(၁၁-၉-၂၀၁၇)
အားလုံးမဂၤလာပါ။
ခ်စ္ခင္ေလးစားရပါတဲ့ ျပည္သူအေပါင္းတို႔ စိတ္ခ်မ္းသာ ကိုယ္က်န္းမာၾကပါေစေၾကာင္း ဆုမြန္ေတာင္းရင္း ႏႈတ္ခြန္းဆက္သ လိုက္ပါတယ္။
ျပည္သူလူထုရဲ႕က်န္းမာေရးကို ႀကီးမားစြာထိခိုက္ေစေသာ စိန္ေခၚမႈတစ္ရပ္ျဖစ္တဲ့ ကြမ္းယာနဲ႔ ေဆး႐ြက္ႀကီး ေသာက္သုံးမႈ ေလ်ာ့နည္းေရးအတြက္ အသိပညာေပး လႈံ႔ေဆာ္လႈပ္ရွားမႈပြဲ စတင္ဖြင့္လွစ္ျခင္းအထိမ္းအမွတ္ အခမ္းအနားသို႔ သဝဏ္လႊာ ေပးပို႔ခြင့္ရတဲ့အတြက္ ေက်နပ္ဝမ္းေျမာက္မိပါတယ္။ ျပည္သူလူထုရဲ႕ က်န္းမာ အသက္ရွည္ေရးအတြက္ ေဆာင္႐ြက္တဲ့ ဒီပြဲကေန ရလဒ္ေကာင္းမ်ားရႏိုင္မယ္လို႔လည္း ေမၽွာ္လင့္ပါတယ္။
မကူးစက္တတ္ေသာေရာဂါမ်ားဟာ ကူးစက္တတ္ေသာေရာဂါမ်ားနဲ႔အၿပိဳင္ ကမၻာသူ ကမၻာသားမ်ား၊ အထူးသျဖင့္ ဖြံ႕ၿဖိဳးမႈနိမ့္က်ေသာႏိုင္ငံအမ်ားစုမွာ ေနထိုင္ၾကသူမ်ားအတြက္ ႀကီးမားေသာအသက္အႏၲရာယ္ျဖစ္ေစတဲ့ က်န္းမာေရး ဝန္ထုပ္ဝန္ပိုးႀကီးျဖစ္ေနပါတယ္။ ကမၻာ့က်န္းမာေရးအဖြဲ႕ႀကီးရဲ႕ အစီရင္ခံစာမ်ားအရ ကၽြန္မတို႔ ျမန္မာႏိုင္ငံမွာ ၂၀၁၄ ခုႏွစ္အတြင္း ေသဆုံးသူအားလုံးရဲ႕ ၅၉ ရာခိုင္ႏႈန္းဟာ အဲဒီ မကူးစက္တတ္ေသာ ေရာဂါ မ်ားေၾကာင့္ ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။ ကူးစက္တတ္ေသာ ေရာဂါေတြနဲ႔ပတ္သက္ၿပီး မျဖစ္ပြားေအာင္ ကာကြယ္ေရးလုပ္ငန္းမ်ား၊ ျဖစ္ပြားလာရင္ ထိေရာက္ေသာကုသမႈမ်ား ေဆာင္႐ြက္ေပးေနသကဲ့သို႔ မကူးစက္တတ္ေသာ ေရာဂါမ်ား၊ အထူးသျဖင့္ ေဆးလိပ္နဲ႔ေဆး႐ြက္ႀကီးထြက္ပစၥည္းမ်ား ေသာက္သုံးမႈေၾကာင့္ ျဖစ္လာတဲ့ ေရာဂါမ်ားကိုလည္း ကာကြယ္ ထိန္းခ်ဳပ္သြားဖို႔ လိုအပ္ပါတယ္။ ယေန႔ ျမန္မာႏိုင္ငံမွာ လူငယ္လူ႐ြယ္မ်ား၊ အမ်ိဳးသမီးမ်ား၊ အမ်ိဳးသားမ်ားအပါအဝင္ ျပည္သူျပည္သားမ်ားအၾကား ေဆးလိပ္ေသာက္ျခင္းနဲ႔ ေဆး႐ြက္ႀကီးထြက္ ပစၥည္းမ်ိဳးစုံပါဝင္တဲ့ ကြမ္းယာကို ေန႔စဥ္ အဆက္မျပတ္သုံးစြဲျခင္းတို႔ တိုးတက္မ်ားျပားလာေနတာကို သတိျပဳမိၾကမွာျဖစ္ပါတယ္။
ကၽြန္မတို႔ျမန္မာႏိုင္ငံဟာ အေရွ႕ေတာင္အာရွအာဆီယံႏိုင္ငံမ်ားအၾကားမွာ ေဆး႐ြက္ႀကီးထြက္ ပစၥည္းမ်ိဳးစုံကို ကြမ္းယာတြင္ ထည့္သြင္းစားသုံးျခင္း ရာခိုင္ႏႈန္းအမ်ားဆုံးျဖစ္ပါတယ္။ ကၽြန္မတို႔ရဲ႕ ျပည္သူ႕က်န္းမာေရးဆိုင္ရာ အဓိကစိန္ေခၚမႈတစ္ရပ္ျဖစ္ေနပါၿပီ။ ေဆးလိပ္ေသာက္တာ၊ ေဆး႐ြက္ႀကီးထြက္ပစၥည္းမ်ိဳးစုံပါဝင္တဲ့ ကြမ္းယာ စားသုံးတာ၊ ကြမ္းနဲ႔ေဆး႐ြက္ငုံတာေတြဟာ ျပည္သူမ်ားရဲ႕က်န္းမာေရးကို အထူးထိခိုက္ေနတယ္ဆိုတာကို အေလးေပးေစလိုတဲ့ အေနနဲ႔ ၂၀၁၆ ခုႏွစ္ ေမလ အစိုးရသစ္တက္လာခ်ိန္ကစၿပီး ႐ုံးမ်ား၊ ေဆး႐ုံနဲ႔ေက်ာင္းမ်ား၊ အမ်ားျပည္သူတို႔စုေဝးရာ ေနရာမ်ားမွာ ကြမ္းစားျခင္းမျပဳေရးအတြက္ ဌာနဆိုင္ရာတာဝန္ခံအသီးသီးက တာဝန္ယူၿပီး အသိပညာေပးမႈေတြ၊ ကန္႔သတ္မႈေတြကို တင္းက်ပ္စြာေဆာင္႐ြက္ၾကဖို႔ ၫႊန္ၾကားခ်က္မ်ားကိုလည္း ထုတ္ျပန္ခဲ့ၿပီးျဖစ္ပါတယ္။
ယခုလိုက်ယ္ျပန္႔တဲ့ က်န္းမာေရးလုပ္ငန္းႀကီးတစ္ရပ္ေဆာင္႐ြက္ရာမွာ ျပည္သူလူထုကို ထိေရာက္တဲ့ပညာေပးမႈ မ်ားဟာ အဓိကက်ပါတယ္။ အသိပညာေပးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ရာမွာလည္း ကာလတိုအတြင္းသာ ထိေရာက္မႈရွိမယ့္ စီမံခ်က္ေတြနဲ႔ ေကာင္းမြန္ေသာရလဒ္ေကာင္းမ်ားကို မရႏိုင္ဘူးဆိုတာကို သတိျပဳရပါမယ္။ အဆင့္ဆင့္ေသာ အစိုးရအဖြဲ႕အစည္းမ်ားနဲ႔အတူ ျပည္သူလူထုထံသို႔ နည္းလမ္းအသြယ္သြယ္ျဖင့္ ေရရွည္ ပညာျဖန္႔ေဝေပးေရးဟာ ပဓာနက်ပါတယ္။ အထူးသျဖင့္ လက္ရွိေဆးလိပ္နဲ႔ေဆး႐ြက္ႀကီး၊ ကြမ္းယာသုံးစြဲျခင္း မျပဳေသးတဲ့ ေက်ာင္းသား ေက်ာင္းသူလူငယ္မ်ား (အသက္ ၁၃-ႏွစ္ေအာက္အ႐ြယ္မ်ား) စတင္သုံးစြဲျခင္းမျပဳေရး၊ သုံးစြဲမိသူမ်ားအားလည္း အႏၲရာယ္ႀကီးမားလွေသာသုံးစြဲမႈကို ရပ္တန္႔ေစေရးကို စုေပါင္းေဆာင္႐ြက္ၾကဖို႔ တိုက္တြန္း ေျပာၾကားလိုပါတယ္။
ပညာေပးမႈနည္းလမ္းအသြယ္သြယ္မ်ား အက်ိဳးသက္ေရာက္မႈႀကီးမားေစရန္အတြက္ စာသင္ေက်ာင္းမ်ားမွ ေက်ာင္း ဆရာ၊ ဆရာမမ်ား၊ က်န္းမာေရးဝန္ထမ္းမ်ား၊ အျခားဌာနအဖြဲ႕အစည္းမ်ားမွ ဝန္ထမ္းမ်ား၊ ဝန္ထမ္းမိသားစုမ်ား၊ အဆင့္ဆင့္ေသာ တာဝန္ရွိသူမ်ားအားလုံးက ပညာေပးလုပ္ငန္းမ်ားကို စီမံေဆာင္႐ြက္ရာမွာပါဝင္ၾကဖို႔ ေမတၱာရပ္ခံ ခ်င္ပါတယ္။
ယေန႔ေဆာင္႐ြက္ေနတဲ့ ကြမ္းယာႏွင့္ ေဆး႐ြက္ႀကီးထြက္ပစၥည္းမ်ားထိန္းခ်ဳပ္ေရးအတြက္ မီဒီယာမွတစ္ဆင့္ လူထုလႈံ႔ေဆာ္ပညာေပးေရးအစီအစဥ္ဟာ အလြန္ပင္ေကာင္းမြန္ေသာ လုပ္ငန္းစဥ္တစ္ရပ္ျဖစ္တဲ့အတြက္ တာဝန္ယူ ေဆာင္႐ြက္ေနတဲ့ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ျပန္ၾကားေရးဝန္ႀကီးဌာနတို႔နဲ႔အတူ မိတ္ဖက္ အဖြဲ႕အစည္း မ်ား အားလုံးကိုလည္း ဝမ္းေျမာက္ဂုဏ္ယူစြာျဖင့္ ေက်းဇူးတင္ေၾကာင္းေျပာၾကားပါရေစ။
နိဂုံးခ်ဳပ္အေနနဲ႔ ျမန္မာျပည္သူ ခုနစ္သန္းေက်ာ္ဟာ ေန႔စဥ္ ေဆး႐ြက္ႀကီးထြက္ပစၥည္းမ်ိဳးစုံပါတဲ့ ကြမ္းယာကို သုံးစြဲေနၾကၿပီး ေဆး႐ြက္ႀကီးေၾကာင့္ ႏွစ္စဥ္ ေသဆုံးသူဟာလည္း ေျခာက္ေသာင္းေက်ာ္ရွိေနေၾကာင္း သုေတသန ျပဳခ်က္မ်ားအရ သိရွိရတဲ့အတြက္ ဤမၽွႀကီးမားတဲ့ က်န္းမာေရးစိန္ေခၚမႈႀကီးကို ျပည္သူမ်ားက “ေနာင္တမရေအာင္ ကြမ္းယာကိုေရွာင္” ဆိုတဲ့ ေဆာင္ပုဒ္နဲ႔အညီ အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ ဇြဲသန္သန္နဲ႔ ရင္ဆိုင္ အႏိုင္ယူ သြားၾကပါစို႔လို႔ တိုက္တြန္းႏႈိးေဆာ္လိုက္ပါတယ္။ ျပည္သူအေပါင္းက်န္းမာႀကံ႕ခိုင္ၿပီး ႏိုင္ငံအက်ိဳးကို ဆတက္ထမ္းပိုးတိုး၍ ေဆာင္႐ြက္ႏိုင္ၾကပါေစ။
Unicode Version
ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ထိန်းချုပ်ရေးအတွက် မီဒီယာမှတစ်ဆင့် လူထုလှုံ့ဆော်ပွဲ စတင်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သဝဏ်လွှာ
(၁၁-၉-၂၀၁၇)
အားလုံးမင်္ဂလာပါ။
ချစ်ခင်လေးစားရပါတဲ့ ပြည်သူအပေါင်းတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေကြောင်း ဆုမွန်တောင်းရင်း နှုတ်ခွန်းဆက်သ လိုက်ပါတယ်။
ပြည်သူလူထုရဲ့ကျန်းမာရေးကို ကြီးမားစွာထိခိုက်စေသော စိန်ခေါ်မှုတစ်ရပ်ဖြစ်တဲ့ ကွမ်းယာနဲ့ ဆေးရွက်ကြီး သောက်သုံးမှု လျော့နည်းရေးအတွက် အသိပညာပေး လှုံ့ဆော်လှုပ်ရှားမှုပွဲ စတင် ဖွင့်လှစ်ခြင်းအထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့ခွင့်ရတဲ့အတွက် ကျေနပ်ဝမ်းမြောက် မိပါတယ်။ ပြည်သူလူထုရဲ့ ကျန်းမာ အသက်ရှည်ရေးအတွက် ဆောင်ရွက်တဲ့ဒီပွဲကနေ ရလဒ်ကောင်းများ ရနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။
မကူးစက်တတ်သောရောဂါများဟာ ကူးစက်တတ်သောရောဂါများနဲ့အပြိုင် ကမ္ဘာသူ ကမ္ဘာသားများ၊ အထူးသဖြင့် ဖွံ့ဖြိုးမှုနိမ့်ကျသောနိုင်ငံအများစုမှာ နေထိုင်ကြသူများအတွက် ကြီးမားသော အသက် အန္တရာယ်ဖြစ်စေတဲ့ ကျန်းမာရေး ဝန်ထုပ်ဝန်ပိုးကြီးဖြစ်နေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အစီရင်ခံစာများအရ ကျွန်မတို့ မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်အတွင်း သေဆုံးသူအားလုံးရဲ့ ၅၉ ရာခိုင်နှုန်းဟာ အဲဒီ မကူးစက်တတ်သော ရောဂါ များကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကူးစက်တတ်သော ရောဂါတွေနဲ့ပတ်သက်ပြီး မဖြစ်ပွားအောင် ကာကွယ်ရေးလုပ်ငန်းများ၊ ဖြစ်ပွားလာရင် ထိရောက်သောကုသမှုများ ဆောင်ရွက်ပေးနေသကဲ့သို့ မကူးစက်တတ်သော ရောဂါများ၊ အထူးသဖြင့် ဆေးလိပ်နဲ့ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးမှုကြောင့် ဖြစ်လာတဲ့ ရောဂါများကိုလည်း ကာကွယ် ထိန်းချုပ်သွားဖို့ လိုအပ်ပါတယ်။ ယနေ့ မြန်မာနိုင်ငံမှာ လူငယ်လူရွယ်များ၊ အမျိုးသမီးများ၊ အမျိုးသားများအပါအဝင် ပြည်သူပြည်သားများအကြား ဆေးလိပ်သောက်ခြင်းနဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းမျိုးစုံပါဝင်တဲ့ ကွမ်းယာကို နေ့စဉ် အဆက်မပြတ်သုံးစွဲခြင်းတို့ တိုးတက်များပြားလာနေတာကို သတိပြုမိကြမှာဖြစ်ပါတယ်။
ကျွန်မတို့မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှအာဆီယံနိုင်ငံများအကြားမှာ ဆေးရွက်ကြီးထွက် ပစ္စည်းမျိုးစုံကို ကွမ်းယာတွင် ထည့်သွင်းစားသုံးခြင်း ရာခိုင်နှုန်းအများဆုံးဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါပြီ။ ဆေးလိပ်သောက်တာ၊ ဆေးရွက်ကြီးထွက်ပစ္စည်းမျိုးစုံပါဝင်တဲ့ ကွမ်းယာ စားသုံးတာ၊ ကွမ်းနဲ့ဆေးရွက်ငုံတာတွေဟာ ပြည်သူများရဲ့ကျန်းမာရေးကို အထူးထိခိုက်နေတယ်ဆိုတာကို အလေးပေးစေလိုတဲ့ အနေနဲ့ ၂၀၁၆ ခုနှစ် မေလ အစိုးရသစ်တက်လာချိန်ကစပြီး ရုံးများ၊ ဆေးရုံနဲ့ကျောင်းများ၊ အများပြည်သူတို့စုဝေးရာ နေရာများမှာ ကွမ်းစားခြင်းမပြုရေးအတွက် ဌာနဆိုင်ရာတာဝန်ခံအသီးသီးက တာဝန်ယူပြီး အသိပညာပေးမှုတွေ၊ ကန့်သတ်မှုတွေကို တင်းကျပ်စွာဆောင်ရွက်ကြဖို့ ညွှန်ကြားချက်များကိုလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။
ယခုလိုကျယ်ပြန့်တဲ့ ကျန်းမာရေးလုပ်ငန်းကြီးတစ်ရပ်ဆောင်ရွက်ရာမှာ ပြည်သူလူထုကို ထိရောက်တဲ့ပညာပေးမှု များဟာ အဓိကကျပါတယ်။ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရာမှာလည်း ကာလတိုအတွင်းသာ ထိရောက်မှုရှိမယ့် စီမံချက်တွေနဲ့ ကောင်းမွန်သောရလဒ်ကောင်းများကို မရနိုင်ဘူးဆိုတာကို သတိပြုရပါမယ်။ အဆင့်ဆင့်သော အစိုးရအဖွဲ့အစည်းများနဲ့အတူ ပြည်သူလူထုထံသို့ နည်းလမ်းအသွယ်သွယ်ဖြင့် ရေရှည် ပညာဖြန့်ဝေပေးရေးဟာ ပဓာနကျပါတယ်။ အထူးသဖြင့် လက်ရှိဆေးလိပ်နဲ့ဆေးရွက်ကြီး၊ ကွမ်းယာသုံးစွဲခြင်း မပြုသေးတဲ့ ကျောင်းသား ကျောင်းသူလူငယ်များ (အသက် ၁၃-နှစ်အောက်အရွယ်များ) စတင်သုံးစွဲခြင်းမပြုရေး၊ သုံးစွဲမိသူများအားလည်း အန္တရာယ်ကြီးမားလှသော သုံးစွဲမှုကို ရပ်တန့်စေရေးကို စုပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။
ပညာပေးမှုနည်းလမ်းအသွယ်သွယ်များ အကျိုးသက်ရောက်မှုကြီးမားစေရန်အတွက် စာသင်ကျောင်း များမှ ကျောင်း ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အခြားဌာနအဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ အဆင့်ဆင့်သော တာဝန်ရှိသူများအားလုံးက ပညာပေးလုပ်ငန်းများကို စီမံဆောင်ရွက်ရာမှာပါဝင်ကြဖို့ မေတ္တာရပ်ခံ ချင်ပါတယ်။
ယနေ့ဆောင်ရွက်နေတဲ့ ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများထိန်းချုပ်ရေးအတွက် မီဒီယာမှတစ်ဆင့် လူထုလှုံ့ဆော်ပညာပေးရေးအစီအစဉ်ဟာ အလွန်ပင်ကောင်းမွန်သော လုပ်ငန်းစဉ် တစ်ရပ်ဖြစ်တဲ့အတွက် တာဝန်ယူ ဆောင်ရွက်နေတဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့နဲ့အတူ မိတ်ဖက်အဖွဲ့အစည်းများ အားလုံးကိုလည်း ဝမ်းမြောက် ဂုဏ်ယူစွာဖြင့် ကျေးဇူးတင်ကြောင်းပြောကြားပါရစေ။
နိဂုံးချုပ်အနေနဲ့ မြန်မာပြည်သူ ခုနစ်သန်းကျော်ဟာ နေ့စဉ် ဆေးရွက်ကြီးထွက်ပစ္စည်းမျိုးစုံပါတဲ့ ကွမ်းယာကို သုံးစွဲနေကြပြီး ဆေးရွက်ကြီးကြောင့် နှစ်စဉ် သေဆုံးသူဟာလည်း ခြောက်သောင်းကျော် ရှိနေကြောင်း သုတေသန ပြုချက်များအရ သိရှိရတဲ့အတွက် ဤမျှကြီးမားတဲ့ ကျန်းမာရေး စိန်ခေါ်မှုကြီးကို ပြည်သူများက “နောင်တမရအောင် ကွမ်းယာကိုရှောင်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဇွဲသန်သန်နဲ့ ရင်ဆိုင် အနိုင်ယူ သွားကြပါစို့လို့ တိုက်တွန်း နှိုးဆော် လိုက်ပါတယ်။ ပြည်သူအပေါင်းကျန်းမာကြံ့ခိုင်ပြီး နိုင်ငံအကျိုးကို ဆတက်ထမ်းပိုး တိုး၍ ဆောင်ရွက်နိုင်ကြပါစေ။