ေနျပည္ေတာ္ ေအာက္တိုဘာ ၁၅
တစ္ႏိုင္ငံလုံးပစ္ခတ္ တုိက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (Nationwide Ceasefire Agreement) လက္မွတ္ေရးထုိးျခင္း (၂) ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႕ အထိမ္းအမွတ္ အခမ္းအနားကို ေအာက္တိုဘာ ၁၅ ရက္ နံနက္ ၁၀ နာရီတြင္ ေနျပည္ေတာ္ရွိ အျပည္ျပည္ဆုိင္ရာ ကြန္ဗင္းရွင္း ဗဟိုဌာန (၁) (MICC – 1) တြင္ က်င္းပသည္။
အခမ္းအနားသို႕ ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္၊ ႏိုင္ငံေတာ္၏ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္၊ ဒုတိယသမၼတမ်ား ျဖစ္ၾကေသာ ဦးျမင့္ေဆြႏွင့္ ဦးဟင္နရီဗန္ထီးယူ၊ ျပည္သူ႕လႊတ္ေတာ္ ဥကၠ႒ ဦး၀င္းျမင့္၊ အမ်ဳိးသားလႊြတ္ေတာ္ဥကၠ႒ မန္း၀င္းခုိင္သန္း၊ ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္ ဦးထြန္းထြန္းဦး၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ႏိုင္ငံေတာ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒခုံရုံး ဥကၠ႒ ဦးမ်ဳိးညြႊန္႕၊ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ ဦးလွသိန္း၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း၊ အမ်ဳိးသားလႊတ္ေတာ္ ဒုတိယဥကၠ႒၊ ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒ ေရးရာ ႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္သုံးသပ္ေရး ေကာ္မရွင္ ဥကၠ႒၊ ျပည္ေထာင္စု၀န္ႀကီးမ်ား၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္၊ ျပည္ေထာင္စု ရာထူး၀န္အဖြဲ႕ ဥကၠ႒၊ ေနျပည္ေတာ္ေကာင္စီ ဥကၠ႒၊ အမ်ဳိးသားလူ႕အခြင့္အေရးေကာ္မရွင္ ဥကၠ႒ ၊ အဂတိလုိက္စားမႈ တုိက္ဖ်က္ေရး ေကာ္မရွင္ ဥကၠ႒၊ တုိင္းေဒသႀကီးႏွင့္္ ျပည္နယ္ ၀န္ႀကီးခ်ဳပ္မ်ား၊ ညွိႏႈိင္း ကြပ္ကဲေရးမွဴး (ၾကည္း၊ ေရ၊ ေလ)၊ ကာကြယ္ေရး ဦးစီးခ်ဳပ္ရုံး (ၾကည္း) မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ လႊတ္ေတာ္ေရးရာ ေကာ္မတီ ဥကၠ႒မ်ား၊ တုိင္းမွဴးမ်ား၊ ဒုတိယ၀န္ႀကီးမ်ား၊ ႏိုင္ငံေရးပါတီမ်ားမွ ကုိယ္စားလွယ္မ်ား၊ NCA လက္မွတ္ေရးထုိး ရာတြင္ ပါ၀င္ခဲ့ၾကသည့္ အသိသက္ေသမ်ား၊ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတြဲေကာ္မတီ (UPDJC) အဖြဲ႕၀င္မ်ား၊ ပစ္ခတ္တိုက္ခုိက္မႈ ရပ္စဲေရး ပူးတြဲ ေစာင့္ၾကည့္ေရးေကာ္မတီ (JMC – U) ေကာ္မတီ၀င္မ်ား၊ တစ္ႏိုင္ငံလုံး ပတ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထုိး ထားေသာ တုိင္းရင္း သား လက္နက္ကိုင္အဖြဲ႕အစည္းမ်ား၊ ႏိုင္ငံျခားသံရုံးမ်ားမွ သံတမန္မ်ားႏွင့္ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ား၊ စီးပြားေရး လုပ္ငန္းရွင္မ်ား၊ ဖိတ္ၾကားထား ေသာ ဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကသည္။
အခမ္းအနားတြင္ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန ဥကၠ႒ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က အဖြင့္အမွာစကား ေျပာၾကားသည္။
ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က အမွာစကား ေျပာၾကားသည္။
ယင္းေနာက္ တစ္ႏိုင္ငံလုံးပစ္ခတ္ တုိက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ေရးထုိး ထားေသာ တုိင္းရင္းသားလက္နက္္ကိုင္ အဖြဲ႕အစည္းမ်ား ကိုယ္စား ေကအင္န္ယူ ကရင္အမ်ဳိးသား အစည္းအရုံး ဥကၠ႒ ဗုိလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖုိးက အမွာစကား ေျပာၾကားသည္။
ဆက္လက္၍ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတြဲေကာ္မတီ (Union Peace Dialogue Joint Committee – UPDJC) ၏ လုပ္ငန္းတိုးတက္မႈ အစီရင္ခံစာ အား UPDJC အဖြဲ႕မွ ဦးေရႊမင္းက ဖတ္ၾကားတင္ျပသည္။
အဆိုပါ UPDJC ၏ လုပ္ငန္းတုိးတက္မႈအစီရင္ခံစာတြင္ UPDJC အေနျဖင့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံ – (၂၁) ရာစုပင္လုံ ပထမအစည္းအေ၀း က်င္းပ ၿပီးစီးသည့္ ေနာက္ပိုင္း ႏိုင္ငံေရးေဆြးေႏြးပြဲ မ်ားကို ေအာင္ျမင္စြာ ဆက္လက္က်င္းပႏုိင္ ေရးအတြက္ ႏိုင္ငံေရးေဆြးေႏြးမႈ အဆင့္ဆင့္ပုံစံ (Structure) ႏွင့္ ရွင္းလင္းခ်က္၊ လူမ်ဳိးအလုိက္၊ ေဒသအလိုက္၊ အေၾကာင္းအရာအလုိက္ က်င္းပမည့္ အမ်ဳိးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲ လုပ္ငန္းလမ္းညႊန္ (ToR)၊ အမ်ဳိးသားအဆင့္ ေဆြးေႏြးပြဲမ်ား ႀကီးၾကပ္မႈေကာ္မတီ ToR , UPDJC ToR , အတြင္းေရးမွဴးအဖြဲ႕ ToR ႏွင့္ လုပ္ငန္း ေကာ္မတီ ToR တုိ႕ကို အတည္ျပဳျခင္းႏွင့္ အမ်ဳိးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲ မ်ားကို အျမန္ဆုံး စတင္ က်င္းပႏိုင္ေရး ဆုိင္ရာ သေဘာထားမ်ား ေရးဆြဲခ်မွတ္ႏိုင္ခဲ့ ပါေၾကာင္း။
ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ – (၂၁) ရာစုပင္လုံ ဒုတိယအစည္းအေ၀းတြင္ အားလုံးလက္ခံ ႏိုင္ေသာ အေျခခံမူ၀ါဒမ်ား ေဖာ္ထုတ္ႏိုင္ေရး ဦးတည္ၿပီး ဦးစားေပး ေဆြးေႏြးရမည့္ ေခါင္းစဥ္မ်ား အျဖစ္ ႏိုင္ငံေရးက႑တြင္ ဖက္ဒရယ္စနစ္၌ အေျခခံ ရမည့္မူမ်ား၊ စီးပြားေရးက႑တြင္ ဖက္ဒရယ္ စနစ္ စီးပြားေရးဆိုင္ရာ အေျခခံရမည့္မူ မ်ားႏွင့္ ေဒသႏၱရ ဖြံ႕ၿဖိဳးေရးဆုိင္ရာ အေျခခံမူမ်ား၊ လူမႈေရးက႑တြင္ ျပန္လည္ေနရာ ခ်ထားေရး၊ ျပန္လည္ထူေထာင္ေရး ႏွင့္ လူမႈဖြံ႕ၿဖိဳးေရးဆုိင္ရာ အေျခခံမူမ်ား၊ ေျမယာ ႏွင့္ သဘာ၀ပတ္၀န္းက်င္ က႑တြင္ ဖက္ဒရယ္စနစ္ကို အေျခခံေသာ ေျမယာမူ၀ါဒ၏ အေျခခံမူမ်ားကို သတ္မွတ္ခဲ့ပါေၾကာင္း။
UPDJC မွ ခ်မွတ္ေပးထားေသာ အထက္ပါ အေျခခံလမ္းညႊန္မူမ်ားႏွင့္ အညီ ေရရွည္တည္တ့့ံ ခုိင္ၿမဲသည့္ ၿငိမ္းခ်မ္းေရးရရွိရန္ ရည္မွန္း၍ တုိင္းရင္းသားမ်ား၏ လုိလားခ်က္မ်ားႏွင့္ သေဘာထား ဆႏၵမ်ားကို အေျခခံၿပီး ပါ၀င္သင့္သူ အားလုံးပါ၀င္သည့္ လူမ်ဳိးအလုိက္ က်င္းပေသာ ကရင္ အမ်ဳိးသားႏိုင္ငံေရးေဆြးေႏြးပြဲ၊ ခ်င္းအမ်ဳိးသား ႏိုင္ငံေရး ေဆြးေႏြးပြဲ၊ ပအုိ၀္း အမ်ဳိးသား ႏိုင္ငံေရး ေဆြးေႏြးပြဲမ်ား၊ ေဒသလိုက္က်င္းပ ေသာ တနသၤာရီတုိင္းေဒသႀကီး အမ်ဳိးသားအဆင့္ ႏိုင္ငံေရး ေဆြးေႏြးပြဲ၊ ပဲခူးတုိင္းေဒသႀကီး အမ်ဳိးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲ၊ ရွမ္းျပည္နယ္ အမ်ဳိးသား အဆင့္ ႏိုင္ငံေရး ေဆြးေႏြးပြဲမ်ားႏွင့္ အေၾကာင္းအရာ အလုိက္ က်င္းပေသာ အရပ္ဘက္ အဖြဲ႕အစည္းမ်ား ဖုိရမ္တုိ႕ကို ေအာင္ျမင္စြာ က်င္းပႏိုင္ခဲ့ၾကပါေၾကာင္း။
လူမ်ဳိးအလုိက္၊ ေဒသအလုိက္ အမ်ဳိးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲမ်ားမွ အျမင္ သေဘာထားမ်ားကုိ စုစည္းၿပီး တင္ျပလာေသာ ႏိုင္ငံေရးက႑မွ စာတမ္းေပါင္း ၈ ေစာင္၊ စီးပြားေရးက႑မွ စာတမ္းေပါင္း ၈ ေစာင္၊ လူမႈေရးက႑မွ စာတမ္းေပါင္း ၂ ေစာင္၊ ေျမယာႏွင့္ သဘာ၀ပတ္၀န္းက်င္က႑မွ စာတမ္းေပါင္း ၅ ေစာင္တုိ႕ႏွင့္ အစု အဖြဲ႕အသီးသီးတို႕မွ တင္သြင္းလာေသာ စာတမ္းမ်ားကို အေျခခံၿပီး UPDJC က ဖြဲ႕စည္းတာ၀န္ေပးထားေသာ က႑အလုိက္ လုပ္ငန္းေကာ္မတီမ်ား အစည္းအေ၀းကို ႏွစ္ႀကိမ္တုိင္တုိင္ျပဳလုပ္ႏိုင္ခဲ့ကာ ေစ့စပ္ညွိႏိႈင္းေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ၾကၿပီး မူ၀ါဒ အဆိုျပဳလႊာမ်ားကို စိစစ္ေရြးခ်ယ္ျပဳစု၍ UPDJC သို႕တင္ျပႏိုင္ခဲ့ပါေၾကာင္း။
သက္ဆုိင္ရာ က႑အလုိက္ လုပ္ငန္းေကာ္မတီမ်ားက တင္ျပလာေသာ မူ၀ါဒ အဆုိျပဳလႊာမ်ားကို စိစစ္သုံးသပ္ၿပီး UPDJC အေနျဖင့္ ၂၀၁၇ ခုႏွစ္ ေမ ၂၄ ရက္မွ ၂၉ ရက္အထိ က်င္းပေသာ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ – (၂၁) ရာစုပင္လုံ ဒုတိယ အစည္းအေ၀းတြင္ ေဆြးေႏြးအတည္ျပဳ ေပးႏိုင္ေရးအတြက္ ဆက္လက္တင္သြင္းခဲ့ပါ ေၾကာင္း။
၆ ရက္တုိင္ က်င္းပခဲ့သည့္ ညီလာခံႀကီးတြင္ UPDJC က တင္သြင္းခဲ့ေသာ မူ၀ါဒ အဆုိျပဳလႊာမ်ားကို အစုအဖြဲ႕အလုိက္၊ က႑အလုိက္ ေဆြးေႏြးမူမ်ားကို အဆင့္ဆင့္ ျပဳလုပ္ကာ မူ၀ါဒ သေဘာတူညီခ်က္ စုစုေပါင္း ၃၇ ခ်က္ကို ျပည္ေထာင္စု သေဘာတူ စာခ်ဳပ္ အစိတ္အပိုင္း (၁) အျဖစ္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ – (၂၁) ရာစု ပင္လုံ ဒုတိယ အစည္းအေ၀းတြင္ အစုအဖြဲ႕ အသီးသီး၏ ေခါင္းေဆာင္မ်ားႏွင့္ အသိသက္ေသမ်ားက လက္မွတ္ ေရးထိုးႏိုင္ခဲ့ၾကပါေၾကာင္း။
UPDJC ကို စတင္ဖြဲ႕စည္းသည့္ အခ်ိန္မွစ၍ ယေန႕အထိ ပုံမွန္အစည္းအေ၀း ၁၁ ႀကိမ္ က်င္းပ ႏိုင္ခဲ့ၿပီးျဖစ္ပါေၾကာင္း၊ ဆက္လက္၍လည္း ေပးအပ္ထားသည့္ အဓိကတာ ၀န္ႏွစ္ရပ္ျဖစ္ေသာ ႏိုင္ငံေရး ေဆြးေႏြးမႈဆုိင္ရာ မူေဘာင္ကို ေရးဆြဲျခင္းႏွင့္ ႏိုင္ငံေရး ေဆြးေႏြးပြဲအဆင့္ဆင့္ကို ႀကီးၾကပ္လမ္းညႊန္ တာ၀န္ခံရန္ စသည့္တာ၀န္မ်ားကို ဆထက္ထမ္းပိုး ႀကိဳးပမ္း ေဖာ္ေဆာင္သြားမည္ ျဖစ္ပါေၾကာင္း။
UPDJC အေနျဖင့္ ေရရွည္တည္တ့ံခိုိင္ၿမဲသည့္ ၿငိမ္းခ်မ္းေရးရရွိေရးအတြက္ ႏိုင္ငံေရးျပႆနာကို စစ္ေရးနည္းျဖင့္ ေျဖရွင္းျခင္းမျပဳဘဲ ႏိုင္ငံေရးနည္းျဖင့္ ေျဖရွင္းႏိုင္ ေရးအလို႕ငွာ ပါ၀င္သင့္ပါ၀င္ ထုိက္သူ အားလုံးပါ၀င္သည့္ ႏိုင္ငံေရးေဆြးေႏြးပြဲမ်ားကို ဆက္လက္က်င္းပသြားရန္ႏွင့္ ႏုိင္ငံအတြင္း မွီတင္းေနထုိင္ၾကေသာ တုိင္းရင္းသား လူမ်ဳိး မ်ား၏ ေနာက္ခံသမုိင္း၊ ရိုးရာယဥ္ေက်းမႈ၊ စာေပ၊ ဘာသာစကားႏွင့္ အမ်ဳိးသား ေရးလကၡဏာမ်ား မတူကြဲျပားမႈကို လက္ခံအသိအမွတ္ျပဳ၍ လူမ်ဳိး ေပါင္းစုံ၊ ဘာသာ ေပါင္းစုံတုိ႕ျဖင့္ ျပည္ေထာင္စုလကၡဏာ တစ္ရပ္ကို ႏိုင္ငံသားအားလုံး အတူ တစ္ကြ စုေပါင္းေဖာ္ေဆာင္ၾကရန္ တုိက္တြန္းရင္း အစီရင္ခံစာကို တင္သြင္းအပ္ပါေၾကာင္း ေဖာ္ျပထားသည္။
ထုိ႕ေနာက္ ပစ္ခတ္တုိက္ခိုက္မႈ ရပ္စဲေရးဆုိင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ (Joint Ceasefire Monitoring Committee – JMC) ၏ လုပ္ငန္း တုိးတက္မႈအစီရင္ ခံစာအား JMC – U ဒုတိယဥကၠ႒ အရပ္သားကိုယ္စားလွယ္ ေစာမက္သယူးေအး က ဖတ္ၾကားတင္ျပသည္။
JMC ၏ လုပ္ငန္းတုိးတက္မႈ အစီရင္ခံစာတြင္ ပစ္ခတ္တုိက္ခိုက္မႈ ရပ္စဲေရး ဆို္င္ရာ ပူးတြဲ ေစာင့္ၾကည့္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ NCA ၊ ပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲ ေစာင့္ၾကည့္ေရး ေကာ္မတီ အဆင့္ဆင့္၏ လုပ္ငန္းလမ္းညႊန္ ToR ႏွင့္ ႏွစ္ဖက္ ေလးစားလုိက္နာရမည့္ ပစ္ခတ္ တုိက္ခိုက္မႈ ရပ္စဲေရးဆုိင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ား ႏွင့္ စစ္ဘက္ဆုိင္ရာ က်င့္၀တ္မ်ား (COC)၊ လုပ္ထုံးလုပ္နည္းမ်ား (SOPs) ႏွင့္ သေဘာတူညီခ်က္မ်ား အတုိင္းသာ ေဆာင္ရြက္လ်က္ ရွိပါေၾကာင္း၊ ယခုအခ်ိန္အထိ လုပ္ထုံးလုပ္နည္း ၁၆ ခု ေရးသားျပဳစု ႏိုင္ခဲ့ၿပီးျဖစ္ပါေၾကာင္း။
JMC ၏ လုပ္ငန္းတာ၀န္မ်ား အေနျဖင့္ ေစာင့္ၾကည့္ျခင္း၊ စိစစ္အတည္ျပဳျခင္း၊ ပဋိပကၡမ်ားအား ေျဖရွင္းျခင္း၊ စြမ္းရည္ျမွင့္တင္ေပးျခင္းတုိ႕ျဖစ္ပါေၾကာင္း၊ ေစာင့္ၾကည့္ ေရးလုပ္ငန္းမ်ားကို ပဋိပကၡ ဒဏ္ခံစားေနရသည့္ နယ္ေျမေဒသရွိ ႏွစ္ဖက္လက္ခံသည့္ ေဒသခံျပည္သူမ်ားက ေဆာင္ရြက္လ်က္ ရွိပါေၾကာင္း၊ JMC သည္ လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားႏွင့္ ပဋိပကၡ ဒဏ္ခံစားေနရသည့္ အရပ္သားမ်ားက တုိင္ၾကားျခင္း ႏွင့္ အျငင္းပြားမႈမ်ားအတြက္ ေျဖရွင္းေဆာင္ရြက္ေပးရာတြင္ JMC ဆို္င္ရာ ျပဌာန္းခ်က္မ်ား အေပၚ ခ်ဳိးေဖာက္မႈ ရွိျခင္း၊ မရွိျခင္းအား ေကာ္မတီ၀င္ အရပ္သား ကိုယ္စားလွယ္ ဦးေဆာင္ေသာ စိစစ္အတည္ျပဳေရးအဖြဲ႕ကို ဖြဲ႕စည္း ေဆာင္ရြက္ေစလ်က္ရွိပါေၾကာင္း၊ JMC အဆင့္ဆင့္၏ ေကာ္မတီအဖြဲ႕၀င္ အရပ္သား ကိုယ္စားလွယ္မ်ားကလည္း အရပ္ဘက္ လူမႈအဖြဲ႕ အစည္းမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ား ေဆာင္ရြက္လ်က္ ရွိပါေၾကာင္း၊ JMC ၏ လုပ္ငန္းစဥ္မ်ားအား ျပည္သူလူထုက က်ယ္က်ယ္ျပန္႕ျပန္႕ သိရွိႏိုင္ေစေရး အတြက္ တုိင္းေဒသႀကီး၊ ျပည္နယ္ အဆင့္ႏွင့္ ေဒသဆုိင္ရာအဆင့္ ပစ္ခတ္တုိက္ခုိ္က္ မႈ ရပ္စဲေရးဆုိင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ၀င္မ်ားက လူထုေတြ႕ဆုံပြဲ ၂၄ ႀကိမ္ ျပဳလုပ္ခဲ့ရာ တက္ေရာက္သူဦးေရ ၆၀၀၀ ခန္႕ကို ရွင္းလင္းေျပာၾကားေပး ႏိုင္ခဲ့ပါေၾကာင္း။
JMC လုပ္ငန္းမ်ား မွန္ကန္ျမန္ဆန္စြာ ေဆာင္ရြက္ႏုိင္ေရးအတြက္ ဖြဲ႕စည္းထား ၿပီးျဖစ္ေသာ JMC မ်ားတြင္ နည္းပညာအေထာက္အကူျပဳ ရုံးအဖြဲ႕၀န္ထမ္းမ်ားကို ခန္႕အပ္ၿပီး ရုံးလုပ္ငန္းမ်ား စနစ္တက် ေဆာင္ရြက္ေစလ်က္ရွိပါေၾကာင္း၊ မိမိတို႕ JMC ေကာ္မတီ၀င္မ်ားႏွင့္ ရုံးအဖြဲ႕၀န္ထမ္းမ်ား၏ လုပ္ငန္း ေဆာင္ရြက္ေနမႈမ်ားကို ျပည္ပ ပညာရွင္မ်ားႏွင့္ ႏိုင္ငံတကာမွ လာေရာက္ေလ့လာ ေဆြးေႏြးျခင္းမ်ား ျပဳလုပ္လ်က္ ရွိပါေၾကာင္း။
JMC ေကာ္မတီ၀င္မ်ားႏွင့္ နည္းပညာ အေထာက္အကူျပဳ ရုံးအဖြဲ႕ ၀န္ထမ္းမ်ား အား စြမ္းရည္ ျမွင့္တင္ေရးလုပ္ငန္းမ်ားကို စဥ္ဆက္မျပတ္ ေဆာင္ရြက္ေပးလ်က္ရွိပါ ေၾကာင္း၊ ထို႕အျပင္ JMC ေကာ္မတီ အဆင့္ဆင့္မွ ေကာ္မတီ၀င္မ်ားကို ၿငိမ္းခ်မ္းေရး ႏွင့္ သက္ဆုိင္သည့္ ျပည္ပ ေလ့လာေရး ခရီးမ်ားေစလႊတ္၍ မိမိႏိုင္ငံ၏ ၿငိမ္းခ်မ္းေရး အတြက္ အေထာက္အကူျပဳႏိုင္ရန္ ေဆာင္ရြက္ေပးလ်က္ ရွိပါေၾကာင္း။
ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားသည္ သိမ္ေမြ႕ခက္ခဲနက္နဲသည့္ အသြင္သ႑ာန္ ေဆာင္သျဖင့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္အား အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနသည့္ JMC အေနျဖင့္္ စိတ္ရွည္သည္းခံ ခြင့္လႊတ္တတ္သည့္ စိတ္ဓာတ္ကို ေမြးျမဴၿပီး မေလွ်ာ့ေသာ ဇြဲျဖင့္ စဥ္ဆက္မျပတ္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ ေတြ႕ႀကံဳရသည့္ အခက္အခဲမ်ားကို ဘက္လုိက္မႈကင္းၿပီး ပြင့္လင္းျမင္သာမႈ အေျခခံျဖင့္ အတူတစ္ကြ ပူးေပါင္းညွိႏႈိင္း အေျဖရွာ၍ ေရရွည္တည္တံ့ခုိင္ၿမဲသည့္ ၿငိမ္းခ်မ္းေရး ရရွိေအာင္ ႀကိဳးပမ္းေဆာင္ရြက္သြားမည္ ျဖစ္ပါေၾကာင္း ေဖာ္ျပထားသည္။
အခမ္းအနားအၿပီးတြင္ ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္၊ ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ အဖြဲ႕သည္ သံတမန္မ်ားႏွင့္ လည္းေကာင္း၊ တုိင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား၊ JMC ႏွင့္ UPDJC ကိုယ္စားလွယ္ မ်ားႏွင့္ လည္းေကာင္း၊ ႏိုင္ငံေရးပါတီ၊ ယခင္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ေရး လုပ္ငန္းေကာ္မတီ (UPWC), အမ်ဳိးသားျပန္လည္ သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟို ဌာန (MPC) ႏွင့္ အသိသက္ေသမ်ားႏွင့္ လည္းေကာင္း၊ အစိုးရ၊ လႊတ္ေတာ္၊ တပ္မေတာ္ ကိုယ္စားလွယ္မ်ားႏွင့္ လည္းေကာင္း၊ စီးပြားေရး လုပ္ငန္းရွင္မ်ားႏွင့္လည္း ေကာင္း စုေပါင္း၍ မွတ္တမ္းတင္ ဓာတ္ပုံရုိက္ၾကသည္။
(ZawgyiVersion)
——————————————————————
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း (၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
နေပြည်တော် အောက်တိုဘာ ၁၅
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement) လက်မှတ်ရေးထိုးခြင်း (၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၁၅ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၁) (MICC – 1) တွင် ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတများ ဖြစ်ကြသော ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွှန့်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများ၊ တိုင်းမှူးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးရာတွင်ပါဝင်ခဲ့ကြသည့် အသိသက်သေများ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင်များ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC – U) ကော်မတီဝင်များ၊ တစ်နိုင်ငံလုံး ပတ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး ထားသော တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးများမှ သံတမန်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဖိတ်ကြားထား သော ဧည်ြသည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကား ပြောကြားသည်။
ယင်းနောက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စား ကေအင်န်ယူ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (Union Peace Dialogue Joint Committee – UPDJC) ၏ လုပ်ငန်းတိုးတက်မှု အစီရင်ခံစာ အား UPDJC အဖွဲ့မှ ဦးရွှေမင်းက ဖတ်ကြားတင်ပြသည်။
အဆိုပါ UPDJC ၏ လုပ်ငန်းတိုးတက်မှုအစီရင်ခံစာတွင် UPDJC အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစုပင်လုံ ပထမအစည်းအဝေး ကျင်းပ ပြီးစီးသည့် နောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲ များကို အောင်မြင်စွာ ဆက်လက်ကျင်းပနိုင် ရေးအတွက် နိုင်ငံရေးဆွေးနွေးမှု အဆင့်ဆင့်ပုံစံ (Structure) နှင့် ရှင်းလင်းချက်၊ လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာအလိုက် ကျင်းပမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန် (ToR)၊ အမျိုးသားအဆင့် ဆွေးနွေးပွဲများ ကြီးကြပ်မှုကော်မတီ ToR , UPDJC ToR , အတွင်းရေးမှူးအဖွဲ့ ToR နှင့် လုပ်ငန်း ကော်မတီ ToR တို့ကို အတည်ပြုခြင်းနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို အမြန်ဆုံးစတင် ကျင်းပနိုင်ရေး ဆိုင်ရာ သဘောထားများ ရေးဆွဲချမှတ်နိုင်ခဲ့ ပါကြောင်း။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် အားလုံးလက်ခံနိုင်သောအခြေခံ မူဝါဒများ ဖော်ထုတ်နိုင်ရေး ဦးတည်ပြီး ဦးစားပေးဆွေးနွေးရမည့်ခေါင်းစဉ်များအဖြစ် နိုင်ငံရေးကဏ္ဍတွင် ဖက်ဒရယ်စနစ်၌ အခြေခံရမည့်မူများ၊ စီးပွားရေးကဏ္ဍတွင် ဖက်ဒရယ်စနစ် စီးပွားရေးဆိုင်ရာ အခြေခံရမည့်မူ များနှင့် ဒေသန္တရ ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံမူများ၊ လူမှုရေးကဏ္ဍတွင် ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူထောင်ရေးနှင့် လူမှုဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံမူများ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍတွင် ဖက်ဒရယ်စနစ်ကို အခြေခံသော မြေယာမူဝါဒ၏ အခြေခံမူများကို သတ်မှတ်ခဲ့ပါကြောင်း။
UPDJC မှ ချမှတ်ပေးထားသော အထက်ပါ အခြေခံလမ်းညွှန်မူများနှင့်အညီ ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် ရည်မှန်း၍ တိုင်းရင်းသားများ၏ လိုလားချက်များနှင့် သဘောထားဆန္ဒများကို အခြေခံပြီး ပါဝင်သင့်သူ အားလုံးပါဝင်သည့် လူမျိုးအလိုက် ကျင်းပသော ကရင်အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ၊ ချင်းအမျိုးသား နိုင်ငံရေးဆွေးနွေးပွဲ၊ ပအိုဝ်း အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲများ၊ ဒေသလိုက်ကျင်းပ သော တနင်္သာရီ တိုင်းဒေသကြီး အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၊ ရှမ်းပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများနှင့်အကြောင်းအရာအလိုက်ကျင်းပသော အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ်တို့ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြပါကြောင်း။
လူမျိုးအလိုက်၊ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ အမြင် သဘောထားများကို စုစည်းပြီး တင်ပြလာသော နိုင်ငံရေးကဏ္ဍမှ စာတမ်းပေါင်း ၈ စောင်၊ စီးပွားရေးကဏ္ဍမှ စာတမ်းပေါင်း ၈ စောင်၊ လူမှုရေးကဏ္ဍမှ စာတမ်းပေါင်း ၂ စောင်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍမှ စာတမ်းပေါင်း ၅ စောင်တို့နှင့် အစုအဖွဲ့ အသီးသီးတို့မှ တင်သွင်းလာသော စာတမ်းများကို အခြေခံပြီး UPDJC က ဖွဲ့စည်းတာဝန်ပေးထားသော ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ အစည်းအဝေးကို နှစ်ကြိမ်တိုင်တိုင်ပြုလုပ်နိုင်ခဲ့ကာ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး မူဝါဒ အဆိုပြုလွှာများကို စိစစ်ရွေးချယ်ပြုစု၍ UPDJC သို့တင်ပြနိုင်ခဲ့ပါကြောင်း။
သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများက တင်ပြလာသော မူဝါဒ အဆိုပြုလွှာများကို စိစစ်သုံးသပ်ပြီး UPDJC အနေဖြင့် ၂၀၁၇ ခုနှစ် မေ ၂၄ ရက်မှ ၂၉ ရက်အထိ ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံ ဒုတိယ အစည်းအဝေးတွင် ဆွေးနွေးအတည်ပြု ပေးနိုင်ရေးအတွက် ဆက်လက်တင်သွင်းခဲ့ပါ ကြောင်း။
၆ ရက်တိုင် ကျင်းပခဲ့သည့် ညီလာခံကြီးတွင် UPDJC က တင်သွင်းခဲ့သော မူဝါဒ အဆိုပြုလွှာများကို အစုအဖွဲ့အလိုက်၊ ကဏ္ဍအလိုက် ဆွေးနွေးမူများကို အဆင့်ဆင့် ပြုလုပ်ကာ မူဝါဒ သဘောတူညီချက် စုစုပေါင်း ၃၇ ချက်ကို ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း (၁) အဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစု ပင်လုံဒုတိယ အစည်းအဝေးတွင် အစုအဖွဲ့ အသီးသီး၏ ခေါင်းဆောင်များနှင့် အသိသက်သေများက လက်မှတ် ရေးထိုးနိုင် ခဲ့ကြပါကြောင်း။
UPDJC ကို စတင်ဖွဲ့စည်းသည့် အချိန်မှစ၍ ယနေ့အထိ ပုံမှန်အစည်းအဝေး ၁၁ ကြိမ် ကျင်းပ နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ပေးအပ်ထားသည့် အဓိကတာ ဝန်နှစ်ရပ်ဖြစ်သော နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ရေးဆွဲခြင်းနှင့် နိုင်ငံရေး ဆွေးနွေးပွဲအဆင့်ဆင့်ကို ကြီးကြပ်လမ်းညွှန် တာဝန်ခံရန်စသည့် တာဝန်များကို ဆထက် ထမ်းပိုး ကြိုးပမ်း ဖော်ဆောင်သွားမည် ဖြစ်ပါကြောင်း။
UPDJC အနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေးအလို့ငှာ ပါဝင်သင့်ပါဝင်ထိုက်သူ အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက်ကျင်းပသွားရန်နှင့် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုး များ၏ နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားနှင့် အမျိုးသား ရေးလက္ခဏာများ မတူကွဲပြားမှုကို လက်ခံအသိအမှတ်ပြု၍ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ဖြင့် ပြည်ထောင်စုလက္ခဏာ တစ်ရပ်ကို နိုင်ငံသားအားလုံး အတူ တစ်ကွ စုပေါင်းဖော်ဆောင်ကြရန် တိုက်တွန်းရင်း အစီရင်ခံစာကို တင်သွင်းအပ်ပါကြောင်း ဖော်ပြထားသည်။
ထို့နောက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Ceasefire Monitoring Committee – JMC) ၏ လုပ်ငန်း တိုးတက်မှုအစီရင် ခံစာအား JMC – U ဒုတိယဥက္ကဋ္ဌ အရပ်သားကိုယ်စားလှယ် စောမက်သယူးအေး က ဖတ်ကြားတင်ပြသည်။
JMC ၏ လုပ်ငန်းတိုးတက်မှု အစီရင်ခံစာတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆ်ိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် NCA ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်၏ လုပ်ငန်းလမ်းညွှန် ToR နှင့် နှစ်ဖက် လေးစားလိုက်နာရမည့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ နှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ (COC)၊ လုပ်ထုံးလုပ်နည်းများ (SOPs) နှင့် သဘောတူညီချက်များ အတိုင်းသာ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအချိန်အထိ လုပ်ထုံးလုပ်နည်း ၁၆ ခု ရေးသားပြုစု နိုင်ခဲ့ပြီးဖြစ်ပါကြောင်း။
JMC ၏ လုပ်ငန်းတာဝန်များ အနေဖြင့် စောင့်ကြည့်ခြင်း၊ စိစစ်အတည်ပြုခြင်း၊ ပဋိပက္ခများအား ဖြေရှင်းခြင်း၊ စွမ်းရည်မြှင့်တင်ပေးခြင်းတို့ဖြစ်ပါကြောင်း၊ စောင့်ကြည့်ရေးလုပ်ငန်းများကို ပဋိပက္ခ ဒဏ်ခံစားနေရသည့် နယ်မြ ေဒေသရှိ နှစ်ဖက်လက်ခံသည့်ဒေသခံပြည်သူများက ဆောင်ရွက်လျက် ရှိပါကြောင်း၊ JMC သည် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပဋိပက္ခ ဒဏ်ခံစားနေရသည့် အရပ်သားများက တိုင်ကြားခြင်းနှင့် အငြင်းပွားမှုများအတွက် ဖြေရှင်းဆောင်ရွက်ပေးရာတွင် JMC ဆိုင်ရာ ပြဌာန်းချက်များအပေါ် ချိုးဖောက်မှုရှိခြင်း၊ မရှိခြင်းအား ကော်မတီဝင် အရပ်သား ကိုယ်စားလှယ် ဦးဆောင်သော စိစစ်အတည်ပြုရေးအဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက်စေလျက်ရှိပါကြောင်း၊ JMC အဆင့်ဆင့်၏ ကော်မတီအဖွဲ့ဝင် အရပ်သား ကိုယ်စားလှယ်များကလည်း အရပ်ဘက် လူမှုအဖွဲ့ အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ JMC ၏ လုပ်ငန်းစဉ်များအား ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ် အဆင့်နှင့် ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီဝင်များက လူထုတွေ့ဆုံပွဲ ၂၄ ကြိမ် ပြုလုပ်ခဲ့ရာ တက်ရောက်သူဦးရေ ၆၀၀၀ ခန့်ကို ရှင်းလင်းပြောကြားပေး နိုင်ခဲ့ပါကြောင်း။
JMC လုပ်ငန်းများ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းထား ပြီးဖြစ်သော JMC များတွင် နည်းပညာအထောက်အကူပြု ရုံးအဖွဲ့ဝန်ထမ်းများကို ခန့်အပ်ပြီး ရုံးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်စေလျက် ရှိပါကြောင်း၊ မိမိတို့ JMC ကော်မတီဝင်များနှင့် ရုံးအဖွဲ့ဝန်ထမ်းများ၏ လုပ်ငန်း ဆောင်ရွက်နေမှုများကို ပြည်ပ ပညာရှင်များနှင့် နိုင်ငံတကာမှ လာရောက်လေ့လာ ဆွေးနွေးခြင်းများ ပြုလုပ်လျက် ရှိပါကြောင်း။
JMC ကော်မတီဝင်များနှင့် နည်းပညာ အထောက်အကူပြု ရုံးအဖွဲ့ ဝန်ထမ်းများအား စွမ်းရည် မြှင့်တင်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ထို့အပြင် JMC ကော်မတီ အဆင့်ဆင့်မှ ကော်မတီဝင်များကို ငြိမ်းချမ်းရေး နှင့် သက်ဆိုင်သည့် ပြည်ပ လေ့လာရေး ခရီးများစေလွှတ်၍ မိမိနိုင်ငံ၏ ငြိမ်းချမ်းရေး အတွက် အထောက်အကူပြုနိုင်ရန် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် သိမ်မွေ့ခက်ခဲနက်နဲသည့် အသွင်သဏ္ဍာန် ဆောင်သဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်နေသည့် JMC အနေဖြင့် စိတ်ရှည်သည်းခံ ခွင့်လွှတ်တတ်သည့် စိတ်ဓာတ်ကို မွေးမြူပြီး မလျှော့သော ဇွဲဖြင့် စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ဘက်လိုက်မှုကင်းပြီး ပွင့်လင်းမြင်သာမှု အခြေခံဖြင့် အတူတစ်ကွ ပူးပေါင်းညှိနှိုင်း အဖြေရှာ၍ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖော်ပြထားသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် သံတမန်များနှင့်လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ JMC နှင့် UPDJC ကိုယ်စားလှယ်များနှင့် လည်းကောင်း၊ နိုင်ငံရေးပါတီ၊ ယခင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC), အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (MPC)နှင့် အသိသက်သေ များနှင့် လည်းကောင်း၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော် ကိုယ်စားလှယ်များနှင့် လည်းကောင်း၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် လည်းကောင်း စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
(Unicode Version)