ေနျပည္ေတာ္ ၾသဂုတ္ ၆
ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ႏိုင္ငံျခားေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ ဂ်ပန္ႏိုင္ငံ ႏိုင္ငံျခားေရး၀န္ႀကီးမစၥတာတာရိုခိုႏိုတို႔သည္ ယေန႔ နံနက္ပိုင္းတြင္ ႏိုင္ငံျခားေရး၀န္ႀကီးဌာန၌ ေတြ႕ဆံုၾကသည္။
ေတြ႕ဆံုပြဲအၿပီးတြင္ ျမန္မာ-ဂ်ပန္ ႏွစ္ႏိုင္ငံပူးတြဲသတင္းစာရွင္းလင္းပြဲကို က်င္းပရာ ေရွးဦးစြာဂ်ပန္ႏိုင္ငံျခားေရး၀န္ႀကီးမစၥတာတာရိုခိုႏိုက “ျမန္မာႏိုင္ငံ ေနရာေတာ္ေတာ္မ်ားမွာ ျဖစ္ပြားေနတဲ့ ေရႀကီးမႈနဲ႕ပတ္သက္ၿပီးဒုကၡေတြခံစားေနရတဲ့ျပည္သူျပည္သားေတြကို စာနာမိပါေၾကာင္းေျပာၾကားလိုပါတယ္။ ဂ်ပန္အစိုးရအေနနဲ႕ ေရတိုင္ကီနဲ႕ရြက္ဖ်င္တဲေတြ ေပးအပ္ဖို႔ ခ်ဥ္းကပ္ခဲ့ပါတယ္။ ေနထိုင္မႈဘ၀ေတြ အျမန္ဆံုးျပန္လည္ထူေထာင္ ႏိုင္ေရး အတြက္ ဆုေတာင္းအပ္ပါတယ္။
ဂ်ပန္ႏိုင္ငံအေနာက္ပိုင္းေဒသေရႀကီးမႈနဲ႕ပတ္သက္ၿပီး ႏိုင္ငံေတာ္သမၼတ ဦး၀င္းျမင့္နဲ႕ ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔က ျမန္မာျပည္သူ ျပည္သားေတြ အားလံုးကို ကိုယ္စားျပဳၿပီး ေႏြးေထြးစြာစာနာမိပါေၾကာင္းေျပာၾကား ေပးတဲ့အတြက္ အထူးေက်းဇူးတင္ပါေၾကာင္း ေျပာၾကားလိုပါတယ္။ ဒီေန႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂိၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႕ ႏွစ္ႏို္င္ငံအၾကားပူးေပါင္းေဆာင္ရြက္မႈေတြ မူ၀ါဒေတြနဲ႕ ပတ္သက္ၿပီးထပ္မံအတည္ျပဳခဲ့ပါတယ္။ အရင္ ဇူလိုင္လခရီးစဥ္တုန္းက ရန္ကုန္ၿမိိဳ႕ျပ ဖြံ႕ၿဖိဳးတိုးတက္ေရး၊ သယ္ယူပို႔ေဆာင္ေရးနဲ႕ လွ်ပ္စစ္မီး က႑ေတြမွာ ျမန္မာျပည္သူေတြရဲ႕ ေနထိုင္မႈဘ၀ အဆင့္ျမႇင့္တင္ သြားဖို႔ လက္ေတြ႕ခံစားႏိုင္ေအာင္ ကူညီ ေထာက္ပံ့သြားမယ္ ဆိုတာကတိျပဳခဲ့ပါတယ္။ ဂ်ပန္ႏိုင္ငံအေနနဲ႕ ကူညီေထာက္ပံ့ေရး အစီအစဥ္ေတြကို ေသေသခ်ာခ်ာ ေဆာင္ရြက္ေနပါတယ္။
ရခိုင္ျပည္နယ္ရဲ႕အေျခအေနနဲ႕ပတ္သက္လို႔ အင္မတန္ တန္ဖိုးရွိတဲ့အျမင္ခ်င္း ဖလွယ္မႈကို ေဆာင္ရြက္ႏိုင္ခဲ့ပါတယ္။ ရခိုင္ျပည္နယ္ ၿငိမ္းခ်မ္းမႈနဲ႕ တည္ၿငိမ္ေအးခ်မ္းမႈဟာ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီႏိုင္ငံထူေထာင္ႏိုင္ေရး ေအာင္ျမင္ေစဖို႔ အတြက္အေရးႀကီးတယ္လို႔ ယူဆပါတယ္။ ဂ်ပန္အစိုးရအေနနဲ႔ ျမန္မာအစိုးရရဲ႕ အခုတေလာေဆာင္ရြက္ခ်က္ျဖစ္တဲ့ လြတ္လပ္တဲ့ စံုစမ္းစစ္ေဆးေရး ေကာ္မရွင္ ဖြဲ႕စည္းမႈ၊ ကုလသမဂၢအဖြဲ႕အစည္းေတြနဲ႕MoU လက္မွတ္ေရးထုိး ခဲ့တာကို တန္ဖိုးထားပါတယ္။ ဒီေဆာင္ရြက္ခ်က္ကို အေျခခံၿပီး ျမန္မာအစိုးရ အေနနဲ႕ လြတ္လပ္တဲ့ စံုစမ္းစစ္ေဆးေရးေကာ္မရွင္ ထံကယံုၾကည္ႏိုင္မႈနဲ႕ ပြင့္လင္းျမင္သာမႈရိွတဲ့ စံုစမ္းစစ္ေဆးမႈ ေဆာင္ရြက္ႏိုင္ဖို႔၊ ကုလသမဂၢနဲ႕ ပူးေပါင္း ေဆာင္ရြက္ေရးကို တိုက္တြန္းသြားဖို႔ ၊ ဒုကၡသည္ေတြကို ျပန္လည္ေနရာခ်ထားေရး ေနရာဖန္တီးေပးဖို႔၊ ျပည္တြင္းဒုကၡသည္စခန္း IDP စခန္းေတြ ပိတ္သိမ္းဖို႔ကိစၥေတြနဲ႕ပ တ္သက္လုိ႔ ပိုမိုၿပီးေဆာင္ရြက္ေပးေစလိုေၾကာင္း ေျပာၾကားခဲ့ပါတယ္။
ဂ်ပန္အစိုးရအေနနဲ႕ ဆက္လက္ၿပီးဒီကိစၥကိုေျဖရွင္းႏိုင္ဖို႔အတြက္ ျမန္မာျပည္သူ ျပည္သားေတြနဲ႕ လက္တြဲၿပီး ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္နဲ႕ အတူစဥ္းစားသံုးသပ္ ေဆာင္ရြက္သြားမွာျဖစ္ပါတယ္။ ဂ်ပန္ႏိုင္ငံကေန ျမန္မာႏိုင္ငံကို ႏွစ္စဥ္လာေရာက္တဲ့ခရီးသည္ ဦးေရဟာ ၂၀၁၆ ခုႏွစ္မွာတစ္သိန္းေက်ာ္သြားၿပီျဖစ္ပါတယ္။ ဂ်ပန္ႏိုင္ငံမွာေနထိုင္တဲ့ ျမန္မာႏိုင္ငံသား ဦးေရဟာ ၂၀၁၇ ခုႏွစ္မွာႏွစ္ေသာင္းေက်ာ္ သြားၿပီျဖစ္ပါတယ္။ ႏွစ္ႏိုင္ငံျပည္သူ သြားလာမႈေတြ ပိုၿပီးမ်ားျပားလာတာေတြ႕ရပါတယ္။ ဒီႏွစ္ ေအာက္တိုဘာလ ၉ ရက္ေန႕မွာ မဲေခါင္ – ဂ်ပန္ထိပ္သီးအစည္းအေ၀းကို ဂ်ပန္ႏိုင္ငံတိုက်ိဳၿမိဳ႕မွာက်င္းပသြားဖို႔ရိွပါတယ္။ ဂ်ပန္ႏိုင္ငံနဲ႕ ျမန္မာႏိုင္ငံအပါအ၀င္ မဲေခါင္ေဒသႏိုင္ငံေတြ၊ ျပည္သူျပည္သားေတြ ဆက္ဆံမႈ တိုးပြားေစေရး၊ က႑ာေပါင္းစံု ပူးေပါင္း ေဆာင္ရြက္မႈ ေတြနဲ႔ ပတ္သက္ၿပီး ေဆာင္ရြက္ခ်က္ေတြကို ေဆြးေႏြးသြားဖို႔ ရိွပါတယ္။ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႕ မဲေခါင္- ဂ်ပန္ထိပ္သီး အစည္းအေ၀းကိုတက္ေရာက္ၿပီးႏွစ္ႏိုင္ငံဆက္ဆံေရးျမႇင့္တင္ဖို႔အတြက္ အခြင့္အလမ္းေကာင္း ျဖစ္လာ မယ္လို႔ ေမွ်ာ္လင့္ပါတယ္”ဟု ေျပာၾကားသည္။
ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က “ဂ်ပန္ႏိုင္ငံျခား ေရး၀န္ႀကီး လာေရာက္ျခင္းဟာ ႏွစ္ႏိုင္ငံေရရွည္ ပူးေပါင္းေဆာင္ရြက္မႈနဲ႕ ျပည္သူျပည္သားမ်ားရဲ႕ ခင္မင္ရင္းႏီွးမႈ ဟာ ပိုၿပီးေတာ့ အဓိကက်တယ္ဆိုတာျပသျခင္းျဖစ္ပါတယ္။ အစိုးရ ႏွစ္ခုၾကားမွာ အျပန္အလွန္ နားလည္မႈ အျပန္အလွန္ေလးစားမႈရိွတဲ့အတိုင္း ပြင့္ပြင့္လင္းလင္း ေဆြးေႏြးႏိုင္ခဲ့ ပါတယ္။
ဒီလိုပြင့္ပြင့္လင္းလင္းေဆြးေႏြးႏိုင္ျခင္းဟာ ႏွစ္ႏိုင္ငံစလံုး အတြက္အကိ်ဳးျဖစ္မယ္လို႔ထင္ပါတယ္။ ကၽြန္မတို႔ႏွစ္ႏိုင္ငံဟာ ဘ၀တူေတြပဲ ျဖစ္တယ္လို႔လည္း ေျပာလို႔ရပါတယ္။ အင္မတန္မွတူညီတဲ့ အေတြ႕အႀကံဳေတြ ကိုျဖတ္သန္းခဲ့ရပါတယ္။ ဂ်ပန္ႏိုင္ငံျခားေရး ၀န္ႀကီးေျပာသြားတဲ့အတိုင္း မၾကာခင္ကကၽြန္မတို႔ႏိုင္ငံမွာ ေရႀကီးမႈေတြျဖစ္ပါတယ္။ ဂ်ပန္ႏိုင္ငံမွာလည္း ေရႀကီးမႈေတြျဖစ္ပါတယ္။ ကၽြန္မတို႔ကဖြံ႕ၿဖိဳးစႏိုင္ငံ၊ ဂ်ပန္ႏိုင္ငံကေတာ့ ဖြံ႕ၿဖိဳးတိုးတက္ၿပီးသားႏုိင္ငံတစ္ႏိုင္ငံ ျဖစ္ေပမယ့္ ႏွစ္ႏိုင္ငံစလံုးဟာ သဘာ၀ ေဘးအႏၲရာယ္ေတြ၊ လူတို႔နဲ႕ပတ္သက္တဲ့ အႏၲရာယ္ေတြဆိုရင္ ရင္ဆိုင္ရတာခ်င္း ဟာစိန္ေခၚမႈအတူတူပဲလို႔ဆိုတာကို ကၽြန္မတို႔ေတြ႔ ရတဲ့အတြက္ပိုၿပီးေတာ့ နီးစပ္မႈျဖစ္ရပါတယ္။ ကၽြန္မတို႔ရဲ႕ေဘးဒုကၡသည္ေတြနဲ႕ပတ္သက္လို႔ ဂ်ပန္ႏိုင္ငံကေပးတဲ့ အကူအညီ ေတြ အတြက္ေက်းဇူးတင္ပါတယ္။ ကၽြန္မတို႔ကေတာ့ ေစတနာေတြပဲေပးႏိုင္ပါတယ္ဆို ရင္လည္း ေစတနာေတြအမ်ားႀကီးေပးပါတယ္။
အခုအခ်ိန္မွာဆိုရင္ တစ္ကမၻာလံုးကစိတ္၀င္စားေနတဲ့ ရခိုင္အေရးကိုလည္းပြင့္ပြင့္ လင္းလင္းေဆြးေႏြး ႏိုင္ခဲ့ပါတယ္။ ဒီလိုေဆြးေႏြးတဲ့အခါမွာဂ်ပန္ႏိုင္ငံက မိတ္ေဆြ တစ္ေယာက္ အေနနဲ႔ ဘယ္လိုကူညီရမလဲ၊ ျပႆနာကိုဘယ္လိုေျဖရွင္းရမလဲဆိုၿပီး အဓိကထားခ်ည္းကပ္တာမို႕အင္မတန္မွ တန္ဖိုးထားပါတယ္။ အခုလတ္တေလာ အေၾကာင္းအရာေတြကို သာမကေနာင္ျဖစ္လာႏိုင္တဲ့ ကမၻာႀကီးရဲ႕ျပႆနာေတြကိုလည္း ကၽြန္မတို႔ႏိုင္ငံႏွစ္ႏိုင္ငံအေနနဲ႕ ပူးေပါင္းေဆာင္ရြက္ၿပီး အျပဳသေဘာေဆာင္တဲ့ အက်ိဳးဆက္ေတြ ေပၚေအာင္လုပ္ႏိုင္မယ္လို႔ ကၽြန္မတို႔ေမွ်ာ္လင့္ပါတယ္။
ေအာက္တိုဘာလမွာ ဂ်ပန္ႏိုင္ငံကိုေနာက္ထပ္ သြားလည္ဖို႔အခြင့္အေရးရတဲ့အတြက္လည္း ၀မ္းသာ ပါတယ္။ အဲဒီအတြက္ ဂ်ပန္ႏိုင္ငံကိုသြားလည္တဲ့အခါ ႏွစ္ႏိုင္ငံရဲ႕ မိတ္ေဆြ ျဖစ္ေရးကို ထပ္ၿပီးေတာ့ ခိုင္မာေအာင္လုပ္ႏုိင္မယ္လို႔ယံုၾကည္ပါတယ္” ဟုေျပာၾကားသည္။
ထို႔ေနာက္ သတင္းမီဒီယာမ်ား၏ ေမးျမန္းမႈမ်ားကို ျပန္လည္ရွင္းလင္းေျဖၾကားၾကသည္။
ျမန္မာ-ဂ်ပန္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္ရြက္မႈႏွင့္ စပ္လ်ဥ္း၍ ႏိုင္ငံေတာ္၏ အတုိင္ပင္ခံ ပုဂၢိဳလ္က “ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္ရြက္မႈ ပိုမိုတုိးတက္ဖို႔ဆိုရင္ ရုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ ႏွစ္ခုစလံုး တိုးတက္ေအာင္လုပ္ဖို႔ လိုပါတယ္။ ရုပ္ပိုင္းဆိုင္ရာဆိုတာ ဖြံ႕ၿဖိဳးတုိးတက္မႈက႑ေတြ ပူးေပါင္း ေဆာင္ရြက္ျခင္းပါ။ ဒီဟာကဒီအခ်ိန္မွာနည္းနည္း တစ္ဖက္သတ္ ျဖစ္ေနတယ္လို႔ ျမင္ပါတယ္။ အမွန္ေျပာရရင္ ဂ်ပန္ႏုိင္ငံက ကၽြန္မတို႔ကို ရုပ္ပိုင္းဆိုင္မွာအမ်ားႀကီးကူညီႏုိင္ပါတယ္။ သို႔ေသာ္ျငားလည္းတစ္ခ်ိန္တစ္ခါမွာ ကၽြန္မတို႔လည္းတုံ႔ျပန္ႏုိင္မယ္လို႔ ဒီလိုေမွ်ာ္လင့္ခ်က္ အမ်ားႀကီးရွိပါတယ္။
စိတ္ပိုင္းဆိုင္ရာကေတာ့ ျပည္သူလူထုအခ်င္းခ်င္းၾကားမွာပိုၿပီးေတာ့ နားလည္မႈရွိဖို႔၊ ပိုၿပီးေတာ့ ခင္မင္မႈရွိဖို႔ ျဖစ္ပါတယ္။ ဒါကေတာ့ ကၽြန္မတုိ႔ ႏွစ္ေပါင္းမ်ားစြာ ျမန္မာႏုိင္ငံသူ၊ ႏုိင္ငံသားေတြနဲ႔ ဂ်ပန္ႏုိင္ငံသူ၊ ႏိုင္ငံသားေတြ အခ်င္းခ်င္းၾကားမွာမိတ္ေဆြစစ္ေတြ အင္မတန္ မ်ားျပားပါတယ္။ ဒါေတြကိုပိုၿပီးေတာ့ ခုိင္မာလာေအာင္ လူငယ္ေတြအခ်င္းခ်င္း ပိုၿပီးထိေတြ႕မႈရွိေအာင္ ႀကိဳးစားခ်င္ပါတယ္။ ဂ်ပန္ႏိုင္ငံျခားေရး၀န္ႀကီးေျပာသြားတဲ့အထဲမွာ ဂ်ပန္ႏိုင္ငံကဧည့္သည္ေတြ လာတာလည္းမ်ားလာတယ္၊ ကၽြန္မတုိ႔ဘက္ကလည္း ဂ်ပန္ႏုိင္ငံကို သြားတာမ်ားလာတယ္။ ဒါဟာႏုိင္ငံႏွစ္ႏုိင္ငံၾကားမွာပိုၿပီးေတာ့ ခုိင္မာတဲ့ မိတ္ေဆြစစ္ ျဖစ္ေအာင္လို႔ လုပ္ေပးႏုိင္တဲ့ အေနအထားလို႔ ေမွ်ာ္လင့္ပါတယ္၊ ယံုၾကည္ပါတယ္” ဟုေျဖၾကားသည္။
ရခုိင္ျပည္နယ္ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ဂ်ပန္ႏုိင္ငံမွ ကူညီေထာက္ပံ့ေပးသြားမည့္ အေျခအေနႏွင့္ စပ္လ်ဥ္း၍ ဂ်ပန္ႏိုင္ငံျခားေရး၀န္ႀကီးက “ရခုိင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ဦးေဆာင္ေနတဲ့ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္နဲ႔ ျမန္မာအစိုးရရဲ႕ ေဆာင္ရြက္ခ်က္ေတြကို ဂ်ပန္ႏုိင္ငံကတတ္ႏုိင္သမွ် ေထာက္ပံ့ေပးသြားမွာျဖစ္ပါတယ္။
ဂ်ပန္ႏုိင္ငံအေနနဲ႔ ေနရပ္စြန္႔ခြာသြားသူေတြ ျပန္လည္ေနရာခ်ထားဖို႔အတြက္ ေဆာင္ရြက္တာကို တိုက္တြန္းသြားမွာျဖစ္ပါတယ္။ ရခုိင္ျပည္နယ္တစ္ခုလံုးရဲ႕ ဆင္းရဲႏြမ္းပါး မႈေလွ်ာ့ခ်ေရးနဲ႔ ျပည္သူလူထု ေတြရဲ႕ ေနထုိင္မႈဘ၀အဆင့္ျမွင့္တင္ေရးကလည္း အင္မတန္ အေရးႀကီးပါတယ္။ ေဒသအတြက္ ရထားလမ္းေတြ၊ ကားလမ္းေတြ တည္ေဆာက္ေရး၊ လွ်ပ္စစ္မီးရရွိေရးနဲ႔ ေက်ာင္းေဆာက္လုပ္ေရးေတြ အတြက္ ကူညီေထာက္ပံ့မႈေတြ ေဆာင္ရြက္သြားမွာျဖစ္ပါတယ္။ ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းေရး၊ ဖြံ႕ၿဖိဳးတုိးတက္ေရးဟာ ျမန္မာႏုိင္ငံဒီမိုကေရစီႏိုင္ငံအျဖစ္ ထူေထာင္ေရးမွာအေရးႀကီးတယ္ လို႔ ယူဆပါတယ္” ဟုေျဖၾကားသည္။
ေနရပ္စြန္႔ခြာသြားသူမ်ား ျပန္လည္လက္ခံေရးအတြက္ ျမန္မာႏုိင္ငံအစိုးရအေနျဖင့္ ထိေရာက္စြာ ေဆာင္ရြက္သြားမည့္အေျခအေနႏွင့္ ဂ်ပန္ႏုိင္ငံမွ ကူညီေထာက္ပံ့မႈအေျခအ ေနႏွင့္ စပ္လ်ဥ္း၍ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္က “ေမးခြန္း ကေရတိုကိစၥေတြနဲ႔ ေရရွည္ ကိစၥေတြ ဒီႏွစ္ခုေရာၿပီးေမးသြားတာျဖစ္ပါတယ္။ ဒီဟာေတြအတြက္ ေဒါက္တာ ကိုဖီအာနန္ရဲ႕ အစီအရင္ခံစာကို ၾကည့္လိုက္ရင္ ဒီႏွစ္ခုစလံုးကိုကိုင္တြယ္ ထားတာပါပါတယ္။ ဥပမာဆိုရင္ ႏုိင္ငံသားျဖစ္ေရးဆိုတာေရရွည္ကိစၥပါ။ ေဒါက္တာ ကိုဖီအာနန္ ေကာ္မရွင္ကအခ်က္ ၈၈ ခ်က္ အဆို္ျပဳထားပါတယ္။ အဲဒီအခ်က္ေတြထဲက ၈၀ ေက်ာ္ၿပီးသြားပါၿပီ။ ၈၁ ခ်က္ ပူးေပါင္းေဆာင္ရြက္ အေကာင္အထည္ေဖာ္လို႔ ၿပီးသြားပါၿပီ။ က်န္တဲ့ ၆ ခ်က္၊ ၇ ခ်က္ကေကာ္မရွင္ရဲ႕ အစီရင္ခံစာထြက္လာကတည္းက တခ်ိဳ႕ကိစၥေတြက ေရရွည္ကိစၥေတြမို႔တစ္လွမ္းခ်င္း၊ တစ္လွမ္းခ်င္း လုပ္ရမယ္လို႔ ေျပာထားၿပီးသားျဖစ္ပါတယ္။ ဒီအတုိင္းပဲတစ္လွမ္းခ်င္း တစ္လွမ္းခ်င္း လုပ္ရမွာပါ။
ႏုိင္ငံတစ္ႏုိင္ငံရဲ႕ ႏုိင္ငံသားဥပေဒဆိုတာလည္းတစ္လွမ္းခ်င္းတစ္လွမ္းခ်င္း လုပ္ရမယ့္ကိစၥပါ။ အရင္ဒီျပႆနာေတြ မျဖစ္ခင္ ကၽြန္မတို႔ အစိုးရတက္ၿပီး ၂၀၁၆ ခုႏွစ္ ေမလကတည္းကရခုိင္ျပည္နယ္ တရားဥပေဒစိုးမိုးေရးနဲ႔ ဖြံ႕ၿဖိဳးေရးအတြက္ ဗဟိုေကာ္မတီတစ္ခုဖြဲ႔ပါတယ္။ အဲဒီေကာ္မတီဟာ ရခုိင္ျပည္နယ္ရဲ႕ ေရရွည္ျပႆနာေတြ ေျဖရွင္းဖို႔ လိုတယ္ဆိုတာသေဘာေပါက္လို႔ ဖြဲ႕တာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီဗဟိုေကာ္မတီ ကေနၿပီးအလုပ္မစတင္ႏုိင္ခင္ဘဲပထမဦးဆံုးအၾကမ္းဖက္တုိက္ခိုက္မႈေတြ ျဖစ္ေပၚလာၿပီးေတာ့ တျခားကိစၥေတြ ေပၚလာတာျဖစ္ပါတယ္။ ကၽြန္မတို႔ဟာတစ္လွမ္းခ်င္း တစ္လွမ္းခ်င္း ျပႆာနာေတြ ေျဖရွင္းသြားရမွာပါ။ ခုနကသတင္းေထာက္ ေျပာသြားတဲ့ အထဲမွာ ႏုိင္ငံအထဲမွာကိုအျမင္ေတြ အမ်ိဳးမ်ိဳးရွိတယ္လို႔ ေျပာပါတယ္။ ဒါမွန္ပါတယ္။ ကၽြန္မတို႔ အစိုးရအေနနဲ႔ အမ်ိဳးမ်ိဳးေသာအျမင္ေတြကိုနားေထာင္ရပါတယ္။ ျပင္ပကပုဂၢိဳလ္ေတြကေတာ့ ကိုယ္ႀကိဳက္တဲ့အျမင္၊ ကိုယ္စိတ္၀င္စားတဲ့ အျမင္ကိုပဲ ၾကည့္လို႔ရပါတယ္။ ျပည္တြင္းမွာရွိတဲ့ အစိုးရတစ္ခုဆိုတာက အျမင္အားလံုးကို စဥ္းစားရပါတယ္။ အျမင္ အားလံုးကိုထည့္သြင္းၿပီးေတာ့ အဲဒီဟာအားလံုးအေပၚမွာ ေျဖရွင္းႏုိင္တဲ့ အျမင္ တစ္ခုကိုရွာရပါတယ္။ ကၽြန္မတုိ႔ အခုစံုစမ္းစစ္ေဆးေရးေကာ္မရွင္အေနနဲ႔ေတာ့ သူတို႔ရဲ႕ လုပ္ပိုင္ခြင့္ေတြကိုက်ယ္က်ယ္ျပန္႔ျပန္႔ေပးထားမွာပါ။ စံုစမ္းစစ္ေဆးေရးအဖြဲ႕ ထဲမွာပါတဲ့ အဖြဲ႕၀င္ေတြကလည္း အရည္အခ်င္း ျပည့္စံုတယ္လို႔ ကၽြန္မတုိ႔ ထင္ပါတယ္။ ဂ်ပန္ႏုိင္ငံေရာ၊ တျခားမိတ္ေဆြႏုိင္ငံေတြကေရာလိုအပ္လို႔ရွိရင္ေတာ့ နည္းပညာပိုင္းဆုိင္ရာ အေထာက္ အကူေတြ ေပးလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” ဟုေျဖၾကားသည္။
ရခုိင္ျပည္နယ္အေရးကိစၥႏွင့္ ပတ္သက္၍ ဂ်ပန္ႏုိင္ငံ၏ သေဘာထားအေျခအေနႏွင့္ စပ္လ်ဥ္း၍ ဂ်ပန္ႏုိင္ငံျခားေရး၀န္ႀကီးက “ရခုိင္ျပည္နယ္မွာျဖစ္တဲ့ ကိစၥေတြကအင္မ တန္နက္နဲရႈပ္ေထြးတဲ့ ကိစၥေတြျဖစ္ပါတယ္။ လူ႔အခြင့္အေရး၊ လူသားခ်င္းစာနာ ေထာက္ထားမႈ ေတြသာမကဘဲ ျပည္နယ္တစ္ခုလံုးရဲ႕ ဆင္းရဲႏြမ္းပါးမႈေလ်ာ့ခ်ေရး အတြက္ပါ ကူညီ ေဆာင္ရြက္ေပးသြားပါမယ္။ ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဒီလိုမ်ိဳးကိစၥေတြအတြက္ ခုိင္ခိုင္မာမာေဆာင္ရြက္ေနတဲ့ အေျခအေနမွာ ရွိပါတယ္။ ဒီလိုမ်ိဳးေဆာင္ရြက္မႈကပိုၿပီးေတာ့ ျမန္ျမန္ဆန္ဆန္ေဆာင္ရြက္ရ မယ္ဆုိတဲ့ အသံလည္း ၾကားပါတယ္။ သို႔ေသာ္လည္း လူ႔အသိုင္းအ၀ိုင္း ႏွစ္ခုအၾကားေျပ လည္မႈရရွိဖို႔ ကိစၥအပါအ၀င္ ေဆာင္ရြက္မႈေတြကခိုင္ခုိင္မာမာနဲ႔ ႏွစ္ရွည္ ေဆာင္ရြက္ သြားဖို႔ လိုအပ္ပါတယ္။
ဂ်ပန္အစိုးရအေနနဲ႔ ခက္ခဲတဲ့ အေျခအေနကိစၥေတြကိုေျဖရွင္းေဆာင္ရြက္ေနရတဲ့ ျမန္မာအစိုးရနဲ႔ အတူ ကူညီေဆာင္ရြက္ သြားမွာ ျဖစ္ပါတယ္။ ျမန္မာအစိုးရရဲ႕ ေဆာင္ရြက္မႈေတြကို ဂ်ပန္အစိုးရအေနနဲ႔ ႏုိင္ငံတကာအသိုင္းအ၀ုိင္းကို ရွင္းျပသြားမွာ ျဖစ္ပါတယ္။ လြတ္လပ္တဲ့ စံုစမ္းစစ္ေဆးေရး ေကာ္မရွင္ကိုဂ်ပန္ႏုိင္ငံကကုလသမဂၢနဲ႔ ပူးေပါင္းေဆာင္ရြက္တဲ့ ကိစၥေတြ၊ ဒီလိုကိစၥမ်ိဳးနဲ႔ ပတ္သက္ၿပီးေဆာင္ရြက္ေပးဖို႔ ျမန္မာဘက္ကို ေတာင္းဆိုခဲ့ပါတယ္။ ၿပီးေတာ့ ဒီလိုမ်ိဳးကိစၥေတြကို ျမန္မာအစိုးရတစ္ခုၿပီး တစ္ခုေဆာင္ရြက္ေန တဲ့အတြက္ ကၽြန္ေတာ္တို႔ အစိုးရကတန္ဖိုးထားပါတယ္” ဟုေျဖၾကားသည္။
Zawgyi Version
မြန်မာ-ဂျပန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသတင်းစာရှင်းလင်းပွဲကျင်းပ
နေပြည်တော် သြဂုတ် ၆
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးမစ္စတာတာရိုခိုနိုတို့သည် ယနေ့ နံနက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံကြသည်။
တွေ့ဆုံပွဲအပြီးတွင် မြန်မာ-ဂျပန် နှစ်နိုင်ငံပူးတွဲသတင်းစာရှင်းလင်းပွဲကို ကျင်းပရာ ရှေးဦးစွာဂျပန်နိုင်ငံခြားရေးဝန်ကြီးမစ္စတာတာရိုခိုနို က“မြန်မာနိုင်ငံနေရာတော်တော်များမှာ ဖြစ်ပွားနေတဲ့ရေကြီးမှုနဲ့ပတ်သက်ပြီးဒုက္ခတွေခံစားနေရတဲ့ပြည်သူပြည်သားတွေကိုစာနာမိပါကြောင်းပြောကြားလိုပါတယ်။ ဂျပန်အစိုးရ အနေနဲ့ ရေတိုင်ကီနဲ့ရွက်ဖျင်တဲတွေ ပေးအပ်ဖို့ ချဉ်းကပ်ခဲ့ပါတယ်။ နေထိုင်မှုဘဝတွေ အမြန်ဆုံးပြန်လည်ထူထောင် နိုင်ရေး အတွက် ဆုတောင်းအပ်ပါတယ်။
ဂျပန်နိုင်ငံအနောက်ပိုင်းဒေသရေကြီးမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့က မြန်မာပြည်သူ ပြည်သားတွေ အားလုံးကိုကိုယ်စားပြုပြီး နွေးထွေးစွာစာနာမိပါကြောင်းပြောကြား ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါတယ်။ ဒီနေ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုတွေ မူဝါဒတွေနဲ့ ပတ်သက်ပြီးထပ်မံအတည်ပြုခဲ့ပါတယ်။ အရင် ဇူလိုင်လခရီးစဉ်တုန်းက ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ လျှပ်စစ်မီးကဏ္ဍတွေမှာ မြန်မာ ပြည်သူတွေရဲ့ နေထိုင်မှုဘဝ အဆင့်မြှင့်တင်သွားဖို့ လက်တွေ့ခံစားနိုင်အောင် ကူညီ ထောက်ပံ့သွားမယ် ဆိုတာကတိပြုခဲ့ပါတယ်။ဂျပန်နိုင်ငံအနေနဲ့ ကူညီထောက်ပံ့ရေး အစီအစဉ်တွေကို သေသေချာချာဆောင်ရွက်နေပါတယ်။
ရခိုင်ပြည်နယ်ရဲ့အခြေအနေနဲ့ပတ်သက်လို့ အင်မတန် တန်ဖိုးရှိတဲ့အမြင်ချင်း ဖလှယ်မှုကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်အေးချမ်းမှုဟာ မြန်မာနိ်ုင်ငံရဲ့ ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ရေး အောင်မြင်စေဖို့ အတွက်အရေးကြီးတယ်လို့ ယူဆပါတယ်။ ဂျပန်အစိုးရအနေနဲ့ မြန်မာအစိုးရရဲ့ အခုတလောဆောင်ရွက်ချက်ဖြစ်တဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းမှု၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့MoU လက်မှတ်ရေးထိုးခဲ့တာကို တန်ဖိုးထားပါတယ်။ ဒီဆောင်ရွက်ချက်ကို အခြေခံပြီး မြန်မာအစိုးရ အနေနဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင် ထံကယုံကြည်နိုင်မှုနဲ့ ပွင့်လင်း မြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုဆောင်ရွက်နိုင်ဖို့၊ ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်ရေးကို တိုက်တွန်းသွားဖို့ ၊ ဒုက္ခသည်တွေကိုပြန်လည်နေရာချထားရေး နေရာဖန်တီးပေးဖို့၊ ပြည်တွင်းဒုက္ခသည်စခန်း IDP စခန်းတွေ ပိတ်သိမ်းဖို့ကိစ္စတွေနဲ့ပ တ်သက်လို့ ပိုမိုပြီးဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပါတယ်။
ဂျပန်အစိုးရအနေနဲ့ ဆက်လက်ပြီးဒီကိစ္စကိုဖြေရှင်းနိုင်ဖို့အတွက် မြန်မာပြည်သူ ပြည်သားတွေနဲ့ လက်တွဲပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူစဉ်းစားသုံးသပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို နှစ်စဉ်လာရောက်တဲ့ခရီးသည် ဦးရေဟာ ၂ဝ၁၆ ခုနှစ်မှာတစ်သိန်းကျော်သွားပြီဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားဦးရေဟာ ၂ဝ၁၇ ခုနှစ်မှာနှစ်သောင်းကျော် သွားပြီဖြစ်ပါတယ်။ နှစ်နိုင်ငံပြည်သူသွားလာမှုတွေ ပိုပြီးများပြားလာတာတွေ့ရပါတယ်။
ဒီနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာမဲခေါင် – ဂျပန်ထိပ်သီးအစည်းအဝေးကို ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပသွားဖို့ရှိပါတယ်။ ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသနိုင်ငံတွေ၊ ပြည်သူပြည်သားတွေ ဆက်ဆံမှု တိုးပွားစေရေး၊ ကဏ္ဍာပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးဆောင်ရွက်ချက်တွေကိုဆွေးနွေးသွားဖို့ရှိပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မဲခေါင်- ဂျပန်ထိပ်သီး အစည်းအဝေးကို တက်ရောက်ပြီး နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ဖို့အတွက်အခွင့်အလမ်း ကောင်းဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောကြားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က “ဂျပန်နိုင်ငံခြား ရေးဝန်ကြီး လာရောက်ခြင်းဟာ နှစ်နိုင်ငံ ရေရှည် ပူးပေါင်းဆောင်ရွက်မှုနဲ့ ပြည်သူပြည်သားများရဲ့ ခင်မင်ရင်းနှီးမှုဟာပိုပြီးတော့ အဓိကကျတယ်ဆိုတာ ပြသခြင်းဖြစ်ပါတယ်။ အစိုးရ နှစ်ခုကြားမှာ အပြန်အလှန်နားလည်မှု အပြန်အလှန်လေးစားမှုရှိတဲ့အတိုင်း ပွင့်ပွင့် လင်းလင်း ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒီလိုပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်ခြင်းဟာ နှစ်နိုင်ငံစလုံး အတွက်အကျိုးဖြစ်မယ်လို့ထင်ပါတယ်။ ကျွန်မတို့နှစ်နိုင်ငံဟာ ဘဝတူတွေပဲ ဖြစ်တယ်လို့ လည်း ပြောလို့ ရပါတယ်။ အင်မတန်မှတူညီတဲ့အတွေ့အကြုံတွေ ကိုဖြတ်သန်းခဲ့ရပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြောသွားတဲ့အတိုင်းမကြာခင်ကကျွန်မတို့နိုင်ငံမှာရေကြီးမှုတွေဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာလည်း ရေကြီးမှု တွေဖြစ်ပါတယ်။ ကျွန်မတို့ကဖွံ့ဖြိုးစနိုင်ငံ၊ ဂျပန်နိုင်ငံကတော့ ဖွံ့ဖြိုးတိုးတက်ပြီးသားနိုင်ငံတစ်နိုင်ငံ ဖြစ်ပေမယ့် နှစ်နိုင်ငံစလုံးဟာ သဘာဝဘေး အန္တရာယ်တွေ၊ လူတို့နဲ့ပတ်သက်တဲ့ အန္တရာယ်တွေဆိုရင် ရင်ဆိုင်ရတာချင်း ဟာစိန်ခေါ်မှုအတူတူပဲလို့ဆိုတာကို ကျွန်မတို့တွေ့ရတဲ့အတွက်ပိုပြီးတော့ နီးစပ်မှုဖြစ်ရ ပါတယ်။ ကျွန်မတို့ရဲ့ ဘေးဒုက္ခသည်တွေနဲ့ပတ်သက်လို့ ဂျပန်နိုင်ငံကပေးတဲ့ အကူအညီ တွေ အတွက်ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ကတော့ စေတနာတွေပဲပေးနိုင်ပါတယ်ဆို ရင်လည်းစေတနာတွေအများကြီးပေးပါတယ်။
အခုအချိန်မှာဆိုရင် တစ်ကမ္ဘာလုံးကစိတ်ဝင်စားနေတဲ့ ရခိုင်အရေးကိုလည်းပွင့်ပွင့် လင်းလင်းဆွေးနွေး နိုင်ခဲ့ပါတယ်။ ဒီလိုဆွေးနွေးတဲ့အခါမှာဂျပန်နိုင်ငံက မိတ်ဆွေ တစ်ယောက် အနေနဲ့ဘယ်လိုကူညီရမလဲ၊ ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုပြီး အဓိကထား ချည်းကပ်တာမို့အင်မတန်မှ တန်ဖိုးထားပါတယ်။ အခုလတ်တလော အကြောင်း အရာတွေကို သာမကနောင်ဖြစ်လာနိုင်တဲ့ ကမ္ဘာကြီးရဲ့ပြဿနာတွေကိုလည်း ကျွန်မတို့နိုင်ငံနှစ်နိုင်ငံအနေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးအပြုသဘောဆောင်တဲ့ အကျိုးဆက် တွေ ပေါ်အောင်လုပ်နိုင်မယ်လို့ ကျွန်မတို့မျှော်လင့်ပါတယ်။
အောက်တိုဘာလမှာဂျပန်နိုင်ငံကိုနောက်ထပ် သွားလည်ဖို့အခွင့်အရေးရတဲ့အတွက်လည်း ဝမ်းသာပါတယ်။ အဲဒီအတွက် ဂျပန်နိုင်ငံကိုသွားလည်တဲ့အခါ နှစ်နိုင်ငံရဲ့ မိတ်ဆွေ ဖြစ်ရေးကို ထပ်ပြီးတော့ ခိုင်မာအောင်လုပ်နိုင်မယ်လို့ယုံကြည်ပါတယ်” ဟုပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားကြသည်။ မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က “နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ဖို့ဆိုရင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှစ်ခုစလုံးတိုးတက်အောင် လုပ်ဖို့ လိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာဆိုတာ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွေ ပူးပေါင်းဆောင်ရွက်ခြင်းပါ။ ဒီဟာကဒီအချိန်မှာနည်းနည်း တစ်ဖက်သတ် ဖြစ်နေတယ်လို့ မြင်ပါတယ်။ အမှန်ပြောရရင် ဂျပန်နိုင်ငံက ကျွန်မတို့ကို ရုပ်ပိုင်းဆိုင်မှာအများကြီးကူညီနိုင်ပါတယ်။ သို့သော်ငြားလည်းတစ်ချိန်တစ်ခါမှာ ကျွန်မတို့လည်းတုံ့ပြန်နိုင်မယ်လို့ ဒီလိုမျှော်လင့်ချက် အများကြီးရှိပါတယ်။
စိတ်ပိုင်းဆိုင်ရာကတော့ ပြည်သူလူထုအချင်းချင်းကြားမှာပိုပြီးတော့ နားလည်မှုရှိဖို့၊ ပိုပြီးတော့ ခင်မင်မှုရှိဖို့ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်မတို့ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ ဂျပန်နိုင်ငံသူ၊ နိုင်ငံသားတွေ အချင်းချင်းကြားမှာမိတ်ဆွေစစ်တွေ အင်မတန် များပြားပါတယ်။ ဒါတွေကိုပိုပြီးတော့ ခိုင်မာလာအောင် လူငယ်တွေအချင်းချင်း ပိုပြီးထိတွေ့မှုရှိအောင် ကြိုးစားချင်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြောသွားတဲ့အထဲမှာ ဂျပန်နိုင်ငံကဧည့်သည်တွေ လာတာလည်းများလာတယ်၊ ကျွန်မတို့ဘက်ကလည်း ဂျပန်နိုင်ငံကို သွားတာများလာတယ်။ ဒါဟာနိုင်ငံနှစ်နိုင်ငံကြားမှာပိုပြီးတော့ ခိုင်မာတဲ့ မိတ်ဆွေစစ် ဖြစ်အောင်လို့ လုပ်ပေးနိုင်တဲ့ အနေအထားလို့ မျှော်လင့်ပါတယ်၊ ယုံကြည်ပါတယ်” ဟုဖြေကြားသည်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့ပေးသွားမည့် အခြေအနေနှင့် စပ်လျဉ်း၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက “ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်နေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကိုဂျပန်နိုင်ငံကတတ်နိုင်သမျှ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်နေရာချထားဖို့အတွက် ဆောင်ရွက်တာကိုတိုက်တွန်းသွားမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်တစ်ခုလုံးရဲ့ ဆင်းရဲနွမ်းပါး မှုလျှော့ချရေးနဲ့ ပြည်သူလူထုတွေရဲ့ နေထိုင်မှုဘဝအဆင့်မြှင့်တင်ရေးကလည်း အင်မတန် အရေးကြီးပါတယ်။ ဒေသအတွက် ရထားလမ်းတွေ၊ ကားလမ်းတွေ တည်ဆောက်ရေး၊ လျှပ်စစ်မီးရရှိရေးနဲ့ ကျောင်းဆောက်လုပ်ရေးတွေအတွက် ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဟာ မြန်မာနိုင်ငံဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်ရေးမှာအရေးကြီးတယ် လို့ ယူဆပါတယ်” ဟုဖြေကြားသည်။
နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံအစိုးရအနေဖြင့် ထိရောက်စွာဆောင်ရွက်သွားမည့်အခြေအနေနှင့် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့မှုအခြေအ နေနှင့် စပ်လျဉ်း၍နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “မေးခွန်း ကရေတိုကိစ္စတွေနဲ့ ရေရှည်ကိစ္စတွေ ဒီနှစ်ခုရောပြီးမေးသွားတာဖြစ်ပါတယ်။ ဒီဟာတွေအတွက် ဒေါက်တာ ကိုဖီအာနန်ရဲ့ အစီအရင်ခံစာကို ကြည့်လိုက်ရင် ဒီနှစ်ခုစလုံးကိုကိုင်တွယ် ထားတာပါ ပါတယ်။ ဥပမာဆိုရင် နိုင်ငံသားဖြစ်ရေးဆိုတာရေရှည်ကိစ္စပါ။ ဒေါက်တာ ကိုဖီအာနန် ကော်မရှင်ကအချက် ၈၈ ချက် အဆိုပြုထားပါတယ်။ အဲဒီအချက်တွေထဲက ၈ဝ ကျော်ပြီး သွားပါပြီ။ ၈၁ ချက် ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်လို့ ပြီးသွားပါပြီ။ ကျန်တဲ့ ၆ ချက်၊ ၇ ချက်ကကော်မရှင်ရဲ့ အစီရင်ခံစာထွက်လာက တည်းကတချို့ကိစ္စတွေက ရေရှည်ကိစ္စတွေမို့တစ်လှမ်းချင်း၊ တစ်လှမ်းချင်းလုပ်ရမယ်လို့ ပြောထားပြီးသားဖြစ်ပါတယ်။ ဒီအတိုင်းပဲတစ်လှမ်းချင်းတစ်လှမ်းချင်းလုပ်ရမှာပါ။
နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသားဥပဒေဆိုတာလည်း တစ်လှမ်းချင်းတစ်လှမ်းချင်း လုပ်ရမယ့်ကိစ္စပါ။ အရင်ဒီပြဿနာတွေ မဖြစ်ခင် ကျွန်မတို့ အစိုးရတက်ပြီး ၂ဝ၁၆ ခုနှစ် မေလကတည်းက ရခိုင်ပြည်နယ် တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ဗဟိုကော်မတီတစ်ခုဖွဲ့ပါတယ်။ အဲဒီကော်မတီဟာရခိုင်ပြည်နယ်ရဲ့ ရေရှည်ပြဿနာတွေ ဖြေရှင်းဖို့ လိုတယ်ဆိုတာသဘောပေါက်လို့ ဖွဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဗဟိုကော်မတီ ကနေပြီးအလုပ်မစတင်နိုင်ခင်ဘဲပထမဦးဆုံးအကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာပြီးတော့ တခြားကိစ္စတွေ ပေါ်လာတာဖြစ်ပါတယ်။ ကျွန်မတို့ဟာတစ်လှမ်းချင်း တစ်လှမ်းချင်း ပြဿာနာတွေ ဖြေရှင်းသွားရမှာပါ။ ခုနကသတင်းထောက် ပြောသွားတဲ့ အထဲမှာ နိုင်ငံအထဲမှာကိုအမြင်တွေ အမျိုးမျိုးရှိတယ်လို့ ပြောပါတယ်။ ဒါမှန်ပါတယ်။ ကျွန်မတို့ အစိုးရအနေနဲ့ အမျိုးမျိုးသောအမြင်တွေကိုနားထောင်ရပါတယ်။ ပြင်ပက ပုဂ္ဂိုလ်တွေကတော့ ကိုယ်ကြိုက်တဲ့အမြင်၊ ကိုယ်စိတ်ဝင်စားတဲ့ အမြင်ကိုပဲ ကြည့်လို့ ရပါတယ်။ ပြည်တွင်းမှာရှိတဲ့ အစိုးရတစ်ခုဆိုတာကအမြင်အားလုံးကို စဉ်းစားရပါတယ်။
အမြင် အားလုံးကိုထည့်သွင်းပြီးတော့ အဲဒီဟာအားလုံးအပေါ်မှာဖြေရှင်းနိုင်တဲ့ အမြင် တစ်ခုကိုရှာရပါတယ်။ ကျွန်မတို့ အခုစုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့တော့ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေကိုကျယ်ကျယ်ပြန့်ပြန့်ပေးထားမှာပါ။ စုံစမ်းစစ်ဆေးရေးအဖွဲ့ ထဲမှာပါတဲ့ အဖွဲ့ဝင်တွေကလည်း အရည်အချင်းပြည့်စုံတယ်လို့ ကျွန်မတို့ ထင်ပါတယ်။ ဂျပန်နိုင်ငံရော၊ တခြားမိတ်ဆွေနိုင်ငံ တွေကရောလိုအပ်လို့ရှိရင်တော့ နည်းပညာပိုင်းဆိုင်ရာ အထောက် အကူတွေ ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟုဖြေကြားသည်။
ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ဂျပန်နိုင်ငံ၏ သဘောထားအခြေအနေနှင့် စပ်လျဉ်း၍ဂျပန်နိုင်ငံခြားရေးဝန်ကြီးက “ရခိုင်ပြည်နယ်မှာဖြစ်တဲ့ ကိစ္စတွေကအင်မ တန်နက်နဲရှုပ်ထွေးတဲ့ ကိစ္စတွေဖြစ်ပါတယ်။ လူ့အခွင့်အရေး၊ လူသားချင်းစာနာ ထောက်ထားမှု တွေသာမကဘဲ ပြည်နယ်တစ်ခုလုံးရဲ့ ဆင်းရဲနွမ်းပါးမှုလျော့ချရေး အတွက်ပါ ကူညီ ဆောင်ရွက်ပေးသွားပါမယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီလိုမျိုးကိစ္စတွေအတွက် ခိုင်ခိုင်မာမာဆောင်ရွက်နေတဲ့ အခြေအနေမှာရှိပါတယ်။ ဒီလိုမျိုးဆောင်ရွက်မှုကပိုပြီးတော့ မြန်မြန်ဆန်ဆန်ဆောင်ရွက်ရ မယ်ဆိုတဲ့ အသံလည်း ကြားပါတယ်။ သို့သော်လည်း လူ့အသိုင်းအဝိုင်း နှစ်ခုအကြားပြေ လည်မှုရရှိဖို့ ကိစ္စအပါအဝင် ဆောင်ရွက်မှုတွေကခိုင်ခိုင်မာမာနဲ့ နှစ်ရှည်ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။
ဂျပန် အစိုးရအနေနဲ့ ခက်ခဲတဲ့ အခြေအနေကိစ္စတွေကိုဖြေရှင်းဆောင်ရွက်နေရတဲ့ မြန်မာအစိုးရနဲ့ အတူကူညီဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့ ဆောင်ရွက်မှု တွေကိုဂျပန်အစိုးရအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ရှင်းပြသွားမှာ ဖြစ်ပါတယ်။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုဂျပန်နိုင်ငံကကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ ကိစ္စတွေ၊ ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်ပြီးဆောင်ရွက်ပေးဖို့ မြန်မာဘက်ကို တောင်းဆိုခဲ့ပါတယ်။ ပြီးတော့ ဒီလိုမျိုးကိစ္စတွေကို မြန်မာအစိုးရတစ်ခုပြီး တစ်ခုဆောင်ရွက်နေတဲ့အတွက် ကျွန်တော်တို့ အစိုးရကတန်ဖိုးထားပါတယ်” ဟုဖြေကြားသည်။
Unicode Version