အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုပြန်ကြားရေးကော်မတီနှင့် ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့ ကြီးမှူးပြုလုပ်သည့် ပြန်ကြားရေးအရည်အသွေးမြှင့်သင်တန်း (၈/၂၀၁၉)ဖွင့်ပွဲ အခမ်းအနားကို မေလ (၆) ရက်၊ ၂၀၁၉ ခုနှစ် နံနက် (၉)နာရီအချိန်တွင် ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဗဟိုပြန်ကြားရေးကော်မတီမှ တာဝန်ရှိသူများ၊ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူးနှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ကချင်ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်များမှ ပြန်ကြားရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
Zawgyi version
——————————————————————————————————————————————
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် ပြန်ကြားရေးအရည်အသွေးမြှင့်သင်တန်း(၈/၂၀၁၉)ပြုလုပ်
၀၆ မေလ ၂၀၁၉၊ မြစ်ကြီးနား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုပြန်ကြားရေးကော်မတီ နှင့် ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့ ကြီးမှူးပြုလုပ်သည့် ပြန်ကြားရေးအရည်အသွေးမြှင့်သင်တန်း(၈/၂၀၁၉)ဖွင့်ပွဲအခမ်းအနားကို ၆ မေလ ၂၀၁၉ ခုနှစ် နံနက် (၉)နာရီအချိန်တွင် ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဗဟိုပြန်ကြားရေးကော်မတီမှာတာဝန်ရှိသူများ၊ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူးနှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ကချင်ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်များမှ ပြန်ကြားရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
ဖွင့်ပွဲတွင် ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်၊ ဗဟိုကော်မတီဝင်၊ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးနော်လီ၊ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာခက်အောင်တို့မှ အဖွင့်အမှာစကားနှင့် နှုတ်ဆက်စကားများပြောကြားခဲ့ပြီး ဗဟိုပြန်ကြားရေးကော်မတီအဖွဲ့ဝင် ဦးနေဘုန်းလတ်မှ သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းရင်းနှင့် ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ သဘာပတိ ဦးဒါရှီလဆိုင်းမှ နိဂုံးချုပ်ကျေးဇူးတင်စကားတို့ကို ပြောကြားခဲ့ပါသည်။
သင်တန်းကို ၆ မေလ ၂၀၁၉ နှင့် ၇ မေလ ၂၀၁၉ နံနက် (၉)နာရီမှ ညနေ (၅) နာရီအထိ (၂) ရက်ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ သင်တန်းများကို ၂၀၂၀ ရွေးကောက်ပွဲအတွက် ရည်ရွယ်၍ အဖွဲ့ချုပ်၏ပြန်ကြားရေး လုပ်ငန်းများအား ထိရောက်လျှင်မြန်စွာ ဆောင်ရွက်နိုင်ရေး အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ဗဟိုပြန်ကြားရေးကော်မတီ သင်တန်းရေးရာမှူး ဦးနေဘုန်းလတ်မှပြောကြားပါသည်။ သင်တန်းသို့ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၈)မြို့နယ်၊ ခရိုင် (၄)ခရိုင်နှင့် ပြည်နယ် တို့မှ ပြန်ကြားရေးတာဝန်ခံ (၂၅)ဦးခန့်တက်ရောက်မည်ဖြစ်ပြီး သင်တန်းဆရာများမှ ပါတီသမိုင်းကြောင်း၊ ဓါတ်ပုံရိုက်ကူးခြင်း နည်းပညာ၊ သတင်းရေးသားနည်းပညာ နှင့် လက်တွေ့ကွန်ရက်ချိတ်ဆက်မှုဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချ သွားမည်ဖြစ်ပါသည်။
unicode version