ဖေဖေါ်ဝါရီလ(၃)ရက်
( Zawgyi Version)
———————————————————————————————————————————————————–
မြို့နယ်နှင့် ရပ်/ကျေး အလုပ်အမှုဆောင် အစည်းအဝေးကျင်းပ
ဖေဖေါ်ဝါရီလ(၃)ရက်
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လစဉ်ပုံမှန်အစည်းအဝေးကို နံနက် ၁၁ နာရီက ရှင်စောပု ရပ်ကွက် (၁)၊ ကမ်းနားပိုင်းရှိ ဦးသိန်းမင်း (ဥက္ကဌ)နေအိမ် ယာယီရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ မြို့နယ်နှင့် ရပ်/ကျေး အလုပ်အမှုဆောင်များ၊ အမျိုးသမီးကော်မတီဝင်များ လူငယ်လုပ်ငန်းအဖွဲ့ဝင်များ အင်အား (၁၂၀)ကျော် တက်ရောက်ခဲ့ ကြသည်။ မြို့နယ် ဥက္ကဌ ဦးသိန်းမင်းက အဖွင့်အမှာစကားပြောကြားရာ၌ ပါတီ၊ လွှတ်တော်နှင် ့အစိုးရ အဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များနှင့်ပတ်သတ်၍ အွန်လိုင်းပေါ်တွင် ဝေဖန်မှုများစွာရှိနေသည်ကို သတိပြု၍ မှန်ကန်နေပါက ကိုယ့်ကိုကိုယ်ပြုပြင်ကြရန်နှင့် မှန်ကန်မှုမရှိပါက ဂရုစိုက်နေစရာမလိုဘဲ မိမိအလုပ်ကို ပုံမှန်ဆက်လုပ်ကြရန် တိုက်တွန်းပြောကြားသွားသည်။ ထို့နောက် တက်ရောက်လာ သော အလုပ်အမှုဆောင်များက တင်ပြဆွေးနွေးကြပြီး အစည်းအဝေးကို နေ့လည် ၁ နာရီတွင် ရုပ်သိမ်း ခဲ့ပါသည်။
( Unicode Version)