ေနျပည္ေတာ္ ဇူလိုင္ ၃၁
ဂ်ပန္နိုင္ငံ၊ ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာ တာရိုခိုနို သည္ ယေန႔တြင္ ျမန္မာနိုင္ငံသို႔ တစ္ရက္တာခရီး လာေရာက္သည္။
ခရီးစဥ္အတြင္း နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ နိုင္ငံျခားေရးဝန္ၾကီးဌာန ျပည္ေထာင္စုဝန္ၾကီး ေဒၚေအာင္ဆန္းစုၾကည္သည္ ဂ်ပန္နိုင္ငံ၊ နိုင္ငံျခားေရး ဝန္ၾကီး မစၥတာ တာရိုခိုနို အား နံနက္ ၁၁ နာရီတြင္ ေနျပည္ေတာ္ရိွ နိုင္ငံျခားေရးဝန္ၾကီးဌာန၌ လက္ခံေတြ႔ဆံုသည္။
ေတြ႕ဆံုစဥ္ ႏွစ္ႏိုင္ငံအကိ်ဳးတူဆိုင္ရာကိစၥရပ္မ်ား၊ ျမန္မာနိုင္ငံ၏ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးတြင္ ဆက္လက္ကူညီသြားေရး၊ ျမန္မာနိုင္ငံအစိုးရ၏ ရခိုင္အေရးကိစၥတြင္ ၾကံဳေတြ႔ေနရသည့္ စိန္ေခၚမႈမ်ားကို ဝိုင္းဝန္းကူညီသြားေရးနွင့္ ျမန္မာနိုင္ငံ၏ ျငိမ္းခ်မ္းေရးနွင့္ အမိ်ဳးသားျပန္လည္ သင့္ျမတ္ေရး လုပ္ငန္းစဥ္ကို ျမန္ဆန္ေစေရးအတြက္ ျမန္မာနိုင္ငံ အမိ်ဳးသား ျပန္လည္သင့္ျမတ္ေရး ဆိုင္ရာ ဂ်ပန္ႏိုင္ငံအစိုးရ၏ အထူးကိုယ္စားလွယ္နွင့္ နိပြန္ေဖာင္ေဒးရွင္း ဥကၠ႒ မစၥတာရိုေဟးဆာဆာကာဝါနွင့္အတူ ပူးေပါင္းကူညီသြားေရး၊ ဂ်ပန္ႏိုင္ငံမွ ျမန္မာႏိုင္ငံကို အကူအညီေပးရန္ သေဘာတူ ထားသည့္ ကိစၥရပ္မ်ားနွင့္ စပ္လ်ဥ္း၍ ေဆြးေႏြးခဲ့ၾကသည္။
ယင္းေနာက္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္နွင့္ ဂ်ပန္နိုင္ငံျခားေရး ဝန္ၾကီးတို႔သည္ နွစ္နိုင္ငံ ပူးတဲြသတင္းစာရွင္းလင္းပဲြတစ္ရပ္ကို နိုင္ငံျခားေရး ဝန္ၾကီးဌာန၌ က်င္းပသည္။
ဆက္လက္၍ နိုင္ငံေတာ္အတိုင္ပင္ခံရံုးဝန္ၾကီးဌာန ျပည္ေထာင္စုဝန္ၾကီး ဦးေက်ာ္တင့္ေဆြက ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာ တာရိုခိုနို ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖဲြ႔အား Hilton ဟိုတယ္တြင္ ေန႔လယ္စာျဖင့္ တည္ခင္း ဧည့္ခံခဲ့သည္။
Zawgyi Version
————————————————————————————————————————————
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုခိုနို အား လက်ခံတွေ့ဆုံ
နေပြည်တော် ဇူလိုင် ၃၁
ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုခိုနိုသည် ယနေ့တွင် မြန်မာနိုင်ငံသို့ တစ်ရက်တာခရီး လာရောက်သည်။
ခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုခိုနို အား နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကျိုးတူဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးတွင် ဆက်လက်ကူညီသွားရေး၊ မြန်မာနိုင်ငံအစိုးရ၏ ရခိုင်အရေးကိစ္စတွင် ကြုံတွေ့ နေရသည့် စိန်ခေါ်မှုများကို ဝိုင်းဝန်းကူညီသွားရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို မြန်ဆန်စေရေးအတွက် မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံအစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာရိုဟေးဆာဆာကာဝါနှင့်အတူ ပူးပေါင်းကူညီသွားရေး၊ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံကို အကူအညီပေးရန် သဘောတူထားသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့သည် နှစ်နိုင်ငံ ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ဆက်လက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုခိုနို ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား Hilton ဟိုတယ်တွင် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
Unicode Version