ေညာင္ဦး ၾသဂုတ္ ၃
မႏၲေလးတိုင္းေဒသႀကီး ေညာင္ဦးၿမိဳ႕၌ ေရာက္္ရွိေနသည့္ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္သည္ ယေန႔နံနက္ပိုင္းတြင္ ကမၻာ့အေမြအႏွစ္စာရင္းဝင္ ပုဂံေရွးေဟာင္းယဥ္ေက်းမႈ နယ္ေျမ ေရရွည္တည္တံ့ခုိင္ၿမဲေရး၊ ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတုိးတက္ေရး၊ ေဒသခံျပည္သူမ်ား စီးပြားေရးအခြင့္အလမ္းမ်ား ေပၚထြန္းေရးတုိ႔အတြက္ ပုဂံေရွးေဟာင္းယဥ္ေက်းမႈ နယ္ေျမအတြင္း လွည့္လည္ၾကည့္႐ႈေလ့လာသည္။
ႏိုင္ငံေတာ္သမၼတသည္ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ၊ သူရဦးေအာင္ကို၊ ေဒါက္တာျမင့္ေထြး၊ ဦးအုန္းေမာင္၊ မႏၲေလးတုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္၊ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ရဲခ်ဳပ္ ဒုတိယရဲဗုိလ္ခ်ဳပ္ႀကီး ေအာင္ဝင္းဦး၊ တာဝန္ရွိသူမ်ားႏွင့္အတူ စြယ္ေတာ္ျမတ္ ေလးဆူျဖစ္သည့္ ေရႊစည္းခံုေစတီ၊ တန္႔ၾကည့္ေတာင္ေစတီ၊ ေလာကနႏၵာေစတီ၊ တုရင္ေတာင္ေစတီႏွင့္ အလိုေတာ္ျပည့္ ဘုရား၊ ထီးလုိမင္းလုိဘုရား၊ အာနႏၵာဘုရား၊ ဓမၼရံႀကီးဘုရားႏွင့္ သဗၺညဳဘုရားတုိ႔အား လွည့္လည္ ဖူးေျမာ္ ၾကည္ညိဳၿပီး ဆြမ္း၊ ပန္း၊ ေရခ်မ္း၊ ဆီမီးႏွင့္ အေမႊးန႔ံသာမ်ား ကပ္လွဴပူေဇာ္ကာ အလွဴေငြမ်ား ေပးအပ္လွဴဒါန္းသည္။
ထုိ႔ေနာက္ ႏိုင္ငံေတာ္သမၼတသည္ ပုဂံေရွးေဟာင္းသုေတသနျပတိုက္သို႔ ေရာက္ရွိ ကာ ျပတုိက္အတြင္း ခင္းက်င္းျပသထားမႈမ်ားကို လုိက္လံၾကည့္႐ႈေလ့လာၿပီး ပုဂံေဒသ၏ ယဥ္ေက်းမႈအေမြအႏွစ္မ်ား၊ ဗိသုကာလက္ရာမ်ား ေရရွည္တည္တံ့ခုိင္ၿမဲေရးအတြက္ ထိန္းသိမ္းေစာင့္ေရွာက္သြားရန္ မွာၾကားသည္။
မြန္းလြဲပိုင္းတြင္ ႏုိင္ငံေတာ္သမၼတႏွင့္အဖြဲ႕သည္ ေညာင္ဦးၿမိဳ႕မွ ေမာ္ေတာ္ယာဥ္ မ်ားျဖင့္ ျပန္လည္ထြက္ခြာၾကရာ ညေနပိုင္းတြင္ ေနျပည္ေတာ္သို႔ ျပန္လည္ေရာက္ရွိၾက သည္။
(Zawgyi Version)
————————————————————————————————————-
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် သွားရောက်ကြည့်ရှုလေ့လာ
ညောင်ဦး ဩဂုတ် ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံပြည်သူ များ စီးပွားရေးအခွင့်အလမ်းများ ပေါ်ထွန်းရေးတို့အတွက် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း လှည့်လည်ကြည့်ရှုလေ့လာသည်။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ သူရဦးအောင်ကို၊ ဒေါက်တာမြင့်ထွေး၊ ဦးအုန်းမောင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ စွယ်တော်မြတ် လေးဆူဖြစ်သည့် ရွှေစည်းခုံစေတီ၊ တန့်ကြည့်တောင်စေတီ၊ လောကနန္ဒာစေတီ၊ တုရင်တောင်စေတီနှင့် အလိုတော်ပြည့် ဘုရား၊ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရား၊ ဓမ္မရံကြီးဘုရားနှင့် သဗ္ဗညုဘုရားတို့အား လှည့်လည် ဖူးမြော် ကြည်ညိုပြီး ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် အမွှေးနံ့သာများ ကပ်လှူပူဇော်ကာ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ရောက်ရှိ ကာ ပြတိုက်အတွင်း ခင်းကျင်းပြသထားမှုများကို လိုက်လံကြည့်ရှုလေ့လာပြီး ပုဂံဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ ဗိသုကာလက်ရာများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ညောင်ဦးမြို့မှ မော်တော်ယာဉ် များဖြင့် ပြန်လည်ထွက်ခွာကြရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြ သည်။
(Unicode Version)