zawgyi version
———————————————————————————————————
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ စီမံကိန်းလုပ်ငန်း များနှင့် ရငွေသုံးငွေများစိစစ်ရေးပူးပေါင်းအဖွဲ့၊ အဖွဲ့(၁၄)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ စီမံကိန်းလုပ်ငန်း များနှင့် ရငွေသုံးငွေများစိစစ်ရေးပူးပေါင်းအဖွဲ့၊ အဖွဲ့(၁၄)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို (၂၃.၇.၂၀၁၉)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ်(I-20)တွင် ကျင်းပခဲ့ပါသည်။အစည်းအဝေး၌ စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့(၁၄)၏ ဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင်များက စိစစ်ရမည့် ဝန်ကြီးဌာနတို့၏ စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများကို စိစစ်နိုင်ရန် ဆွေးနွေး ကြပါသည်။
အဆိုပါအစည်းအဝေးသို့ စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများစိစစ်ရေးပူးပေါင်းအဖွဲ့၊ အဖွဲ့(၁၄)၏ ဥက္ကဋ္ဌ ဦးသိမ်းဆွေ၊ အတွင်းရေးမှူး ဦးစောချစ်ဦး၊ အဖွဲ့ဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
[Unicode]