နိုဝင်ဘာလ ၁၇ ရက် ၊ ၂၀၁၉ / သန်လျင်
အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ် သန်လျင်မြို့နယ် စစ်ပင်ကွင်းကျေးရွာလူငယ်များ၊ ကျောင်းသူ ကျောင်းသားများ၊ လူငယ်ဝန်ထမ်းနှင့် အလုပ်သမားများအတွက် အခမဲ့ကွန်ပျူတာသင်တန်းအား စစ်ပင်ကွင်းကျေးရွာစာကြည့်တိုက်၌ ယနေ ့နံနက် ၁၀ း၀၀ နာရီမှ ၁၂း၀၀ နာရီအထိ၊ နေ့လယ် ၁း၀၀ နာရီမှ ၃း၀၀ နာရီအထိ သင်တန်းချိန် နှစ်ချိန် သင်ကြားပေးခဲ့သည်။
သင်တန်းအား သန်လျင်မြို့နယ်လူငယ်လုပ်ငန်းအဖွဲ ့နှင့် အဖွဲ ့ချုပ်ပညာရေးကွန်ရက်တစ်ခုဖြစ်သော မုဒိတာလူမှူဖွံ ့ဖြိုးရေးစင်တာ(သန်လျင်) နှင့် ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး သင်တန်းသားဦးရေ (၁၉ )ဦး တက်ရောက်ခဲ့သည်။ သင်တန်းဆရာများအဖြစ် ကိုနေအောင်ဟိန်း၊ မကလျာမြတ်နိုး၊ကိုမျိုးမင်းထွန်းတို့မှ သင်ကြားပေးလျှက်ရှိသည်။
သန်လျင်မြို့နယ်လူငယ်လုပ်ငန်းအဖွဲ ့
အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်
(unicode version)
—————————————————————————————————————-
NLD လူငယ်စွမ်းရည်မြှင့် အခမဲ့ ကွန်ပျူတာသင်တန်း စတုတ္ထပတ် သင်ကြားခြင်း
(zawgyi version)