ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က ႏိုင္ငံေတာ္ အစိုးရမွေဆာင္႐ြက္လ်က္ ရွိသည့္ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဆိုင္ရာ ႀကိဳးပမ္းအားထုတ္မႈမ်ားႏွင့္ စပ္လ်ဥ္း၍ သံတမန္မ်ားအား အသိေပးေျပာၾကားခ်က္
(အလြတ္သေဘာ ဘာသာျပန္ဆိုခ်က္)
ေနျပည္ေတာ္ စက္တင္ဘာ ၁၉
ယမန္ႏွစ္က ေ႐ြးေကာက္တင္ေျမာက္ၿပီးခါစ ျမန္မာႏိုင္ငံအစိုးရသစ္ရဲ႕ ကိုယ္စားလွယ္အေနနဲ႔ ကုလသမဂၢ အေထြေထြညီလာခံမွာ မိန္႔ခြန္းေျပာၾကားခဲ့တုန္းကကၽြန္မတို႔အစိုးရအေနနဲ႔ ကုလသမဂၢ ပဋိဉာဥ္စာခ်ဳပ္ပါ ရည္႐ြယ္ခ်က္ေတြနဲ႔ အေျခခံမူေတြအေပၚမွာ ထားရွိတဲ့ ယုံၾကည္မႈေတြကို ထပ္ေလာင္း အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။
ႏိုင္ငံမ်ားအေနနဲ႔ ပိုမိုၿငိမ္းခ်မ္းၿပီး ႂကြယ္ဝတဲ့ ကမၻာ၊ လူသားမ်ားအားလုံးအတြက္ ပိုမိုၾကင္နာ ေမတၱာထားေသာေနရာ တစ္ေနရာအျဖစ္ ဝိုင္းဝန္းတည္ေထာင္ေနတဲ့ ယုံၾကည္ခ်က္နဲ႔ ကၽြန္မတို႔ ႏိုင္ငံမွာ ႀကဳံေတြ႕ေနရတဲ့ စိန္ေခၚမႈေတြနဲ႔၊ ယင္းစိန္ေခၚမႈမ်ားကို ေက်ာ္လႊားႏိုင္ေအာင္ ႀကိဳးပမ္းခ်က္မ်ားကို ႏိုင္ငံတကာ အသိုင္းအဝိုင္းကို မၽွေဝလိုပါတယ္။
ဒီႏွစ္မွာေတာ့ ကၽြန္မအေနနဲ အေထြေထြညီလာခံတက္ေရာက္ဖို႔ နယူးေယာက္ၿမိဳ႕ကို သြားေရာက္ႏိုင္ျခင္း မရွိတဲ့အတြက္ ယခုလိုသံတမန္ေတြကို ရွင္းလင္းေျပာၾကားမႈတစ္ရပ္ ျပဳလုပ္ဖို႔ စီစဥ္ခဲ့တာျဖစ္ပါတယ္။
ကၽြန္မတို႔ျပည္သူေတြဟာ ၂၀၁၅ ခုႏွစ္ေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ေ႐ြးခ်ယ္တင္ေျမာက္ခဲ့ခ်ိန္မွာ ကၽြန္မတို႔ကို တာဝန္သုံးရပ္ ယုံယုံၾကည္ၾကည္နဲ႔ အပ္ႏွင္းခဲ့ပါတယ္။ ဒီမိုကေရစီအသြင္ကူးေျပာင္းေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရး၊ ၿပီးေတာ့ ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔ပဲ ျဖစ္ပါတယ္။ အဲဒီ စိန္ေခၚမႈ သုံးရပ္စလုံးဟာ လြယ္ကူတဲ့ တာဝန္ေတြမဟုတ္သလို ႐ိုးရွင္းတဲ့ စိန္ေခၚမႈေတြလည္းမဟုတ္ပါဘူး။
ကၽြန္မတို႔အတြက္ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးဆိုတာဟာ ရာစုႏွစ္ တစ္ဝက္ေလာက္ အာဏာရွင္စနစ္ေအာက္မွာ ရွိေနတဲ့အေျခအေနကေန ဒီမိုကေရစီကိုကူးေျပာင္းရတာျဖစ္ပါတယ္။ အခုအခ်ိန္မွာ ကၽြန္မတို႔ ျပဳစုပ်ိဳးေထာင္ေနတဲ့ ဒီမိုကေရစီစနစ္ဟာ ဖြံၿဖိဳးခါစ ရင့္က်က္ဖို႔ လိုေသးတဲ့ မျပည့္စုံေသးတဲ့ အေနအထားပဲ ျဖစ္ပါတယ္။
ၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရးဆိုတာ ကၽြန္မတို႔ ႏိုင္ငံ လြတ္လပ္ေရးရရွိၿပီးတဲ့အခ်ိန္ ၁၉၄၈ ခုႏွစ္ ကစၿပီး ေပၚေပါက္လာခဲ့တဲ့၊ ႏွစ္ေပါင္း ၇၀ ျပည္တြင္းပဋိပကၡေတြ ခ်ဳပ္ၿငိမ္းေအာင္ ႀကိဳးစားေနရတဲ့ ကိစၥပဲ ျဖစ္ပါတယ္။
ဖြံၿဖိဳးတိုးတက္မႈဆိုတာဟာ အခု ေျပာၾကားခဲ့တဲ့အခ်က္ႏွစ္ခ်က္အေပၚမူတည္ၿပီးမွ ရရွိေအာင္ျမင္ ႏိုင္မွာ ျဖစ္ပါတယ္။ ဒီမိုကေရစီ တန္ဖိုးေတြကို ျပဳစုပ်ိဳးေထာင္ႏိုင္မယ္၊ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို ထိန္းသိမ္းထားႏိုင္မယ္ ဆိုမွသာ ကၽြန္မတို႔ျပည္သူအားလုံး တန္းတူညီမၽွ ရရွိခံစားႏိုင္မယ့္၊ ေရရွည္တည္တံ့တဲ့ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ရရွိႏိုင္မွာျဖစ္ပါတယ္။
အားလုံး သိရွိထားၿပီး ျဖစ္တဲ့အတိုင္း ျမန္မာႏိုင္ငံဟာ ႐ႈပ္ေထြးနက္နဲလွတဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ပါတယ္။ အဲဒီ ႐ႈပ္ေထြးနက္နက္မႈေတြနဲ႔အတူဒီစိန္ေခၚမႈေတြကို ကၽြန္မတို႔အစိုးရအေနနဲ႔ အခ်ိန္တိုတိုအတြင္းမွာ ခ်က္ခ်င္း ေျဖရွင္းႏိုင္မယ္လို႔ ထင္ျမင္ယူဆထားတဲ့ ျပည္သူေတြရဲ႕ ေမၽွာ္လင့္ထားမႈေတြကလည္း ရွိေနျပန္ပါတယ္။
ကၽြန္မအေနနဲ႔ သတိျပဳေစခ်င္တာက ဒီကေန႔ ကၽြန္မတို႔အစိုးရရဲ႕ သက္တမ္းဟာ ဆယ့္ရွစ္လေတာင္ မျပည့္တတ္ေသးဘူး ဆိုတာကိုပါပဲ။ ဆယ့္ရွစ္လ ကာလဟာလည္း ဒီလကုန္ေတာ့မွ ျပည့္ေျမာက္မွာ ျဖစ္ပါတယ္။ ကၽြန္မတို႔အေနနဲ႔ အမ်ားေမၽွာ္လင့္ထားတဲ့ အရာေတြအားလုံးကို ၿပီးျပည့္စုံေအာင္ ေဆာင္႐ြက္ႏိုင္ဖို႔၊ အခက္အခဲေတြအားလုံးကိုေက်ာ္လႊားသြားႏိုင္ဖို႔ ဆယ့္ရွစ္လဆိုတဲ့ အခ်ိန္ကာလဟာ အလြန္ တိုေတာင္းတဲ့ကာလျဖစ္ပါတယ္။ ဒီလိုေျပာတာဟာ ကၽြန္မတို႔အေနနဲ႔ဒီစိန္ေခၚမႈေတြကို ေက်ာ္လႊားႏိုင္ဖို႔ အပ္ႏွင္းထားတဲ့ တာဝန္ေတြကို ထမ္းေဆာင္ဖို႔ အဆင္သင့္မျဖစ္ေသးဘူး လို႔ ဆိုလိုတာ မဟုတ္ပါဘူး။
ဘာျဖစ္လို႔လဲဆိုေတာ့ ႏိုင္ငံတကာအသိုက္အဝန္းကို ကၽြန္မအေနနဲ႔ ယုံၾကည္ထားလို႔ပဲ ျဖစ္ပါတယ္။ ကၽြန္မတို႔ရဲ႕ မိတ္ေဆြႏိုင္ငံေတြ၊ ကၽြန္မတို႔ရဲ႕ ေကာင္းက်ိဳးကိုလိုလားတဲ့ႏိုင္ငံေတြ၊ ကၽြန္မတို႔ရဲ႕ အခက္အခဲေတြကိုနားလည္ႏိုင္တဲ့ႏိုင္ငံေတြ၊ ကၽြန္မတို႔အေပၚမွာက႐ုဏာတရား ထားရွိၾကတဲ့ ႏိုင္ငံေတြကို ဒီကေန႔ ကၽြန္မတို႔အေနနဲ႔ ဒီမိုကေရစီ အသြင္ ကူးေျပာင္းေရး၊ ၿငိမ္းခ်မ္းတည္ၿငိမ္ေရးနဲ႔ ဖြံၿဖိဳးတိုးတက္ေရးအတြက္ ဘာေတြ ႀကိဳးပမ္း ေဆာင္႐ြက္ထားတယ္ဆိုတာကို မ်ွေဝအသိေပး ေျပာၾကားလိုပါတယ္။
ရခိုင္ျပည္နယ္ အေျခအေနနဲ႔ပတ္သက္ၿပီး ကမၻာႀကီးတစ္ခုလုံးက အေလးထား အာ႐ုံစိုက္ေနၾကတယ္ ဆိုတာကို ကၽြန္မအေနနဲ႔ ေကာင္းစြာသိရွိ နားလည္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ အေထြေထြညီလာခံမွာ ကၽြန္မ ေျပာၾကားခဲ့သလိုပါပဲ ကမၻာ့မိသားစုဝင္ ႏိုင္ငံေတြၾကားမွာ တာဝန္သိတဲ့ႏိုင္ငံတစ္ႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံဟာ ႏိုင္ငံတကာရဲ႕ ေဝဖန္ေထာက္ျပမႈေတြကို တုန္လႈပ္ေနမွာ မဟုတ္ပါဘူး။ဒါ့အျပင္ ကၽြန္မတို႔ဟာ ကၽြန္မတို႔ႏိုင္ငံအတြင္းမွာ ရွိတဲ့ လူ႕အသိုက္အဝန္းအားလုံးအတြက္ ၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ေဆာင္ၾကဥ္းေပးႏိုင္မယ့္ ေရရွည္တည္တံ့တဲ့ ေျဖရွင္းခ်က္တစ္ရပ္ ရရွိေအာင္ ႀကိဳးပမ္း ေဆာင္႐ြက္သြားဖို႔ စိတ္ပိုင္းျဖတ္ထားၿပီး ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီရည္မွန္းခ်က္ပန္းတိုင္ ကို ေရာက္ရွိေအာင္ ေဆာင္႐ြက္သြားမယ့္ ကၽြန္မတို႔ အစီအစဥ္ေတြကို ရွင္းလင္းတင္ျပဖို႔ ယမန္ႏွစ္က ကုလသမဂၢ အေထြေထြညီလာခံကို သြားေရာက္ခဲ့တာ ျဖစ္ပါတယ္။
စိတ္မခ်မ္းေျမ႕စရာကေတာ့ ကုလသမဂၢ အေထြေထြညီလာခံမွာ ကၽြန္မ မိန္႔ခြန္းေျပာၾကားၿပီး ဆယ့္ရွစ္ရက္အၾကာ၊ ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလ ၉ ရက္ေန႔မွာ ရဲတပ္ဖြဲ႕ ကင္းစခန္း ၃ ခုကို မြတ္စလင္ လက္နက္ကိုင္ေတြက တိုက္ခိုက္ခဲ့ၾကပါတယ္။ ေအာက္တိုဘာ ၁၁ ရက္ေန႔နဲ႔ ႏိုဝင္ဘာလ ၁၂ ရက္ေန႔ေတြမွာလည္း ေနာက္ထပ္ တိုက္ခိုက္မႈေတြ ျဖစ္ပြားခဲ့ရပါတယ္။ ဒီတိုက္ခိုက္မႈေတြေၾကာင့္ အသက္ေတြ ဆုံး႐ႈံးခဲ့ရတယ္။ လူေတြ ထိခိုက္ဒဏ္ရာ ရရွိခဲ့ၾကရတယ္။ ေက်း႐ြာေတြ မီးေလာင္ခဲ့ရတယ္။ အဲဒီေဒသမွာရွိေနတဲ့လူေတြ ထြက္ေျပး စြန္႔ခြါၾကရပါတယ္။ မြတ္စလင္ အေတာ္ မ်ားမ်ားဟာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္ကို ထြက္ေျပးသြားခဲ့ၾကရပါတယ္။
အဲဒီအခ်ိန္ကစၿပီး ႏိုင္ငံေတာ္အစိုးရအေနနဲ႔ အဲ့ဒီေဒသမွာ ၿငိမ္းခ်မ္း တည္ၿငိမ္မႈေတြ ျပန္လည္ တည္ဆာက္ႏိုင္ေအာင္၊ မြတ္စလင္နဲ႔ ရခိုင္ အသိုက္အဝန္းႏွစ္ခုအၾကား သဟဇာတျဖစ္မႈ ျမႇင့္တင္ ႏိုင္ေအာင္ အစြမ္းကုန္ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ရပါတယ္။ ဒီလိုတိုက္ခိုက္မႈေတြ မျဖစ္ပြားခင္ အခ်ိန္ကတည္းက ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ ဖြံၿဖိဳးတိုးတက္ေရး အေကာင္အထည္ေဖာ္ေရး ဗဟိုေကာ္မတီတစ္ရပ္ကို ကၽြန္မတို႔ ဖြဲ႕စည္းထားၿပီး ျဖစ္ပါတယ္။ ဒါ့အျပင္ ရခိုင္ျပည္နယ္ရဲ႕ ႏွစ္ပရိေစၧဒမ်ားစြာ ရွည္ၾကာခဲ့ၿပီ ျဖစ္တဲ့ ျပႆနာေတြကို ေျဖရွင္းရာမွာ အေထာက္အကူ ျပဳႏိုင္မယ့္ ေကာ္မရွင္တစ္ရပ္ကို ဦးေဆာင္ေပးဖို႔ ေဒါက္တာကိုဖီအာနန္ကို ဖိတ္ေခၚခဲ့ပါတယ္။ ဒီလိုမ်ိဳး ႀကိဳးပမ္းေဆာင္႐ြက္ေနတဲ့ၾကားမွာပဲ ပဋိပကၡေတြ ထပ္ေက်ာ့ ျဖစ္ေပၚလာတာကို ကၽြန္မတို႔ မတားဆီးႏိုင္ခဲ့ပါဘူး။ ၿပီးခဲ့တဲ့ တစ္ႏွစ္လုံးပါပဲ၊ ကၽြန္မတို႔ဟာ ရခိုင္ျပည္နယ္ ဖြံ႕ၿဖိဳးေရး စီမံကိန္းေတြ၊ ၿငိမ္းခ်မ္းေရးနဲ႔ သဟဇာတျဖစ္ေရး ျမႇင့္တင္မႈေတြ ေဆာင္႐ြက္ ခဲ့ပါတယ္။
လေပါင္းမ်ားစြာ အေျခအေနေတြတည္ၿငိမ္ၿပီး ၿငိမ္းခ်မ္းေနတယ္လို႔ ထင္ရၿပီးတဲ့ေနာက္ ၾသဂုတ္လ ၂၅ ရက္ေန႔မွာ ရဲစခန္းေပါင္း ၃၀နဲ႔ ေတာင္ဘဇာေက်း႐ြာမွာ ရွိတဲ့ တပ္ရင္း ဌာနခ်ဳပ္ကို လက္နက္ကိုင္ေတြက ဝင္ေရာက္တိုက္ခိုက္ခဲ့ၾကပါတယ္။ ဒီတိုက္ခိုက္မႈေၾကာင့္ ႏိုင္ငံေတာ္အစိုးရ အေနနဲ႔ ARSA နဲ႔ အေပါင္းအပါေတြကို အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ (၆)၊ ပုဒ္မခြဲ (င) အရ အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ ေၾကညာခဲ့ပါတယ္။
ရခိုင္ျပည္နယ္အေျခအေနနဲ႔ပတ္သက္ၿပီး ကမၻာတစ္ဝွမ္းမွာ စိုးရိမ္ပူပန္မႈေတြ အမ်ားႀကီး ရွိေနပါတယ္။ ျမန္မာႏိုင္ငံအစိုးရအေနနဲ႔ ျပစ္တင္ေဝဖန္မႈေတြကို ေလ်ာ့ပါးေစဖို႔၊ တာဝန္ဝတၱရားေတြ ကို ေရွာင္လႊဲဖို႔ ႀကိဳးစားတာ မဟုတ္ပါဘူး။ လူ႕အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ၊ ဥပေဒနဲ႔ ဆန္႔က်င္တဲ့ အၾကမ္းဖက္ေတြ အားလုံးကို ကၽြန္မတို႔အေနနဲ႔ ႐ႈတ္ခ်ပါတယ္။ ရခိုင္ျပည္နယ္တစ္ခုလုံး ျပန္လည္ၿငိမ္းခ်မ္းဖို႔၊ ျပန္လည္တည္ၿငိမ္ဖို႔၊ တရားဥပေဒျပန္လည္စိုးမိုးဖို႔ သႏၷိဌာန္ခ်မွတ္ထားတဲ့ အတိုင္း ကၽြန္မတို႔ ေဆာင္႐ြက္ေနပါတယ္။
လုံၿခဳံေရးတပ္ဖြဲ႕ေတြအေနနဲ႔ တတ္ႏိုင္သမၽွ ထိန္းထိန္းသိမ္းသိမ္းေဆာင္႐ြက္ဖို႔၊ ေဘးထြက္ဆိုးက်ိဳးေတြ မျဖစ္ေစဖို႔၊ အျပစ္မဲ့ျပည္သူေတြ ထိခိုက္မႈ မရွိေစဖို႔၊ စစ္ဆင္ေရးေတြ ေဆာင္႐ြက္ရာမွာ က်င့္ဝတ္ေတြကို တိတိက်က် လိုက္နာဖို႔ ၫႊန္ၾကားထားၿပီး ျဖစ္ပါတယ္။
လူ႕အခြင့္အေရးခ်ိဳးေဖာက္မႈေတြ၊ တရားဉပေဒစိုးမိုးေရးနဲ႔ တည္ၿငိမ္ေအးခ်မ္းေရးကို ထိခိုက္ပ်က္ျပားေစမဲ့ ေဆာင္႐ြက္ခ်က္ေတြအားလုံးကို တရားဉပေဒအရ တိတိက်က် အေရးယူေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။
ဒီပဋိပကၡၾကားထဲမွာ ေရာက္ရွိေနၿပီး ထိခိုက္ခံစားေနရသူ အားလုံးအတြက္ ကၽြန္မတို႔ အထူးပဲ စိတ္မေကာင္းျဖစ္ရပါတယ္။ ေနအိမ္ေတြကို စြန္႔ခြါတိမ္းေရွာင္ေနရသူေတြ အမ်ားႀကီး ရွိပါတယ္။ မြတ္စလင္နဲ႔ ရခိုင္တိုင္းရင္းသားေတြတင္မက သူတို႔ေတြ ရွိေနတယ္ ဆိုတာ ကမၻာႀကီးက လုံးဝ မသိရွိၾကေသးတဲ့ ၿမိဳ၊ သက္၊ ခမီ၊ ဒိုင္းနက္၊ မရမာႀကီးေတြလို လူမ်ိဳးစုငယ္ေလးေတြ၊ ဟိႏၵဴဘာသာဝင္ေတြ ဟာလည္း ေနအိမ္ေတြကို စြန္႔ခြါ တိမ္းေရွာင္ ေနၾကရတာ ျဖစ္ပါတယ္။
လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ျပည္ေထာင္စုဝန္ႀကီး ဦးေဆာင္တဲ့ အဖြဲ႕ဟာ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ၂၇ ရက္ေန႔ကစၿပီး လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာ အကူအညီေတြျဖန္႔ေဝေပးခဲ့ပါတယ္။ လူသားခ်င္းစာနာ ေထာက္ထားမႈ ဆိုင္ရာ အကူအညီ ေပးအပ္မႈ အေသးစိတ္ကို ကၽြန္မတို႔ သံတမန္ေတြ သိရွိေအာင္ ထုတ္ျပန္ အသိေပးသြားမွာ ျဖစ္ပါတယ္။
ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပးေကာ္မရွင္ရဲ႕ အၿပီးသတ္ အစီရင္ခံစာကို ၾသဂုတ္လ၂၄ ရက္ေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။ ဒီအစီရင္ခံစာ ထုတ္ျပန္ခဲ့ၿပီး ေနာက္တစ္ေန႔မွာဘဲ တိုက္ခိုက္မႈေတြ စတင္ၿပီး ေပၚေပါက္လာခဲ့ပါတယ္။ ကၽြန္မတို႔အေနနဲ႔ ေကာ္မရွင္ရဲ႕ အႀကံျပဳခ်က္ေတြကို အေကာင္အထည္ ေဖာ္သြားဖို႔ သႏၷိဌာန္ခ်ထားၿပီးျဖစ္ပါတယ္၊ အခ်ိန္တိုတိုအတြင္း တိုးတက္ေကာင္းမြန္ေအာင္ အျမန္ဆုံး ေဆာင္႐ြက္ႏိုင္မယ့္ အႀကံ ျပဳခ်က္ေတြကို ဦးစားေပးအေကာင္အထည္ေဖာ္သြားမွာျဖစ္ၿပီး က်န္တဲ့ အခ်ိန္ယူဖို႔လိုတဲ့အႀကံျပဳခ်က္ေတြကို ေနာက္ပိုင္းမွာ ဆက္လက္အေကာင္အထည္ေဖာ္သြားမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ရခိုင္ျပည္နယ္ၿငိမ္းခ်မ္းေရး၊ သဟဇာတျဖစ္ေရးနဲ႔ ဖြံၿဖိဳးေရးအတြက္ အက်ိဳး ျဖစ္ထြန္းေစမယ့္ အႀကံျပဳခ်က္မွန္သမၽွကို အျမန္ဆုံး အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။
အစိုးရအေနနဲ႔ အေျခအေနေတြကို ပုံမွန္အေနအထားျပန္လည္ေရာက္ရွိေအာင္ ႀကိဳးပမ္း ေဆာင္႐ြက္ေနပါတယ္။ စက္တင္ဘာလ ၅ ရက္ေန႔ကစၿပီး ထိေတြ႕တိုက္ခိုက္မႈေတြနဲ႔ နယ္ေျမရွင္းလင္းမႈေတြ မရွိေတာ့ပါဘူး။ ဒါေပမယ့္လည္း မြတ္စလင္ အမ်ားအျပားဟာ နယ္စပ္ကိုျဖတ္ေက်ာ္ၿပီး ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္ကို ထြက္ေျပးတိမ္းေရွာင္ေနၾကတယ္လို႔သိရွိရ ပါတယ္။ဘာေၾကာင့္ ဒီလို အစုလိုက္အၿပဳံလိုက္ ထြက္ေျပး ေနၾကတယ္ ဆိုတာကို ကၽြန္မတို႔ ရွာေဖြရမွာ ျဖစ္ပါတယ္။ထြက္ေျပးသြားသူေတြကို သူတို႔ ဘာေၾကာင့္ ထြက္ေျပးၾကသလဲ ဆိုတာ ေမးၾကည့္ခ်င္သလို ေနရပ္ကို မစြန္႔ခြာဘဲ က်န္ရစ္ေနတဲ့သူေတြကိုလည္း ဘာျဖစ္လို႔ ဆက္ေနၾကတာလဲ ဆိုတာကို ေမးျမန္းခ်င္ပါတယ္။ ရခိုင္ျပည္နယ္မွာ ရွိတဲ့ မြတ္စလင္အမ်ားစုဟာ တစ္ဖက္ကိုထြက္မေျပးဘဲ က်န္ရွိေနတယ္ဆိုတာကို လူေတြသိပ္မသိၾကပါဘူး။ မြတ္စလင္ေက်း႐ြာေတြရဲ႕ ငါးဆယ္ရာခိုင္ႏႈန္း ေက်ာ္ဟာ ဘယ္မွ မေျပးဘဲ ရွိေနၾကပါေသး တယ္။ဘာျဖစ္လို႔ ဒီလိုမ်ိဳး ေနရစ္ခဲ့ၾကတယ္ ဆိုတာကို ကၽြန္မတို႔ သိခ်င္ပါတယ္။
ဒီအခ်က္ဟာ ကၽြန္မတို႔ ဆက္ၿပီး ထည့္သြင္းစဥ္းစားရမယ့္ အခ်က္ပဲ ျဖစ္ပါတယ္။ ျပႆနာ ျဖစ္ေနတဲ့ တစ္ေနရာတည္းကို မၾကည့္ဘဲ ဘာျပႆနာမွ မျဖစ္ဘဲ ရွိေနၾကတဲ့ေနရာေတြကိုလည္း ၾကည့္ျမင္တတ္ဖို႔ လိုပါတယ္။ က်န္တဲ့ေနရာေတြမွာေတာ့ ဘာျဖစ္လို႔ ျပႆနာေတြ မျဖစ္ေအာင္ ေရွာင္ရွား ႏိုင္ၾကရတာလဲ။ ဒါ့ေၾကာင့္ သံတမန္အသိုင္းအဝိုင္းအေနနဲ႔ ရခိုင္ျပည္နယ္မွာရွိတဲ့ အသိုက္အဝန္းေတြနဲ႔ သင့္ျမတ္စြာ ေပါင္းစည္း ေနထိုင္ႏိုင္ၾကတဲ့ မြတ္စလင္ေတြကို ကၽြန္မတို႔နဲ႔အတူ ေလ့လာၾကည့္ဖို႔ ကၽြန္မအေနနဲ႔ တိုက္တြန္းလိုပါတယ္။
ကၽြန္မတို႔ရဲ႕ ႀကိဳးပမ္းေဆာင္႐ြက္မႈေတြကို စိတ္ဝင္စားတယ္ဆိုရင္ ကၽြန္မတို႔ကို အသိေပးပါ။ ကၽြန္မတို႔အေနနဲ႔ အဲဒီေဒသေတြကို သြားေရာက္ႏိုင္ဖို႔ စီစဥ္ေပးမွာ ျဖစ္ၿပီး အဲဒီလူေတြကို ကိုယ္တိုင္ မ်က္ျမင္ ေတြ႕ဆုံျပီး အနီးအနားပတ္ဝန္းက်င္မွာ ဖ႐ိုဖရဲ ကစဥ့္ကလ်ား ထြက္ေျပေနၾက ခ်ိန္မွာ သူတို႔ေတြက ဘာေၾကာင့္ တည္တည္ၿငိမ္ၿငိမ္ေနထိုင္ႏိုင္သလဲဆိုတာကို ေမးျမန္းၾကည့္ၾက ေစလိုပါတယ္။
ကၽြန္မတို႔ဟာ ျပည္သူေတြရဲ႕ စိုးရိမ္ေၾကာက္႐ြံ႕မႈေတြ ေလ်ာ့ပါး သက္သာေအာင္ ႀကိဳးပမ္း ေဆာင္႐ြက္ေနခ်ိန္မွာ ရခိုင္ျပည္နယ္ရဲ႕ လူမႈ-စီးပြား ဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္းေတြကိုလည္း ဆက္လက္ ေဆာင္႐ြက္လ်က္ ရွိပါတယ္။ ဒီႀကိဳးပမ္းမႈေတြထဲကမွ အနည္းငယ္ကိုထုတ္ႏႈတ္ၿပီး ေျပာရမယ္ ဆိုရင္ ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ရခိုင္ျပည္နယ္လူမႈစီးပြားေရး ဖြံၿဖိဳး တိုးတက္ေရး(၂၀၁၇-၂၀၂၁) စီမံကိန္းကို ေရးဆြဲထားၿပီးျဖစ္ပါတယ္။ ပုဂၢလိက-အစိုးရ မိတ္ဖက္ ပူးေပါင္းေဆာင္႐ြက္ေရး လုပ္ငန္းေတြကတစ္ဆင့္ ေဒသခံျပည္သူအတြက္ ရာနဲ႔ခ်ီတဲ့ အလုပ္အကိုင္ေတြ၊ အခြင့္အလမ္းေတြ ဖန္တီးေပးခဲ့ၿပီး ျဖစ္ပါတယ္။ အလုပ္အကိုင္အသစ္ေတြ၊ စီးပြားေရးလုပ္ငန္းသစ္ေတြ ဖန္တီးေပးႏိုင္မယ့္ အထူးစီးပြားေရးဇုန္ တစ္ခု ဖန္တီးေဖာ္ေဆာင္ဖို႔ ျဖစ္ႏိုင္ေျခဆန္းစစ္မႈေတြ ေဆာင္႐ြက္ေနၿပီ ျဖစ္ပါတယ္။ အေျခခံအေဆာက္အုံဖြံၿဖိဳး တိုးတက္ေရးဘက္မွာ ဆိုရင္လည္း လၽွပ္စစ္မီး ရရွိေစဖို႔ တိုးခ်ဲ႕ေဆာင္႐ြက္ၿပီးျဖစ္ၿပီး ျဖစ္ပါတယ္။ ယခင္ကေလွနဲ႔ပဲ သြားေရာက္ႏိုင္တဲ့ ေဝးလံေခါင္ဖ်ား ေဒသေတြဆီ ကူးလူးဆက္သြယ္သြားေရာက္ႏိုင္မယ့္ အျမန္လမ္းမႀကီး အပါအဝင္ လမ္းအသစ္ေတြ၊ တံတားအသစ္ေတြ တည္ေဆာက္ထားၿပီး ျဖစ္ပါတယ္။ ရခိုင္ျပည္နယ္မွာ ေနထိုင္ၾကတဲ့ ျပည္သူေတြ အားလုံးအတြက္ ဘယ္လိုဖိႏွိပ္ခြဲျခားမႈမွ မရွိေစဘဲပညာသင္ယူခြင့္နဲ႔ က်န္းမာေရး ေစာင့္ေရွာက္ ကုသခြင့္ေတြ ရရွိေနၿပီျဖစ္ပါတယ္။ ေက်းလက္ေဒသ က်န္းမာေရး ေစာင့္ေရွာက္မႈအျဖစ္ သြားလာရ ခက္ခဲတဲ့ေနရာေတြကိုလည္း ေ႐ြ႕လ်ားေဆးခန္း (mobile clinic) ေတြ တည္ေထာင္ေပးထားၿပီး ျဖစ္ပါတယ္။ အစိုးရအေနနဲ႔ ရခိုင္ျပည္နယ္ရွိ စာသင္ေက်ာင္းေပါင္း ၃၀၀ ကို အဆင့္ျမႇင့္တင္ေပးခဲ့ၿပီး အသက္ေမြးဝမ္းေက်ာင္း သင္တန္း၊ နည္းပညာသင္တန္းတို႔ကိုလည္း စတင္ ဖြင့္လွစ္ခဲ့ၿပီးျဖစ္ပါတယ္။ မြတ္စလင္ေက်ာင္းသား ေတြကို မည္သည့္ခြဲျခားဖိႏွိပ္မႈမၽွမရွိဘဲ အဆင့္ျမင့္ ပညာသင္ၾကားခြင့္ ရရွိေနၿပီျဖစ္ပါတယ္။
မၾကာေသးမီက တိုက္ခိုက္မႈျဖစ္ပြားမႈ မတိုင္ခင္ ၾသဂုတ္လ ၂၅ ရက္က အဆိုပါေဒသရွိ အဖြဲ႕အစည္း အားလုံးထံသို႔ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီမ်ားလည္း ပဋိပကၡရာျဖစ္ပြားရာေနရာ ၉၅ ရာခိုင္ႏႈန္းအထိေရာက္ရွိၿပီးျဖစ္ပါတယ္။ ေဒသမွာ ေနထိုင္ေနသူ အားလုံးကို ေစာင့္ေရွာက္ႏိုင္ဖို႔ ရည္႐ြယ္လ်က္ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီမ်ားေပးအပ္ေရး ႀကိဳးပမ္း အားထုတ္မႈေတြကို ယေန႔ေဆာင္႐ြက္လ်က္ရွိပါတယ္။
ဒီေဒသမွာရွိတဲ့ ျပည္သူမ်ားအားလုံးကို ေစာင့္ေရွာက္ရန္အတြက္ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးေရးလုပ္ငန္းမ်ားကို ထပ္မံ ေဆာင္႐ြက္လ်က္ရွိပါတယ္။ ေနရပ္ေဒသ စြန္႔ခြာသူမ်ားႏွင့္ စပ္လ်ဥ္းျပီး အိမ္မ်ား ေဆာက္လုပ္ျခင္း အပါအဝင္ အျခားလိုအပ္တဲ့ အကူအညီမ်ား ေပးအပ္ခဲ့ၿပီးေနာက္ စခန္း ၃ ခု ကို ပိတ္ခဲ့ၿပီး ျဖစ္ပါတယ္။ အဲ့ဒီေဒသေတြမွာ ေဆာင္႐ြက္စရာေတြ အမ်ားႀကီး ရွိေနတယ္ဆိုတာကို သိပါတယ္၊ အဲ့ဒါေတြကိုလည္း ရင္ဆိုင္ေျဖရွင္းသြားမွာ ျဖစ္ပါတယ္။
ႏိုင္ငံသားစိစစ္မႈလုပ္ငန္းအတြက္ လုပ္ငန္းစီမံခ်က္ ခ်မွတ္ၿပီး ဆက္လက္ေဆာင္႐ြက္လ်က္ရွိပါတယ္။ အဲဒီလုပ္ငန္းစဥ္ဟာ အသိုက္အဝန္းအားလုံးက ပူးေပါင္းေဆာင္႐ြက္မႈ လိုအပ္တဲ့ကိစၥ ျဖစ္ပါတယ္။ အခ်ိဳ႕ မြတ္စလင္ အသိုက္အဝန္းရဲ႕ အႀကီးအကဲေတြက ဒီလုပ္ငန္းစဥ္မွာ မပါဝင္ဖို႔ တိုက္တြန္း ေျပာၾကားတာေတြ ရွိပါတယ္။ ဒါ့ေၾကာင့္ မိတ္ေဆြမ်ားအေနနဲ႔ သူတို႔ကို ဒီလုပ္ငန္းစဥ္မွာ ပါဝင္လာေအာင္ တိုက္တြန္း ေျပာၾကားေစလိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီလုပ္ငန္းစဥ္မွာ ပါဝင္လာျခင္းျဖင့္ သူတို႔မွာ ဆုံး႐ႈံးစရာ ဘာမွ မရွိလို႔ပါပဲ။ ဘာသာေပါင္းစုံအဖြဲ႕ေတြမွ တစ္ဆင့္ လူ႕အသိုက္အဝန္းေတြအၾကား သဟဇာတရွိရွိ ေနထိုင္ႏိုင္ဖို႔အတြက္ ေဆာင္႐ြက္မႈမ်ားလည္း ျပဳလုပ္ေနပါတယ္။ ေက်ာင္းေတြမွာ စိတ္ပိုင္းဆိုင္ရာ၊ ျပည္သူ႕ေရးရာနဲ႔ တည္ၿငိမ္ေအးခ်မ္းမႈနဲ႔ သဟဇာတျဖစ္မႈတို႔ကို ပိုမို နားလည္ေစမယ့္ သင္႐ိုးၫႊန္းတမ္းေတြကိုလည္း စတင္ သင္ၾကားေပးေနၿပီ ျဖစ္ပါတယ္။
အလားတူပဲ FM Radio လိုင္း တစ္ခုထားၿပီး က်န္းမာေရး၊ ပညာေရး၊ ႏိုင္ငံသား စိစစ္ေရးဆိုင္ရာ အခ်က္အလက္ေတြ ထုတ္လႊင့္ေပးေနပါတယ္။ ျမန္မာ၊ ရခိုင္နဲ႔ ဘဂၤါလီဘာသာစကားေတြနဲ႔ ထုတ္လႊင့္ေနတာ ျဖစ္ပါတယ္။
ရဲတပ္ဖြဲ႕ဝင္မ်ားရဲ႕ အရည္အခ်င္းနဲ႔ အရည္အေသြး ျမႇင့္တင္ေရးအတြက္ သင္တန္းေတြကို EU, UN တို႔နဲ႔ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိပါတယ္။
၂၀၁၆ ခုႏွစ္၊ ဒီဇင္ဘာလကတည္းက ျပည္တြင္း/ျပည္ပ မီဒီယာမ်ားဟာ အဲ့ဒီေဒသေတြမွာ သြားေရာက္ သတင္းယူမႈမ်ား ျပဳလုပ္ေနၾကပါတယ္။ အရင္က သြားခြင့္မရွိတဲ့ေနရာေတြကိုပါ သြားခိုင္းေနပါတယ္။ ၾသဂုတ္လ ၂၅ ရက္ေန႔ ေနာက္ပိုင္းမွာလည္း မီဒီယာအဖြဲ႕ေတြကို အဲဒီေဒသေတြကို သြားလာခြင့္ျပဳထားပါတယ္။
တစ္ဖက္မွာလည္း အစိုးရအေနနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံနဲ႔ ထိေတြ႕မႈမ်ား ဆက္လက္ ျပဳလုပ္ေနပါတယ္။ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး၊ အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာ အႀကံေပးပုဂၢိဳလ္တို႔ကို ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ဒီႏွစ္ ဇန္နဝါရီလနဲ႔ ဇူလိုင္လတို႔မွာ ေစလႊတ္ခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဘက္မွ ျပည္ထဲေရးဝန္ႀကီးဌာန ဝန္ႀကီးအေနနဲ႔ မိမိတို႔ဆီကို လာေရာက္လည္ပတ္ဖို႔ ရွိေသာ္လည္း သူ႕ဘက္မွာ အျခားကိစၥေတြ ေပၚေပါက္လာတဲ့အတြက္ ခရီးစဥ္ကို ေခတၱေ႐ႊ႕ဆိုင္းထားပါတယ္။ သူ႕အေနနဲ႔ အခ်ိန္မေ႐ြး လာေရာက္ႏိုင္ေအာင္ မိမိတို႔က စီစဥ္ထားပါတယ္။ ႏွစ္ႏိုင္ငံအၾကား ပူးေပါင္း ေဆာင္႐ြက္မႈ အစီအစဥ္အေနနဲ႔ နယ္စပ္ေဒသ လုံၿခဳံေရးဆိုင္ရာကိစၥရပ္ေတြကို ဆက္လက္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားဖို႔ ရွိပါတယ္။
ျမန္မာဘက္ကေန ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးသြားတဲ့ ဒုကၡသည္ေတြကို ျပန္လည္ လက္ခံဖို႔ တိုက္တြန္းေျပာၾကားထားတာ ရွိပါတယ္။ ျပန္လည္လက္ခံႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံမွာ အမွန္တစ္ကယ္ ေနထိုင္ခဲ့ေၾကာင္း စိစစ္မႈလုပ္ငန္းစဥ္ (Verification Process) ကို အခ်ိန္မေ႐ြး စတင္ႏိုင္ဖို႔အတြက္ ကၽြန္မတို႔ ျပင္ဆင္ထားပါတယ္။ ႏွစ္ႏိုင္ငံအၾကားမွာ ရရွိခဲ့တဲ့ သေဘာတူညီခ်က္ ေတြကို မူတည္ၿပီး ၁၉၉၃ ခုႏွစ္ကတည္းက ႏိုင္ငံသားစိစစ္ေရးလုပ္ငန္းစဥ္တစ္ခု ထူေထာင္ထားၿပီး ျဖစ္ပါတယ္။ အဲဒီအေပၚမူတည္ၿပီး ျမန္မာႏိုင္ငံကို ျပန္လာခ်င္တဲ့ ဒုကၡသည္ေတြကို လက္ခံဖို႔ ကၽြန္မတို႔ အဆင္သင့္ရွိပါတယ္။ အဲဒီအခ်ိန္က သေဘာတူညီထားတဲ့ သတ္မွတ္ခ်က္မ်ားကို တိက်စြာ လိုက္နာမွာ ျဖစ္ပါတယ္။
အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာ အႀကံေပးပုဂၢိဳလ္ ေျပာၾကားထားတဲ့အတိုင္း ကၽြန္မတို႔အေနနဲ႔ အဆိုပါ အခ်က္အလက္ေတြနဲ႔ ကိုက္ညီတဲ့ ျမန္မာႏိုင္ငံမွ ဒုကၡသည္လို႔ ဆန္းစစ္အတည္ျပဳႏိုင္တဲ့သူေတြ အားလုံးကို ျပန္လည္လက္ခံဖို႔ အသင့္ရွိပါတယ္။ လုံၿခဳံေရး နဲ႔ လူသားခ်င္းစာနာမႈဆိုင္ရာ အေထာက္ အပံ့ေတြ လက္ခံရရွိႏိုင္ေရးအတြက္လည္း အာမခံပါတယ္။
မိတ္ေဆြေတြအေနနဲ႔ ေက်း႐ြာေတြမွာရွိတဲ့ အိမ္ေတြ မီး႐ႈိ႕ဖ်က္ဆီးခံရမႈ နဲ႔ ဒုကၡသည္မ်ား အလုံးအရင္းနဲ႔ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ သတင္းေတြေၾကာင့္ စိုးရိမ္မႈေတြ ျဖစ္ေနတယ္ဆိုတာကို ကၽြန္မ နားလည္ပါတယ္။ ဒါေပမယ့္ ကၽြန္မေျပာခဲ့သလို စက္တင္ဘာ ၅ ရက္ေန႔ကတည္းက တိုက္ခိုက္မႈေတြနဲ႔ နယ္ေျမရွင္းလင္းမႈေတြ မရွိေတာ့ပါဘူး၊ ကၽြန္မတို႔အေနနဲ႔လည္း တကယ္တမ္း ျပႆနာ အရင္းအျမစ္ကို သိခ်င္ပါတယ္။ အဲဒါေတြနဲ႔ ပတ္သက္လို႔ စြပ္စြဲမႈေတြ နဲ႔ တန္ျပန္စြပ္စြဲမႈေတြ ရွိေနပါတယ္။ ဒါေတြအားလုံးကို နားေထာင္ဖို႔လိုပါတယ္။ အေရးယူမႈေတြ မျပဳလုပ္ခင္ အဲဒီ စြပ္စြဲမႈေတြမွာ ခိုင္မာတဲ့အေၾကာင္းအရာေတြရွိဖို႔ လိုပါတယ္။ အေရးယူမႈေတြ ျပဳလုပ္တဲ့အခါ ဘာသာ၊ လူမ်ိဳး၊ ရာထူးစတာေတြကို ငဲ့ညာမွာမဟုတ္ဘဲ ဒီေျမရဲ႕ ဥပေဒကိုဆန္႔က်င္သူမ်ား၊ လူ႕အခြင့္အေရး ခ်ိဳးေဖာက္သူမ်ားကို အေရးယူသြားမွာ ျဖစ္ပါတယ္။
လူ႕အခြင့္အေရးနဲ႔ ပတ္သက္လာရင္ ဘယ္တုန္းကမွ သက္ၫွာမႈမရွိခဲ့ပါဘူး၊ ကၽြန္မတို႔အစိုးရဟာ လူ႕အခြင့္အေရးကို ကာကြယ္ေရးအတြက္ ေပၚေပါက္လာတဲ့ အစိုးရအဖြဲ႕ျဖစ္ပါတယ္။ အသိုက္အဝန္း တစ္ခုတည္းအတြက္မဟုတ္ဘဲ ႏိုင္ငံ နယ္နိမိတ္အတြင္းမွာေနထိုင္တဲ့ လူမ်ားအားလုံးရဲ႕ လူ႕အခြင့္အေရးကို ကာကြယ္ေပးဖို႔ျဖစ္ပါတယ္။
ရခိုင္ျပည္နယ္မွာရွိတဲ့ ျပႆနာေတြကို အာ႐ုံစိုက္ေျဖရွင္းေနသလို ကၽြန္မတို႔အတြက္ ႏိုင္ငံရဲ႕ အေနာက္ပိုင္းမွာ ရွိတဲ့ ျပႆနာလိုဘဲ အေရးႀကီးတဲ့ ျပႆနာေတြ ရွိေနပါေသးတယ္။
ကၽြန္မတို႔အေနနဲ႔ ျပည္တြင္းပဋိပကၡေတြ ခ်ဳပ္ၿငိမ္းၿပီး ၿငိမ္းခ်မ္းေရးရရွိေအာင္ႀကိဳးပမ္း ေဆာင္႐ြက္ ေနပါတယ္။ အဲဒီၿငိမ္းခ်မ္းေရးဟာ ေရရွည္တည္တံ့ၿပီး သာတူညီမၽွ တေျပးညီ အက်ိဳး ျဖစ္ထြန္း ေစမယ့္ ဖြံ႕ၿဖိဳးေရးကို အက်ိဳးျပဳရမွာျဖစ္ပါတယ္။ အဲဒီ ၿငိမ္းခ်မ္းေရးေဆာင္႐ြက္မႈမွာ ပါဝင္ ေဆာင္႐ြက္ေပးဖို႔ ဖိတ္ေခၚလိုပါတယ္။ ကၽြန္မတို႔ႏိုင္ငံအေနနဲ႔ ႏွစ္ေပါင္းမ်ားစြာ ရင္ဆိုင္ေနရတဲ့ ျပႆနာေတြကို ေျဖရွင္းႏိုင္မယ့္ နည္းလမ္းေတြ ရွာေဖြဖို႔အတြက္ ကၽြန္မတို႔နဲ႔အတူ ပူးေပါင္း ေဆာင္႐ြက္ေပးဖို႔ ဖိတ္ေခၚပါတယ္။
ၿပီးခဲ့တဲ့ႏွစ္က စတင္ေဆာင္႐ြက္ခဲ့တဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဟာ ဆက္လက္ေဆာင္႐ြက္ေနပါတယ္၊ ဒါေပမယ့္ အခက္အခဲတခ်ိဳ႕လဲ ရွိေနပါတယ္။ ကၽြန္မအေနနဲ႔ မအံ့ၾသပါဘူး၊ ဘာျဖစ္လို႔လဲဆိုေတာ့ ကမၻာေပၚမွာရွိတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြမွာ ေတြ႕ေနၾက အခ်က္ေတြပဲ ျဖစ္ပါတယ္။ တခါတရံမွာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြဟာ ရပ္တန္႔ေနတာ၊ ေရွ႕တိုးမရ ေနာက္ဆုတ္မရ ျဖစ္ေနတာ ၊ တခါတရံမွာ အားလုံးတစစီၿပိဳကြဲ ပ်က္စီးသြားတာမ်ိဳးေတြ ေတြ႕ရမွာျဖစ္ပါတယ္။
ကၽြန္မတို႔အေနနဲ႔ေတာ့ အားလုံးကိုေက်ာ္လႊားႏိုင္ၿပီး ေရွ႕ကို ဆက္လက္ေဆာင္႐ြက္သြားႏိုင္မွာ ျဖစ္ပါ တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကၽြန္မတို႔အားလုံးဟာ စစ္ကိုမုန္းတီးေနၿပီး ၿငိမ္းခ်မ္းမႈကို လိုခ်င္ၾကပါတယ္၊ ကၽြန္မတို႔ ပဋိပကၡေတြ မလိုလားဘူး။ သဟဇာတရွိရွိေနထိုင္သြားဖို႔ကို လိုလားလို႔ပဲ ျဖစ္ပါတယ္။ ဒါဟာ တစ္ႏိုင္ငံလုံးမွာရွိတဲ့ ျပည္သူေတြအားလုံး လိုလားတဲ့ ေမၽွာ္မွန္းတဲ့ အခ်က္ပဲ ျဖစ္ပါတယ္။
ၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္မႈရွိေရး၊ သဟဇာတရွိရွိေနထိုင္ေရးနဲ႔ ဖြံၿဖိဳးတိုးတက္ေရး ဆိုတာဟာ ႀကီးက်ယ္ခမ္းနားတဲ့ အာဂ်င္ဒါ မဟုတ္ေပမယ့္ လြယ္ကူတဲ့ အရာေတာ့မဟုတ္ပါဘူး။
ကၽြန္မတို႔ႏိုင္ငံရဲ႕ အခက္အခဲေတြကို ေက်ာ္လႊားႏိုင္ဖို႔ ေရွ႕ဆက္ေဆာင္႐ြက္ရာမွာ ကၽြန္မတို႔ရဲ႕ မိတ္ေဆြမ်ားအေနနဲ႔ ကၽြန္မတို႔ကို နားလည္သေဘာေပါက္ၿပီး ကၽြန္မတို႔နဲ႔ လက္တြဲေဆာင္႐ြက္ပါလို႔ ေျပာၾကားလိုပါတယ္။ ကၽြန္မတို႔အတြက္ အျပဳသေဘာေဆာင္တဲ့ ပူးေပါင္းေဆာင္႐ြက္မႈမ်ားနဲ႔ ၿငိမ္းခ်မ္းမႈ၊ တည္ၿငိမ္ေအးခ်မ္းမႈနဲ႔ သဟဇာတရွိမႈကို ရရွိႏိုင္မယ့္ နည္းလမ္းသစ္ေတြကို ရွာေဖြရာမွာ ပါဝင္ဘို႔ တိုက္တြန္းလိုပါတယ္။
တစ္ႏိုင္ငံလုံးအတြက္ စဥ္းစားေစခ်င္ပါတယ္၊ ေနရာေဒသတစ္ခုတည္းကို ကြက္ၿပီး စဥ္းစားတာမ်ိဳး မျဖစ္ေစခ်င္ပါဘူး၊ တစ္ႏိုင္ငံလုံးအတြက္ ေဆာင္႐ြက္မွသာ တိုးတက္မႈကို ရရွိမွာျဖစ္ပါတယ္။
က်န္းမာတဲ့ လူတစ္ေယာက္အေနနဲ႔ တင္စားလိုပါတယ္၊ နာမက်န္းျဖစ္တဲ့ ေနရာတစ္ခုတည္းကို ကုစားဖို႔အတြက္ အေထြေထြက်န္းမာေရးအေျခအေနေတြကို လစ္လ်ဴ႐ႈထားလို႔မရပါဘူး။
က်န္းမာေရးကို တင္စားရတာကေတာ့ က်န္းမာေရးက႑ဟာ ကၽြန္မတို႔ အစိုးရတာဝန္ယူၿပီးတဲ့ အခ်ိန္ကစၿပီး ယေန႔အထိ အထူးေအာင္ျမင္မႈရရွိေနတဲ့က႑ျဖစ္လို႔ပါပဲ၊ လူထုက်န္းမာေရးကို အာ႐ုံစိုက္ ေဆာင္႐ြက္ေနရင္းနဲ႔ အျခားေသာ က်န္းမာေရးဆိုင္ရာ ျပႆနာမ်ားကို ေျဖရွင္းႏိုင္တယ္ ဆိုတာကို သိလာရပါတယ္။
ဥပမာအားျဖင့္ တစ္ႏွစ္အတြင္းမွာ အိတ္ခ္်အိုင္ဗြီေၾကာင့္ ေသဆုံးႏႈန္းကို တစ္ဝက္ေလ်ာ့ခ်ႏိုင္ခဲ့ပါတယ္၊ အဲဒီလိုေလ်ာ့ခ်ႏိုင္တာဟာ အိတ္ခ္်အိုင္ဗြီ ေရာဂါတစ္ခုတည္းကို အာ႐ုံစိုက္ ကုစားလို႔အဟုတ္ဘဲ လူထုက်န္းမာေရးတစ္ခုလုံးကို ေရွ႕႐ႈေဆာင္႐ြက္ခဲ့လို႔ျဖစ္ပါတယ္။
အဲဒီ ဥပမာလိုပါပဲ၊ ကၽြန္မတို႔ ႏိုင္ငံကို တစ္ႏိုင္ငံလုံးအေနအထားကို ၿခဳံငုံစဥ္းစားေစလိုပါတယ္၊ ကၽြန္မတို႔ ႏိုင္ငံရဲ႕ ဒီမိုကေရစီျဖစ္စဥ္ဟာ ႏုနယ္ၿပီး ထိလြယ္ခိုက္လြယ္တဲ့အေနအထားျဖစ္ပါတယ္။ အဲ့ဒီအျပင္ အခက္အခဲမ်ားစြာကိုလည္း ရင္ဆိုင္ေျဖရွင္းေနရပါတယ္။ ဒါေပမယ့္ ကၽြန္မတို႔အေနနဲ႔ ခႏၶာကိုယ္တစ္ခုလုံး က်န္းမာဖို႔အတြက္ ဂ႐ုစိုက္ေဆာင္႐ြက္သလိုဘဲ ျပႆနာ တစ္ခ်ိဳ႕သာမက အဲဒီအေျခအေနေတြအားလုံးကိုကိုင္တြယ္ေျဖရွင္းရမွာျဖစ္ပါတယ္။
ဒါ့ေၾကာင့္ ပိုၿပီးေတာ့ ဆန္းသစ္တဲ့၊ ပိုမိုရဲရင့္တဲ့ နည္းလမ္းသစ္ေတြ၊ အေျဖေတြကို ရွာေဖြရာမွာ လက္တြဲေဆာင္႐ြက္ဖို႔ ဖိတ္ၾကားလိုပါတယ္။ ျပႆနာေတြကို ျမန္ျမန္ဆန္ဆန္ မေျဖရွင္းႏိုင္ေသးရင္ အဲဒီျပႆနာေတြကို ဘယ္ေတာ့မွ ေျဖရွင္းႏိုင္မွာ မဟုတ္ဘူးလို႔ ေျပာတာမဟုတ္ပါဘူး၊ ကၽြန္မတို႔ ျပည္သူေတြရဲ႕ခံစားေနရတာေတြ ပိုၿပီးၾကာရွည္ေနတယ္လို႔ ဆိုရမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ကၽြန္မတို႔ျပည္သူေတြခံစားရတာေတြကို အျမန္ဆုံး ေက်ာ္လြန္သြားဖို႔ ႀကိဳးစားသြားမွာျဖစ္ပါတယ္။
ကၽြန္မတို႔အေနနဲ႔ ႏိုင္ငံအတြင္း၊ ႏိုင္ငံရဲ႕ နယ္နိမိတ္အတြင္းေနထိုင္သူေတြအားလုံး လုံၿခဳံေအးခ်မ္း သာယာဝေျပာစြာ ေနႏိုင္ဖို႔အတြက္ ႀကိဳးစားေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။ အဲဒီရည္မွန္းခ်က္ဟာ ႀကီးမားတဲ့ ေမၽွာ္မွန္းခ်က္ျဖစ္ပါတယ္၊ ဒါေပမယ့္ ေအာင္ျမင္ေအာင္ေဆာင္႐ြက္ရမွာမျဖစ္ႏိုင္တဲ့ ေမၽွာ္မွန္းခ်က္ေတာ့ဟုတ္ပါဘူး။
ကၽြန္မတို႔အားလုံးလက္တြဲေဆာင္႐ြက္ရမွာျဖစ္ၿပီးေတာ့ အစိုးရအပါအဝင္ ဒီႏိုင္ငံအတြင္းမွာ ရွိတဲ့ လူတစ္ဦးခ်င္းစီမွာ ဒီတာဝန္ရွိပါတယ္။ ဒါေပမယ့္ ကၽြန္မတို႔ရဲ႕ မိတ္ေဆြေတြကို ကၽြန္မတို႔ရဲ႕ ႀကိဳးပမ္း ေဆာင္႐ြက္မႈမွာ ပါဝင္ကူညီဖို႔ ဖိတ္ၾကားလိုပါတယ္။ ျပႆနာေတြရွိတဲ့ၾကားထဲက အဲဒီျပႆနာေတြကို ေျဖရွင္းၿပီး က်န္းမာတဲ့၊ သန္မာတဲ့၊ ေရွ႕အနာဂတ္ကို ေမၽွာ္မွန္းခ်က္မ်ားနဲ႔အညီ လုံၿခဳံတဲ့ အနာဂတ္ဆီကို ေလ်ာက္လွမ္းႏိုင္မယ့္ ႏိုင္ငံတစ္ႏိုင္ငံ တည္ေဆာက္သြားတဲ့ေနရာမွာ ပါဝင္ဖို႔ ဖိတ္ၾကား လိုပါတယ္။
ကၽြန္မအေနနဲ႔ သံတမန္အသိုင္းအဝန္းနဲ႔ အခုလို ေတြ႕ဆုံတဲ့အခါမွာ ကိစၥတစ္ခုေလာက္သာ မီးေမာင္းထိုးျပရတာကို အားမရပါဘူး။ ဒါ့ေၾကာင့္ ကၽြန္မတိုက္တြန္းလိုတာက ကၽြန္မတို႔ကို မိတ္ေဆြတို႔ရဲ႕အျမင္ကိုေျပာပါ၊ ေဆြးေႏြးပါ ၊ ကၽြန္မတို႔နဲ႔အတူ ျပႆနာျဖစ္ေနတဲ့ထဲက ေနရာကို လုံၿခဳံစိတ္ခ်ရတဲ့ ေနရာကို လိုက္ၾကည့္ပါ။ ကိုယ္တိုင္ ဘာေတြျဖစ္ေနတယ္ ဆိုတာကို ကိုယ္တိုင္ေလ့လာပါ။ ၿပီးေတာ့ ဒီျပႆနာမ်ားကို ဘယ္လို ေျဖရွင္းႏိုင္မလဲဆိုတာကို စဥ္းစားၾကည့္ပါ။
အဲဒီေနရာမွာ တိုက္တြန္းလိုတာက ဒီလို ျပႆနာရွိေနတဲ့ ေဒသမွာ ေတာင္ အခ်ိဳ႕လူေတြဟာ တစ္ဦးနဲ႔ တဉီး ရန္လို မႈမရွိဘဲ သဟဇာတ ေနႏိုင္ၾကတယ္။ ဘာေၾကာင့္ အဲ့ဒီလို ေနႏိုင္သလဲ ဆိုတာကို သုံးသပ္ပါ၊ အဲဒီလိုေလာ့လာ သုံးသပ္မႈကေန ကၽြန္မတို႔လိုခ်င္တဲ့ အေျဖကို ရရွိလာပါလိမ့္မယ္။
အဲဒီလိုလုပ္တာဟာ မေကာင္းတဲ့အေျခအေနကို ဖယ္ရွားလိုက္တာ တစ္ခုတည္းမဟုတ္ဘဲ အျပဳသေဘာ ေဆာင္တဲ့အေနအထားေတြကို ျမႇင့္တင္ေပးရာမွာျဖစ္ပါတယ္။ အပ်က္သေဘာကို ဖယ္ရွားၿပီး အျပဳသေဘာကို ျမႇင့္တင္ေပးရမွာ ျဖစ္ပါတယ္။ အဲဒီလိုလုပ္ဖို႔အတြက္ ကၽြန္မတို႔အေနနဲ႔ မိတ္ေဆြတို႔နဲ႔အတူ ပူးေပါင္းေဆာင္႐ြက္သြားလိုပါတယ္။
လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးအေနနဲ႔ လူသားခ်င္းစာနာမႈ အေထာက္အပံ့ေပးမႈ အစီအစဥ္ကို ေခါင္းေဆာင္ၿပီး ေဆာင္႐ြက္ေနပါတယ္၊ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီအဖြဲ႕အေနနဲ႔ ပူးေပါင္းပါဝင္ေနတဲ့အတြက္ ဝမ္းသာပါတယ္။ အျခားပါဝင္လိုသူေတြ ကိုလည္း ႀကိဳဆိုပါတယ္။
ေငြအား၊ လူအလား၊ ပစၥည္းအား နဲ႔ ပါဝင္လႈဒါန္းမႈေတြ အမ်ားႀကီးရရွိေနပါတယ္။ ကၽြန္မတို႔အေနနဲ႔ အဲဒီ လႈဒါန္းမႈကူညီမႈမ်ားအားလုံးကို ရခိုင္ျပည္နယ္မွာ ရွိတဲ့ အသိုက္အဝန္းအားလုံးအတြက္ အေကာင္းဆုံးနဲ႔ အက်ိဳးအရွိဆုံး အသုံးခ်သြားႏိုင္ေအာင္ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။
ကၽြန္မတို႔အေနနဲ႔ ျမန္မာႏိုင္ငံကို ဘာသာေရး၊ လူမ်ိဳးေရးနဲ႔ ႏိုင္ငံေရးယုံၾကည္မႈေတြေၾကာင့္ အကြဲကြဲအျပားျပားျဖစ္ေနတဲ့ ႏိုင္ငံတစ္ႏိုင္ငံ မျဖစ္ေစလိုပါဘူး၊ ကၽြန္မတို႔အေနနဲ႔ မတူကြဲျပားမႈမ်ားကို အေျချပဳတဲ့ အခြင့္အေရးမ်ားကို ခံစားခြင့္ ၊ ဘဝကို မိမိယုံၾကည္မႈနံ ေလ်ာက္လွမ္းခြင့္ ရွိပါတယ္၊ ဒါေပမယ့္ ကၽြန္မတို႔ဟာ အတူတကြ ပူးေပါင္းေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကၽြန္မတို႔ဟာ ႏိုင္ငံတစ္ႏိုင္ငံထဲမွ ေနထိုင္ၾကလို႔ျဖစ္ပါတယ္။
ကၽြန္မတို႔ဟာ ႏိုင္ငံတစ္ႏိုင္ငံနဲ႔ သက္ဆိုင္ရင္ ဒီကမၻာနဲ႔လည္းသက္ဆိုင္ပါတယ္။ အဲဒီအခ်က္ေၾကာင့္ဘဲ ကၽြန္မတို႔ဟာ ကုလသမဂၢရဲ႕ အခန္းက႑ကို ႏိုင္ငံမ်ား စုေဝးရာအျဖစ္ ယုံၾကည္လက္ခံၿပီး ၿငိမ္းခ်မ္းမႈ နဲ႔ သဟဇာတရွိမႈကို ျမႇင့္တင္ႏိုင္ေအာင္ တည္ေထာင္ခဲ့ၾကတာျဖစ္ပါတယ္။ ဒုတိယကမၻာစစ္အတြင္းက ခံစားခဲ့ရမႈမ်ိဳးေတြ ထပ္မံ မျဖစ္ေပၚလာေအာင္အတြက္ ဖြဲ႕စည္းခဲ့ၾကတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ကုလသမဂၢကို တည္ေထာင္မႈဟာ စစ္ပြဲေတြနဲ႔ ပဋိပကၡေတြကို ခ်ဳပ္ၿငိမ္းဖို႔အတြက္ တည္ေထာင္ ခဲ့တာျဖစ္ပါတယ္။
ဒါ့ေၾကာင့္ ကၽြန္မတို႔ ဒီေန႔ေတြ႕ဆုံမႈဟာ ထိေရာက္တဲ့ ခိုင္မာတဲ့ လႈပ္ရွားမႈတစ္ရပ္ရဲ႕ အစလို႔ ကၽြန္မ ယူဆပါတယ္။ ျမန္မာႏိုင္ငံအတြင္းမွာ ရွိတဲ့ ပဋိပကၡေတြအားလုံး အဆုံးသတ္ႏိုင္ဖို႔အတြက္ လို႔ျမင္ပါတယ္။
ကၽြန္မတို႔ ႏိုင္ငံရဲ႕ အသိုက္အဝန္းမ်ားအၾကား၊ ျပည္သူမ်ားအၾကား၊ ေရွ႕ကိုဘယ္လို ဆက္ေလ်ာက္မလဲ ဆိုတဲ့အေပၚ အျမင္အယူအဆ မတူညီမႈမ်ားအၾကား ျဖစ္ေပၚေနတဲ့ ပဋိပကၡေတြကို အဆုံးသတ္ဖို႔လို႔ ေမၽွာ္လင့္ပါတယ္။
အျမင္အယူအဆ မတူညီမႈမ်ားအၾကားျဖစ္ေပၚေနတဲ့ ပဋိပကၡကေတာ့ အျမင္က်ယ္က်ယ္နဲ႔ အခ်င္းခ်င္း ေဆြးေႏြးၫွိႏႈိင္းေဆာင္႐ြက္သြားႏိုင္ပါတယ္။ ေမတၱာထားရွိျခင္းနဲ႔ ရဲရင့္မႈဟာ အျခားသူတို႔ရဲ႕ စိတ္ထားကို ျမင္ေတြ႕ႏိုင္သလို ယင္းကို အေျခခံ၍ အျခားသူမ်ားကလည္း မိမိတို႔ရဲ႕ စိတ္ထားကို သိရွိႏိုင္ပါတယ္။
စကားလုံးေတြ၊ ခံစားခ်က္ေတြ၊ လက္နက္ေတြနဲ႔ အခ်င္းခ်င္း တိုက္ခိုက္ေနျခင္းအားျဖင့္ ျပႆနာမ်ားကို ေျဖရွင္းႏိုင္မွာ မဟုတ္ပါဘူး၊ အကူအညီလဲျပဳမွာမဟုတ္ပါဘူး၊ မုန္းတီးမႈနဲ႔ ေၾကာက္႐ြံ႕မႈဟာ ကမၻာေပၚမွာ ျပႆနာမ်ားရဲ႕ အေၾကာင္းအရင္းျဖစ္ပါတယ္။ စစ္ပြဲေတြ၊ ပဋိပကၡေတြဟာ မုန္းတီးမႈနဲ႔ ေၾကာက္႐ြံ႕မႈမ်ားကေန ေပါက္ဖြားလာတာ ျဖစ္ပါတယ္။ မုန္းတီးမႈနဲ႔ ေၾကာက္႐ြံ႕မႈေတြကို ဖယ္ရွားႏိုင္မွသာ စစ္ပြဲေတြ၊ ပဋိပကၡေတြကို အဆုံးသတ္ႏိုင္မွာ ျဖစ္ပါတယ္၊ ကၽြန္မတို႔ ႏိုင္ငံကေရာ ကမၻာေပၚကေရာ ျဖစ္ပါတယ္။
အားလုံးသိၾကတဲ့အတိုင္း လတ္တေလာအေျခအေနမွာ စြပ္စြဲမႈေတြနဲ႔ တန္ျပန္ စြပ္စြဲမႈေတြ ျဖစ္ေနပါတယ္၊ ကၽြန္မအေနနဲ႔ ဘယ္ဘက္ကိုမွ လိုက္မွာမဟုတ္ပါဘူး၊ ဘာျဖစ္လို႔လဲဆိုေတာ့ ကၽြန္မယုံၾကည္တာက တစ္ဦးနဲ႔တစ္ဦး နားလည္မႈနဲ႔ သဟဇာတရွိမႈကို ျမႇင့္တင္ေပးဖို႔အတြက္ ျဖစ္လို႔ ပါပဲ။
မိတ္ေဆြတို႔အေနနဲ႔ နားလည္ႏိုင္မယ္၊ ကၽြန္မတို႔နဲ႔ လက္တြဲေဆာင္႐ြက္ႏိုင္မယ္လို႔ ေမၽွာ္လင့္ပါတယ္။ ကၽြန္မေျပာခဲ့သလို ယခုအခမ္းအနားဟာ သံတမန္အသိုင္းအဝိုင္းကို ကၽြန္မတို႔ ဘာေတြ ႀကိဳးပမ္း ေဆာင္႐ြက္ေနတယ္ဆိုတာကို သိရွိေအာင္ေျပာၾကားဖို႔အတြက္ ျဖစ္ပါတယ္၊ ဒါေပမယ့္ တကယ္တမ္း က်ေတာ့ သံတမန္ေတြကို ရွင္းလင္းေျပာၾကားမႈထက္ ပိုပါတယ္။
ျမန္မာႏိုင္ငံအေပၚ ေစတနာထားတဲ့သူေတြကို ရင္းရင္းႏွီးႏွီး ဖိတ္ေခၚတာျဖစ္ပါတယ္။ ကၽြန္မတို႔ ရည္႐ြယ္ခ်က္ေတြေအာင္ျမင္ေအာင္ ပူးေပါင္းေဆာင္႐ြက္ၾကဖို႔ ဖိတ္ေခၚျခင္း ျဖစ္ပါတယ္။ ဒီလို ပူးေပါင္းေဆာင္႐ြက္ျခင္းဟာ ကၽြန္မတို႔ႏိုင္ငံ တစ္ႏိုင္ငံတည္းအတြက္သာ မဟုတ္ဘဲ ကမၻာေပၚမွာ အလားတူ ရင္ဆိုင္ေနရတဲ့ ႏိုင္ငံေတြအတြက္လည္း ပူးေပါင္းေဆာင္႐ြက္မႈမ်ား လိုအပ္မယ္ဆိုတာကို အားလုံးက သေဘာတူလက္ခံလိမ့္မယ္လို႔ ေမၽွာ္လင့္ပါတယ္။
အားလုံးကို ေက်းဇူးတင္ပါတယ္။
Unicode Version
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော် အစိုးရမှဆောင်ရွက်လျက် ရှိသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများနှင့် စပ်လျဉ်း၍ သံတမန်များအား အသိပေးပြောကြားချက်
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
နေပြည်တော် စက်တင်ဘာ ၁၉
ယမန်နှစ်က ရွေးကောက်တင်မြောက်ပြီးခါစ မြန်မာနိုင်ငံအစိုးရသစ်ရဲ့ ကိုယ်စားလှယ်အနေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့တုန်းကကျွန်မတို့အစိုးရအနေနဲ့ ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ်ပါ ရည်ရွယ်ချက်တွေနဲ့ အခြေခံမူတွေအပေါ်မှာ ထားရှိတဲ့ ယုံကြည်မှုတွေကို ထပ်လောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။
နိုင်ငံများအနေနဲ့ ပိုမိုငြိမ်းချမ်းပြီး ကြွယ်ဝတဲ့ ကမ္ဘာ၊ လူသားများအားလုံးအတွက် ပိုမိုကြင်နာ မေတ္တာထားသောနေရာ တစ်နေရာအဖြစ် ဝိုင်းဝန်းတည်ထောင်နေတဲ့ ယုံကြည်ချက်နဲ့ ကျွန်မတို့ နိုင်ငံမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့၊ ယင်းစိန်ခေါ်မှုများကို ကျော်လွှားနိုင်အောင် ကြိုးပမ်းချက်များကို နိုင်ငံတကာ အသိုင်းအဝိုင်းကို မျှဝေလိုပါတယ်။
ဒီနှစ်မှာတော့ ကျွန်မအနေနဲ အထွေထွေညီလာခံတက်ရောက်ဖို့ နယူးယောက်မြို့ကို သွားရောက်နိုင်ခြင်း မရှိတဲ့အတွက် ယခုလိုသံတမန်တွေကို ရှင်းလင်းပြောကြားမှုတစ်ရပ် ပြုလုပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
ကျွန်မတို့ပြည်သူတွေဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးချယ်တင်မြောက်ခဲ့ချိန်မှာ ကျွန်မတို့ကို တာဝန်သုံးရပ် ယုံယုံကြည်ကြည်နဲ့ အပ်နှင်းခဲ့ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး၊ ပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေးတို့ပဲ ဖြစ်ပါတယ်။ အဲဒီ စိန်ခေါ်မှု သုံးရပ်စလုံးဟာ လွယ်ကူတဲ့ တာဝန်တွေမဟုတ်သလို ရိုးရှင်းတဲ့ စိန်ခေါ်မှုတွေလည်းမဟုတ်ပါဘူး။
ကျွန်မတို့အတွက် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုတာဟာ ရာစုနှစ် တစ်ဝက်လောက် အာဏာရှင်စနစ်အောက်မှာ ရှိနေတဲ့အခြေအနေကနေ ဒီမိုကရေစီကိုကူးပြောင်းရတာဖြစ်ပါတယ်။ အခုအချိန်မှာ ကျွန်မတို့ ပြုစုပျိုးထောင်နေတဲ့ ဒီမိုကရေစီစနစ်ဟာ ဖွံဖြိုးခါစ ရင့်ကျက်ဖို့ လိုသေးတဲ့ မပြည့်စုံသေးတဲ့ အနေအထားပဲ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးဆိုတာ ကျွန်မတို့ နိုင်ငံ လွတ်လပ်ရေးရရှိပြီးတဲ့အချိန် ၁၉၄၈ ခုနှစ် ကစပြီး ပေါ်ပေါက်လာခဲ့တဲ့၊ နှစ်ပေါင်း ၇၀ ပြည်တွင်းပဋိပက္ခတွေ ချုပ်ငြိမ်းအောင် ကြိုးစားနေရတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။
ဖွံဖြိုးတိုးတက်မှုဆိုတာဟာ အခု ပြောကြားခဲ့တဲ့အချက်နှစ်ချက်အပေါ်မူတည်ပြီးမှ ရရှိအောင်မြင် နိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ တန်ဖိုးတွေကို ပြုစုပျိုးထောင်နိုင်မယ်၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းထားနိုင်မယ် ဆိုမှသာ ကျွန်မတို့ပြည်သူအားလုံး တန်းတူညီမျှ ရရှိခံစားနိုင်မယ့်၊ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ရရှိနိုင်မှာဖြစ်ပါတယ်။
အားလုံး သိရှိထားပြီး ဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံဟာ ရှုပ်ထွေးနက်နဲလှတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အဲဒီ ရှုပ်ထွေးနက်နက်မှုတွေနဲ့အတူဒီစိန်ခေါ်မှုတွေကို ကျွန်မတို့အစိုးရအနေနဲ့ အချိန်တိုတိုအတွင်းမှာ ချက်ချင်း ဖြေရှင်းနိုင်မယ်လို့ ထင်မြင်ယူဆထားတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ထားမှုတွေကလည်း ရှိနေပြန်ပါတယ်။
ကျွန်မအနေနဲ့ သတိပြုစေချင်တာက ဒီကနေ့ ကျွန်မတို့အစိုးရရဲ့ သက်တမ်းဟာ ဆယ့်ရှစ်လတောင် မပြည့်တတ်သေးဘူး ဆိုတာကိုပါပဲ။ ဆယ့်ရှစ်လ ကာလဟာလည်း ဒီလကုန်တော့မှ ပြည့်မြောက်မှာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ အများမျှော်လင့်ထားတဲ့ အရာတွေအားလုံးကို ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်ဖို့၊ အခက်အခဲတွေအားလုံးကိုကျော်လွှားသွားနိုင်ဖို့ ဆယ့်ရှစ်လဆိုတဲ့ အချိန်ကာလဟာ အလွန် တိုတောင်းတဲ့ကာလဖြစ်ပါတယ်။ ဒီလိုပြောတာဟာ ကျွန်မတို့အနေနဲ့ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ အပ်နှင်းထားတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ အဆင်သင့်မဖြစ်သေးဘူး လို့ ဆိုလိုတာ မဟုတ်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာအသိုက်အဝန်းကို ကျွန်မအနေနဲ့ ယုံကြည်ထားလို့ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဆွေနိုင်ငံတွေ၊ ကျွန်မတို့ရဲ့ ကောင်းကျိုးကိုလိုလားတဲ့နိုင်ငံတွေ၊ ကျွန်မတို့ရဲ့ အခက်အခဲတွေကိုနားလည်နိုင်တဲ့နိုင်ငံတွေ၊ ကျွန်မတို့အပေါ်မှာကရုဏာတရား ထားရှိကြတဲ့ နိုင်ငံတွေကို ဒီကနေ့ ကျွန်မတို့အနေနဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး၊ ငြိမ်းချမ်းတည်ငြိမ်ရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအတွက် ဘာတွေ ကြိုးပမ်း ဆောင်ရွက်ထားတယ်ဆိုတာကို မျှဝေအသိပေး ပြောကြားလိုပါတယ်။
ရခိုင်ပြည်နယ် အခြေအနေနဲ့ပတ်သက်ပြီး ကမ္ဘာကြီးတစ်ခုလုံးက အလေးထား အာရုံစိုက်နေကြတယ် ဆိုတာကို ကျွန်မအနေနဲ့ ကောင်းစွာသိရှိ နားလည်ပါတယ်။ ပြီးခဲ့တဲ့ နှစ် အထွေထွေညီလာခံမှာ ကျွန်မ ပြောကြားခဲ့သလိုပါပဲ ကမ္ဘာ့မိသားစုဝင် နိုင်ငံတွေကြားမှာ တာဝန်သိတဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ ဝေဖန်ထောက်ပြမှုတွေကို တုန်လှုပ်နေမှာ မဟုတ်ပါဘူး။ဒါ့အပြင် ကျွန်မတို့ဟာ ကျွန်မတို့နိုင်ငံအတွင်းမှာ ရှိတဲ့ လူ့အသိုက်အဝန်းအားလုံးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်းပေးနိုင်မယ့် ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တစ်ရပ် ရရှိအောင် ကြိုးပမ်း ဆောင်ရွက်သွားဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီရည်မှန်းချက်ပန်းတိုင် ကို ရောက်ရှိအောင် ဆောင်ရွက်သွားမယ့် ကျွန်မတို့ အစီအစဉ်တွေကို ရှင်းလင်းတင်ပြဖို့ ယမန်နှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
စိတ်မချမ်းမြေ့စရာကတော့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကျွန်မ မိန့်ခွန်းပြောကြားပြီး ဆယ့်ရှစ်ရက်အကြာ၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ ရဲတပ်ဖွဲ့ ကင်းစခန်း ၃ ခုကို မွတ်စလင် လက်နက်ကိုင်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။ အောက်တိုဘာ ၁၁ ရက်နေ့နဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွေမှာလည်း နောက်ထပ် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် အသက်တွေ ဆုံးရှုံးခဲ့ရတယ်။ လူတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြရတယ်။ ကျေးရွာတွေ မီးလောင်ခဲ့ရတယ်။ အဲဒီဒေသမှာရှိနေတဲ့လူတွေ ထွက်ပြေး စွန့်ခွါကြရပါတယ်။ မွတ်စလင် အတော် များများဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ကြရပါတယ်။
အဲဒီအချိန်ကစပြီး နိုင်ငံတော်အစိုးရအနေနဲ့ အဲ့ဒီဒေသမှာ ငြိမ်းချမ်း တည်ငြိမ်မှုတွေ ပြန်လည် တည်ဆာက်နိုင်အောင်၊ မွတ်စလင်နဲ့ ရခိုင် အသိုက်အဝန်းနှစ်ခုအကြား သဟဇာတဖြစ်မှု မြှင့်တင် နိုင်အောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ရပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေ မဖြစ်ပွားခင် အချိန်ကတည်းက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီတစ်ရပ်ကို ကျွန်မတို့ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့ နှစ်ပရိစ္ဆေဒများစွာ ရှည်ကြာခဲ့ပြီ ဖြစ်တဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ အထောက်အကူ ပြုနိုင်မယ့် ကော်မရှင်တစ်ရပ်ကို ဦးဆောင်ပေးဖို့ ဒေါက်တာကိုဖီအာနန်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီလိုမျိုး ကြိုးပမ်းဆောင်ရွက်နေတဲ့ကြားမှာပဲ ပဋိပက္ခတွေ ထပ်ကျော့ ဖြစ်ပေါ်လာတာကို ကျွန်မတို့ မတားဆီးနိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ တစ်နှစ်လုံးပါပဲ၊ ကျွန်မတို့ဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး စီမံကိန်းတွေ၊ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေး မြှင့်တင်မှုတွေ ဆောင်ရွက် ခဲ့ပါတယ်။
လပေါင်းများစွာ အခြေအနေတွေတည်ငြိမ်ပြီး ငြိမ်းချမ်းနေတယ်လို့ ထင်ရပြီးတဲ့နောက် သြဂုတ်လ ၂၅ ရက်နေ့မှာ ရဲစခန်းပေါင်း ၃၀နဲ့ တောင်ဘဇာကျေးရွာမှာ ရှိတဲ့ တပ်ရင်း ဌာနချုပ်ကို လက်နက်ကိုင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် နိုင်ငံတော်အစိုးရ အနေနဲ့ ARSA နဲ့ အပေါင်းအပါတွေကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၆)၊ ပုဒ်မခွဲ (င) အရ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပါတယ်။
ရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်းမှာ စိုးရိမ်ပူပန်မှုတွေ အများကြီး ရှိနေပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ ပြစ်တင်ဝေဖန်မှုတွေကို လျော့ပါးစေဖို့၊ တာဝန်ဝတ္တရားတွေ ကို ရှောင်လွှဲဖို့ ကြိုးစားတာ မဟုတ်ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဥပဒေနဲ့ ဆန့်ကျင်တဲ့ အကြမ်းဖက်တွေ အားလုံးကို ကျွန်မတို့အနေနဲ့ ရှုတ်ချပါတယ်။ ရခိုင်ပြည်နယ်တစ်ခုလုံး ပြန်လည်ငြိမ်းချမ်းဖို့၊ ပြန်လည်တည်ငြိမ်ဖို့၊ တရားဥပဒေပြန်လည်စိုးမိုးဖို့ သန္နိဌာန်ချမှတ်ထားတဲ့ အတိုင်း ကျွန်မတို့ ဆောင်ရွက်နေပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့၊ ဘေးထွက်ဆိုးကျိုးတွေ မဖြစ်စေဖို့၊ အပြစ်မဲ့ပြည်သူတွေ ထိခိုက်မှု မရှိစေဖို့၊ စစ်ဆင်ရေးတွေ ဆောင်ရွက်ရာမှာ ကျင့်ဝတ်တွေကို တိတိကျကျ လိုက်နာဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ တရားဉပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်ပျက်ပြားစေမဲ့ ဆောင်ရွက်ချက်တွေအားလုံးကို တရားဉပဒေအရ တိတိကျကျ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒီပဋိပက္ခကြားထဲမှာ ရောက်ရှိနေပြီး ထိခိုက်ခံစားနေရသူ အားလုံးအတွက် ကျွန်မတို့ အထူးပဲ စိတ်မကောင်းဖြစ်ရပါတယ်။ နေအိမ်တွေကို စွန့်ခွါတိမ်းရှောင်နေရသူတွေ အများကြီး ရှိပါတယ်။ မွတ်စလင်နဲ့ ရခိုင်တိုင်းရင်းသားတွေတင်မက သူတို့တွေ ရှိနေတယ် ဆိုတာ ကမ္ဘာကြီးက လုံးဝ မသိရှိကြသေးတဲ့ မြို၊ သက်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီးတွေလို လူမျိုးစုငယ်လေးတွေ၊ ဟိန္ဒူဘာသာဝင်တွေ ဟာလည်း နေအိမ်တွေကို စွန့်ခွါ တိမ်းရှောင် နေကြရတာ ဖြစ်ပါတယ်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဦးဆောင်တဲ့ အဖွဲ့ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လ၂၇ ရက်နေ့ကစပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေဖြန့်ဝေပေးခဲ့ပါတယ်။ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးအပ်မှု အသေးစိတ်ကို ကျွန်မတို့ သံတမန်တွေ သိရှိအောင် ထုတ်ပြန် အသိပေးသွားမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကို သြဂုတ်လ၂၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး နောက်တစ်နေ့မှာဘဲ တိုက်ခိုက်မှုတွေ စတင်ပြီး ပေါ်ပေါက်လာခဲ့ပါတယ်။ ကျွန်မတို့အနေနဲ့ ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည် ဖော်သွားဖို့ သန္နိဌာန်ချထားပြီးဖြစ်ပါတယ်၊ အချိန်တိုတိုအတွင်း တိုးတက်ကောင်းမွန်အောင် အမြန်ဆုံး ဆောင်ရွက်နိုင်မယ့် အကြံ ပြုချက်တွေကို ဦးစားပေးအကောင်အထည်ဖော်သွားမှာဖြစ်ပြီး ကျန်တဲ့ အချိန်ယူဖို့လိုတဲ့အကြံပြုချက်တွေကို နောက်ပိုင်းမှာ ဆက်လက်အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်ငြိမ်းချမ်းရေး၊ သဟဇာတဖြစ်ရေးနဲ့ ဖွံဖြိုးရေးအတွက် အကျိုး ဖြစ်ထွန်းစေမယ့် အကြံပြုချက်မှန်သမျှကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အစိုးရအနေနဲ့ အခြေအနေတွေကို ပုံမှန်အနေအထားပြန်လည်ရောက်ရှိအောင် ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့ကစပြီး ထိတွေ့တိုက်ခိုက်မှုတွေနဲ့ နယ်မြေရှင်းလင်းမှုတွေ မရှိတော့ပါဘူး။ ဒါပေမယ့်လည်း မွတ်စလင် အများအပြားဟာ နယ်စပ်ကိုဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရှိရ ပါတယ်။ဘာကြောင့် ဒီလို အစုလိုက်အပြုံလိုက် ထွက်ပြေး နေကြတယ် ဆိုတာကို ကျွန်မတို့ ရှာဖွေရမှာ ဖြစ်ပါတယ်။ထွက်ပြေးသွားသူတွေကို သူတို့ ဘာကြောင့် ထွက်ပြေးကြသလဲ ဆိုတာ မေးကြည့်ချင်သလို နေရပ်ကို မစွန့်ခွာဘဲ ကျန်ရစ်နေတဲ့သူတွေကိုလည်း ဘာဖြစ်လို့ ဆက်နေကြတာလဲ ဆိုတာကို မေးမြန်းချင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်စလင်အများစုဟာ တစ်ဖက်ကိုထွက်မပြေးဘဲ ကျန်ရှိနေတယ်ဆိုတာကို လူတွေသိပ်မသိကြပါဘူး။ မွတ်စလင်ကျေးရွာတွေရဲ့ ငါးဆယ်ရာခိုင်နှုန်း ကျော်ဟာ ဘယ်မှ မပြေးဘဲ ရှိနေကြပါသေး တယ်။ဘာဖြစ်လို့ ဒီလိုမျိုး နေရစ်ခဲ့ကြတယ် ဆိုတာကို ကျွန်မတို့ သိချင်ပါတယ်။
ဒီအချက်ဟာ ကျွန်မတို့ ဆက်ပြီး ထည့်သွင်းစဉ်းစားရမယ့် အချက်ပဲ ဖြစ်ပါတယ်။ ပြဿနာ ဖြစ်နေတဲ့ တစ်နေရာတည်းကို မကြည့်ဘဲ ဘာပြဿနာမှ မဖြစ်ဘဲ ရှိနေကြတဲ့နေရာတွေကိုလည်း ကြည့်မြင်တတ်ဖို့ လိုပါတယ်။ ကျန်တဲ့နေရာတွေမှာတော့ ဘာဖြစ်လို့ ပြဿနာတွေ မဖြစ်အောင် ရှောင်ရှား နိုင်ကြရတာလဲ။ ဒါ့ကြောင့် သံတမန်အသိုင်းအဝိုင်းအနေနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ အသိုက်အဝန်းတွေနဲ့ သင့်မြတ်စွာ ပေါင်းစည်း နေထိုင်နိုင်ကြတဲ့ မွတ်စလင်တွေကို ကျွန်မတို့နဲ့အတူ လေ့လာကြည့်ဖို့ ကျွန်မအနေနဲ့ တိုက်တွန်းလိုပါတယ်။
ကျွန်မတို့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို စိတ်ဝင်စားတယ်ဆိုရင် ကျွန်မတို့ကို အသိပေးပါ။ ကျွန်မတို့အနေနဲ့ အဲဒီဒေသတွေကို သွားရောက်နိုင်ဖို့ စီစဉ်ပေးမှာ ဖြစ်ပြီး အဲဒီလူတွေကို ကိုယ်တိုင် မျက်မြင် တွေ့ဆုံပြီး အနီးအနားပတ်ဝန်းကျင်မှာ ဖရိုဖရဲ ကစဉ့်ကလျား ထွက်ပြေနေကြ ချိန်မှာ သူတို့တွေက ဘာကြောင့် တည်တည်ငြိမ်ငြိမ်နေထိုင်နိုင်သလဲဆိုတာကို မေးမြန်းကြည့်ကြ စေလိုပါတယ်။
ကျွန်မတို့ဟာ ပြည်သူတွေရဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေ လျော့ပါး သက်သာအောင် ကြိုးပမ်း ဆောင်ရွက်နေချိန်မှာ ရခိုင်ပြည်နယ်ရဲ့ လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကိုလည်း ဆက်လက် ဆောင်ရွက်လျက် ရှိပါတယ်။ ဒီကြိုးပမ်းမှုတွေထဲကမှ အနည်းငယ်ကိုထုတ်နှုတ်ပြီး ပြောရမယ် ဆိုရင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ်လူမှုစီးပွားရေး ဖွံဖြိုး တိုးတက်ရေး(၂၀၁၇-၂၀၂၁) စီမံကိန်းကို ရေးဆွဲထားပြီးဖြစ်ပါတယ်။ ပုဂ္ဂလိက-အစိုးရ မိတ်ဖက် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတွေကတစ်ဆင့် ဒေသခံပြည်သူအတွက် ရာနဲ့ချီတဲ့ အလုပ်အကိုင်တွေ၊ အခွင့်အလမ်းတွေ ဖန်တီးပေးခဲ့ပြီး ဖြစ်ပါတယ်။ အလုပ်အကိုင်အသစ်တွေ၊ စီးပွားရေးလုပ်ငန်းသစ်တွေ ဖန်တီးပေးနိုင်မယ့် အထူးစီးပွားရေးဇုန် တစ်ခု ဖန်တီးဖော်ဆောင်ဖို့ ဖြစ်နိုင်ခြေဆန်းစစ်မှုတွေ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အခြေခံအဆောက်အုံဖွံဖြိုး တိုးတက်ရေးဘက်မှာ ဆိုရင်လည်း လျှပ်စစ်မီး ရရှိစေဖို့ တိုးချဲ့ဆောင်ရွက်ပြီးဖြစ်ပြီး ဖြစ်ပါတယ်။ ယခင်ကလှေနဲ့ပဲ သွားရောက်နိုင်တဲ့ ဝေးလံခေါင်ဖျား ဒေသတွေဆီ ကူးလူးဆက်သွယ်သွားရောက်နိုင်မယ့် အမြန်လမ်းမကြီး အပါအဝင် လမ်းအသစ်တွေ၊ တံတားအသစ်တွေ တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေ အားလုံးအတွက် ဘယ်လိုဖိနှိပ်ခွဲခြားမှုမှ မရှိစေဘဲပညာသင်ယူခွင့်နဲ့ ကျန်းမာရေး စောင့်ရှောက် ကုသခွင့်တွေ ရရှိနေပြီဖြစ်ပါတယ်။ ကျေးလက်ဒေသ ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် သွားလာရ ခက်ခဲတဲ့နေရာတွေကိုလည်း ရွေ့လျားဆေးခန်း (mobile clinic) တွေ တည်ထောင်ပေးထားပြီး ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းပေါင်း ၃၀၀ ကို အဆင့်မြှင့်တင်ပေးခဲ့ပြီး အသက်မွေးဝမ်းကျောင်း သင်တန်း၊ နည်းပညာသင်တန်းတို့ကိုလည်း စတင် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ မွတ်စလင်ကျောင်းသား တွေကို မည်သည့်ခွဲခြားဖိနှိပ်မှုမျှမရှိဘဲ အဆင့်မြင့် ပညာသင်ကြားခွင့် ရရှိနေပြီဖြစ်ပါတယ်။
မကြာသေးမီက တိုက်ခိုက်မှုဖြစ်ပွားမှု မတိုင်ခင် သြဂုတ်လ ၂၅ ရက်က အဆိုပါဒေသရှိ အဖွဲ့အစည်း အားလုံးထံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများလည်း ပဋိပက္ခရာဖြစ်ပွားရာနေရာ ၉၅ ရာခိုင်နှုန်းအထိရောက်ရှိပြီးဖြစ်ပါတယ်။ ဒေသမှာ နေထိုင်နေသူ အားလုံးကို စောင့်ရှောက်နိုင်ဖို့ ရည်ရွယ်လျက် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေး ကြိုးပမ်း အားထုတ်မှုတွေကို ယနေ့ဆောင်ရွက်လျက်ရှိပါတယ်။
ဒီဒေသမှာရှိတဲ့ ပြည်သူများအားလုံးကို စောင့်ရှောက်ရန်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများကို ထပ်မံ ဆောင်ရွက်လျက်ရှိပါတယ်။ နေရပ်ဒေသ စွန့်ခွာသူများနှင့် စပ်လျဉ်းပြီး အိမ်များ ဆောက်လုပ်ခြင်း အပါအဝင် အခြားလိုအပ်တဲ့ အကူအညီများ ပေးအပ်ခဲ့ပြီးနောက် စခန်း ၃ ခု ကို ပိတ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒီဒေသတွေမှာ ဆောင်ရွက်စရာတွေ အများကြီး ရှိနေတယ်ဆိုတာကို သိပါတယ်၊ အဲ့ဒါတွေကိုလည်း ရင်ဆိုင်ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။
နိုင်ငံသားစိစစ်မှုလုပ်ငန်းအတွက် လုပ်ငန်းစီမံချက် ချမှတ်ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလုပ်ငန်းစဉ်ဟာ အသိုက်အဝန်းအားလုံးက ပူးပေါင်းဆောင်ရွက်မှု လိုအပ်တဲ့ကိစ္စ ဖြစ်ပါတယ်။ အချို့ မွတ်စလင် အသိုက်အဝန်းရဲ့ အကြီးအကဲတွေက ဒီလုပ်ငန်းစဉ်မှာ မပါဝင်ဖို့ တိုက်တွန်း ပြောကြားတာတွေ ရှိပါတယ်။ ဒါ့ကြောင့် မိတ်ဆွေများအနေနဲ့ သူတို့ကို ဒီလုပ်ငန်းစဉ်မှာ ပါဝင်လာအောင် တိုက်တွန်း ပြောကြားစေလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလုပ်ငန်းစဉ်မှာ ပါဝင်လာခြင်းဖြင့် သူတို့မှာ ဆုံးရှုံးစရာ ဘာမှ မရှိလို့ပါပဲ။ ဘာသာပေါင်းစုံအဖွဲ့တွေမှ တစ်ဆင့် လူ့အသိုက်အဝန်းတွေအကြား သဟဇာတရှိရှိ နေထိုင်နိုင်ဖို့အတွက် ဆောင်ရွက်မှုများလည်း ပြုလုပ်နေပါတယ်။ ကျောင်းတွေမှာ စိတ်ပိုင်းဆိုင်ရာ၊ ပြည်သူ့ရေးရာနဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ သဟဇာတဖြစ်မှုတို့ကို ပိုမို နားလည်စေမယ့် သင်ရိုးညွှန်းတမ်းတွေကိုလည်း စတင် သင်ကြားပေးနေပြီ ဖြစ်ပါတယ်။
အလားတူပဲ FM Radio လိုင်း တစ်ခုထားပြီး ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံသား စိစစ်ရေးဆိုင်ရာ အချက်အလက်တွေ ထုတ်လွှင့်ပေးနေပါတယ်။ မြန်မာ၊ ရခိုင်နဲ့ ဘင်္ဂါလီဘာသာစကားတွေနဲ့ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဝင်များရဲ့ အရည်အချင်းနဲ့ အရည်အသွေး မြှင့်တင်ရေးအတွက် သင်တန်းတွေကို EU, UN တို့နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ပြည်တွင်း/ပြည်ပ မီဒီယာများဟာ အဲ့ဒီဒေသတွေမှာ သွားရောက် သတင်းယူမှုများ ပြုလုပ်နေကြပါတယ်။ အရင်က သွားခွင့်မရှိတဲ့နေရာတွေကိုပါ သွားခိုင်းနေပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့ နောက်ပိုင်းမှာလည်း မီဒီယာအဖွဲ့တွေကို အဲဒီဒေသတွေကို သွားလာခွင့်ပြုထားပါတယ်။
တစ်ဖက်မှာလည်း အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ထိတွေ့မှုများ ဆက်လက် ပြုလုပ်နေပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီနှစ် ဇန်နဝါရီလနဲ့ ဇူလိုင်လတို့မှာ စေလွှတ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးအနေနဲ့ မိမိတို့ဆီကို လာရောက်လည်ပတ်ဖို့ ရှိသော်လည်း သူ့ဘက်မှာ အခြားကိစ္စတွေ ပေါ်ပေါက်လာတဲ့အတွက် ခရီးစဉ်ကို ခေတ္တရွှေ့ဆိုင်းထားပါတယ်။ သူ့အနေနဲ့ အချိန်မရွေး လာရောက်နိုင်အောင် မိမိတို့က စီစဉ်ထားပါတယ်။ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်အနေနဲ့ နယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ရှိပါတယ်။
မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည် လက်ခံဖို့ တိုက်တွန်းပြောကြားထားတာ ရှိပါတယ်။ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံမှာ အမှန်တစ်ကယ် နေထိုင်ခဲ့ကြောင်း စိစစ်မှုလုပ်ငန်းစဉ် (Verification Process) ကို အချိန်မရွေး စတင်နိုင်ဖို့အတွက် ကျွန်မတို့ ပြင်ဆင်ထားပါတယ်။ နှစ်နိုင်ငံအကြားမှာ ရရှိခဲ့တဲ့ သဘောတူညီချက် တွေကို မူတည်ပြီး ၁၉၉၃ ခုနှစ်ကတည်းက နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်တစ်ခု ထူထောင်ထားပြီး ဖြစ်ပါတယ်။ အဲဒီအပေါ်မူတည်ပြီး မြန်မာနိုင်ငံကို ပြန်လာချင်တဲ့ ဒုက္ခသည်တွေကို လက်ခံဖို့ ကျွန်မတို့ အဆင်သင့်ရှိပါတယ်။ အဲဒီအချိန်က သဘောတူညီထားတဲ့ သတ်မှတ်ချက်များကို တိကျစွာ လိုက်နာမှာ ဖြစ်ပါတယ်။
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြောကြားထားတဲ့အတိုင်း ကျွန်မတို့အနေနဲ့ အဆိုပါ အချက်အလက်တွေနဲ့ ကိုက်ညီတဲ့ မြန်မာနိုင်ငံမှ ဒုက္ခသည်လို့ ဆန်းစစ်အတည်ပြုနိုင်တဲ့သူတွေ အားလုံးကို ပြန်လည်လက်ခံဖို့ အသင့်ရှိပါတယ်။ လုံခြုံရေး နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက် အပံ့တွေ လက်ခံရရှိနိုင်ရေးအတွက်လည်း အာမခံပါတယ်။
မိတ်ဆွေတွေအနေနဲ့ ကျေးရွာတွေမှာရှိတဲ့ အိမ်တွေ မီးရှို့ဖျက်ဆီးခံရမှု နဲ့ ဒုက္ခသည်များ အလုံးအရင်းနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းတွေကြောင့် စိုးရိမ်မှုတွေ ဖြစ်နေတယ်ဆိုတာကို ကျွန်မ နားလည်ပါတယ်။ ဒါပေမယ့် ကျွန်မပြောခဲ့သလို စက်တင်ဘာ ၅ ရက်နေ့ကတည်းက တိုက်ခိုက်မှုတွေနဲ့ နယ်မြေရှင်းလင်းမှုတွေ မရှိတော့ပါဘူး၊ ကျွန်မတို့အနေနဲ့လည်း တကယ်တမ်း ပြဿနာ အရင်းအမြစ်ကို သိချင်ပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ စွပ်စွဲမှုတွေ နဲ့ တန်ပြန်စွပ်စွဲမှုတွေ ရှိနေပါတယ်။ ဒါတွေအားလုံးကို နားထောင်ဖို့လိုပါတယ်။ အရေးယူမှုတွေ မပြုလုပ်ခင် အဲဒီ စွပ်စွဲမှုတွေမှာ ခိုင်မာတဲ့အကြောင်းအရာတွေရှိဖို့ လိုပါတယ်။ အရေးယူမှုတွေ ပြုလုပ်တဲ့အခါ ဘာသာ၊ လူမျိုး၊ ရာထူးစတာတွေကို ငဲ့ညာမှာမဟုတ်ဘဲ ဒီမြေရဲ့ ဥပဒေကိုဆန့်ကျင်သူများ၊ လူ့အခွင့်အရေး ချိုးဖောက်သူများကို အရေးယူသွားမှာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် ဘယ်တုန်းကမှ သက်ညှာမှုမရှိခဲ့ပါဘူး၊ ကျွန်မတို့အစိုးရဟာ လူ့အခွင့်အရေးကို ကာကွယ်ရေးအတွက် ပေါ်ပေါက်လာတဲ့ အစိုးရအဖွဲ့ဖြစ်ပါတယ်။ အသိုက်အဝန်း တစ်ခုတည်းအတွက်မဟုတ်ဘဲ နိုင်ငံ နယ်နိမိတ်အတွင်းမှာနေထိုင်တဲ့ လူများအားလုံးရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာရှိတဲ့ ပြဿနာတွေကို အာရုံစိုက်ဖြေရှင်းနေသလို ကျွန်မတို့အတွက် နိုင်ငံရဲ့ အနောက်ပိုင်းမှာ ရှိတဲ့ ပြဿနာလိုဘဲ အရေးကြီးတဲ့ ပြဿနာတွေ ရှိနေပါသေးတယ်။
ကျွန်မတို့အနေနဲ့ ပြည်တွင်းပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရှိအောင်ကြိုးပမ်း ဆောင်ရွက် နေပါတယ်။ အဲဒီငြိမ်းချမ်းရေးဟာ ရေရှည်တည်တံ့ပြီး သာတူညီမျှ တပြေးညီ အကျိုး ဖြစ်ထွန်း စေမယ့် ဖွံ့ဖြိုးရေးကို အကျိုးပြုရမှာဖြစ်ပါတယ်။ အဲဒီ ငြိမ်းချမ်းရေးဆောင်ရွက်မှုမှာ ပါဝင် ဆောင်ရွက်ပေးဖို့ ဖိတ်ခေါ်လိုပါတယ်။ ကျွန်မတို့နိုင်ငံအနေနဲ့ နှစ်ပေါင်းများစွာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့အတွက် ကျွန်မတို့နဲ့အတူ ပူးပေါင်း ဆောင်ရွက်ပေးဖို့ ဖိတ်ခေါ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က စတင်ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဆက်လက်ဆောင်ရွက်နေပါတယ်၊ ဒါပေမယ့် အခက်အခဲတချို့လဲ ရှိနေပါတယ်။ ကျွန်မအနေနဲ့ မအံ့သြပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်မှာရှိတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တွေ့နေကြ အချက်တွေပဲ ဖြစ်ပါတယ်။ တခါတရံမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ ရပ်တန့်နေတာ၊ ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေတာ ၊ တခါတရံမှာ အားလုံးတစစီပြိုကွဲ ပျက်စီးသွားတာမျိုးတွေ တွေ့ရမှာဖြစ်ပါတယ်။
ကျွန်မတို့အနေနဲ့တော့ အားလုံးကိုကျော်လွှားနိုင်ပြီး ရှေ့ကို ဆက်လက်ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့အားလုံးဟာ စစ်ကိုမုန်းတီးနေပြီး ငြိမ်းချမ်းမှုကို လိုချင်ကြပါတယ်၊ ကျွန်မတို့ ပဋိပက္ခတွေ မလိုလားဘူး။ သဟဇာတရှိရှိနေထိုင်သွားဖို့ကို လိုလားလို့ပဲ ဖြစ်ပါတယ်။ ဒါဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအားလုံး လိုလားတဲ့ မျှော်မှန်းတဲ့ အချက်ပဲ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုရှိရေး၊ သဟဇာတရှိရှိနေထိုင်ရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဆိုတာဟာ ကြီးကျယ်ခမ်းနားတဲ့ အာဂျင်ဒါ မဟုတ်ပေမယ့် လွယ်ကူတဲ့ အရာတော့မဟုတ်ပါဘူး။
ကျွန်မတို့နိုင်ငံရဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ရှေ့ဆက်ဆောင်ရွက်ရာမှာ ကျွန်မတို့ရဲ့ မိတ်ဆွေများအနေနဲ့ ကျွန်မတို့ကို နားလည်သဘောပေါက်ပြီး ကျွန်မတို့နဲ့ လက်တွဲဆောင်ရွက်ပါလို့ ပြောကြားလိုပါတယ်။ ကျွန်မတို့အတွက် အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုများနဲ့ ငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှုနဲ့ သဟဇာတရှိမှုကို ရရှိနိုင်မယ့် နည်းလမ်းသစ်တွေကို ရှာဖွေရာမှာ ပါဝင်ဘို့ တိုက်တွန်းလိုပါတယ်။
တစ်နိုင်ငံလုံးအတွက် စဉ်းစားစေချင်ပါတယ်၊ နေရာဒေသတစ်ခုတည်းကို ကွက်ပြီး စဉ်းစားတာမျိုး မဖြစ်စေချင်ပါဘူး၊ တစ်နိုင်ငံလုံးအတွက် ဆောင်ရွက်မှသာ တိုးတက်မှုကို ရရှိမှာဖြစ်ပါတယ်။
ကျန်းမာတဲ့ လူတစ်ယောက်အနေနဲ့ တင်စားလိုပါတယ်၊ နာမကျန်းဖြစ်တဲ့ နေရာတစ်ခုတည်းကို ကုစားဖို့အတွက် အထွေထွေကျန်းမာရေးအခြေအနေတွေကို လစ်လျူရှုထားလို့မရပါဘူး။
ကျန်းမာရေးကို တင်စားရတာကတော့ ကျန်းမာရေးကဏ္ဍဟာ ကျွန်မတို့ အစိုးရတာဝန်ယူပြီးတဲ့ အချိန်ကစပြီး ယနေ့အထိ အထူးအောင်မြင်မှုရရှိနေတဲ့ကဏ္ဍဖြစ်လို့ပါပဲ၊ လူထုကျန်းမာရေးကို အာရုံစိုက် ဆောင်ရွက်နေရင်းနဲ့ အခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်တယ် ဆိုတာကို သိလာရပါတယ်။
ဥပမာအားဖြင့် တစ်နှစ်အတွင်းမှာ အိတ်ချ်အိုင်ဗွီကြောင့် သေဆုံးနှုန်းကို တစ်ဝက်လျော့ချနိုင်ခဲ့ပါတယ်၊ အဲဒီလိုလျော့ချနိုင်တာဟာ အိတ်ချ်အိုင်ဗွီ ရောဂါတစ်ခုတည်းကို အာရုံစိုက် ကုစားလို့အဟုတ်ဘဲ လူထုကျန်းမာရေးတစ်ခုလုံးကို ရှေ့ရှုဆောင်ရွက်ခဲ့လို့ဖြစ်ပါတယ်။
အဲဒီ ဥပမာလိုပါပဲ၊ ကျွန်မတို့ နိုင်ငံကို တစ်နိုင်ငံလုံးအနေအထားကို ခြုံငုံစဉ်းစားစေလိုပါတယ်၊ ကျွန်မတို့ နိုင်ငံရဲ့ ဒီမိုကရေစီဖြစ်စဉ်ဟာ နုနယ်ပြီး ထိလွယ်ခိုက်လွယ်တဲ့အနေအထားဖြစ်ပါတယ်။ အဲ့ဒီအပြင် အခက်အခဲများစွာကိုလည်း ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ ဒါပေမယ့် ကျွန်မတို့အနေနဲ့ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာဖို့အတွက် ဂရုစိုက်ဆောင်ရွက်သလိုဘဲ ပြဿနာ တစ်ချို့သာမက အဲဒီအခြေအနေတွေအားလုံးကိုကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပါတယ်။
ဒါ့ကြောင့် ပိုပြီးတော့ ဆန်းသစ်တဲ့၊ ပိုမိုရဲရင့်တဲ့ နည်းလမ်းသစ်တွေ၊ အဖြေတွေကို ရှာဖွေရာမှာ လက်တွဲဆောင်ရွက်ဖို့ ဖိတ်ကြားလိုပါတယ်။ ပြဿနာတွေကို မြန်မြန်ဆန်ဆန် မဖြေရှင်းနိုင်သေးရင် အဲဒီပြဿနာတွေကို ဘယ်တော့မှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ပြောတာမဟုတ်ပါဘူး၊ ကျွန်မတို့ ပြည်သူတွေရဲ့ခံစားနေရတာတွေ ပိုပြီးကြာရှည်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ပြည်သူတွေခံစားရတာတွေကို အမြန်ဆုံး ကျော်လွန်သွားဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။
ကျွန်မတို့အနေနဲ့ နိုင်ငံအတွင်း၊ နိုင်ငံရဲ့ နယ်နိမိတ်အတွင်းနေထိုင်သူတွေအားလုံး လုံခြုံအေးချမ်း သာယာဝပြောစွာ နေနိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီရည်မှန်းချက်ဟာ ကြီးမားတဲ့ မျှော်မှန်းချက်ဖြစ်ပါတယ်၊ ဒါပေမယ့် အောင်မြင်အောင်ဆောင်ရွက်ရမှာမဖြစ်နိုင်တဲ့ မျှော်မှန်းချက်တော့ဟုတ်ပါဘူး။
ကျွန်မတို့အားလုံးလက်တွဲဆောင်ရွက်ရမှာဖြစ်ပြီးတော့ အစိုးရအပါအဝင် ဒီနိုင်ငံအတွင်းမှာ ရှိတဲ့ လူတစ်ဦးချင်းစီမှာ ဒီတာဝန်ရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ မိတ်ဆွေတွေကို ကျွန်မတို့ရဲ့ ကြိုးပမ်း ဆောင်ရွက်မှုမှာ ပါဝင်ကူညီဖို့ ဖိတ်ကြားလိုပါတယ်။ ပြဿနာတွေရှိတဲ့ကြားထဲက အဲဒီပြဿနာတွေကို ဖြေရှင်းပြီး ကျန်းမာတဲ့၊ သန်မာတဲ့၊ ရှေ့အနာဂတ်ကို မျှော်မှန်းချက်များနဲ့အညီ လုံခြုံတဲ့ အနာဂတ်ဆီကို လျောက်လှမ်းနိုင်မယ့် နိုင်ငံတစ်နိုင်ငံ တည်ဆောက်သွားတဲ့နေရာမှာ ပါဝင်ဖို့ ဖိတ်ကြား လိုပါတယ်။
ကျွန်မအနေနဲ့ သံတမန်အသိုင်းအဝန်းနဲ့ အခုလို တွေ့ဆုံတဲ့အခါမှာ ကိစ္စတစ်ခုလောက်သာ မီးမောင်းထိုးပြရတာကို အားမရပါဘူး။ ဒါ့ကြောင့် ကျွန်မတိုက်တွန်းလိုတာက ကျွန်မတို့ကို မိတ်ဆွေတို့ရဲ့အမြင်ကိုပြောပါ၊ ဆွေးနွေးပါ ၊ ကျွန်မတို့နဲ့အတူ ပြဿနာဖြစ်နေတဲ့ထဲက နေရာကို လုံခြုံစိတ်ချရတဲ့ နေရာကို လိုက်ကြည့်ပါ။ ကိုယ်တိုင် ဘာတွေဖြစ်နေတယ် ဆိုတာကို ကိုယ်တိုင်လေ့လာပါ။ ပြီးတော့ ဒီပြဿနာများကို ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာကို စဉ်းစားကြည့်ပါ။
အဲဒီနေရာမှာ တိုက်တွန်းလိုတာက ဒီလို ပြဿနာရှိနေတဲ့ ဒေသမှာ တောင် အချို့လူတွေဟာ တစ်ဦးနဲ့ တဉီး ရန်လို မှုမရှိဘဲ သဟဇာတ နေနိုင်ကြတယ်။ ဘာကြောင့် အဲ့ဒီလို နေနိုင်သလဲ ဆိုတာကို သုံးသပ်ပါ၊ အဲဒီလိုလော့လာ သုံးသပ်မှုကနေ ကျွန်မတို့လိုချင်တဲ့ အဖြေကို ရရှိလာပါလိမ့်မယ်။
အဲဒီလိုလုပ်တာဟာ မကောင်းတဲ့အခြေအနေကို ဖယ်ရှားလိုက်တာ တစ်ခုတည်းမဟုတ်ဘဲ အပြုသဘော ဆောင်တဲ့အနေအထားတွေကို မြှင့်တင်ပေးရာမှာဖြစ်ပါတယ်။ အပျက်သဘောကို ဖယ်ရှားပြီး အပြုသဘောကို မြှင့်တင်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် ကျွန်မတို့အနေနဲ့ မိတ်ဆွေတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်သွားလိုပါတယ်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးအနေနဲ့ လူသားချင်းစာနာမှု အထောက်အပံ့ပေးမှု အစီအစဉ်ကို ခေါင်းဆောင်ပြီး ဆောင်ရွက်နေပါတယ်၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့အနေနဲ့ ပူးပေါင်းပါဝင်နေတဲ့အတွက် ဝမ်းသာပါတယ်။ အခြားပါဝင်လိုသူတွေ ကိုလည်း ကြိုဆိုပါတယ်။
ငွေအား၊ လူအလား၊ ပစ္စည်းအား နဲ့ ပါဝင်လှုဒါန်းမှုတွေ အများကြီးရရှိနေပါတယ်။ ကျွန်မတို့အနေနဲ့ အဲဒီ လှုဒါန်းမှုကူညီမှုများအားလုံးကို ရခိုင်ပြည်နယ်မှာ ရှိတဲ့ အသိုက်အဝန်းအားလုံးအတွက် အကောင်းဆုံးနဲ့ အကျိုးအရှိဆုံး အသုံးချသွားနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံကို ဘာသာရေး၊ လူမျိုးရေးနဲ့ နိုင်ငံရေးယုံကြည်မှုတွေကြောင့် အကွဲကွဲအပြားပြားဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံ မဖြစ်စေလိုပါဘူး၊ ကျွန်မတို့အနေနဲ့ မတူကွဲပြားမှုများကို အခြေပြုတဲ့ အခွင့်အရေးများကို ခံစားခွင့် ၊ ဘဝကို မိမိယုံကြည်မှုနံ လျောက်လှမ်းခွင့် ရှိပါတယ်၊ ဒါပေမယ့် ကျွန်မတို့ဟာ အတူတကွ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဟာ နိုင်ငံတစ်နိုင်ငံထဲမှ နေထိုင်ကြလို့ဖြစ်ပါတယ်။
ကျွန်မတို့ဟာ နိုင်ငံတစ်နိုင်ငံနဲ့ သက်ဆိုင်ရင် ဒီကမ္ဘာနဲ့လည်းသက်ဆိုင်ပါတယ်။ အဲဒီအချက်ကြောင့်ဘဲ ကျွန်မတို့ဟာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို နိုင်ငံများ စုဝေးရာအဖြစ် ယုံကြည်လက်ခံပြီး ငြိမ်းချမ်းမှု နဲ့ သဟဇာတရှိမှုကို မြှင့်တင်နိုင်အောင် တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ခံစားခဲ့ရမှုမျိုးတွေ ထပ်မံ မဖြစ်ပေါ်လာအောင်အတွက် ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကုလသမဂ္ဂကို တည်ထောင်မှုဟာ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကို ချုပ်ငြိမ်းဖို့အတွက် တည်ထောင် ခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့် ကျွန်မတို့ ဒီနေ့တွေ့ဆုံမှုဟာ ထိရောက်တဲ့ ခိုင်မာတဲ့ လှုပ်ရှားမှုတစ်ရပ်ရဲ့ အစလို့ ကျွန်မ ယူဆပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ပဋိပက္ခတွေအားလုံး အဆုံးသတ်နိုင်ဖို့အတွက် လို့မြင်ပါတယ်။
ကျွန်မတို့ နိုင်ငံရဲ့ အသိုက်အဝန်းများအကြား၊ ပြည်သူများအကြား၊ ရှေ့ကိုဘယ်လို ဆက်လျောက်မလဲ ဆိုတဲ့အပေါ် အမြင်အယူအဆ မတူညီမှုများအကြား ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်ဖို့လို့ မျှော်လင့်ပါတယ်။
အမြင်အယူအဆ မတူညီမှုများအကြားဖြစ်ပေါ်နေတဲ့ ပဋိပက္ခကတော့ အမြင်ကျယ်ကျယ်နဲ့ အချင်းချင်း ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားနိုင်ပါတယ်။ မေတ္တာထားရှိခြင်းနဲ့ ရဲရင့်မှုဟာ အခြားသူတို့ရဲ့ စိတ်ထားကို မြင်တွေ့နိုင်သလို ယင်းကို အခြေခံ၍ အခြားသူများကလည်း မိမိတို့ရဲ့ စိတ်ထားကို သိရှိနိုင်ပါတယ်။
စကားလုံးတွေ၊ ခံစားချက်တွေ၊ လက်နက်တွေနဲ့ အချင်းချင်း တိုက်ခိုက်နေခြင်းအားဖြင့် ပြဿနာများကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး၊ အကူအညီလဲပြုမှာမဟုတ်ပါဘူး၊ မုန်းတီးမှုနဲ့ ကြောက်ရွံ့မှုဟာ ကမ္ဘာပေါ်မှာ ပြဿနာများရဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ စစ်ပွဲတွေ၊ ပဋိပက္ခတွေဟာ မုန်းတီးမှုနဲ့ ကြောက်ရွံ့မှုများကနေ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ မုန်းတီးမှုနဲ့ ကြောက်ရွံ့မှုတွေကို ဖယ်ရှားနိုင်မှသာ စစ်ပွဲတွေ၊ ပဋိပက္ခတွေကို အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်၊ ကျွန်မတို့ နိုင်ငံကရော ကမ္ဘာပေါ်ကရော ဖြစ်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း လတ်တလောအခြေအနေမှာ စွပ်စွဲမှုတွေနဲ့ တန်ပြန် စွပ်စွဲမှုတွေ ဖြစ်နေပါတယ်၊ ကျွန်မအနေနဲ့ ဘယ်ဘက်ကိုမှ လိုက်မှာမဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မယုံကြည်တာက တစ်ဦးနဲ့တစ်ဦး နားလည်မှုနဲ့ သဟဇာတရှိမှုကို မြှင့်တင်ပေးဖို့အတွက် ဖြစ်လို့ ပါပဲ။
မိတ်ဆွေတို့အနေနဲ့ နားလည်နိုင်မယ်၊ ကျွန်မတို့နဲ့ လက်တွဲဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မပြောခဲ့သလို ယခုအခမ်းအနားဟာ သံတမန်အသိုင်းအဝိုင်းကို ကျွန်မတို့ ဘာတွေ ကြိုးပမ်း ဆောင်ရွက်နေတယ်ဆိုတာကို သိရှိအောင်ပြောကြားဖို့အတွက် ဖြစ်ပါတယ်၊ ဒါပေမယ့် တကယ်တမ်း ကျတော့ သံတမန်တွေကို ရှင်းလင်းပြောကြားမှုထက် ပိုပါတယ်။
မြန်မာနိုင်ငံအပေါ် စေတနာထားတဲ့သူတွေကို ရင်းရင်းနှီးနှီး ဖိတ်ခေါ်တာဖြစ်ပါတယ်။ ကျွန်မတို့ ရည်ရွယ်ချက်တွေအောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ခြင်း ဖြစ်ပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်ခြင်းဟာ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံတည်းအတွက်သာ မဟုတ်ဘဲ ကမ္ဘာပေါ်မှာ အလားတူ ရင်ဆိုင်နေရတဲ့ နိုင်ငံတွေအတွက်လည်း ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်မယ်ဆိုတာကို အားလုံးက သဘောတူလက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။