အယ်ဒီတာ့အာဘော်
********************
အတိုဆုံးဘ၀ထဲက အရှည်ကြာဆုံးနေ့ရက်များကို ဖန်ဆင်းခဲ့သူ
“မိမိတို့ယုံကြည်သောဝါဒအတွက် အသက်ကိုပင် စွန့်သွားကြသော အာဇာနည်များအား မိမိသည် ချီးကျူးကြောင်း၊ ထိုစိတ်မျိုးကို ကျန်ခဲ့သူများက ထပ်တလဲလဲမွေးမြူအပ်ကြောင်း၊ အမျိုးဘာသာနှင့် နိုင်ငံအတွက် အသက်စွန့်ရန် ကြောက်နေသော နိုင်ငံတိုင်းမှာ မကြီးပွားနိုင်ကြောင်း” ဟူသည့် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဥဒါန်းစကားကို ကျွန်ုပ်တို့အလေးအနက်ပြုနေကြပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် အတိုဆုံးဘ၀ထဲက အရှည်ကြာဆုံးနေ့ရက်များကို ဖန်ဆင်းခဲ့သူဖြစ်သည်။ မဟူရာတောအုပ်အတွင်း၌ လမ်းပျောက်အားငယ်နေသော ပြည်သူများအား လွတ်မြောက်ရေးမီးရှူးတိုင်ကို ထွန်းညှိ ဦးဆောင်လျက် ဒီမိုကရေစီလမ်းမပေါ်သို့ အရောက်ပို့ဆောင်ရန် ကြိုးပမ်းခဲ့သူဖြစ်သည်။ ထို့ကြောင့် “ဗိုလ်ချုပ်အောင်ဆန်းဟာ အမျိုးသားခေါင်းဆောင်ကြီးဆိုလို့ရှိရင် အမျိုးသားခေါင်းဆောင်ကြီးရဲ့ လမ်းစဉ်ကို လိုက်ရမယ်။ အမျိုးသားခေါင်းဆောင်ကြီးရဲ့ လမ်းစဉ်ဟာ ဒီမိုကရေစီလမ်းစဉ်ပါပဲ” ဟု လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရိုးရှင်းစွာ ကောက်ချက်ချခဲ့ခြင်းဖြစ်သည်။
လွတ်လပ်ရေးမရသည့် သူ့ကျွန်ဘ၀အပေါ် နာကျင်လျက် အိပ်မက်ထဲမှာပင် ငိုကြွေးခဲ့ဖူးသော ဗိုလ်ချုပ်အောင်ဆန်း၏ ခံစားမှုကို အထူးပင်လေးစားခဲ့ရသည်။ ဤသို့ဖြင့်ပင် လွတ်လပ်ရေးဗိသုကာ၊ အမျိုးသားခေါင်းဆောင်၊ တပ်မတော်ဖခင်အဖြစ် ပြည်သူတို့၏ တစ်ခဲနက်ထောပနာပြုခြင်းကို ခံယူနိုင်ရန် မဆုတ်မနစ်ရုန်းကန်ကြိုးပမ်းခဲ့သည့် အံ့မခန်းသမိုင်းပုံရိပ်များကို ပြက်ပြက်ထင်ထင် မြင်တွေ့ကြရသည်။ ဤသမိုင်းပုံရိပ်တို့ကား မည်သူဖျက်ဖျက်၊ ပျက်ပြယ်ဟောင်းနွမ်း လမ်းကြောင်းမပြောင်းဘဲ ပြန်လည်ဆန်းသစ်နေမြဲပင်ဖြစ်ပေသည်။
မြန်မာနိုင်ငံ၏အမျိုးသားလွတ်လပ်ရေးကို အရယူပေးခဲ့သူ၊ တိုင်းရင်းသားမျိုးနွယ်စုများနှင့် သွေးစည်းညီညွတ်ရေးစိတ်ဓာတ်ကို မြှင့်တင်လျက် ဂုဏ်ယူဖွယ် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သူ။ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးနှင့် ဖက်ဆစ်တော်လှန်ရေးများအတွင်းမှ ပြည်သူချစ်သော တပ်မတော်၊ ပြည်သူကို အလုပ်အကျွေးပြုသော တပ်မတော်ကို မွေးဖွားသန့်စင်ပေးခဲ့သူ။ နောင်နှစ်ပေါင်းများစွာ အဓွန့်ရှည်ကြာ၊ သာယာဝပြောသည့် နိုင်ငံတော်သစ်နှင့် လိုက်လျောညီထွေသည့် ဒီမိုကရေစီအခြေခံဥပဒေ (၁၉၄၇) ကို ကမကထပြုရေးဆွဲပေးခဲ့သူ။ အာဇာနည်အပေါင်း၏ ဂုဏ်ကျေးဇူးကို “ကတညုတ၊ ကတဝေဒီ” ဟူသော ဘာသာတရား၏ အဆုံးအမနှင့်အညီ ထာ၀ရနှလုံးသွင်းကြရပေမည်။
ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော အာဇာနည်တို့၏ လမ်းကြောင်းအား ဂုဏ်ပြုဦးဩတ်ခြင်းနှင့်အတူ “အကြမ်းဖက်ဝါဒ”အပေါ် စက်ဆုပ်ရွံရှာကြရသည်။ “အာဇာနည်သတ်္တိက မေတ္တာကို အခြေခံတယ်။ မိုက်ရူးရဲသတ္တိက ဒေါသနဲ့ အတ္တကို အခြေခံတယ်” ဟူသော လူထုခေါင်းဆောင်၏ မှတ်ချက်စကားက ထိမိလှသည်။ တစ်ဆက်တည်းမှာပင် “မတူခြားနားမှုတွေကို အာဃာတ (အကြမ်းဖက်တဲ့နည်း)နဲ့ ဖြေရှင်းမှ ပြီးမြောက် (အောင်မြင်) လိမ့်မယ်လို့ ထင်နေရင်တော့ ၀မ်းနည်းစရာပါပဲ” ဟူသော ကောက်ချက်စကားမှာလည်း တန်ဖိုးရှိလှသည်။
ထို့အတူပင်၊ “ပြိုင်ဘက်တို့အပေါ် အနိုင်ရရှိရေးအတွက်လည်းကောင်း၊ အားနည်းသောနိုင်ငံ သို့မဟုတ် အားနည်းသောလူများကို အပိုင်ကြံလို၍ အားထုတ်မှုများ၌လည်းကောင်း၊ ရက်စက်ကြမ်းကြုတ်လာသည်ဆိုလျှင် ယင်းအမှုသည် ထိုပြုမူသူအပေါင်းကိုလည်းကောင်း၊ လူ့ဘောင်လောကကိုလည်းကောင်း ကျဆုံးအောင် ပြုရာရောက်ပေသည်” ဟု အဟိံသဂုရုကြီး မဟတ္တမဂန္ဒီက ညွှန်းဆိုခဲ့ဖူးသည်။ တစ်နည်းဆိုရလျှင် အကြမ်းဖက်ဝါဒသည် လူသားတို့ ၏ စိတ်သန္တန်အလင်းဓာတ်ကို သစ္စာဖောက်ခြင်းပင်ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံခဲ့ရသည်မှာ ၇၃ နှစ်ကြာခဲ့ပြီ။ ဤခုနှစ်များအတွင်းမှာပင် ဗိုလ်ချုပ်၏ စာပေများ၊ ပုံရိပ်များ၊ ရုပ်တုများ၊ သင်္ကေတများအမျိုးမျိုးအဖုံဖုံ ကန့်သတ်ခံရ၊ ဖုံးကွယ်ခံရ၊ ပိတ်ပင်ခံရသည့်ကာလအချို့ရှိခဲ့သည်။ မည်သို့ပင်ဖြစ်စေ-
“လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့ ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ်၊ မငိုကြွေး၊ ကံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့် ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ ငါကား ဦးမဩတ်” ဟူသော ဗိုလ်ချုပ်အောင်ဆန်း၏ ဘာမထီစိတ်ဓာတ်နှင့် အာဇာနည်ဝိညာဉ်ကို နှလုံးသွင်းလျက် ပြည်သူလူထုသည် ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းခဲ့သော လမ်းကြောင်းနှင့် အိပ်မက်ကို ကျားကုပ်ကျားခဲအကောင်အထည်ဖော်ကြမည်ဖြစ်ပေသည်။
တာ၀န်ခံအယ်ဒီတာ
အယ်ဒီတာ့အာဘော်
အတိုဆုံးဘ၀ထဲက အရှည်ကြာဆုံးနေ့ရက်များကို ဖန်ဆင်းခဲ့သူ
“မိမိတို့ယုံကြည်သောဝါဒအတွက် အသက်ကိုပင် စွန့်သွားကြသော အာဇာနည်များအား မိမိသည် ချီးကျူးကြောင်း၊ ထိုစိတ်မျိုးကို ကျန်ခဲ့သူများက ထပ်တလဲလဲမွေးမြူအပ်ကြောင်း၊ အမျိုးဘာသာနှင့် နိုင်ငံအတွက် အသက်စွန့်ရန် ကြောက်နေသော နိုင်ငံတိုင်းမှာ မကြီးပွားနိုင်ကြောင်း” ဟူသည့် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဥဒါန်းစကားကို ကျွန်ုပ်တို့အလေးအနက် ပြုနေကြပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် အတိုဆုံးဘ၀ထဲက အရှည်ကြာဆုံးနေ့ရက်များကို ဖန်ဆင်းခဲ့သူဖြစ်သည်။ မဟူရာတောအုပ်အတွင်း၌ လမ်းပျောက်အားငယ်နေသော ပြည်သူများအား လွတ်မြောက်ရေးမီးရှူးတိုင်ကို ထွန်းညှိ ဦးဆောင်လျက် ဒီမိုကရေစီလမ်းမပေါ်သို့ အရောက်ပို့ဆောင်ရန် ကြိုးပမ်းခဲ့သူဖြစ်သည်။ ထို့ကြောင့် “ဗိုလ်ချုပ်အောင်ဆန်းဟာ အမျိုးသားခေါင်းဆောင်ကြီးဆိုလို့ရှိရင် အမျိုးသားခေါင်းဆောင်ကြီးရဲ့ လမ်းစဉ်ကို လိုက်ရမယ်။ အမျိုးသားခေါင်းဆောင်ကြီးရဲ့ လမ်းစဉ်ဟာ ဒီမိုကရေစီလမ်းစဉ်ပါပဲ” ဟု လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရိုးရှင်းစွာ ကောက်ချက်ချခဲ့ခြင်းဖြစ်သည်။
လွတ်လပ်ရေးမရသည့် သူ့ကျွန်ဘ၀အပေါ် နာကျင်လျက် အိပ်မက်ထဲမှာပင် ငိုကြွေးခဲ့ဖူးသော ဗိုလ်ချုပ်အောင်ဆန်း၏ ခံစားမှုကို အထူးပင်လေးစားခဲ့ရသည်။ ဤသို့ဖြင့်ပင် လွတ်လပ်ရေးဗိသုကာ၊ အမျိုးသားခေါင်းဆောင်၊ တပ်မတော်ဖခင်အဖြစ် ပြည်သူတို့၏ တစ်ခဲနက်ထောပနာပြုခြင်းကို ခံယူနိုင်ရန် မဆုတ်မနစ်ရုန်းကန်ကြိုးပမ်းခဲ့သည့် အံ့မခန်းသမိုင်းပုံရိပ်များကို ပြက်ပြက်ထင်ထင် မြင်တွေ့ကြရသည်။ ဤသမိုင်းပုံရိပ်တို့ကား မည်သူဖျက်ဖျက်၊ ပျက်ပြယ်ဟောင်းနွမ်း လမ်းကြောင်းမပြောင်းဘဲ ပြန်လည်ဆန်းသစ်နေမြဲပင်ဖြစ်ပေသည်။
မြန်မာနိုင်ငံ၏အမျိုးသားလွတ်လပ်ရေးကို အရယူပေးခဲ့သူ၊ တိုင်းရင်းသားမျိုးနွယ်စုများနှင့် သွေးစည်းညီညွတ်ရေးစိတ်ဓာတ်ကို မြှင့်တင်လျက် ဂုဏ်ယူဖွယ် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သူ။ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးနှင့် ဖက်ဆစ်တော်လှန်ရေးများအတွင်းမှ ပြည်သူချစ်သော တပ်မတော်၊ ပြည်သူကို အလုပ်အကျွေးပြုသော တပ်မတော်ကို မွေးဖွားသန့်စင်ပေးခဲ့သူ။ နောင်နှစ်ပေါင်းများစွာ အဓွန့်ရှည်ကြာ၊ သာယာဝပြောသည့် နိုင်ငံတော်သစ်နှင့် လိုက်လျောညီထွေသည့် ဒီမိုကရေစီအခြေခံဥပဒေ (၁၉၄၇) ကို ကမကထပြုရေးဆွဲပေးခဲ့သူ။ အာဇာနည်အပေါင်း၏ ဂုဏ်ကျေးဇူးကို “ကတညုတ၊ ကတဝေဒီ” ဟူသော ဘာသာတရား၏ အဆုံးအမနှင့်အညီ ထာ၀ရနှလုံးသွင်းကြရပေမည်။
ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော အာဇာနည်တို့၏ လမ်းကြောင်းအား ဂုဏ်ပြုဦးဩတ်ခြင်းနှင့်အတူ “အကြမ်းဖက်ဝါဒ”အပေါ် စက်ဆုပ်ရွံရှာကြရသည်။ “အာဇာနည်သတ်္တိက မေတ္တာကို အခြေခံတယ်။ မိုက်ရူးရဲသတ္တိက ဒေါသနဲ့ အတ္တကို အခြေခံတယ်” ဟူသော လူထုခေါင်းဆောင်၏ မှတ်ချက်စကားက ထိမိလှသည်။ တစ်ဆက်တည်းမှာပင် “မတူခြားနားမှုတွေကို အာဃာတ (အကြမ်းဖက်တဲ့နည်း)နဲ့ ဖြေရှင်းမှ ပြီးမြောက် (အောင်မြင်) လိမ့်မယ်လို့ ထင်နေရင်တော့ ၀မ်းနည်းစရာပါပဲ” ဟူသော ကောက်ချက်စကားမှာလည်း တန်ဖိုးရှိလှသည်။
ထို့အတူပင်၊ “ပြိုင်ဘက်တို့အပေါ် အနိုင်ရရှိရေးအတွက်လည်းကောင်း၊ အားနည်းသောနိုင်ငံ သို့မဟုတ် အားနည်းသောလူများကို အပိုင်ကြံလို၍ အားထုတ်မှုများ၌လည်းကောင်း၊ ရက်စက်ကြမ်းကြုတ်လာသည်ဆိုလျှင် ယင်းအမှုသည် ထိုပြုမူသူအပေါင်းကိုလည်းကောင်း၊ လူ့ဘောင်လောကကိုလည်းကောင်း ကျဆုံးအောင် ပြုရာရောက်ပေသည်” ဟု အဟိံသဂုရုကြီး မဟတ္တမဂန္ဒီက ညွှန်းဆိုခဲ့ဖူးသည်။ တစ်နည်းဆိုရလျှင် အကြမ်းဖက်ဝါဒသည် လူသားတို့ ၏ စိတ်သန္တန်အလင်းဓာတ်ကို သစ္စာဖောက်ခြင်းပင်ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံခဲ့ရသည်မှာ ၇၃ နှစ်ကြာခဲ့ပြီ။ ဤခုနှစ်များအတွင်းမှာပင် ဗိုလ်ချုပ်၏ စာပေများ၊ ပုံရိပ်များ၊ ရုပ်တုများ၊ သင်္ကေတများအမျိုးမျိုးအဖုံဖုံ ကန့်သတ်ခံရ၊ ဖုံးကွယ်ခံရ၊ ပိတ်ပင်ခံရသည့်ကာလအချို့ရှိခဲ့သည်။ မည်သို့ပင်ဖြစ်စေ-
“လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့ ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ်၊ မငိုကြွေး၊ ကံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့် ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ ငါကား ဦးမဩတ်” ဟူသော ဗိုလ်ချုပ်အောင်ဆန်း၏ ဘာမထီစိတ်ဓာတ်နှင့် အာဇာနည်ဝိညာဉ်ကို နှလုံးသွင်းလျက် ပြည်သူလူထုသည် ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းခဲ့သော လမ်းကြောင်းနှင့် အိပ်မက်ကို ကျားကုပ်ကျားခဲအကောင်အထည်ဖော်ကြမည်ဖြစ်ပေသည်။
တာ၀န်ခံအယ်ဒီတာ
အယ္ဒီတာ့အာေဘာ္
(unicode)
—————————————————————————————————————————-
အတိုဆံုးဘ၀ထဲက အရွည္ၾကာဆံုးေန႔ရက္မ်ားကို ဖန္ဆင္းခဲ့သူ“မိမိတို႔ယံုၾကည္ေသာဝါဒအတြက္ အသက္ကိုပင္ စြန္႔သြားၾကေသာ အာဇာနည္မ်ားအား မိမိသည္ ခီ်းက်ဴးေၾကာင္း၊ ထိုစိတ္မိ်ဳးကို က်န္ခဲ့သူမ်ားက ထပ္တလဲလဲေမြးျမဴအပ္ေၾကာင္း၊ အမိ်ဳးဘာသာနွင့္ နိုင္ငံအတြက္ အသက္စြန္႔ရန္ ေၾကာက္ေနေသာ နိုင္ငံတိုင္းမွာ မၾကီးပြားနိုင္ေၾကာင္း” ဟူသည့္ အာဇာနည္ေခါင္းေဆာင္ၾကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ဥဒါန္းစကားကို ကြ်နု္ပ္တို႔အေလးအနက္ျပဳေနၾကပါသည္။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ အတိုဆံုးဘ၀ထဲက အရွည္ၾကာဆံုးေန႔ရက္မ်ားကို ဖန္ဆင္းခဲ့သူျဖစ္သည္။ မဟူရာေတာအုပ္အတြင္း၌ လမ္းေပ်ာက္အားငယ္ေနေသာ ျပည္သူမ်ားအား လြတ္ေျမာက္ေရးမီးရႉးတိုင္ကို ထြန္းညိွ ဦးေဆာင္လ်က္ ဒီမိုကေရစီလမ္းမေပၚသို႔ အေရာက္ပို႔ေဆာင္ရန္ ႀကိဳးပမ္းခဲ့သူျဖစ္သည္။ ထို႔ေၾကာင့္ “ဗိုလ္ခ်ဳပ္ေအာင္ဆန္းဟာ အမိ်ဳးသားေခါင္းေဆာင္ၾကီးဆိုလို႔ရိွရင္ အမိ်ဳးသားေခါင္းေဆာင္ၾကီးရဲ႔ လမ္းစဥ္ကို လိုက္ရမယ္။ အမိ်ဳးသားေခါင္းေဆာင္ၾကီးရဲ႔လမ္းစဥ္ဟာ ဒီမိုကေရစီလမ္းစဥ္ပါပဲ” ဟု လူထုေခါင္းေဆာင္၊ ဒီမိုကေရစီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္က ရိုးရွင္းစြာ ေကာက္ခ်က္ခ်ခဲ့ျခင္းျဖစ္သည္။
လြတ္လပ္ေရးမရသည့္ သူ့ကြ်န္ဘ၀အေပၚ နာက်င္လ်က္ အိပ္မက္ထဲမွာပင္ ငိုေၾကြးခဲ့ဖူးေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ခံစားမႈကို အထူးပင္ေလးစားခဲ့ရသည္။ ဤသို႔ျဖင့္ပင္ လြတ္လပ္ေရးဗိသုကာ၊ အမိ်ဳးသားေခါင္းေဆာင္၊ တပ္မေတာ္ဖခင္အျဖစ္ ျပည္သူတို႔၏ တစ္ခဲနက္ေထာပနာျပဳျခင္းကို ခံယူနိုင္ရန္ မဆုတ္မနစ္ရုန္းကန္ႀကိဳးပမ္းခဲ့သည့္ အံ့မခန္းသမိုင္းပံုရိပ္မ်ားကို ျပက္ျပက္ထင္ထင္ ျမင္ေတြ႔ၾကရသည္။ ဤသမိုင္းပံုရိပ္တို႔ကား မည္သူဖ်က္ဖ်က္၊ ပ်က္ျပယ္ေဟာင္းႏြမ္း လမ္းေၾကာင္းမေျပာင္းဘဲ ျပန္လည္ဆန္းသစ္ေနျမဲပင္ျဖစ္ေပသည္။
ျမန္မာနိုင္ငံ၏အမိ်ဳးသားလြတ္လပ္ေရးကို အရယူေပးခဲ့သူ၊ တိုင္းရင္းသားမိ်ဳးႏြယ္စုမ်ားနွင့္ ေသြးစည္းညီညြတ္ေရးစိတ္ဓာတ္ကို ျမွင့္တင္လ်က္ ဂုဏ္ယူဖြယ္ ပင္လံုစာခ်ဳပ္ကို ခ်ဳပ္ဆိုနိုင္ခဲ့သူ။ ကိုလိုနီနယ္ခဲ်႔ဆန္႔က်င္ေရးနွင့္ ဖက္ဆစ္ေတာ္လွန္ေရးမ်ားအတြင္းမွ ျပည္သူခ်စ္ေသာ တပ္မေတာ္၊ ျပည္သူကို အလုပ္အေကြ်းျပဳေသာ တပ္မေတာ္ကို ေမြးဖြားသန္႔စင္ေပးခဲ့သူ။ ေနာင္နွစ္ေပါင္းမ်ားစြာ အဓြန္႔ရွည္ၾကာ၊ သာယာဝေျပာသည့္ နိုင္ငံေတာ္သစ္နွင့္ လိုက္ေလ်ာညီေထြသည့္ ဒီမိုကေရစီအေျခခံဥပေဒ (၁၉၄၇) ကို ကမကထျပဳေရးဆဲြေပးခဲ့သူ။ အာဇာနည္အေပါင္း၏ ဂုဏ္ေက်းဇူးကို “ကတညုတ၊ ကတေဝဒီ” ဟူေသာ ဘာသာတရား၏ အဆံုးအမနွင့္အညီ ထာ၀ရနွလံုးသြင္းၾကရေပမည္။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းအမွဴးျပဳေသာ အာဇာနည္တို႔၏ လမ္းေၾကာင္းအား ဂုဏ္ျပဳဦညႊတ္ျခင္းနွင့္အတူ “အၾကမ္းဖက္ဝါဒ”အေပၚ စက္ဆုပ္ရံြရွာၾကရသည္။ “အာဇာနည္သတ္ၱိက ေမတၱာကို အေျခခံတယ္။ မိုက္ရူးရဲသတၱိက ေဒါသနဲ႔ အတၱကို အေျခခံတယ္” ဟူေသာ လူထုေခါင္းေဆာင္၏ မွတ္ခ်က္စကားက ထိမိလွသည္။ တစ္ဆက္တည္းမွာပင္ “မတူျခားနားမႈေတြကို အာဃာတ (အၾကမ္းဖက္တဲ့နည္း)နဲ႔ ေျဖရွင္းမွ ျပီးေျမာက္ (ေအာင္ျမင္) လိမ့္မယ္လို႔ ထင္ေနရင္ေတာ့ ၀မ္းနည္းစရာပါပဲ” ဟူေသာ ေကာက္ခ်က္စကားမွာလည္း တန္ဖိုးရိွလွသည္။
ထို့အတူပင္၊ “ၿပိဳင္ဘက္တို႔အေပၚ အနိုင္ရရိွေရးအတြက္လည္းေကာင္း၊ အားနည္းေသာနိုင္ငံ သို့မဟုတ္ အားနည္းေသာလူမ်ားကို အပိုင္ၾကံလို၍ အားထုတ္မႈမ်ား၌လည္းေကာင္း၊ ရက္စက္ၾကမ္းၾကဳတ္လာသည္ဆိုလွ်င္ ယင္းအမႈသည္ ထိုျပဳမူသူအေပါင္းကိုလည္းေကာင္း၊ လူ႔ေဘာင္ေလာကကိုလည္းေကာင္း က်ဆံုးေအာင္ ျပဳရာေရာက္ေပသည္” ဟု အဟႎသဂုရုၾကီး မဟတၱမဂနၵီက ညွြန္းဆိုခဲ့ဖူးသည္။ တစ္နည္းဆိုရလွ်င္ အၾကမ္းဖက္ဝါဒသည္ လူသားတို႔၏ စိတ္သနၱန္အလင္းဓာတ္ကို သစၥာေဖာက္ျခင္းပင္ျဖစ္သည္။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းလုပ္ၾကံခံခဲ့ရသည္မွာ ၇၃ နွစ္ၾကာခဲ့ျပီ။ ဤခုနွစ္မ်ားအတြင္းမွာပင္ ဗိုလ္ခ်ဳပ္၏ စာေပမ်ား၊ ပံုရိပ္မ်ား၊ ရုပ္တုမ်ား၊ သေကၤတမ်ား အမိ်ဳးမိ်ဳးအဖံုဖံု ကန္႔သတ္ခံရ၊ ဖံုးကြယ္ခံရ၊ ပိတ္ပင္ခံရသည့္ ကာလအခ်ိဳ႔ရွွိခဲ့သည္။ မည္သို့ပင္ျဖစ္ေစ-
“ေလာကဓံတရားတို႔၏ ရက္စက္ၾကမ္းၾကဳတ္ေသာ လက္ဆုပ္တြင္းသို႔ က်ေရာက္ေနရျငားေသာ္လည္း ငါကား မတုန္လႈပ္၊ မငိုေၾကြး၊ ကံတရား၏ ရိုက္ပုတ္ျခင္းဒဏ္ခ်က္တို႔ေၾကာင့္ ငါ၏ ဦးေခါင္းသည္ ေသြးသံတို႔ျဖင့္ ရဲရဲနီ၏။ ငါကား ဦးမညြတ္” ဟူေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ဘာမထီစိတ္ဓာတ္နွင့္ အာဇာနည္ဝိညာဥ္ကို နွလံုးသြင္းလ်က္ ျပည္သူလူထုသည္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမွ်ာ္မွန္းခဲ့ေသာ လမ္းေၾကာင္းနွင့္ အိပ္မက္ကို က်ားကုပ္က်ားခဲ အေကာင္အထည္ေဖာ္ၾကမည္ျဖစ္ေပသည္။
တာ၀န္ခံအယ္ဒီတာ
(zawgyi)