မြစ်ကြီးနား ဇန်နဝါရီ ၁၀
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဒေါက်တာ အောင်သူ၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဒေါက်တာမြင့်ထွေး၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရား သူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်း၌ ကျင်းပသည့် (၇၂)နှစ်မြောက်ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ထံမှ (၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့အတွက် ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဖတ်ကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားသည်။
(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်းအပြည့်အစုံအား သီးခြား ဖော်ပြထားပါသည်။)
ထို့နောက် မြစ်ကြီးနားမြို့ စီတာပူနှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရ ဦးဂျုံးခေါင်ကပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများ၊ (၇၂)နှစ်မြောက် ကချင်ပြည် နယ်နေ့ အခမ်းအနား နှင့် မနောပွဲတော်အတွက် ကောင်းချီးမင်္ဂလာရရှိစေရန် ဆု တောင်းပေးသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး သိက္ခာတော်ရ ဖော်ယောင်တူးမိုင်တို့က (၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများသည် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံ ပြည်သူများနှင့်အတူ မနောအကဖြင့် ပါဝင်ဆင်နွှဲသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မနောအိမ်တော်၌ မနောရိုးရာအဖွဲ့ အကြီးအကဲများ၊ မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာ ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌဦးထုံဖူးဒဂုဏ်နှင့်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် န်ိုင်ငံတော်၏အတိုင်ခံပုဂ္ဂိုလ်အား မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာ ယဉ်ကျေးမှုအသင်းမှ တိုင်းရင်းသား၊ တိုင်းရင်းသူများက ကချင်ရိုးရာ ကောက်ညှင်း ပလိုင်းနှင့် ကချင်ရိုးရာပန်းချီကားကို ဂါရ၀ပြုပေးအပ်ကြသည်။
ထို့နောက်မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးထုံဖူးဒဂုဏ်က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကချင်ပြည်နယ်မနောပွဲသို့ တက်ရောက်ပြီး ပါဝင်ဆင်နွှဲခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ နောင် နှစ်မနောပွဲများတွင်လည်း မိမိနှင့်အားလုံး ပါဝင်ဆင်နွှဲနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ကချင်ပြည်နယ်မှာ ရှိကြသည့် ပြည်ထောင်စုတိုင်းရင်းသားညီအကိုမောင်နှမများ ကျန်းမာချမ်းသာကြပါစေ၊ နှစ်တိုင်းနှစ်တိုင်း ပျော်ပွဲရွှင်ပွဲများဖြင့် အောင်မြင်ကြပါစေ ကြောင်း ပြောကြားသည်။
ထို့နောက်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာ ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ယဉ်ကျေးမှုအဖွဲ့များ နှင့်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မနောရိုးရာအဖွဲ့ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် လည်းကောင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
(၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ Peace Creation Group (PCG) နှင့် ကချင်တိုင်းရင်းသားလုပ်ငန်း ရှင်များအသင်းတို့ကလည်း သဝဏ်လွှာများ ပေးပို့ထားကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြစ်ကြီးနားမြို့ ရွေစက် ရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု တောင်တန်းဒေသ ကျောင်းသား၊ ကျောင်းသူများ ပြုစုစောင့်ရှောက်ရေးဂေဟာသို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ကျောင်းသား၊ ကျောင်းသူ များက “ ဒို့တိုင်းပြည်အတွက်သူရဲကောင်း”၊ “ငြိမ်းချမ်းရေးကို တည်ဆောက်စို့ ” တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ဂေဟာဒုတိယတာဝန်ခံပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူက ဂေဟာနှင့်ပတ်သက်သည်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိအရင်တစ်ခေါက်လာရောက် စဉ်က ကလေးများအနေဖြင့် တေးသီချင်းများဖြင့် ကြိုဆိုခဲ့သည့်အတွက် ဝမ်းသာရပါ ကြောင်း၊ သီချင်းတိုင်းတွင် တန်ဖိုးထားစရာများရှိပါကြောင်း၊ သီချင်းစကားလုံးများ၏ အဓိပ္ပါယ်မှာလည်း မိမိတို့နိုင်ငံအတွက် အပြုသဘောဆောင်သည့် အဓိပ္ပါယ်များဖြစ် ပါကြောင်း၊ ဂီတဆိုသည်မှာ သီဆိုရုံတင်မကဘဲ စိတ်ဓာတ်ကိုမြင့်မားအောင် လုပ်ဆောင်ပေးရမည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ မိမိတို့အနေဖြင့် ယခု ဂေဟာနှင့် အဆက်သွယ်ရှိသည်မှာ ကြာပြီဖြစ်ပါကြောင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်းနှင့် စတင်ဆက်သွယ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကလေးများအနေဖြင့် ကာယဥာဏ အဖက်ဖက်မှ ထူးချွန်သည့်အတွက် ဆက်လက်ပြုစုပျိုးထောင်ရေးမှာ အရေးကြီးပါ ကြောင်း၊ ကလေးများအတွက် အချိန်ကို တန်ဖိုးရှိရှိအသုံးချစေလိုပါကြောင်း၊ ပြုစုပျိုးထောင်ရာတွင်လည်း စနစ်တကျ ပြုစုပျိုးထောင်ကြစေလိုကြောင်း၊ ကလေး များ၏ အာဟာရ ပြည့်၀ရေးအတွက်လည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အမြဲ ကူညီပေးနေပါ ကြောင်း၊ အာဟာရပြည့်ဝမှ ခံနိုင်ရည်ပြည့်ဝမည်ဖြစ်ကြောင်း၊ ငယ်စဉ်ကတည်းက အာဟာရ၊ ဉာဏ်စွမ်းကိုယ်စွမ်းနှစ်ခုစလုံး ပြည့်စုံရန်လိုအပ် ကြောင်း၊ ကလေးများသည် အစက ရေဘေးသင့်၍ ရောက်ရှိခဲ့သော်လည်း ယခု ရေဘေးအန္တရာယ် လွတ်မြောက်ခဲ့ ပြီဖြစ်ပါကြောင်း၊ သို့သော်လည်းကလေးများ အတွက် ပညာရေး၊ လူမှုရေး နှစ်ဖက်စလုံးပံ့ပိုးပေးနိုင်သည့် အတွက်ယခု ဂေဟာသည် ဆက်လက်တည်နေခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ပံ့ပိုးမှုပေးနိုင်သည့် အတွက် ဝမ်းမြောက်ပါ ကြောင်း။
ယခုအချိန်တွင် ကလေးများအနေဖြင့်အချင်းချင်း မိတ်ဆွေကောင်းများ ဖြစ်ရန် ကြိုးစားစေချင်ပါကြောင်း၊ ယခုအရွယ်တွင် ခင်မင်သည့် မိတ်ဆွေများမှာ နောက် တစ်သက်တာ အားကိုးစရာ၊ ကိုယ်နှင့်အတူ လက်တွဲပြီး စွမ်းစွမ်းတမံ ဆောင်ရွက် မည့် ရဲဘော်ရဲဘက်များ ဖြစ်လာမည်ကို ပြောကြားလိုပါကြောင်း၊ ယခု ကူညီနေသည့် သူများကိုလည်းကျေးဇူးတင်ပါကြောင်း၊ အထူးသဖြင့် ကလေးများသည် မိမိတို့ အနာဂတ်ကို တည်ဆောက်သည့်နေရာတွင် ထဲထဲဝင်ဝင်ပါနိုင် ရန်လိုပါကြောင်း၊ ကလေးများအနေဖြင့် မိမိတို့နိုင်ငံသည် ပြည်ထောင်စုဖြစ်သည်ကို သတိရစေလိုပါ ကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားမျိုးစုံနှင့်ဖွဲ့စည်းထားသည့် ပြည်ထောင်စုဖြစ် ကြောင်း၊ ဆရာ၊ဆရာမများအနေဖြင့် ကလေးများကို ပြည်ထောင် စုဆိုသည်ကို ရှင်းရှင်းလင်းလင်းသိအောင် ရှင်းပြရန်လိုပါကြောင်း၊ ကလေးများကို အမှန် အတိုင်းပြောတတ်အောင် လေ့ကျင့်မွေးမြူရန်လိုပါကြောင်း၊ ဆရာ၊ဆရာမများ အနေဖြင့် ကလေးများ မေးခွန်းများမေးလျှင် သိလျင်သိကြောင်း၊ မသိလျှင် မသိကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောစေလိုပါကြောင်း၊ကလေးများကို စာဖတ် စေချင်ပါကြောင်း၊ ငယ်စဉ်ကပင် စာဖတ်သည့်အလေ့အကျင့်ကို မွေမြူပေး စေလိုပါ ကြောင်း၊ စာဖတ်ခြင်းသည် ပြည်ထောင်စုစိတ်ဓာတ်ကို နားလည်စေပြီး တိုင်းရင်း သားအားလုံးသည် အသီးသီး တန်ဖိုးကိုယ်စီ ရှိသည်ကို သိရှိစေပါကြောင်း၊ ဂေဟာရှေ့ရေးအတွက် မိမိတို့အနေဖြင့် တတ်နိုင်သလောက် ပံ့ပိုးပေးသွား မည်ဖြစ်ပြီး ကလေးများအနေဖြင့် စာကြိုး သင်ယူကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဂေဟာအတွက် ဗိုလ်ချုပ် အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူအသစ်များ၊ ဦးထုပ်များနှင့် ကစားစရာ အရုပ်များ ကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ကွန်ပျူတာ ဝယ်ယူရန် အလှူငွေများကို လည်းကောင်း၊ ဒုတိယဝန်ကြီးဦးစိုးအောင်က ထောက်ပံ့ငွေနှင့် စားသောက်ကုန်ပစ္စည်းများကိုလည်းကောင်း တာဝန်ရှိသူများထံ ပေးအပ်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဂေဟာအလုပ်အမှုဆောင်ကော်မတီမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ကျောင်းသူများနှင့်လည်းကောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကျောင်းသား၊ ကျောင်းသူများနှင့်လည်းကောင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြစ်ကြီးနားမြို့ Plam Spring ဟိုတယ်၌ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများနှင့်တွေ့ဆုံပြီး ကချင် ပြည်နယ်တွင် ငြိမ်းချမ်းရေးကို အနှောက်အယှက်ဖြစ်စေနိုင်သည် များ မဖြစ်ပေါ် စေရန် ပြည်နယ်အစိုးရက တာဝန်ယူဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ပုံမှန်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်နေချိန်တွင် ငြိမ်းချမ်းရေးကို အထူးဂရုစိုက် ဆောင်ရွက် ရန်လိုကြောင်း၊ ယမန်နေ့က ပြည်သူများ၏ တင်ပြချက်များကို အထူး အလေး ထားပြီး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လူထုတွေ့ဆုံပွဲများသို့ မျှော်လင့် ချက်ဖြင့် တက်ရောက်ကာ တင်ပြလာသည့် ကိစ္စရပ်များကို ပြည်သူ့ အသံအဖြစ် တန်ဖိုးထားပြီး အလေးအနက်ထား ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အမြန်ဆုံး ပြီးစီးနိုင်သည်များကို အချိန်မဆိုင်းဘဲ ချက်ချင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကချင်ပြည်နယ်နေ့ ကျင်းပရေးနှင့်စပ်လျဉ်းသည့် အခေါ်အဝေါ် ဝေါဟာရဆိုင်ရာ အငြင်းပွားမှုများ ရှိနေသည်ကို ပြည်နယ်အစိုးရက ဦးဆောင် တာဝန်ယူကာ အားလုံး လက်ခံသဘောတူသည့် အဖြေကိုရှာပေးရန် ဖြစ်ကြောင်း၊ တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြသဖြင့် မတူကွဲပြားမှုများကြောင့် ပြဿနာများ မဖြစ်စေဘဲ ညီညီညွတ်ညွတ် ဖြစ်စေရန် ပြည်နယ်အစိုးရကဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရက တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နေချိန်တွင် ပြည်နယ် အစိုးရက မျိုးနွယ်စုများအကြား သဟဇာဖြစ်စေရေး ကူညီဆောင်ရွက် ပေးရန် လိုအပ်ကြောင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကချင် ပြည်နယ်နေ့အခမ်းအနားကိစ္စ၊ IDP စခန်းများ ပိတ်သိမ်းပြီး မိမိနေရာသို့ မိမိတို့ သဘောဆန္ဒအလျှောက် ပြန်လည်နေထိုင်လိုသည့် ကိစ္စနှင့် ပြည်ထောင်စုအစိုးရက ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်သည့် ကိစ္စများကို တင်ပြကြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ထောင်စုဝန်ကြီးများနှင့် ညှိနှိုင်းပြီး ဖြေရှင်းပေးကာ လိုအပ်သည့် မူဝါဒဆိုင်ရာလမ်းညွှန်မှုများပြောကြားပြီး ပြည်နယ်အစိုးရ သတိပြု ဆောင်ရွက်ရမည့် ကိစ္စရပ်များကို မှာကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
(Unicode Version)
————————————————————————————————————————————-
နယ္စပ္ေဒသႏွင့္တုိင္းရင္းသားလူမ်ိဳးမ်ား ဖြံ႕ၿဖိဳးတုိးတက္ေရး ဗဟုိေကာ္မတီ ဥကၠ႒ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္
(၇၂)ႏွစ္ေျမာက္ ကခ်င္ျပည္နယ္ေန႔ အခမ္းအနားသုိ႔တက္ေရာက္
ျမစ္ႀကီးနား ဇန္န၀ါရီ ၁၀
ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕၌ေရာက္ရွိေနသည့္ နယ္စပ္ေဒသႏွင့္ တုိင္းရင္းသားလူမ်ိဳးမ်ား ဖြံ႕ၿဖိဳးတုိးတက္ေရးဗဟုိေကာ္မတီဥကၠ႒ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္သည္ ျပည္ေထာင္စု၀န္ႀကီး ဒုတိယ ဗုိလ္ခ်ဳပ္ႀကီးေက်ာ္ေဆြ၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီးရဲေအာင္၊ ဦးမင္းသူ၊ ေဒါက္တာ ေအာင္သူ၊ ဦးအုန္း၀င္း၊ ဦးသိန္းေဆြ၊ ေဒါက္တာျမင့္ေထြး၊ ကခ်င္ျပည္နယ္ ၀န္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္၊ ျပည္နယ္လႊတ္ေတာ္ ဥကၠ႒၊ ျပည္နယ္တရား သူႀကီးခ်ဳပ္၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္၊ ဒုတိယ၀န္ႀကီးမ်ား၊ ျပည္နယ္၀န္ႀကီးမ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖဲြ႕ ရဲခ်ဳပ္ဒုတိယရဲဗိုလ္ခ်ဳပ္ႀကီး ေအာင္၀င္းဦး၊ တာ၀န္ရွိသူမ်ားႏွင့္အတူ ယေန႔နံနက္ပုိင္းတြင္ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ မေနာကြင္း၌ က်င္းပသည့္ (၇၂)နွစ္ေျမာက္ကခ်င္ျပည္နယ္ေန႔ အခမ္းအနားသို႔ တက္ေရာက္ၿပီး မိန္႔ခြန္းေျပာၾကားသည္။
အခမ္းအနားတြင္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ႏိုင္ငံေတာ္သမၼတ ထံမွ (၇၂)နွစ္ေျမာက္ ကခ်င္ျပည္နယ္ေန႔အတြက္ ေပးပို႔သည့္ ဂုဏ္ျပဳသ၀ဏ္လႊာကို ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္က ဖတ္ၾကားသည္။
ထို႔ေနာက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က မိန္႔ခြန္း ေျပာၾကားသည္။
(ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ (၇၂)ႏွစ္ေျမာက္ ကခ်င္ျပည္နယ္ေန႔ အခမ္းအနားတြင္ ေျပာၾကားသည့္မိန္႔ခြန္းအျပည့္အစုံအား သီးျခား ေဖာ္ျပထားပါသည္။)
ထို႔ေနာက္ ျမစ္ႀကီးနားၿမိဳ႕ စီတာပူႏွစ္ျခင္းအသင္းေတာ္မွ သိကၡာေတာ္ရ ဦးဂ်ဳံးေခါင္ကျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ား၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ တာ၀န္ရွိသူမ်ား၊ (၇၂)ႏွစ္ေျမာက္ ကခ်င္ျပည္ နယ္ေန႔ အခမ္းအနား ႏွင့္ မေနာပြဲေတာ္အတြက္ ေကာင္းခ်ီးမဂၤလာရရွိေစရန္ ဆု ေတာင္းေပးသည္။
ယင္းေနာက္ ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္၊ ျပည္ေထာင္စု၀န္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးရဲေအာင္၊ ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္၊ ျပည္နယ္ လႊတ္ေတာ္ဥကၠ႒ ဦးထြန္းတင္ႏွင့္ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႔ခ်ဳပ္ အေထြေထြ အတြင္းေရးမွဴး သိကၡာေတာ္ရ ေဖာ္ေယာင္တူးမိုင္တို႔က (၇၂)ႏွစ္ေျမာက္ ကခ်င္ျပည္နယ္ေန႔ အထိမ္းအမွတ္ မေနာပြဲေတာ္ကို ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾကသည္။
ထုိ႔ေနာက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္၊ ျပည္ေထာင္စု၀န္ႀကီးမ်ား၊ ျပည္နယ္၀န္ႀကီးခ်ဳပ္၊ တာ၀န္ရွိသူမ်ားသည္ တိုင္းရင္းသားရိုးရာယဥ္ေက်းမႈအဖြဲ႔မ်ား၊ ေဒသခံ ျပည္သူမ်ားႏွင့္အတူ မေနာအကျဖင့္ ပါ၀င္ဆင္ႏႊဲသည္။
ယင္းေနာက္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္သည္ မေနာအိမ္ေတာ္၌ မေနာရိုးရာအဖြဲ႔ အႀကီးအကဲမ်ား၊ ျမန္မာႏိုင္ငံ ကခ်င္လူမ်ိဳးရုိးရာယဥ္ေက်းမႈအသင္း ဥကၠ႒ဦးထုံဖူးဒဂုဏ္ႏွင့္အဖဲြ႕၀င္မ်ားအား ရင္းရင္းႏွီးႏွီးေတြ႔ဆုံသည္။
ေတြ႕ဆုံပဲြတြင္ ႏို္င္ငံေတာ္၏အတုိင္ခံပုဂၢိဳလ္အား ျမန္မာႏိုင္ငံ ကခ်င္လူမ်ိဳးရုိးရာ ယဥ္ေက်းမႈအသင္းမွ တုိင္းရင္းသား၊ တုိင္းရင္းသူမ်ားက ကခ်င္ရုိးရာ ေကာက္ညွင္း ပလိုင္းႏွင့္ ကခ်င္ရုိးရာပန္းခ်ီကားကုိ ဂါရ၀ျပဳေပးအပ္ၾကသည္။
ထုိ႔ေနာက္ျမန္မာႏိုင္ငံ ကခ်င္လူမ်ိဳးရုိးရာယဥ္ေက်းမႈအသင္း ဥကၠ႒ ဦးထုံဖူးဒဂုဏ္က ႏႈတ္ခြန္းဆက္စကားေျပာၾကားသည္။
ယင္းေနာက္ ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္က ကခ်င္ျပည္နယ္မေနာပြဲသို႔ တက္ေရာက္ၿပီး ပါ၀င္ဆင္ႏႊဲခြင့္ရသည့္အတြက္ ဂုဏ္ယူ၀မ္းေျမာက္ပါေၾကာင္း၊ ေနာင္ ႏွစ္မေနာပြဲမ်ားတြင္လည္း မိမိႏွင့္အားလုံး ပါ၀င္ဆင္ႏႊဲႏိုင္မည္ဟု ေမွ်ာ္လင့္ပါေၾကာင္း၊ ကခ်င္ျပည္နယ္မွာ ရွိၾကသည့္ ျပည္ေထာင္စုုတိုင္းရင္းသားညီအကိုေမာင္ႏွမမ်ား က်န္းမာခ်မ္းသာၾကပါေစ၊ ႏွစ္တိုင္းႏွစ္တိုင္း ေပ်ာ္ပြဲရႊင္ပြဲမ်ားျဖင့္ ေအာင္ျမင္ၾကပါေစ ေၾကာင္း ေျပာၾကားသည္။
ထုိ႔ေနာက္ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ၊ ျပည္ေထာင္စု၀န္ႀကီးမ်ား၊ ျပည္နယ္၀န္ႀကီးခ်ဳပ္ႏွင့္တာ၀န္ရွိသူမ်ားသည္ ျမန္မာႏိုင္ငံ ကခ်င္လူမ်ိဳးရုိးရာ ယဥ္ေက်းမႈအသင္း ဥကၠ႒ႏွင့္အဖဲြ႕၀င္မ်ား၊ ယဥ္ေက်းမႈအဖဲြ႕မ်ား ႏွင့္လည္းေကာင္း၊ လႊတ္ေတာ္ကုိယ္စားလွယ္မ်ား၊ မေနာရုိးရာအဖဲြ႕အႀကီးအကဲမ်ား၊ တာ၀န္ရွိသူမ်ားႏွင့္ လည္းေကာင္း မွတ္တမ္းတင္ဓာတ္ပုံရုိက္ၾကသည္။
(၇၂)ႏွစ္ေျမာက္ ကခ်င္ျပည္နယ္ေန႔အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္၊ Peace Creation Group (PCG) ႏွင့္ ကခ်င္တိုင္းရင္းသားလုပ္ငန္း ရွင္မ်ားအသင္းတို႔ကလည္း သ၀ဏ္လႊာမ်ား ေပးပို႔ထားေၾကာင္း သိရသည္။
ယင္းေနာက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္သည္ ျမစ္ႀကီးနားၿမိဳ႕ ေရႊြစက္ ရပ္ကြက္ရွိ လူမႈ၀န္ထမ္းဦးစီးဌာနအသိအမွတ္ျပဳ ေတာင္တန္းေဒသ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ျပဳစုေစာင့္ေရွာက္ေရးေဂဟာသို႔ ေရာက္ရွိၿပီး ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ေတြ႔ဆုံသည္။
ေတြ႔ဆုံပြဲတြင္ ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္အား ေက်ာင္းသား၊ ေက်ာင္းသူ မ်ားက “ ဒုိ႕တုိင္းျပည္အတြက္သူရဲေကာင္း”၊ “ၿငိမ္းခ်မ္းေရးကုိ တည္ေဆာက္စုိ႔ ” ေတးသီခ်င္းမ်ားျဖင့္ ေဖ်ာ္ေျဖတင္ဆက္ၾကၿပီး ေဂဟာဒုတိယတာ၀န္ခံျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေခၚမာ၀ူက ေဂဟာႏွင့္ပတ္သက္သည္မ်ားကို ရွင္းလင္းတင္ျပသည္။
ထို႔ေနာက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က မိမိအရင္တစ္ေခါက္လာေရာက္ စဥ္က ကေလးမ်ားအေနျဖင့္ ေတးသီခ်င္းမ်ားျဖင့္ ႀကိဳဆိုုခဲ့သည့္အတြက္ ၀မ္းသာရပါ ေၾကာင္း၊ သီခ်င္းတိုင္းတြင္ တန္ဖိုးထားစရာမ်ားရွိပါေၾကာင္း၊ သီခ်င္းစကားလုံးမ်ား၏ အဓိပၸါယ္မွာလည္း မိမိတို႔ႏိုင္ငံအတြက္ အျပဳသေဘာေဆာင္သည့္ အဓိပၸါယ္မ်ားျဖစ္ ပါေၾကာင္း၊ ဂီတဆိုသည္မွာ သီဆိုရုံတင္မကဘဲ စိတ္ဓာတ္ကိုျမင့္မားေအာင္ လုပ္ေဆာင္ေပးရမည္ဟု မိမိအေနျဖင့္ ယုံၾကည္ပါေၾကာင္း၊ မိမိတို႔အေနျဖင့္ ယခု ေဂဟာႏွင့္ အဆက္သြယ္ရွိသည္မွာ ၾကာၿပီျဖစ္ပါေၾကာင္း၊ ေဒၚခင္ၾကည္ေဖာင္ေဒး ရွင္းႏွင့္ စတင္ဆက္သြယ္ခဲ့ျခင္းျဖစ္ပါေၾကာင္း၊ ကေလးမ်ားအေနျဖင့္ ကာယဥာဏ အဖက္ဖက္မွ ထူးခၽြန္သည့္အတြက္ ဆက္လက္ျပဳစုပ်ိဳးေထာင္ေရးမွာ အေရးၾကီးပါ ေၾကာင္း၊ ကေလးမ်ားအတြက္ အခ်ိန္ကို တန္ဖိုးရွိရွိအသုံးခ်ေစလိုပါေၾကာင္း၊ ျပဳစုပ်ိဳးေထာင္ရာတြင္လည္း စနစ္တက်ျပဳစုပ်ိဳးေထာင္ၾကေစလိုေၾကာင္း၊ ကေလး မ်ား၏ အာဟာရ ျပည့္၀ေရးအတြက္လည္း ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းက အၿမဲ ကူညီေပးေနပါ ေၾကာင္း၊ အာဟာရျပည့္၀မွ ခံႏိုင္ရည္ျပည့္၀မည္ျဖစ္ေၾကာင္း၊ ငယ္စဥ္ကတည္းက အာဟာရ၊ ဉာဏ္စြမ္းကိုယ္စြမ္းနွစ္ခုစလုံး ျပည့္စုံရန္လိုအပ္ ေၾကာင္း၊ ကေလးမ်ားသည္ အစက ေရေဘးသင့္၍ ေရာက္ရွိခဲ့ေသာ္လည္း ယခု ေရေဘးအႏၱရာယ္ လြတ္ေျမာက္ခဲ့ ၿပီျဖစ္ပါေၾကာင္း၊ သုိ႔ေသာ္လည္းကေလးမ်ား အတြက္ ပညာေရး၊ လူမႈေရး ႏွစ္ဖက္စလုံးပံ့ပိုးေပးႏိုင္သည့္ အတြက္ယခု ေဂဟာသည္ ဆက္လက္တည္ေနျခင္းျဖစ္ပါေၾကာင္း၊ ထုိသုိ႔ပံ့ပိုးမႈေပးႏိုင္သည့္ အတြက္ ၀မ္းေျမာက္ပါ ေၾကာင္း။
ယခုအခ်ိန္တြင္ ကေလးမ်ားအေနျဖင့္အခ်င္းခ်င္း မိတ္ေဆြေကာင္းမ်ား ျဖစ္ရန္ ႀကိဳးစားေစခ်င္ပါေၾကာင္း၊ ယခုအရြယ္တြင္ ခင္မင္သည့္မိတ္ေဆြမ်ားမွာ ေနာက္ တစ္သက္တာ အားကိုးစရာ၊ ကိုယ္ႏွင့္အတူ လက္တြဲၿပီး စြမ္းစြမ္းတမံ ေဆာင္ရြက္မည့္ ရဲေဘာ္ရဲဘက္မ်ား ျဖစ္လာမည္ကို ေျပာၾကားလိုပါေၾကာင္း၊ ယခု ကူညီေနသည့္ သူမ်ားကိုလည္းေက်းဇူးတင္ပါေၾကာင္း၊ အထူးသျဖင့္ ကေလးမ်ားသည္ မိမိတို႔ အနာဂတ္ကို တည္ေဆာက္သည့္ေနရာတြင္ ထဲထဲ၀င္၀င္ပါႏိုင္ ရန္လိုပါေၾကာင္း၊ ကေလးမ်ားအေနျဖင့္ မိမိတို႔ႏိုင္ငံသည္ ျပည္ေထာင္စုျဖစ္သည္ကုိ သတိရေစလိုပါ ေၾကာင္း၊ မိမိတုိ႔ႏိုင္ငံသည္ တိုင္းရင္းသားမ်ိဳးစုံနွင့္ဖြဲ႔စည္းထားသည့္ ျပည္ေထာင္စုျဖစ္ေၾကာင္း၊ ဆရာ၊ဆရာမမ်ားအေနျဖင့္ ကေလးမ်ားကို ျပည္ေထာင္ စုဆိုသည္ကုိ ရွင္းရွင္းလင္းလင္းသိေအာင္ ရွင္းျပရန္လိုပါေၾကာင္း၊ ကေလးမ်ားကို အမွန္ အတိုင္းေျပာတတ္ေအာင္ ေလ့က်င့္ေမြးျမဴရန္ လိုပါေၾကာင္း၊ ဆရာ၊ဆရာမမ်ား အေနျဖင့္ ကေလးမ်ား ေမးခြန္းမ်ားေမးလွ်င္ သိလ်င္သိေၾကာင္း၊ မသိလွ်င္ မသိေၾကာင္းကို ပြင့္ပြင့္လင္းလင္း ေျပာေစလိုပါေၾကာင္း၊ကေလးမ်ားကို စာဖတ္ ေစခ်င္ပါေၾကာင္း၊ ငယ္စဥ္ကပင္ စာဖတ္သည့္အေလ့အက်င့္ကို ေမြျမဴေပး ေစလုိပါ ေၾကာင္း၊ စာဖတ္ျခင္းသည္ ျပည္ေထာင္စုစိတ္ဓာတ္ကို နားလည္ေစၿပီး တိုင္းရင္း သားအားလုံးသည္ အသီးသီး တန္ဖိုးကိုယ္စီ ရွိသည္ကို သိရွိေစပါေၾကာင္း၊ ေဂဟာေရွ႕ေရးအတြက္ မိမိတို႔အေနျဖင့္ တတ္ႏိုင္သေလာက္ ပံ့ပိုးေပးသြား မည္ျဖစ္ၿပီး ကေလးမ်ားအေနျဖင့္ စာႀကိဳးသင္ယူၾကေစလုိေၾကာင္း ေျပာၾကားသည္။
ဆက္လက္၍ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က ေဂဟာအတြက္ ဗုိလ္ခ်ဳပ္ ေအာင္ဆန္းရုပ္ပုံပါ ေငြစကၠဴအသစ္မ်ား၊ ဦးထုပ္မ်ားႏွင့္ ကစားစရာ အရုပ္မ်ား ကိုလည္းေကာင္း၊ ျပည္ေထာင္စု၀န္ႀကီး ဦးသိန္းေဆြက ကြန္ပ်ဴတာ ၀ယ္ယူရန္ အလွဴေငြမ်ားကို လည္းေကာင္း၊ ဒုတိယ၀န္ႀကီးဦးစိုးေအာင္က ေထာက္ပံ့ေငြႏွင့္ စားေသာက္ကုန္ပစၥည္းမ်ားကိုလည္းေကာင္း တာ၀န္ရွိသူမ်ားထံ ေပးအပ္ၾကသည္။
ယင္းေနာက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္၊ ျပည္ေထာင္စု၀န္ႀကီးမ်ား၊ ျပည္နယ္၀န္ႀကီးခ်ဳပ္ႏွင့္ တာ၀န္ရွိသူမ်ားသည္ ေဂဟာအလုပ္အမႈေဆာင္ေကာ္မတီမွ တာ၀န္ရွိသူမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္လည္းေကာင္း၊ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္က ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ လည္းေကာင္း မွတ္တမ္းတင္ ဓာတ္ပုံရိုက္ၾကသည္။
ထို႔ေနာက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္သည္ ျမစ္ႀကီးနားၿမိဳ႕ Plam Spring ဟိုတယ္၌ ကခ်င္ျပည္နယ္၀န္ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္၀န္ႀကီးမ်ားႏွင့္ေတြ႔ဆုံၿပီး ကခ်င္ ျပည္နယ္တြင္ ျငိမ္းခ်မ္းေရးကို အေႏွာက္အယွက္ျဖစ္ေစႏိုင္သည္ မ်ား မျဖစ္ေပၚ ေစရန္ ျပည္နယ္အစိုးရက တာဝန္ယူေဆာင္ရြက္ရန္ ျဖစ္ေၾကာင္း၊ ပုံမွန္ဖြံ႕ျဖဳိးေရး လုပ္ငန္းမ်ားကို ေဆာင္ရြက္ေနခ်ိန္တြင္ ျငိမ္းခ်မ္းေရးကို အထူးဂရုစိုက္ ေဆာင္ရြက္ ရန္လိုေၾကာင္း၊ ယမန္ေန႕က ျပည္သူမ်ား၏ တင္ျပခ်က္မ်ားကို အထူး အေလး ထားျပီး ေဆာင္ရြက္ေပးရန္ လိုအပ္ေၾကာင္း၊ လူထုေတြ႕ဆုံပြဲမ်ားသို႔ ေမွ်ာ္လင့္ ခ်က္ျဖင့္ တက္ေရာက္ကာ တင္ျပလာသည့္ ကိစၥရပ္မ်ားကို ျပည္သူ႕ အသံအျဖစ္ တန္ဖိုးထားျပီး အေလးအနက္ထား ေဆာင္ရြက္ေပးရန္ လိုအပ္ေၾကာင္း၊ အျမန္ဆုံး ျပီးစီးႏိုင္သည္မ်ားကို အခ်ိန္မဆိုင္းဘဲ ခ်က္ခ်င္းေဆာင္ရြက္ေပးရန္ လိုအပ္ေၾကာင္း၊ ကခ်င္ျပည္နယ္ေန႕ က်င္းပေရးႏွင့္စပ္လ်ဥ္းသည့္ အေခၚအေဝၚ ေဝါဟာရဆိုင္ရာ အျငင္းပြားမႈမ်ား ရွိေနသည္ကို ျပည္နယ္အစိုးရက ဦးေဆာင္ တာဝန္ယူကာ အားလုံး လက္ခံသေဘာတူသည့္ အေျဖကိုရွာေပးရန္ ျဖစ္ေၾကာင္း၊ တိုင္းရင္းသားေပါင္းစုံ ေနထိုင္ၾကသျဖင့္ မတူကြဲျပားမႈမ်ားေၾကာင့္ ျပႆနာမ်ား မျဖစ္ေစဘဲ ညီညီညြတ္ညြတ္ ျဖစ္ေစရန္ ျပည္နယ္အစိုးရကေဆာင္ရြက္ေပးရန္ ျဖစ္ေၾကာင္း၊ ျပည္ေထာင္စုအစိုးရက ေတြ႕ဆုံေဆြးေႏြးမႈမ်ား ေဆာင္ရြက္ေနခ်ိန္တြင္ ျပည္နယ္ အစိုးရက မ်ဳိးႏြယ္စုမ်ားအၾကား သဟဇာျဖစ္ေစေရး ကူညီေဆာင္ရြက္ ေပးရန္ လိုအပ္ေၾကာင္းေျပာၾကားသည္။
ယင္းေနာက္ ျပည္နယ္ဝန္ၾကီးခ်ဳပ္ႏွင့္ ျပည္နယ္အစိုးရအဖြဲ႕ဝင္မ်ားက ကခ်င္ ျပည္နယ္ေန႔ အခမ္းအနားကိစၥ၊ IDP စခန္းမ်ား ပိတ္သိမ္းျပီး မိမိေနရာသို႔ မိမိတို႔ သေဘာဆႏၵအေလွ်ာက္ ျပန္လည္ေနထိုင္လိုသည့္ ကိစၥႏွင့္ ျပည္ေထာင္စုအစိုးရက ညွိႏႈိင္းေဆာင္ရြက္ေပးရန္ လိုအပ္သည့္ ကိစၥမ်ားကို တင္ျပၾကရာ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢဳိလ္က ျပည္ေထာင္စုဝန္ၾကီးမ်ားႏွင့္ ညွိႏႈိင္းျပီး ေျဖရွင္းေပးကာ လိုအပ္သည့္ မူဝါဒဆိုင္ရာလမ္းညႊန္မႈမ်ားေျပာၾကားၿပီး ျပည္နယ္အစိုးရ သတိျပဳ ေဆာင္ရြက္ရမည့္ ကိစၥရပ္မ်ားကို မွာၾကားသည္။
ယင္းေနာက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္အဖြဲ႔သည္ ျမစ္ႀကီးနားၿမိဳ႕ မွ အထူးေလယာဥ္ျဖင့္ ျပန္လည္ထြက္ခြာၾကရာ ညေနပိုင္းတြင္ ေနျပည္ေတာ္သို႔ ျပန္လည္ေရာက္ရွိၾကသည္။
(Zawgyi Version)