စည်ပင်ရိပ်သာတွင် ဇူလှိုင် ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ကျင်းပရာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဌ-၂ ဒေါက်တာဇော်မြင့်မောင်နှင့် ဗဟိုအလုပ်အမှုဆောင်များ စုံညီစွာ တက်ရောက်ကြပြီး ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ ပါတီရေးရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးအပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဌ-၂ ဒေါက်တာဇော်မြင့်မောင်နှင့် မီဒီယာများတွေ့ဆုံ၍ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။