ရှစ်လေးလုံးအရေးတော်ပုံနှစ်(၃၀)ပြည့်အခမ်းအနားသို့ အဖွဲ ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့်အဖွဲ ့ချုပ်အဖွဲ့ဝင်များ တက်ရောက်
သြဂုတ် ၈ ရက်
ယနေ့၊ နံနက် ၁၀ နာရီတွင် ရန်ကုန်တက္ကသိုလ်၊ အပန်းဖြေရိပ်သာခန်းမ၌ကျင်းပသည့် ရှစ်လေးလုံးအရေးတော်ပုံနှစ်(၃၀)ပြည့်အခမ်းအနားသို့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ နှင့်အဖွဲ့ချုပ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှစ်လေးလုံး ဒီမိုကရေစီ နှစ်(၃၀)ပြည့် အခမ်းအနား ကော်မတီကိုယ်စား ကိုမင်းကိုနိုင်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ ပြီး အခမ်းအနားသို့ ပေးပို့လာသော သဝဏ်လွှာများကိုကျောင်းသားသမဂ္ဂအသီးသီးမှကျောင်းသားများကဖတ်ကြားခဲ့ကြပြီး သဏ်လ ွှာများ ကိုမှတ်တမ်းတင်ခဲ့ကြသည်။
ယင်းနောက်ရှစ်လေးလုံး အရေးတော်ပုံ နှစ်(၃၀)ကာလကို ပြန်လည်သုံးသပ်၍ ဆွေးနွေးပွဲမှ ရရှိသော တိုင်းပြည်သို့ အကြံပြုချက်များကို ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ နှစ်(၃၀)ပြည့် အခမ်းအနားဖြစ်မြောက်ရေး ကော်မတီကိုယ် စား ဦးသက်ထွန်းကဖတ်ကြားခဲ့ပြီးရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ်(၃၀)ပြည့် အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီကိုယ်စား
ဦးကိုကိုကြီးကကျေးဇူးတင်စကား ပြောကြားခဲ့ သည်။
အဆိုပါအခမ်းအနားသို့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ ့ အတွင်းရေးမှူးအဖွဲ႔ဝင်ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်၊ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြသောဒေါက်တာဒေါ်မေဝင်းမြင့်၊ဒေါက်တာမျိုးညွန့်၊ဦးအောင်စိုး၊ ဦးသိန်းဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် မြို့တော်စည်ပင်သာယာရေးကော်မတီဝင်များ၊လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှ၊တိုင်းအလုပ်အမှုဆောင်အဖွ ဲ့ဥက္ကဌ နှင့်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အဖွဲ့ချုပ်ဗဟိုကော်မတီဝင်များနှင့် ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊နိုင်ငံရေးပါတီများမှပုဂ္ဂိုလ်များ၊မျိုးဆက်အသီးသီးမှကျောင်းသားကျောင်းသူများ၊သံတမန်များနှင့်ပြည်သူများ တက်ရာက်ခဲ့ကြသည်။
CIC