နေပြည်တော် ဇန်နဝါရီ ၁၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရားဝင် ချစ်ကြည်ရေးခရီးအဖြစ် ယနေ့မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်တွင် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိ ကြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတအား သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းသိမ်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင် တို့က အထူးလေယာဉ်ပေါ်၌ ခရီးဦးကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတဦးမြင့်ဆွေ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တရုတ်ကွန်မြူနစ် ပါတီ ယူနန်ပြည်နယ်ကော်မတီအတွင်းရေးမှူး Mr. Chen Hao ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတနှင့်အဖွဲ့အား နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ မြန်မာတိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် ယဉ်ကျေးမှုယိမ်းအကအဖွဲ့တို့က ဂုဏ်ပြုကြိုဆိုကြသည့်အပြင် နေပြည်တော်လေဆိပ်အထွက် လမ်းဘေးဝဲယာ၌ ကျောင်းသားကျောင်းသူလေးများက နှစ်နိုင်ငံအလံငယ်များကို ဝှေ့ယမ်း၍ ကြိုဆိုနှုတ်ဆက်ကြသည်။
(Unicode)
——————————————————————————————————————
တရုတ္ျပည္သူ႔သမၼတနိုင္ငံ သမၼတ မစၥတာ ရီွက်င့္ဖ်င္ ေနျပည္ေတာ္သို႔ ခ်စ္ၾကည္ေရးခရီးေရာက္ရိွ
ေနျပည္ေတာ္ ဇန္နဝါရီ ၁၇
ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္ နိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္နွင့္ ဇနီး ေဒၚခိ်ဳခိ်ဳတို့၏ ဖိတ္ၾကားခ်က္အရ တရုတ္ျပည္သူ႔သမၼတနိုင္ငံသမၼတ မစၥတာ ရီွက်င့္ဖ်င္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖဲြ႔သည္ တရားဝင္ ခ်စ္ၾကည္ေရးခရီးအျဖစ္ ယေန႔မြန္းလဲြ ၁၂ နာရီ ၅၅ မိနစ္တြင္ အထူးေလယာဥ္ျဖင့္ ေနျပည္ေတာ္သို႔ ေရာက္ရိွ ၾကသည္။
တရုတ္ျပည္သူ႔သမၼတနိုင္ငံသမၼတအား သံတမန္ေရးရာဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမင္းသိမ္းနွင့္ ျမန္မာနိုင္ငံဆိုင္ရာ တရုတ္ျပည္သူ႔သမၼတနိုင္ငံသံအမတ္ၾကီး မစၥတာခ်န္းဟိုင္ တို႔က အထူးေလယာဥ္ေပၚ၌ ခရီးဦးၾကိဳဆို နႈတ္ဆက္ၾကသည္။
ထို႔ေနာက္ တရုတ္ျပည္သူ႔သမၼတနိုင္ငံ သမၼတ မစၥတာ ရီွက်င့္ဖ်င္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖဲြ႔အား ဒုတိယသမၼတဦးျမင့္ေဆြ၊ သာသနာေရးနွင့္ ယဥ္ေက်းမႈဝန္ၾကီး ဌာန ျပည္ေထာင္စုဝန္ၾကီး သူရဦးေအာင္ကို၊ လွ်ပ္စစ္နွင့္ စြမ္းအင္ဝန္ၾကီးဌာန ျပည္ေထာင္စုဝန္ၾကီး ဦးဝင္းခိုင္၊ ရင္းနီွးျမွပ္နံွမႈနွင့္ နိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ၾကီးဌာန ျပည္ေထာင္စုဝန္ၾကီး ဦးေသာင္းထြန္း၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမိ်ဳးေအာင္၊ တရုတ္ကြန္ျမဴနစ္ ပါတီ ယူနန္ျပည္နယ္ ေကာ္မတီအတြင္းေရးမွဴး Mr. Chen Hao ၊ တရုတ္ျပည္သူ႔သမၼတနိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ၾကီး ဦးမိ်ဳးသန္႔ေဖ၊ နိုင္ငံျခားေရးဝန္ႀကီးဌာန အျမဲတမ္းအတြင္းဝန္ ဦးစိုးဟန္နွင့္ တာဝန္ရိွသူမ်ားက ေနျပည္ေတာ္ အျပည္ျပည္ဆိုင္ရာေလဆိပ္၌ ၾကိဳဆိုနႈတ္ဆက္ၾကသည္။
ထို႔ျပင္ တရုတ္ျပည္သူ့သမၼတနိုင္ငံသမၼတနွင့္အဖဲြ႔အား ေနျပည္ေတာ္ အျပည္ျပည္ဆိုင္ရာေလဆိပ္၌ ဂုဏ္ျပဳတပ္ဖဲြ႔နွင့္အတူ ျမန္မာတိုင္းရင္းသား၊ တိုင္းရင္းသူမ်ားနွင့္ ယဥ္ေက်းမႈယိမ္းအကအဖြဲ႔တို႔က ဂုဏ္ျပဳၾကိဳဆိုၾကသည့္အျပင္ ေနျပည္ေတာ္ေလဆိပ္အထြက္ လမ္းေဘးဝဲယာ၌ ေက်ာင္းသားေက်ာင္းသူ ေလးမ်ားက နွစ္နိုင္ငံအလံငယ္မ်ားကို ေဝွ႔ယမ္း၍ ၾကိဳဆိုနႈတ္ဆက္ၾကသည္။
(zawgyi)