ရန်ကုန် နိုဝင်ဘာ ၂၇
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ ရောက်ရှိကြ ပြီး စာကြည့်တိုက်အဆောက်အဦ ပြင်ဆင်မွမ်းမံ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
နိုင်ငံတော်သမ္မတအား ရှင်းလင်းဆောင်၌ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အဆောက်အဦ ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဘဏ္ဍာငွေရရှိမှု၊ အဆောက်အဦ မွမ်းမံပြင်ဆင်ခြင်းအတွက် ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ခဲ့သည့် တည်ဆောက်ရေးလုပ်ငန်းများ၊ Digital Library and Library Automation နှင့် ဆက်စပ်လုပ်ငန်းများအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တင်ဒါ ခေါ်ယူ ဆောင်ရွက်သည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
နိုင်ငံတော်သမ္မတက တင်ပြချက်များနှင့်စပ်လျဉ်း၍ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)အား နိုင်ငံသူနိုင်ငံသား လူတန်းစားအလွှာအသီးသီး အသုံးချနိုင်ရေးအတွက် ဦးတည်၍ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် စာကြည့်တိုက်ကို အများပြည်သူ အလွယ်တကူ သွားလာနိုင်သော ရန်ကုန်မြို့လယ်နေရာကို ရွေးချယ်သတ်မှတ်ပေးခဲ့ ခြင်း ဖြစ်ပါကြောင်း၊ အများပြည်သူ အကြားအမြင်၊ ဗဟုသုတ၊ အတွေးအခေါ်များ မြင့်မားလာစေခြင်းဖြင့် နိုင်ငံတော်အတွက်လည်း အကျိုးရှိလာမည် ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စံချိန်စံညွှန်းမီအောင် ဆောင်ရွက်ရန် နှင့်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီ များကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ငွေကြေးကုန်ကျ သလောက် အကျိုးဖြစ်ထွန်းစေလိုပါကြောင်း၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ပြောင်းရွှေ့ဖွင့်လှစ်သည့်နေရာနှင့် စာကြည့်တိုက်အား အသုံးချနိုင်သည့် အခြေအနေ များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန် သိရှိပြီး ပညာရှင်အသီးသီးက ရှုထောင့် အသီးသီးမှ လာရောက်လေ့လာ မှတ်သားအသုံးချခြင်းဖြင့် နိုင်ငံတော်အတွက် အကျိုး ရှိစေမည် ဖြစ်ပါကြောင်း၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ကို စာကြည့်တိုက် အင်္ဂါ ရပ်နှင့် လျော်ညီအောင် ဆောင်ရွက်ထားသည့်အပြင် ခေတ်မီအောင် တည်ဆောက် ထား သည်ကိုလည်း တွေ့ရပါကြောင်း၊ သတ်မှတ်သည့် ကာလအတွင်း အချိန်မီပြီးစီး အောင် အထူးဂရုပြု ဆောင်ရွက်စေလိုပါကြောင်း၊ တာဝန်ရှိသူများအားလုံးက တိုင်းပြည် အပေါ် စေတနာထားပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း မှာကြားသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာချုပ် ဦးမျိုးမြင့်က အမျိုးသား စာကြည့်တိုက်(ရန်ကုန်) မွမ်းမံပြင်ဆင်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး မြန်မာ နိုင်ငံစာကြည့်တိုက်အသင်းဥက္ကဋ္ဌ ဒေါ်ဝင်း၊ ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မို့မို့လွင်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ဒေါ်နီလာကျော် တို့က စာကြည့်တိုက်အတွက် လိုအပ်ချက်များ၊ ရှေးဟောင်းအဆောက်အအုံများအား ရှေးမူမပျက် ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် လိုအပ်သည်များကို ဖြည့်စွက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် အဆောက်အဦအတွင်း ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်ထားမှုနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး သည်။
ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)တွင် စာကြည့်တိုက်သုံး ပရိဘောဂများ၊ စက်ပစ္စည်းများအား သတ်မှတ်နေရာများတွင် ထည့် သွင်းတပ်ဆင်ခြင်း၊ နေရာချထားခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိပြီးဖြစ်ကာ E- Library နှင့် ဆက်စပ်လုပ်ငန်းများအား System တစ်ခုလုံး လည်ပတ်နိုင်ရေးအတွက် Library Management System ပိုင်းအား အသေးစိတ်စမ်းသပ်စစ်ဆေးခြင်း၊ Data Entry သွင်းခြင်း၊ E-Book (PDF)များကို System တွင် ချိတ်ဆက်ခြင်းများ ဆောင်ရွက် လျက်ရှိသည့်အပြင် ရှားပါးစာအုပ် စာနယ်ဇင်း (၄၂၃၈၃)အုပ်/စောင်၊ စာအုပ်စာနယ်ဇင်း (၃၈၀၈၃) အုပ်/စောင်၊ ပေ (၂၄၆၇)ထုတ်တို့ကို ရွှေ့ပြောင်းထားရှိပြီး ကျန်ရှိသော စာပေပစ္စည်းများ ဆက်လက်ပြောင်းရွှေ့လျက်ရှိကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းရှိ စာပေဗိမာန်သို့ ရောက်ရှိကြရာ စာပေဗိမာန်ခန်းမ၌ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က စာပေဗိမာန်၏ နောက်ခံသမိုင်း၊ ရည်ရွယ်ချက်၊ ဆောင်ပုဒ်၊ အုပ်ချုပ်မှုကောင်စီအဖွဲ့ ဖွဲ့စည်းခဲ့ခြင်း၊ စာအုပ်စာစောင်များ ထုတ်ဝေမှု အခြေအနေ၊ စာပေဗိမာန်က ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ စာပေဆုများ ချီးမြှင့်ခြင်း၊ စာအုပ်ဈေးပွဲတော်များ ကျင်းပခြင်း၊ စာပေဗိမာန်စာအုပ်အသင်း ဖွဲ့စည်းခြင်း၊ မြန်မာ့ စွယ်စုံကျမ်း တွဲသစ်များထုတ်ဝေခြင်း၊ မြန်မာဂန္ထဝင်အတွဲ (၁၀၀)စာစဉ် ထုတ်ဝေခြင်း၊ စာတမ်းဖတ်ပွဲများ ကျင်းပခြင်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
နိုင်ငံတော်သမ္မတက တင်ပြချက်များနှင့်စပ်လျဉ်း၍ စာပေဗိမာန်သည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အမြော်အမြင်ကြီးမားမှုကြောင့် ပေါ်ပေါက် လာခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် စာပေမြင့်မှ လူမျိုးတင့်မည် ဖြစ်ပါကြောင်း၊ ထို့အတူ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်မည်ဖြစ်ပါကြောင်း၊ စာပေဗိမာန်၏ ဆောင်ပုဒ်ဖြစ်သည့် အမှောင်ခွင်း၍ အလင်း ဆောင်အံ့ဆိုသည့်အတိုင်း လက်တွေ့အကောင်အထည်ဖော်စေလိုပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားများကို စာများများ ဖတ်စေလိုပါကြောင်း၊ ပြည်သူများ စာများများဖတ်မှ တွေးအခေါ် အမြော်အမြင် အသိဉာဏ်ပညာများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့် အတွက် မိမိတို့နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအတွက်လည်း များစွာအထောက်အပံ့ ဖြစ်လာမည်ဖြစ်ပါကြောင်း။
မြန်မာ့စွယ်စုံကျမ်းပါ အကြောင်းအရာ အချက်အလက်များသည် ယခုတိုင် အထောက်အထားပြု ကိုးကားနေရဆဲဖြစ်ပါကြောင်း၊ ယင်းကျမ်းကို ခေတ်နှင့် လျော်ညီ အောင် ပြင်ဆင်ဖြည့်စွက် ထုတ်ဝေမည်ဆိုသည်ကို ကြိုဆိုပါကြောင်း၊ ကျမ်းပြုစုသူ များနှင့် သုတေသန ပညာရှင်များအတွက် စာပေဗိမာန်တွင် အထောက်အထားများရှိ သည်ကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေလိုပါကြောင်း၊ စာပေဗိမာန် အသင်းဝင် အရေအတွက်ကို ယခုထက် ပိုမိုတိုးတက်စေလိုပါကြောင်း မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က အထိမ်းအမှတ် လက်ဆောင်နှင့် စာအုပ်လက်ဆောင်များကို ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် စာပေဗိမာန်ခန်းမအတွင်း ခင်းကျင်းပြသ ထားသည့် စာပေဗိမာန်၏ သမိုင်းကြောင်းနှင့် စာပေပညာရှင်ကြီးများ၏ ဓာတ်ပုံများ၊ စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်၊ e-Library နှင့် စာပေဗိမာန် စာအုပ်အရောင်း ဆိုင်တို့ကို လှည့်လည်ကြည့်ရှုသည်။
စာပေဗိမာန်သည် ရွှေသွေးဂျာနယ်(အပတ်စဉ်)၊ သုတပဒေသာစာစောင်(လစဉ်)၊ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်(နှစ်စဉ်) ထုတ်ဝေခြင်းနှင့် စာပေဗိမာန်ဆုရစာမူများကို ပြည်သူ့ လက်စွဲစာအုပ်အဖြစ် ထုတ်ဝေခြင်း၊ ပြည်သူ့စာကြည့်တိုက်၊ ကလေးစာကြည့်တိုက်၊ e-library များ ဖွင့်လှစ်ခြင်း၊ မြန်မာ့စွယ်စုံကျမ်း ၁၅ တွဲကို အသစ်ပြန်လည် ဖြည့်စွက် တည်းဖြတ် ထုတ်ဝေရန် ဆောင်ရွက်ခြင်း၊ မြန်မာဂန္ထဝင်အတွဲ ၁၀၀ စာစဉ်များ ထုတ်ဝေ ခြင်း၊ စာပေပညာရှင်များ၊ စာပေဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စာပေဖွံ့ဖြိုး ရေး လုပ်ငန်းများတွင်ပါဝင်ခြင်း၊ စာပေဗိမာန် စာအုပ်အသင်းထားရှိခြင်းတို့ကို ဆောင် ရွက်လျက်ရှိသည်။
စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်(ရန်ကုန်)ရှိ ပင်မစာဖတ်ခန်းတွင် စာဖတ်သူ များ စာပေအသိဉာဏ် ရင့်သန်စေရန်အတွက် မြန်မာစာအုပ် ၅၅၀၈၁ အုပ်နှင့် အင်္ဂလိပ် စာအုပ် ၁၂၃၁၇ အုပ် စုစုပေါင်း ၆၇၀၀၀ ကျော်ထားရှိပြီး စာဖတ်သူများအား ဝန်ဆောင် မှုပေးလျက်ရှိသည့်အပြင် ရည်ညွှန်းစာဖတ်ခန်းတွင် ကျမ်းပြုပညာရှင်များ၊ သုတေသန ကျမ်းပြုသူများ၊ စာပေပညာရှင်များအတွက် အကိုးအကား၊ အထောက်အကူ ပြုနိုင်ရန် ရည်ညွှန်းမြန်မာစာအုပ် ၆၂၂၈ အုပ်၊ အင်္ဂလိပ်စာအုပ် ၅၄၇၆ အုပ် စုစုပေါင်း ၁၁၀၀၀ ကျော်ထားရှိပြီး မှီငြမ်းကိုးကားသူများအား ဝန်ဆောင်မှုပေးလျက်ရှိကာ e – Library ခန်းတွင် e – Book စာအုပ်အဖြစ် မြန်မာစာအုပ် ၂၅၉၁၈ အုပ်နှင့် အင်္ဂလိပ်စာအုပ် ၈၉၈ အုပ်စုစုပေါင်း ၂၆၀၀၀ ကျော်ရှိပြီး တပ်ဆင်ပေးထားသော ကွန်ပျူတာနက်ဝပ် နည်းပညာ အသုံးပြု၍ စာဖတ်သူများ e – Catalogue ဖြင့် စာအုပ်ရှာဖွေခြင်း၊ စာအုပ်ဖတ်ရှုခြင်းများ ပြုနိုင်ရန်အတွက် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
(Unicode Version)
—————————————————————————————————————————————-
ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ အမ်ဳိးသားစာၾကည့္တိုက္(ရန္ကုန္)အေဆာက္အဦ ျပင္ဆင္မြမ္းမံ ေဆာင္႐ြက္ၿပီးစီးမႈႏွင့္ စာေပဗိမာန္၏ လုပ္ငန္း ေဆာင္ရြက္မႈ အေျခအေနမ်ားအား ၾကည့္႐ႈစစ္ေဆး
ရန္ကုန္ ႏုိ၀င္ဘာ ၂၇
ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္သည္ ယေန႔ မြန္းလြဲပိုင္းတြင္ ျပည္ေထာင္စုဝန္ႀကီး မ်ားျဖစ္ၾကသည့္ ေဒါက္တာေဖျမင့္၊ သူရဦးေအာင္ကို၊ ေဒါက္တာမ်ဳိးသိမ္းႀကီး၊ ရန္ကုန္ တိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္း၊ ဒုတိယဝန္ႀကီး ဦးေအာင္လွထြန္း၊ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝန္ႀကီးမ်ား၊ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားႏွင့္အတူ ရန္ကုန္ၿမိဳ႕ ပန္းဘဲတန္းၿမိဳ႕နယ္ ကုန္သည္လမ္းရွိ အမ်ဳိးသားစာၾကည့္တိုက္(ရန္ကုန္)သို႔ ေရာက္ရွိၾက ၿပီး စာၾကည့္တိုက္အေဆာက္အဦ ျပင္ဆင္မြမ္းမံ ေဆာင္႐ြက္ၿပီးစီးမႈ အေျခအေနကို ၾကည့္႐ႈစစ္ေဆးသည္။
ႏိုင္ငံေတာ္သမၼတအား ရွင္းလင္းေဆာင္၌ သာသနာေရးႏွင့္ယဥ္ေက်းမႈ ဝန္ႀကီး ဌာန ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုက အမ်ဳိးသားစာၾကည့္တိုက္(ရန္ကုန္) အေဆာက္အဦ ျပင္ဆင္မြမ္းမံျခင္းလုပ္ငန္း ေဆာင္ရြက္ေနမႈႏွင့္ ဘ႑ာေငြရရွိမႈ၊ အေဆာက္အဦ မြမ္းမံျပင္ဆင္ျခင္းအတြက္ ဘ႑ာေရးႏွစ္အလိုက္ ေဆာင္ရြက္ခဲ့သည့္ တည္ေဆာက္ေရးလုပ္ငန္းမ်ား၊ Digital Library and Library Automation ႏွင့္ ဆက္စပ္လုပ္ငန္းမ်ားအတြက္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ ႀကီးၾကပ္မႈျဖင့္ တင္ဒါ ေခၚယူ ေဆာင္ရြက္သည့္ လုပ္ငန္းမ်ားႏွင့္စပ္လ်ဥ္း၍ ရွင္းလင္း တင္ျပသည္။
ႏိုင္ငံေတာ္သမၼတက တင္ျပခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ အမ်ဳိးသားစာၾကည့္တိုက္ (ရန္ကုန္)အား ႏိုင္ငံသူႏိုင္ငံသား လူတန္းစားအလႊာအသီးသီး အသံုးခ်ႏိုင္ေရးအတြက္ ဦးတည္၍ ေဆာင္ရြက္ေနျခင္းျဖစ္ပါေၾကာင္း၊ ထို႔ေၾကာင့္ စာၾကည့္တိုက္ကို အမ်ားျပည္သူ အလြယ္တကူ သြားလာႏိုင္ေသာ ရန္ကုန္ၿမိဳ႕လယ္ေနရာကို ေရြးခ်ယ္သတ္မွတ္ေပးခဲ့ ျခင္း ျဖစ္ပါေၾကာင္း၊ အမ်ားျပည္သူ အၾကားအျမင္၊ ဗဟုသုတ၊ အေတြးအေခၚမ်ား ျမင့္မားလာေစျခင္းျဖင့္ ႏိုင္ငံေတာ္အတြက္လည္း အက်ဳိးရွိလာမည္ ျဖစ္ပါေၾကာင္း၊ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ စံခ်ိန္စံၫႊန္းမီေအာင္ ေဆာင္ရြက္ရန္ ႏွင့္ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕အေနျဖင့္လည္း တင္ဒါေအာင္ျမင္သည့္ ကုမၸဏီ မ်ားကို စနစ္တက် ႀကီးၾကပ္ေဆာင္ရြက္သြားရန္ လိုအပ္ပါေၾကာင္း၊ ေငြေၾကးကုန္က် သေလာက္ အက်ဳိးျဖစ္ထြန္းေစလိုပါေၾကာင္း၊ အမ်ဳိးသားစာၾကည့္တိုက္(ရန္ကုန္) ေျပာင္းေရႊ႕ဖြင့္လွစ္သည့္ေနရာႏွင့္ စာၾကည့္တိုက္အား အသံုးခ်ႏိုင္သည့္ အေျခအေန မ်ားကို ျပည္သူမ်ား က်ယ္က်ယ္ျပန္႔ျပန္ သိရွိၿပီး ပညာရွင္အသီးသီးက ႐ႈေထာင့္ အသီးသီးမွ လာေရာက္ေလ့လာ မွတ္သားအသံုးခ်ျခင္းျဖင့္ ႏိုင္ငံေတာ္အတြက္ အက်ဳိး ရွိေစမည္ ျဖစ္ပါေၾကာင္း၊ အမ်ဳိးသားစာၾကည့္တိုက္(ရန္ကုန္)ကို စာၾကည့္တိုက္ အဂၤါ ရပ္ႏွင့္ ေလ်ာ္ညီေအာင္ ေဆာင္ရြက္ထားသည့္အျပင္ ေခတ္မီေအာင္ တည္ေဆာက္ ထား သည္ကိုလည္း ေတြ႕ရပါေၾကာင္း၊ သတ္မွတ္သည့္ ကာလအတြင္း အခ်ိန္မီၿပီးစီး ေအာင္ အထူးဂ႐ုျပဳ ေဆာင္ရြက္ေစလိုပါေၾကာင္း၊ တာဝန္ရွိသူမ်ားအားလံုးက တိုင္းျပည္ အေပၚ ေစတနာထားၿပီး ဝိုင္း၀န္းပူးေပါင္း ေဆာင္ရြက္ေပးၾကေစလိုပါေၾကာင္း မွာၾကားသည္။
ထို႔ေနာက္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန အင္ဂ်င္နီယာခ်ဳပ္ ဦးမ်ဳိးျမင့္က အမ်ဳိးသား စာၾကည့္တိုက္(ရန္ကုန္) မြမ္းမံျပင္ဆင္မႈ အေျခအေနမ်ားကို ရွင္းလင္းတင္ျပၿပီး ျမန္မာ ႏိုင္ငံစာၾကည့္တိုက္အသင္းဥကၠ႒ ေဒၚဝင္း၊ ရန္ကုန္ၿမိဳ႕ျပ အေမြအႏွစ္ထိန္းသိမ္းေစာင့္ ေရွာက္ေရးအဖြဲ႕ဥကၠ႒ ေဒၚမို႔မို႔လြင္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီး ေဒၚနီလာေက်ာ္ တို႔က စာၾကည့္တိုက္အတြက္ လိုအပ္ခ်က္မ်ား၊ ေရွးေဟာင္းအေဆာက္အအံုမ်ားအား ေရွးမူမပ်က္ ထိန္းသိမ္းေစာင့္ေရွာက္ေရး ဆိုင္ရာကိစၥရပ္မ်ားႏွင့္ လိုအပ္သည္မ်ားကို ျဖည့္စြက္ ရွင္းလင္းတင္ျပၾကသည္။
ထို႔ေနာက္ ႏိုင္ငံေတာ္သမၼတသည္ အေဆာက္အဦအတြင္း ျပင္ဆင္မြမ္းမံျခင္း လုပ္ငန္းမ်ား ေဆာင္ရြက္ထားမႈႏွင့္ လုပ္ငန္းၿပီးစီးမႈ အေျခအေနတို႔ကို ၾကည့္႐ႈစစ္ေဆး သည္။
ပန္းဘဲတန္းၿမိဳ႕နယ္ ကုန္သည္လမ္းရွိ အမ်ဳိးသားစာၾကည့္တုိက္ (ရန္ကုန္)တြင္ စာၾကည့္တိုက္သံုး ပရိေဘာဂမ်ား၊ စက္ပစၥည္းမ်ားအား သတ္မွတ္ေနရာမ်ားတြင္ ထည့္ သြင္းတပ္ဆင္ျခင္း၊ ေနရာခ်ထားျခင္း လုပ္ငန္းမ်ား ေဆာင္ရြက္ထားရွိၿပီးျဖစ္ကာ E- Library ႏွင့္ ဆက္စပ္လုပ္ငန္းမ်ားအား System တစ္ခုလံုး လည္ပတ္ႏိုင္ေရးအတြက္ Library Management System ပိုင္းအား အေသးစိတ္စမ္းသပ္စစ္ေဆးျခင္း၊ Data Entry သြင္းျခင္း၊ E-Book (PDF)မ်ားကို System တြင္ ခ်ိတ္ဆက္ျခင္းမ်ား ေဆာင္ရြက္ လ်က္ရွိသည့္အျပင္ ရွားပါးစာအုပ္ စာနယ္ဇင္း (၄၂၃၈၃)အုပ္/ေစာင္၊ စာအုပ္စာနယ္ဇင္း (၃၈၀၈၃) အုပ္/ေစာင္၊ ေပ (၂၄၆၇)ထုတ္တို႔ကို ေရြႊ႕ေျပာင္းထားရွိၿပီး က်န္ရွိေသာ စာေပပစၥည္းမ်ား ဆက္လက္ေျပာင္းေရႊ႕လ်က္ရွိေၾကာင္း သိရသည္။
ယင္းေနာက္ ႏိုင္ငံေတာ္သမၼတသည္ ပန္းဘဲတန္းၿမိဳ႕နယ္ ကုန္သည္လမ္းရွိ စာေပဗိမာန္သို႔ ေရာက္ရွိၾကရာ စာေပဗိမာန္ခန္းမ၌ ပံုႏွိပ္ေရးႏွင့္ထုတ္ေဝေရးဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေအာင္မ်ဳိးျမင့္က စာေပဗိမာန္၏ ေနာက္ခံသမိုင္း၊ ရည္ရြယ္ခ်က္၊ ေဆာင္ပုဒ္၊ အုပ္ခ်ဳပ္မႈေကာင္စီအဖြဲ႕ ဖြဲ႕စည္းခဲ့ျခင္း၊ စာအုပ္စာေစာင္မ်ား ထုတ္ေဝမႈ အေျခအေန၊ စာေပဗိမာန္က ေဆာင္ရြက္ေနသည့္လုပ္ငန္းမ်ား၊ စာေပဆုမ်ား ခ်ီးျမႇင့္ျခင္း၊ စာအုပ္ေစ်းပြဲေတာ္မ်ား က်င္းပျခင္း၊ စာေပဗိမာန္စာအုပ္အသင္း ဖြဲ႕စည္းျခင္း၊ ျမန္မာ့ စြယ္စံုက်မ္း တြဲသစ္မ်ားထုတ္ေဝျခင္း၊ ျမန္မာဂႏၴဝင္အတြဲ (၁၀၀)စာစဥ္ ထုတ္ေဝျခင္း၊ စာတမ္းဖတ္ပြဲမ်ား က်င္းပျခင္းတို႔ႏွင့္စပ္လ်ဥ္း၍ ရွင္းလင္းတင္ျပၿပီး ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေဖျမင့္က ျဖည့္စြက္ရွင္းလင္းတင္ျပသည္။
ႏိုင္ငံေတာ္သမၼတက တင္ျပခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ စာေပဗိမာန္သည္ အမ်ဳိးသား ေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ အေျမာ္အျမင္ႀကီးမားမႈေၾကာင့္ ေပၚေပါက္ လာျခင္းျဖစ္ပါေၾကာင္း၊ ႏိုင္ငံတစ္ႏိုင္ငံတြင္ စာေပျမင့္မွ လူမ်ဳိးတင့္မည္ ျဖစ္ပါေၾကာင္း၊ ထို႔အတူ သုေတသနလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္မွ တိုင္းျပည္ဖြံ႕ၿဖိဳးတိုး တက္မည္ျဖစ္ပါေၾကာင္း၊ စာေပဗိမာန္၏ ေဆာင္ပုဒ္ျဖစ္သည့္ အေမွာင္ခြင္း၍ အလင္း ေဆာင္အံ့ဆိုသည့္အတိုင္း လက္ေတြ႕အေကာင္အထည္ေဖာ္ေစလိုပါေၾကာင္း၊ ႏိုင္ငံသူ ႏိုင္ငံသားမ်ားကို စာမ်ားမ်ား ဖတ္ေစလိုပါေၾကာင္း၊ ျပည္သူမ်ား စာမ်ားမ်ားဖတ္မွ ေတြးအေခၚ အေျမာ္အျမင္ အသိဉာဏ္ပညာမ်ား ဖြံ႕ၿဖိဳးတိုးတက္လာမည္ျဖစ္သည့္ အတြက္ မိမိတို႔ႏိုင္ငံ၏ ျပဳျပင္ေျပာင္းလဲေရးအတြက္လည္း မ်ားစြာအေထာက္အပံ့ ျဖစ္လာမည္ျဖစ္ပါေၾကာင္း။
ျမန္မာ့စြယ္စံုက်မ္းပါ အေၾကာင္းအရာ အခ်က္အလက္မ်ားသည္ ယခုတိုင္ အေထာက္အထားျပဳ ကိုးကားေနရဆဲျဖစ္ပါေၾကာင္း၊ ယင္းက်မ္းကို ေခတ္ႏွင့္ ေလ်ာ္ညီ ေအာင္ ျပင္ဆင္ျဖည့္စြက္ ထုတ္ေဝမည္ဆိုသည္ကို ႀကိဳဆိုပါေၾကာင္း၊ က်မ္းျပဳစုသူ မ်ားႏွင့္ သုေတသန ပညာရွင္မ်ားအတြက္ စာေပဗိမာန္တြင္ အေထာက္အထားမ်ားရွိ သည္ကို ျပည္သူလူထုအတြင္း က်ယ္က်ယ္ျပန္႔ျပန္႔ သိရွိေစလိုပါေၾကာင္း၊ စာေပဗိမာန္ အသင္းဝင္ အေရအတြက္ကို ယခုထက္ ပိုမိုတိုးတက္ေစလိုပါေၾကာင္း မွာၾကားသည္။
ထို႔ေနာက္ ႏိုင္ငံေတာ္သမၼတထံ ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး က အထိမ္းအမွတ္ လက္ေဆာင္ႏွင့္ စာအုပ္လက္ေဆာင္မ်ားကို ေပးအပ္သည္။
ယင္းေနာက္ ႏိုင္ငံေတာ္သမၼတသည္ စာေပဗိမာန္ခန္းမအတြင္း ခင္းက်င္းျပသ ထားသည့္ စာေပဗိမာန္၏ သမိုင္းေၾကာင္းႏွင့္ စာေပပညာရွင္ႀကီးမ်ား၏ ဓာတ္ပံုမ်ား၊ စာေပဗိမာန္ ျပည္သူ႔စာၾကည့္တိုက္၊ e-Library ႏွင့္ စာေပဗိမာန္ စာအုပ္အေရာင္း ဆိုင္တို႔ကို လွည့္လည္ၾကည့္႐ႈသည္။
စာေပဗိမာန္သည္ ေ႐ႊေသြးဂ်ာနယ္(အပတ္စဥ္)၊ သုတပေဒသာစာေစာင္(လစဥ္)၊ ျမန္မာ့စြယ္စုံက်မ္းႏွစ္ခ်ဳပ္(ႏွစ္စဥ္) ထုတ္ေဝျခင္းႏွင့္ စာေပဗိမာန္ဆုရစာမူမ်ားကို ျပည္သူ႔ လက္စြဲစာအုပ္အျဖစ္ ထုတ္ေဝျခင္း၊ ျပည္သူ႔စာၾကည့္တိုက္၊ ကေလးစာၾကည့္တိုက္၊ e-library မ်ား ဖြင့္လွစ္ျခင္း၊ ျမန္မာ့စြယ္စုံက်မ္း ၁၅ တြဲကို အသစ္ျပန္လည္ ျဖည့္စြက္ တည္းျဖတ္ ထုတ္ေဝရန္ ေဆာင္႐ြက္ျခင္း၊ ျမန္မာဂႏၴဝင္အတြဲ ၁၀၀ စာစဥ္မ်ား ထုတ္ေဝ ျခင္း၊ စာေပပညာရွင္မ်ား၊ စာေပဆိုင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္း၍ စာေပဖြံ႕ၿဖိဳး ေရး လုပ္ငန္းမ်ားတြင္ပါဝင္ျခင္း၊ စာေပဗိမာန္ စာအုပ္အသင္းထားရွိျခင္းတို႔ကို ေဆာင္ ႐ြက္လ်က္ရွိသည္။
စာေပဗိမာန္ျပည္သူ႔စာၾကည့္တိုက္(ရန္ကုန္)ရွိ ပင္မစာဖတ္ခန္းတြင္ စာဖတ္သူ မ်ား စာေပအသိဉာဏ္ ရင့္သန္ေစရန္အတြက္ ျမန္မာစာအုပ္ ၅၅၀၈၁ အုပ္ႏွင့္ အဂၤလိပ္ စာအုပ္ ၁၂၃၁၇ အုပ္ စုစုေပါင္း ၆၇၀၀၀ ေက်ာ္ထားရွိၿပီး စာဖတ္သူမ်ားအား ဝန္ေဆာင္ မႈေပးလ်က္ရွိသည့္အျပင္ ရည္ၫႊန္းစာဖတ္ခန္းတြင္ က်မ္းျပဳပညာရွင္မ်ား၊ သုေတသန က်မ္းျပဳသူမ်ား၊ စာေပပညာရွင္မ်ားအတြက္ အကိုးအကား၊ အေထာက္အကူ ျပဳႏိုင္ရန္ ရည္ၫႊန္းျမန္မာစာအုပ္ ၆၂၂၈ အုပ္၊ အဂၤလိပ္စာအုပ္ ၅၄၇၆ အုပ္ စုစုေပါင္း ၁၁၀၀၀ ေက်ာ္ထားရွိၿပီး မွီျငမ္းကိုးကားသူမ်ားအား ဝန္ေဆာင္မႈေပးလ်က္ရွိကာ e – Library ခန္းတြင္ e – Book စာအုပ္အျဖစ္ ျမန္မာစာအုပ္ ၂၅၉၁၈ အုပ္ႏွင့္ အဂၤလိပ္စာအုပ္ ၈၉၈ အုပ္စုစုေပါင္း ၂၆၀၀၀ ေက်ာ္ရွိၿပီး တပ္ဆင္ေပးထားေသာ ကြန္ပ်ဴတာနက္ဝပ္ နည္းပညာ အသံုးျပဳ၍ စာဖတ္သူမ်ား e – Catalogue ျဖင့္ စာအုပ္ရွာေဖြျခင္း၊ စာအုပ္ဖတ္႐ႈျခင္းမ်ား ျပဳႏိုင္ရန္အတြက္ ဝန္ေဆာင္မႈေပးလ်က္ရွိေၾကာင္း သိရသည္။
(Zawgyi Version)