နေပြည်တော်၊ မေ ၂၆
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပပါလီမန်၊ အရှေ့တောင်အာရှနှင့် အာဆီယံ ဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့ဥက္ကဋ္ဌ Dr. Werner Langen ဦးဆောင်သည့် ဥရောပ ပါလီမန် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၉ နာရီခွဲတွင် လက်ခံတွေ့ဆုံသည်။
ဥရောပပါလီမန်၊ အရှေ့တောင်အာရှနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သည့် ဥရောပပါလီမန် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။