္သင္ပညာေရး အထူးျပဳ ဘြဲ႕အစီအစဥ္မ်ားသို႔ အဆင့္ျမႇင့္တင္ျခင္း စာတမ္းကိုလည္းေကာင္း၊ ရန္ကုန္ႏိုင္ငံျခား ဘာသာတကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာၾကည္ရႊင္က Good Practice Guidelines of University Governance and Management စာတမ္းကိုလည္းေကာင္း၊ မႏၲေလး အေဝးသင္တကၠသိုလ္ ဒုတိယပါေမာကၡခ်ဳပ္ ေဒါက္တာေအာင္ႏိုင္စိုးက အေဝးသင္ အနီးကပ္သင္တန္းမ်ား ျပဳျပင္ေျပာင္းလဲေရးစာတမ္းကိုလည္းေကာင္း၊ ရန္ကုန္အေနာက္ ပိုင္းတကၠသိုလ္ ဓာတုေဗဒဌာန တြဲဖက္ပါေမာကၡ ေဒါက္တာမ်ဳိးမင္းက အဆင့္ျမင့္ပညာ က႑ရွိ ဆရာဆရာမမ်ား၏ လူမႈဘဝအခက္အခဲမ်ားႏွင့္ ေျဖရွင္းႏိုင္မည့္ နည္းလမ္းမ်ား စာတမ္းကိုလည္းေကာင္း ဖတ္ၾကားၾကရာ တက္ေရာက္လာၾကသူမ်ားကျပန္လည္ ေဆြးေႏြးၾကသည္။
ယခု ႏွီးေႏွာဖလွယ္ပြဲကို ေအာက္တိုဘာ ၁၇ ရက္တြင္ ဆက္လက္က်င္းပသြားမည္ ျဖစ္ၿပီး စာတမ္းရွင္(၈)ဦးမွ စာတမ္း(၈)ေစာင္ကို ျမန္မာႏိုင္ငံရွိ တကၠသုိလ္မ်ား က႑စံု ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဖတ္ၾကားေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ယခုအခါ ျမန္မာႏိုင္ငံတြင္ ဝန္ႀကီးဌာန (၈)ခုေအာက္၌ တကၠသိုလ္ေပါင္း (၁၇၄)ခု ဖြင့္လွစ္ထားရွိၿပီး တကၠသိုလ္ (၁၆၄)ခုမွာ ပါေမာကၡခ်ဳပ္မ်ားေကာ္မတီတြင္အဖြဲ႔ဝင္ အျဖစ္ ပါဝင္ပူးေပါင္းေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
(Zawgyi Version)