ရန်ကုန် ဇူလိုင် ၂၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူး ကျင်းပသော (၇၂) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် တိပိဋကဓရတိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ ကျောက်ပန်းတောင်း ဆရာတော် အပါအဝင် သာသနာ့အာဇာနည်အရှင်သူမြတ် ၁၀၆ ပါးတို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဒမ္မဇောတိက မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ၊ တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေး အဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများ၊ တိပိဋကဓရတိပိဋကကောဝိဒ ဆရာတော်များ၊ စာထောက်စာမ ဆရာတော်များ၊ တိပိဋကပုစ္ဆက ဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ ပင့်သံဃာတော်များ၊ (၇၂) ကြိမ်မြောက် တိပိဋ ကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့ အာဇာနည်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် နှင့်ဇနီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်း နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက် ရောက် ကြည်ညိုကြသည်။
ရှေးဦးစွာ တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဩဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌ လှိုင်သာယာမြို့နယ် သာသနာ့ဂုဏ်ရည်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ပညိဿရာဘိဝံသထံမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၏ သာရဏီယဩဝါဒကထာကို ဖတ်ကြားချီးမြှင့် တော်မူသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သာသနာရေး ဆိုင်ရာများကို လျှောက်ထားသည်။ (နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ သာသနာရေးဆိုင်ရာ လျှောက်ထားချက်များကို သီးခြားဖော်ပြထားပါသည်။)
ထို့နောက် (၇၂) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်များအား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များဆက်ကပ်ကြရာ တိပိဋကဓရတိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်မှ အရှင်ပညာဝံသာဘိဝံသအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပိဋကတ် နှစ်ပုံခွဲ အာဂုံအောင် မူလအာဘိဓမ္မကဘွဲ့ရ တစ်ပါး၊ ပိဋကတ် နှစ်ပုံအောင် ဒီဃနိကာယကောဝိဒဘွဲ့ရ ၂ ပါး၊ ပိဋကတ် နှစ်ပုံ အာဂုံအောင် ဒီဃဘာဏကဘွဲ့ရ ၄ ပါး၊ ပိဋကတ် တစ်ပုံ ရေးဖြေအောင် ဝိနယကောဝိဒဘွဲ့ရ ၅ ပါး၊ ပိဋကတ် တစ်ပုံ အာဂုံအောင် ဝိနယဓရဘွဲ့ရ ၂၄ ပါး၊ ဝိနည်းပထမပိုင်း ရေးဖြေအောင် ဥဘတောဝိဘင်္ဂကောဝိဒဘွဲ့ရ ၉ ပါး၊ ဝိနည်းပထမပိုင်း အာဂုံအောပူင် ဥဘတောဝိဘင်္ဂဓရဘွဲ့ရ ၆၀ တို့ကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒေါက်တာ ဖေမြင့်၊ သူရဦးအောင်ကိုနှင့် ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့် အောင်လက် မှတ်များ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်း ကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသထံမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေ ကြသည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ ၁၉၄၈ ခုနှစ်တွင် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီး ပေါ်ပေါက်လာရခြင်းသည် ဆဋ္ဌသင်္ဂါယနာတင်ပွဲကျင်းပရာ၌ ပိဋက သုံးပုံ အာဂုံဆောင်သည့် သာသနာ့အာဇာနည်ပုဂ္ဂိုလ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပခဲ့ရာ စတင်ကျင်းပသည့်နှစ်မှ ယခုနှစ် (၇၂) ကြိမ်မြောက်အထိ နှစ်စဉ်မပျက်ကျင်းပခဲ့ သည်။
ကျင်းပပြီးစီးခဲ့သည့် (၇၂) ကြိမ်အတွင်း ပထမဦးဆုံးသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ကြီး အရှင်ဝိစိတ္တသာရာဘိဝံသ အပါအဝင် သာသနာ့အာဇာနည် ၁၅ ပါးမျှ ပေါ်ထွန်းခဲ့၍ ယခုနှစ်ကျင်းပသည့် စာမေးပွဲ၌ ၁၅ ပါးမြောက် တိပိဋကဓရတိပိဋကကောဝိဒ သာသနာ့အာဇာနည်အရှင်မြတ်တစ်ပါး ထပ်မံပေါ်ထွန်းခဲ့ပြီး သာသနာ့အကျိုးကို သယ်ပိုးဆောင်ရွက်လျက်ရှိသည်။
(Unicode Version)
——————————————————————————————————————————–
တိပိဋကဓရတိပိဋကေကာဝိဒ စာေမးပြဲေအာင္ျမင္ေတာ္မူၾကသည့္ တိပိဋကဓရတိပိဋကေကာဝိဒ ဘြဲ႕တံဆိပ္ေတာ္ရ ေက်ာက္ပန္းေတာင္းဆရာေတာ္ အပါအဝင္ သာသနာအာဇာနည္ အရွင္သူျမတ္ ၁၀၆ ပါးတို႔အား ေအာင္လက္မွတ္ႏွင့္ ဘြဲ႕တံဆိပ္ေတာ္မ်ား ဆက္ကပ္လႉဒါန္းပြဲသို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ၾကည္ၫို
ရန္ကုန္ ဇူလိုင္ ၂၀
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနက ႀကီးမႉး က်င္းပေသာ (၇၂) ႀကိမ္ေျမာက္ တိပိဋကဓရတိပိဋကေကာဝိဒ ေ႐ြးခ်ယ္ေရးစာေမးပြဲတြင္ ေအာင္ျမင္ေတာ္မူၾကသည့္ တိပိဋကဓရတိပိဋကေကာဝိဒ ဘြဲ႕တံဆိပ္ေတာ္ရ ေက်ာက္ပန္းေတာင္း ဆရာေတာ္ အပါအဝင္ သာသနာ႔အာဇာနည္အရွင္သူျမတ္ ၁၀၆ ပါးတို႔အား ခ်ီးက်ဴးပူေဇာ္ပြဲႏွင့္ ေအာင္လက္မွတ္ ဆက္ကပ္လႉဒါန္းပြဲ အခမ္းအနားကို ယေန႔နံနက္ ၈ နာရီတြင္ ရန္ကုန္ၿမိဳ႕ သီရိမဂၤလာကမၻာေအးကုန္းေျမရွိ မဟာပါသာဏလိုဏ္ဂူသိမ္ေတာ္ႀကီး၌ က်င္းပသည္။
အခမ္းအနားသို႔ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ဥကၠ႒ အဘိဓဇမဟာရ႒ဂု႐ု၊ အဘိဓဇ အဂၢမဟာသဒၵမၼေဇာတိက မႏၲေလးၿမိဳ႕ ဗန္းေမာ္ေက်ာင္းတိုက္ဆရာေတာ္ ေဒါက္တာဘဒၵႏၲ ကုမာရာဘိဝံသ အမႉးျပဳေသာ ဆရာေတာ္ႀကီးမ်ား၊ တိပိဋကဓရတိပိဋကေကာဝိဒ ေ႐ြးခ်ယ္ေရး အဖြဲ႕၏ ဩဝါဒါစရိယ ဆရာေတာ္ႀကီးမ်ား၊ တိပိဋကဓမၼဘ႑ာဂါရိက ဆရာေတာ္ႀကီးမ်ား၊ တိပိဋကဓရတိပိဋကေကာဝိဒ ဆရာေတာ္မ်ား၊ စာေထာက္စာမ ဆရာေတာ္မ်ား၊ တိပိဋကပုစၧက ဆရာေတာ္မ်ား၊ ႀကီးၾကပ္ေရးဆရာေတာ္မ်ား၊ ပင့္သံဃာေတာ္မ်ား၊ (၇၂) ႀကိမ္ေျမာက္ တိပိဋ ကဓရတိပိဋကေကာဝိဒ ေ႐ြးခ်ယ္ေရးစာေမးပြဲတြင္ ေအာင္ျမင္ေတာ္မူၾကသည့္ သာသနာ႔ အာဇာနည္အရွင္သူျမတ္မ်ား ႂကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကၿပီး ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး သူရ ဦးေအာင္ကို၊ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမင္းသူ၊ ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေဖျမင့္ ႏွင့္ဇနီး၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး၊ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီး ခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ႏွင့္ဇနီး၊ တိုင္းေဒသႀကီးဝန္ႀကီးမ်ား၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား တက္ ေရာက္ ၾကည္ၫိုၾကသည္။
ေရွးဦးစြာ တိပိဋကဓရတိပိဋကေကာဝိဒ ေ႐ြးခ်ယ္ေရးစာေမးပြဲ ဩဝါဒါစရိယအဖြဲ႕ ဥကၠ႒ လႈိင္သာယာၿမိဳ႕နယ္ သာသနာ႔ဂုဏ္ရည္ေက်ာင္းတိုက္ ပဓာနနာယက အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၲ ပညိႆရာဘိဝံသထံမွ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အမႉးျပဳေသာ ဧည့္ပရိသတ္မ်ားက ငါးပါးသီလခံယူေဆာက္တည္ၾကသည္။
ထို႔ေနာက္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ဥကၠ႒ အဘိဓဇမဟာရ႒ဂု႐ု၊ အဘိဓဇအဂၢ မဟာသဒၶမၼေဇာတိက မႏၲေလးၿမိဳ႕ ဗန္းေမာ္ေက်ာင္းတိုက္ဆရာေတာ္ ေဒါက္တာဘဒၵႏၲကုမာရာ ဘိဝံသက ႏိုင္ငံေတာ္သံဃမဟာ နာယကအဖြဲ႕၏ သာရဏီယဩဝါဒကထာကို ဖတ္ၾကားခ်ီးျမႇင့္ ေတာ္မူသည္။
ယင္းေနာက္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သာသနာေရး ဆိုင္ရာမ်ားကို ေလၽွာက္ထားသည္။ (ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္၏ သာသနာေရးဆိုင္ရာ ေလၽွာက္ထားခ်က္မ်ားကို သီးျခားေဖာ္ျပထားပါသည္။)
ထို႔ေနာက္ (၇၂) ႀကိမ္ေျမာက္ တိပိဋကဓရတိပိဋကေကာဝိဒ ေ႐ြးခ်ယ္ေရးစာေမးပြဲတြင္ ေအာင္ျမင္ေတာ္မူၾကသည့္ သာသနာ႔အာဇာနည္ အရွင္သူျမတ္မ်ားအား ဘြဲ႕တံဆိပ္ေတာ္ႏွင့္ ေအာင္လက္မွတ္မ်ားဆက္ကပ္ၾကရာ တိပိဋကဓရတိပိဋကေကာဝိဒ ဘြဲ႕တံဆိပ္ေတာ္ရ ရန္ကုန္ တိုင္းေဒသႀကီး ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္ တိပိဋကမဟာဂႏၴဝင္နိကာယ္ေက်ာင္းတိုက္မွ အရွင္ပညာဝံသာဘိဝံသအား ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဘြဲ႕တံဆိပ္ေတာ္ႏွင့္ ေအာင္လက္မွတ္တို႔ကို ဆက္ကပ္လႉဒါန္းသည္။
ထို႔ေနာက္ ပိဋကတ္ ႏွစ္ပုံခြဲ အာဂုံေအာင္ မူလအာဘိဓမၼကဘြဲ႕ရ တစ္ပါး၊ ပိဋကတ္ ႏွစ္ပုံေအာင္ ဒီဃနိကာယေကာဝိဒဘြဲ႕ရ ၂ ပါး၊ ပိဋကတ္ ႏွစ္ပုံ အာဂုံေအာင္ ဒီဃဘာဏကဘြဲ႕ရ ၄ ပါး၊ ပိဋကတ္ တစ္ပုံ ေရးေျဖေအာင္ ဝိနယေကာဝိဒဘြဲ႕ရ ၅ ပါး၊ ပိဋကတ္ တစ္ပုံ အာဂုံေအာင္ ဝိနယဓရဘြဲ႕ရ ၂၄ ပါး၊ ဝိနည္းပထမပိုင္း ေရးေျဖေအာင္ ဥဘေတာဝိဘဂၤေကာဝိဒဘြဲ႕ရ ၉ ပါး၊ ဝိနည္းပထမပိုင္း အာဂုံေအာပူင္ ဥဘေတာဝိဘဂၤဓရဘြဲ႕ရ ၆၀ တို႔ကို ျပည္ေထာင္စုဝန္ႀကီး ဦးမင္းသူ၊ ေဒါက္တာ ေဖျမင့္၊ သူရဦးေအာင္ကိုႏွင့္ ေဒါက္တာျမင့္ေထြး၊ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၊ တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္း၊ ဒုတိယဝန္ႀကီး ဦးၾကည္မင္း၊ တိုင္းေဒသႀကီး ဝန္ႀကီးမ်ားႏွင့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားက ဘြဲ႕တံဆိပ္ေတာ္ႏွင့္ ေအာင္လက္ မွတ္မ်ား ဆက္ကပ္လႉဒါန္းၾကသည္။
ယင္းေနာက္ ႏိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႕ အက်ိဳးေတာ္ေဆာင္ သန္လ်င္မင္း ေက်ာင္းဆရာေတာ္ အဂၢမဟာပ႑ိတ၊ အဂၢမဟာသဒၶမၼေဇာတိကဓဇ ေဒါက္တာဘဒၵႏၲစႏၵိမာ ဘိဝံသထံမွ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဧည့္ပရိသတ္မ်ားက အႏုေမာဒနာတရားနာယူၾကၿပီး လႉဒါန္းမႈအစုစုတို႔အတြက္ ေရစက္သြန္းေလာင္း အမၽွေပးေဝ ၾကသည္။
ျမန္မာႏိုင္ငံ၏ လြတ္လပ္ေရးႏွင့္အတူ ၁၉၄၈ ခုႏွစ္တြင္ တိပိဋကဓရ၊ တိပိဋကေကာဝိဒ ေ႐ြးခ်ယ္ေရးစာေမးပြဲႀကီး ေပၚေပါက္လာရျခင္းသည္ ဆ႒သဂၤါယနာတင္ပြဲက်င္းပရာ၌ ပိဋက သုံးပုံ အာဂုံေဆာင္သည့္ သာသနာ႔အာဇာနည္ပုဂၢိဳလ္မ်ား ေပၚထြန္းလာေစရန္ ရည္႐ြယ္၍ က်င္းပခဲ့ရာ စတင္က်င္းပသည့္ႏွစ္မွ ယခုႏွစ္ (၇၂) ႀကိမ္ေျမာက္အထိ ႏွစ္စဥ္မပ်က္က်င္းပခဲ့ သည္။
က်င္းပၿပီးစီးခဲ့သည့္ (၇၂) ႀကိမ္အတြင္း ပထမဦးဆုံးေသာ တိပိဋကဓရဓမၼဘ႑ာဂါရိက မင္းကြန္းဆရာေတာ္ႀကီး အရွင္ဝိစိတၱသာရာဘိဝံသ အပါအဝင္ သာသနာ႔အာဇာနည္ ၁၅ ပါးမၽွ ေပၚထြန္းခဲ့၍ ယခုႏွစ္က်င္းပသည့္ စာေမးပြဲ၌ ၁၅ ပါးေျမာက္ တိပိဋကဓရတိပိဋကေကာဝိဒ သာသနာ႔အာဇာနည္အရွင္ျမတ္တစ္ပါး ထပ္မံေပၚထြန္းခဲ့ၿပီး သာသနာ႔အက်ိဳးကို သယ္ပိုးေဆာင္႐ြက္လ်က္ရွိသည္။
(Zawgyi Version)